၂၀၂၅ မေလ ၁၃ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပသုံးလုံး ယန္တရားပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ တိုးတက်မှု/စိန်ခေါ်မှုများနှင့်ပတ်သက်၍ (NUCC)နှင့် (NUG) တွေ့ဆုံဆွေးနွေး

📌 ၂။ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်း ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမယ်လို့ NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

📌 ၃။ ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း ()အား NUG မှ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်သင်တန်း ပို့ချပေးခဲ့

📌 ၄။ အကြမ်းဖက်စစ်အုပ်ဟာ ဆေးရုံနဲ့စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေယာဥ်နဲ့ ဗုံးလိုက်ကြဲနေ၍ လူထုကဆန့်ကျင်ကြရန် CDMခွဲစိတ်အထူးကုဆရာဝန်ကြီးတိုက်တွန်း

📌 ၅။ အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်ကာလကို မေလကုန်အထိ ထပ်မံတိုးမြှင့်ထားသော်လည်း နေ့စဉ်ရက်ဆက် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ

📌 ၆။ Super 4 အပတ်စဥ် () အတွက် လက်မှတ်အစောင်ရေ  ၂၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ဆုမဲပေါင်း ,၈၀၉ ဆု ကို ကံထူးရှင်များ၏ နွေဦးထီအကောင့်ထဲသို့ တိုက်ရိုက်ချီးမြှင့်နိုင်ခဲ့


========================


၂၀၂၅ ခုနှစ် မေလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ အုတ်တွင်းမြို့နယ်  ကြက်မနက်ရွာက စစ်ကောင်စီ စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီး

🚩၂။ ဟိုင်းယုလမ်းဆုံ စစ်ကောင်စီတပ်စခန်း မီးရှို့ဖျက်ဆီးခံရ

🚩၃။ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကျောင်းသားသူငယ် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း(၂၂)ဦး ပြင်းထန်ဒဏ်ရာများနှင့် သေဆုံးခဲ့ရ

🚩၄။ ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ဦးသေဆုံးပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာရ

🚩၅။ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာ သို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ  Y-12 လေယာဉ်တိုက်ခိုက်မှုအပါအဝင်လက်နက်ကြီး တို့ဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ( ) ဦးသေ၊ ( ) ဦးဒဏ်ရာရ

🚩၆။ မော်လူးမြို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချမှု အရပ်သား ()ဦး သေဆုံး

🚩၇။ စစ်ကောင်စီတပ် ခမရ-၄၃၉တပ်ရင်းမှ တပ်သား()ဦး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ရင်း()ထံသို့ လက်နက်ချအလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ပသုံးလုံး ယန္တရားပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ တိုးတက်မှု/စိန်ခေါ်မှုများနှင့်ပတ်သက်၍ (NUCC)နှင့် (NUG) တွေ့ဆုံဆွေးနွေး


မေလ (၁၂) ရက်

Radio NUG

ပြည်သူအုပ်ချုပ်ရေး(ပအဖ) ပြည်သူ့ကာကွယ်ရေး(ပကဖ)နှင့် ပြည်သူ့လုံခြုံရေး(ပလဖ) များတွင် ဖြစ်ပေါ်နေသော အခြေအနေများနှင့်ပတ်သက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန (NUG-MOHAI) ကာကွယ်ရေးဝန်ကြီးဌာန(NUG-MOD) ပြည်ထောင်စုဝန်ကြီးများနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဆွေးနွေးပွဲတွင် NUG ပြည်ထောင်စုဝန်ကြီးများနှင့် အတွင်းဝန်များက ပသုံးလုံးယန္တရားနှင့်ပတ်သက်၍ လုပ်ဆောင်နေမှုများ၊ စိန်ခေါ်ချက်များနှင့် ဖြေရှင်းရန် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းမျှဝေခဲ့သည့်အပြင် ကောက်ခံရရှိသော အခွန်များနှင့်ပတ်သက်၍ ခွဲဝေအသုံးပြုသည့်ပုံစံကိုလည်း ရှင်းလင်းဝေမျှသွားခဲ့ပါတယ်။ 


NUCC တာဝန်ရှိသူများက ပြည်သူ့အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးအတွက် နယ်မြေခံပြည်သူများ၏ ဆန္ဒသဘောထားကို အခြေခံ၍ ပြောင်းလဲနိုင်မည့် ယန္တရားများ ဖော်ဆောင်သင့်ကြောင်း၊ လုပ်ဆောင်နေသော သင်တန်းများတွင် နိုင်ငံရေးတည်ဆောက်မှုဆိုင်ရာ၊ နိုင်ငံရေးဥပဒေများနှင့် ပတ်သက်၍ တင်ပြခြင်းကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို အတူတကွ ညှိနှိုင်းဖြေရှင်းသွားကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာရပ်နားခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်း ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမယ်လို့ NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်


မေလ ၁၂ရက်

Radio NUG

၂၀၂၅ ခုနှစ်၊ မေလ (၁၂) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်း ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆရာမ () ဦး၊ ကလေးသူငယ် (၂၀) ဦး ပွဲချင်းပြီး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၄၀) ဦးကျော်ရှိကြောင်း ကနဦး သတင်းများအရ သိရှိရ‌ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမယ်လို့ ဖော်ပြပါတယ်။


မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမယ်လို့ ဖော်ပြပါတယ်။


ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ထိရောက်အကျိုးရှိသော တားဆီးအရေးယူမှုများကို ဆောင်ရွက်ပြီး ကလေးငယ်များအတွက် လုံခြုံစွာ ပညာသင်ယူခွင့်နှင့် ဘေးကင်းလုံခြုံသောကျောင်းများ ပေါ်ပေါက်လာရေး အားဖြည့်ပံ့ပိုးရန် တာဝန်ရှိတယ်လို့ ထုတ်ပြန်ကြေညာပါတယ်။


========================


📌📌 ၃။ ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း ()အား NUG မှ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်သင်တန်း ပို့ချပေးခဲ့


မေလ ၁၂ ရက်

Radio NUG

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်သည့် တာဝန်ရှိသူများက ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာန၊ ဗျူဟာစစ်ကြောင်း () မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်များအား စစ်ဘက်ဆိုင်ရာကျင့်ဝတ်(Military Code of Conduct) သင်တန်းကို မေလ (၁၀) ရက်နေ့ က ပို့ချခဲ့တယ်လို့ သတင်းရရှိပါတယ်။


သင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာ အခြေခံအသိပညာများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ (International Humanitarian Law) ဂျီနီဗာသဘောတူစာချုပ်(Geneva Convention) တို့ အပေါ်အခြေခံ၍ အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ခြင်း၊ စစ်ရေးပစ်မှတ် သတ်မှတ်ခြင်း တို့အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရက ပြဌာန်းထားသည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ(COC) အစရှိသည်တို့ကို ရှင်းလင်းပို့ချခဲ့ပါတယ်။


ထို့နောက်တက်ရောက်လာသည့် ပြည်သူ့ ကာကွယ်ရေးရဲဘော်များကလည်း သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးဖလှယ်၍ ရှင်းလင်းပြောကြားမှုများ လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်ဟာ ဆေးရုံနဲ့စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေယာဥ်နဲ့ ဗုံးလိုက်ကြဲနေ၍ လူထုကဆန့်ကျင်ကြရန် CDMခွဲစိတ်အထူးကုဆရာဝန်ကြီးတိုက်တွန်း


မေလ ၁၂ရက်

Radio NUG

အကြမ်းဖက်စစ်အုပ်ဟာ ဆေးရုံနဲ့စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေယာဥ်နဲ့ ဗုံးလိုက်ကြဲနေ၍ လူထုကဆန့်ကျင်ကြရန် CDM ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးမင်းက ဆိုရှယ်မီဒီယာမှာ တိုက်တွန်း ရေးသားဆိုထားပါတယ်။


"ဒီပဲယင်းမှာ ကလေးတွေစာမေးပွဲဖြေနေတုန်း ဗုံးကျဲသွားတာ ကျောင်းသားကလေးငယ်တွေချည်း သေကုန်တယ်။ ဒီလုပ်ရပ်တွေကို ဘယ်သူမှ တားဆီးကန့်ကွက်ပေးမယ့်သူ မရှိတာ၊ မရှိသလို မသိသလို နေနိုင်တာဟာလည်း အင်မတန်ရင်နာစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါပဲ။ ဧပြီလ ၂၂ ရက်ကစပြီး ကိုယ်ရေးသမျှစာတွေထဲမှာ နာရေးတစ်ပုဒ်ကလွဲရင် မြန်မာပြည်မှာ ဖြစ်နေသမျှ Airstrike Attacks တွေအကြောင်းကို တကမ္ဘာလုံးအနှံ့ သတင်းပျံ့အောင် မနားမနေ ရေးသားလာခဲ့တာ ကြောက်လို့အော်နေတာ မဟုတ်ပါဘူး။ နောင်ဖြစ်လာသမျှကိစ္စတွေမှာ ဘယ်သူ့အလွန်ဆိုတာ လူတကာ သိအောင်မြင်အောင် ပြထားတာပါ။  ခင်ဗျားတို့အမျိုးထဲမှာရော လေတပ်က စစ်ဗိုလ်တွေ မရှိကြဘူးလား။ အခု ဘယ်ရောက်နေလဲ ဘာလုပ်နေလဲ။ သိကြလား။ မသိရင်လည်း သိအောင်ပြောပြမယ်။ အဲ့ဒီကောင် ဗုံးတွေ လိုက်ကျဲနေတယ်ဗျ။ ဆေးရုံတွေ၊ စာသင်ကျောင်းတွေပေါ်ကို"လို့ ဆိုထားပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်ကာလကို မေလကုန်အထိ ထပ်မံတိုးမြှင့်ထားသော်လည်း နေ့စဉ်ရက်ဆက် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ


မေလ ၁၂ရက်

Radio NUG

အကြမ်းဖက်စစ်အုပ်စုက အပစ်ရပ်ကာလကို မေလကုန်အထိ ထပ်မံတိုးမြှင့်ထားသော်လည်း နေ့စဉ်ရက်ဆက် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိတယ်လို့ မေလ၁၂ရက်AAPPကဖော်ပြပါတယ်။


မေလ ရက်နေ့က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သရက်ချိုကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ်တစ်ဦး  အပါအဝင် ