၂၀၂၅ မေလ ၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မတ်လ ၂၈ မှ မေလ ရက် အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၇၆ဦး သေဆုံး

📌 ၂။ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူသားအဖနှင့် BGF အဖွဲ့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့

📌 ၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ (Women and Children Protection) သင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ဦးဆောင်၍ပို့ချ

📌 ၄။ ဗမွန်စံပြကျေးရွာတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ

📌 ၅။ Bybit မှ မြန်မာနိုင်ငံအတွက် အားဖြည့်ပေးခဲ့ခြင်းကြောင့်ပြည်နယ်အချို့မှာ သောက်သုံးရန် ရေသန့်စက်များအား တပ်ဆင်လုပ်ဆောင်နိုင်ခဲ့


========================


၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ PSLF/TNLA ကွတ်ခိုင်ခရိုင် ရဲတပ်ဖွဲ့နှင့် မန်ကျယ်မြို့နယ်က ပြည်သူများ ထပ်မံတွေ့ဆုံ

🚩၂။ နယ်မြေရှင်းလင်းနေစဉ် စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေါနစစ်ကြောင်း ရဲဘော်တစ်ဦး ကျဆုံး၊ အရပ်သား ပြည်သူ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်

🚩၃။ အုတ်ဖိုမြို့နယ် အနောက်ခြမ်း၊ ထူးကုန်းအုပ်စု အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

🚩၄။ ဆော မြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ 

🚩၅။ မြိုင်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ကျေးရွာ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

🚩၆။ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက လေယာဉ်ဖြင့် အဆိပ်ဗုံးများ ကြဲချတိုက်ခိုက်

🚩၇။ အမျိုးသမီး အမာခံသတင်းပေး(PreCDM) နှင့် PreCDM အရေး ကူညီပေးနေသူ တပ်/ဌာနမိသားစုဝင် အမျိုးသမီးများအား လေးစားဂုဏ်ယူကြောင်း ကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မတ်လ ၂၈ မှ မေလ ရက် အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂၇၆ဦး သေဆုံး


မေလ ရက်

Radio NUG 


စစ်ကိုင်းငလျင်လှုပ်ခတ်ပြီးနောက် မတ်လ ၂၈ ရက်မှ မေလ ရက်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၈၂ မှု ပြုလုပ်ခဲ့ပြီး ဒဏ်ရာရသူ ၄၅၆ ဦးနှင့် သေဆုံးသူ: ၂၇၆ ဦး ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကိုင်းတိုင်းတွင် သေဆုံးသူ: ၈၉ဦး၊ ချင်းပြည်နယ်တွင် သေဆုံးသူ ၁၃ ဦး၊ မကွေးတိုင်းတွင် သေဆုံးသူ: ၁၂ ဦး၊ ရခိုင်ပြည်နယ်တွင် သေဆုံးသူ ဦး၊ ပဲခူးတိုင်းတွင် သေဆုံးသူ ၁၃ ဦး၊ ဧရာဝတီတိုင်းတွင် သေဆုံးသူ ဦး၊ တနင်္သာရီတိုင်းတွင် သေဆုံးသူ ဦး၊ ကချင်ပြည်နယ်တွင် သေဆုံးသူ ၄၁ ဦး၊ မန္တလေးတိုင်းတွင် သေဆုံးသူ ၆၅ ဦး၊ ရှမ်းပြည်နယ်တွင် သေဆုံးသူ ၇ဦး၊ ကယားပြည်နယ် (ကရင်နီ)တွင် သေဆုံးသူ ၁၁ ဦး၊ ကရင်ပြည်နယ်တွင် သေဆုံးသူ ၁၀ ဦးနှင့် မွန်ပြည်နယ်တွင် သေဆုံးသူ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူသားအဖနှင့် BGF အဖွဲ့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့


မေလ ၆ရက် 

Radio NUG 


အမေရိကန်အစိုးရက ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ၊ ၎င်း၏သားနှစ်ဦးဖြစ်သည့် စောထူးအယ်မူးနှင့် စောချစ်ချစ်တို့အပြင် BGF မှ အမည်ပြောင်းထားသည့် ကရင်အမျိုးသားတပ်မတော် (KNA) ကို ဆိုက်ဘာငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မေလ ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။


ထိုင်း-မြန်မာနယ်စပ်တွင် မြဝတီမြို့အပါအဝင် နယ်မြေအချို့ကို ထိန်းချုပ်ထားသည့် BGF (သို့မဟုတ် KNA) သည် ရွှေကုက္ကိုလ်ကဲ့သို့ နာမည်ဆိုးဖြင့် ကျော်ကြားသော ကျားဖြန့်လုပ်ငန်းများ၏ ဗဟိုချက်နေရာများကို နိုင်ငံခြားရာဇဝတ်ဂိုဏ်းများနှင့် ပူးပေါင်းထူထောင်ထားသည်ဟု စွပ်စွဲခံထားရပြီး ဤလုပ်ငန်းများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားပြီး ဒေါ်လာဘီလီယံပေါင်းများစွာ ဆုံးရှုံးစေခဲ့သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုထားပါတယ်။


အမေရိကန်ဒုဘဏ္ဍာရေးဝန်ကြီး မိုက်ကယ်ဖော်လ်ကန်ဒါကဤဆိုက်ဘာလိမ်လည်မှုဂိုဏ်းများသည် ရာဇဝတ်ခေါင်းဆောင်များအတွက် ဘီလီယံနှင့်ချီသော ဝင်ငွေများဖြစ်ထွန်းစေပြီး နစ်နာသူများကို ဆိုးရွားစွာ ထိခိုက်စေသည်။ ကျွန်ုပ်တို့သည် ဤကွန်ရက်များကို ဖျက်ဆီးရန်နှင့် အကျိုးအမြတ်ရှာဖွေသူများကို အရေးယူရန် အရင်းအမြစ်အားလုံးကို အသုံးပြုသွားမည်ဟု ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ (Women and Children Protection) သင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ဦးဆောင်၍ပို့ချ


မေလ ၆ရက်

Radio NUG

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ဆိုင်ရာ (Women and Children Protection) သင်တန်းကို လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံက ဦးဆောင်၍ အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ဒေသခံ ရပ်ရွာလူထုအား ပို့ချခဲ့ပါတယ်။


အဆိုပါသင်တန်းတွင် အမျိုးသမီးအခွင့်အရေးများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများ၊ အမျိုးသားညီညွတ်ရေးအစိုးရက ပြဌာန်းထားသည့် ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေးမူဝါဒ၊ ကလေးသူငယ်အခွင့်အရေးများနှင့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အကြီးမားဆုံး ချိုးဖောက်မှု () ရပ် စသည်တို့ကို ကိုးကား၍ ပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။


အဆိုပါ အမျိုးသမီးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာသင်တန်းကို အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ရပ်ရွာဒေသခံ ပြည်သူလူထု သင်တန်းသား အယောက် (၅၀) တက်ရောက်ခဲ့ပြီး သင်တန်းသားများက အပြန်အလှန်မေးခွန်းများ မေးမြန်း၍ ဆွေးနွေး ဖလှယ်ခြင်းများကို လည်း ပြုလုပ်ခဲ့ပါတယ်။


========================


📌📌 ၄။ ဗမွန်စံပြကျေးရွာတွင် တအာင်းစာအဖွဲ့ -TLAမှ အခြေခံတအာင်းရုံးသုံးစာသင်တန်းဆင်းပွဲ ပြုလုပ်ကျင်းပ


မေလ ၆ရက် 

Radio NUG


မိုးကုတ်မြို့နယ်၊ ဗမွန်စံပြကျေးရွာမှာ အခြေခံတအာင်းရုံံးသုံးစာ သင်တန်းဆင်းပွဲကို မေလ ()ရက် နံနက်(၉းဝဝ)နာရီမှ  (၁၂းဝဝ)နာရီဝန်းကျင်အထိ တအာင်းစာအဖွဲ့-TLAမှ ဦးစီးပြီး ကျင်းပပြုလုပ်ခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။


ထို့သင်တန်းကို သင်တန်းသား ()ဦးနှင့် သင်တန်းသူ (၂၁)ဦးစုစုပေါင်း (၃ဝ)ဦး တက်ရောက်သင်ကြားခဲ့ပြီး ၎င်းတို့ကိုလည်း တအာင်းစာအဖွဲ့-TLAမှ သင်တန်းတက်ရောက်သင်ကြား အောင်မြင်ပြီးမြောက်ကြောင်း သင်တန်းဆင်းလက်မှတ် (Certificates) များ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


၎င်းသင်တန်းဆင်းပွဲကို သင်တန်းသား/သူများ၊ ဆရာ/မများနှင့် မိဘပြည်သူများအပါအဝင် စုစုပေါင်းလူဦးရေ (၁၅ဝ)ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


တအာင်းစာအဖွဲ့-TLAသည် ဧပြီလအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များမှ ကျောင်းသား/သူ စုစုပေါင်း (၅၆၅)ဦးတို့ကို အခြေခံတအာင်းရုံးသုံးစာသင်တန်းဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။


========================


📌📌 ၅။ Bybit မှ မြန်မာနိုင်ငံအတွက် အားဖြည့်ပေးခဲ့ခြင်းကြောင့်ပြည်နယ်အချို့မှာ သောက်သုံးရန် ရေသန့်စက်များအား တပ်ဆင်လုပ်ဆောင်နိုင်ခဲ့


မေလ ၆ရက်

Radio NUG

Bybit မှ မြန်မာနိုင်ငံအတွက် အားဖြည့်ပေးခဲ့ခြင်းကြောင့် ပြည်နယ်အချို့မှာ သောက်သုံးရန် ရေသန့်စက်များအား တပ်ဆင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ SpringDevelopmentBankကဖော်ပြပါတယ်။


"မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် သဘာဝဘေး ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် နေရာဒေသများအတွက် Bybit မှ မြန်မာနိုင်ငံအတွက် အားဖြည့်ပေးခဲ့ခြင်းကြောင့် ရေပေါက်လေးတွေစုပြီး ရေကန်ကြီး ဖြစ်တည်လာသလို အကောင်အထည်စတင် ဖော်ဆောင်နိုင်ခဲ့ပါပြီ။ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တဲ့ ငလျင်ဒဏ်ဘေးသင့်ခဲ့ခြင်းမှ ရေသန့်ရေကောင်းမရရှိနိုင်တဲ့ ပြည်နယ်အချို့မှာ သောက်သုံးရန် ရေသန့်စက်များအား တပ်ဆင်လုပ်ဆောင်နိုင်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ဒေသခံများရဲ့ လုံခြုံရေးကို အလေးထားသဖြင့် ယခင်က တည်ဆောက်ပြီး ပုံရိပ်များကို ယခုအခါမှသာ ဖော်ပြနိုင်ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================



🚩🚩၁။ PSLF/TNLA ကွတ်ခိုင်ခရိုင် ရဲတပ်ဖွဲ့နှင့် မန်ကျယ်မြို့နယ်က ပြည်သူများ ထပ်မံတွေ့ဆုံ


မေလ ရက်၊ 

Radio NUG


PSLF/TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ ကွတ်ခိုင်ခရိုင် ရဲတပ်ဖွဲ့က မန်ကျယ်မြို့နယ်ရှိ ကျေးရွာ ရွာမှ ပြည်သူလူထုနဲ့ ထပ်မံတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့  ထုတ်ပြန်ထားပါတယ်။


အဆိုပါ ဆွေးနွေးပွဲကို မန်နောင်၊ နမ့်ဆမ်ဟူး၊ ကောင်းမူးလိုင်၊ လွယ်ဆာ၊ ဟိုပုံ၊ ပန်ဆပ်၊ ကျော်မြန်း၊ ဆိုင်းခေါင်နဲ့ ပန်ဝူး ကျေးရွာတို့က ဒေသခံ ပြည်သူတွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။


ဆွေးနွေးပွဲမှာ ကွတ်ခိုင်ခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက တအောင်ပြည် ရဲတပ်ဖွဲ့ ဥပဒေများ၊ စည်းမျဉ်း စည်းကမ်းများနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး လုယက်မှု၊ လူသတ်မှု၊ ခိုးမှု၊ မုဒိန်းမှု၊ ခြိမ်းခြောက်မှု၊ လိမ်လည်မှုနဲ့  မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု စတဲ့ ကိစ္စတွေကို အပြန် အလှန် တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


၎င်းတွေ့ဆုံပွဲကို ခရိုင် ရဲတပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့က တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးမှူးများ၊ ဥက္ကဋ္ဌများနှင့် ဒေသခံများ စုစုပေါင်း ၁၇၀ ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် နေ့ကလည်း  မုံဟွမ်၊ ကောင်းပိုက်၊ လုံကမ်၊ လွယ်ကျော်၊ မန်လာ၊ မန်လုံ၊ ကြူမိန်း၊ မန်ကောင်း၊ မန်ဝိန်းနဲ့ မုန်းယား ကျေးရွာတို့က ဒေသခံ ပြည်သူတွေနဲ့ ကွတ်ခိုင်ခရိုင် ရဲတပ်ဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသေးတယ်။


========================


🚩🚩၂။ နယ်မြေရှင်းလင်းနေစဉ် စစ်ကောင်စီတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေါနစစ်ကြောင်း ရဲဘော်တစ်ဦး ကျဆုံး၊ အရပ်သား ပြည်သူ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်


မေလ ရက်၊ 

Radio NUG


ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နတ်ကြီးစင် ကျေးရွာအုပ်စု၊ စိန်ဘုံကျေးရွာအနီးမှာ နယ်မြေရှင်လင်းရေးသွားတဲ့ ဒေါနစစ်ကြောင်း () ကြားဖြတ် တိုက်ခိုက်ခံရပြီး ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ Kanbauk Defense Force က ထုတ်ပြန်ထားပါတယ်။


မေလ ရက်နေ့ မနက် ၁၀ နာရီခွဲ ဝန်းကျင်မှာ နယ်မြေရှင်းလင်းရေးသွားတဲ့ ဒေါန စစ်ကြောင်း () မှ တပ်ဖွဲ့ကို စစ်ကောင်စီနဲ့ ပျူစောထီး အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ပစ်ခတ်ခံရမှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကာ 16KR သေနတ်တစ်လက် ပစ္စတို သေနတ်တစ်လက်နဲ့ ကျည်ဘောက် ခု ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။


ထို့အပြင် အရပ်သား ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကာ ခရီးသွား ပြည်သူများကိုလည်း ဖမ်းဆီးစစ်ဆေး ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း ဒေါနစစ်ကြောင်း () ကံပေါက် ကာကွယ်ရေးတပ်ဖွဲ့က ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့ပြီး စိန်ဘုံကျေးရွာအနီးမှာ စစ်ရေး ဆက်တင်းမာ နေတာကြောင့် ပြည်သူများအနေနဲ့ သတိထား ရှောင်ရှားသွားလာကြဖို့ အသိပေးထားပါတယ်။


========================


🚩🚩၃။ အုတ်ဖိုမြို့နယ် အနောက်ခြမ်း၊ ထူးကုန်းအုပ်စု အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း


မေလ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အနောက်ခြမ်း၊ ထူးကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး လှအောင်ကို ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ မြေအောက်ပြောက်ကျား တပ်ဖွဲ့ (အုတ်ဖို) က ထုတ်ပြန်ထားပါတယ်။


မေလ ရက်နေ့ မနက် နာရီ ၄၅ မိနစ်အချိန်မှာ ထူးချောင်းကျေးရွာနဲ့ အုတ်ဖိုမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်မှာ ဆိုင်ကယ် စီးလာချိန်မှာ ဦးခေါင်းတည့်တည့်ကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။


ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး လှအောင်ဟာ နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ၎င်းထံမှ မိုဘိုလ်းဖုန်း လုံးနဲ့ ငွေသား ကျပ် တစ်သောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။


လှအောင်ဟာ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေး ခြိမ်းခြောက် ကောက်ခံခြင်း၊ မပေးနိုင်တဲ့ လူငယ်များကို အတင်းအကြပ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ တော်လှန်ရေး တပ်ဖွဲ့များအား သတ္တိရှိရင် လာခဲ့ကြ အသက်ခြင်း လဲပစ်မယ်ဟု ဆဲဆိုစိန်ခေါ်ခြင်းနဲ့  ပြည်သူများထံမှ အကြောင်းအမျိုးမျိုးပြ ငွေ ခြိမ်းခြောက် တောင်းခံတာတွေကို လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူရတာလို့ အသိပေးထားပါတယ်။


အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း (၃၈ဝ၂) တပ်ခွဲ () မြေအောက်ပြောက်ကျား တပ်ဖွဲ့ - အုတ်ဖို မှ ရဲဘော်များက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၄။ ဆော မြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် သံဃာတစ်ပါး ပျံလွန်တော်မူ 


မေလ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထု တိုက်နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ခဲ့တာကြောင့် သံဃာတစ်ပါး ပျံလွန်တော် မူခဲ့တယ်လို့ YAW Media က ဖော်ပြထားပါတယ်။


မေလ ရက်နေ့ မနက်ပိုင်းမှာ ကျောက်ထု တိုက်နယ်ကို ဈေးဝယ်သွားတဲ့ တပြင်းရွာက ဦးဇင်း တစ်ပါးနဲ့ ကပ္ပိယ တစ်ဦးကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးသွားခဲ့ပြီး နှိပ်စက်ခဲ့ကာ  ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။


ပြန်လည်လွတ်မြောက်လာချိန်မှာ ဦးဇင်းရဲ့ ကျောပြင်မှာ ဓါးဖြင့် မွှန်းထားတဲ့ ဒါဏ်ရာတွေ တွေ့ရှိရပြီး ခြေထောက် တစ်ချောင်းနဲ့ လက်တစ်ဖက် ကျိုးနေတာကို တွေ့ရကာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေကြောင့် ရက်နေ့ မနက်ပိုင်းမှာ ပျံလွန်တော်မူသွားတယ်လို့ သိရပါတယ်။


အတူလိုက်ပါသွားတဲ့  ကပ္ပိယဟာလည်း ပေါင်မှာ ဓါးဒဏ်ရာ ချက်နဲ့ ရင်ဘက်မှာ မီးစဖြင့် ထိုးထားတဲ့ ဒဏ်ရာများ ရရှိခဲ့ပြီး ဆေးကုသမှု ခဲ့ယူနေရတယ်လို့ သိရပါတယ်။


========================


🚩🚩၅။ မြိုင်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ကျေးရွာ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်


မေလ ၆ရက် 

Radio NUG 


မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အစပ်ရှိ ဇောင်ဂျမ်းကုန်းရွာနှင့် ရွာသစ်ရွာတို့သည် ၂၀၂၅ ခုနှစ် မေလ ရက် နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း We Love Myaing အဖွဲ့ထံမှ သိရပါတယ်။  


အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော်လည်း လူထိခိုက်သေဆုံးမှု ရှိမရှိကို လက်ရှိအချိန်ထိ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။


========================


🚩🚩၆။ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီက လေယာဉ်ဖြင့် အဆိပ်ဗုံးများ ကြဲချတိုက်ခိုက်


မေလ ရက်၊ 

Radio NUG


ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က လေယာဉ်၊ ဒရုန်းများ အသုံးပြုကာ အဆိပ်ဗုံးများ ကြဲချတိုက်ခိုက်နေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ( KNDF- Pekhon Zone ) က ထုတ်ပြန်ထားပါတယ်။


မိုးဗြဲမြို့မှာ လက်ရှိအချိန်ထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပြင်းထန်စွာ နေစဉ်ရက်ဆက် အသုံးပြု ထိုးစစ်ဆင်နေတဲ့အပြင် အဆိပ်ငွေ့ ဗုံးများကို အသုံးပြုပြီး တိုက်ခိုက်လာတာလို့ ဆိုပါတယ်။


ထို့အပြင် ဗိုးဗြဲရှိ ဘီလူးချောင်းထဲကိုလည်း စစ်ကောင်စီဘက်မှ အဆိပ်ရည်များ လောင်းထည့်ထားတာတွေလည်း ရှိတယ်လို့ KNDF- Pekhon Zone က ပြောပါတယ်။


ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် သတိရှိစွာ အထူး အလေးအနက်ထား သွားလာနိုင်ကြဖို့ကိုလည်း KNDF- Pekhon Zone က အသိပေး နှိုးဆော်ထားပါတယ်။


========================


🚩🚩၇။ အမျိုးသမီး အမာခံသတင်းပေး(PreCDM) နှင့် PreCDM အရေး ကူညီပေးနေသူ တပ်/ဌာနမိသားစုဝင် အမျိုးသမီးများအား လေးစားဂုဏ်ယူကြောင်း ကြေညာ


မေလ ၆ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်၍ တာဝန်ထမ်းဆောင်နေသော တပ်/ဌာနတွင်း အမာခံသတင်းပေး(PreCDM)များတွင် တပ်/ရဲနှင့် ဝန်ကြီးဌာနအသီးသီး၏ လက်အောက်ရှိ ဦးစီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအမျိုးသမီးများစွာလည်း ပါဝင်နေပြီး တပ်/ဌာန မိသားစုဝင် အမျိုးသမီးများသည်လည်း ကျရာကဏ္ဍမှ တာဝန်ကျေလျက်ရှိတယ်လို့ မေလ၆ရက်ပြည်သူ့ရင်ခွင်က အသိပေးကြေညာပါတယ်။


နိုင်ငံ့ဝန်ထမ်း အမျိုးသမီး PreCDM များနှင့် တပ်/ဌာနမိသားစုဝင် အမျိုးသမီးများသည် စစ်ကောင်စီ၏ အသိုင်းအဝိုင်းအတွင်းနေထိုင်လျက် တော်လှန်ရေးအောင်မြင်စေရေးအတွက် စစ်ရေး/နိုင်ငံရေး အထောက်အကူပြု အရေးကြီးသတင်းအချက်အလက်များကို ပေးပို့တာဝန်ကျေနေသည်ကို ကောင်းစွာသိရှိနားလည်တယ်လို့ ဖော်ပြပါတယ်။


အမျိုးသားများနှင့်တန်းတူ တော်လှန်ရေးတာဝန်ကျေပွန်နေသော တပ်/ဌာနတွင်းနေ အမျိုးသမီးဝန်ထမ်းနှင့် တပ်/ဌာနမိသားစုဝင်အမျိုးသမီးများအား တော်လှန်ရေးကာလအတွင်းဖြစ်စေ၊ တော်လှန်ရေးပြီးဆုံးချိန်တွင်ဖြစ်စေ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်အမှတ် /၂၀၂၂၊ အပိုဒ် () အပိုဒ်ခွဲ ()အရ ကာကွယ်ပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ သတ္တိနှင့်တာဝန်သိမှုအတွက် အသိအမှတ်ပြုလေးစားဂုဏ်ယူကြောင်း ကြေညာအပ်တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။


========================





#RadioNUGLocalNews

#SpringRevolution


Share:

Related Posts:

No comments:

Post a Comment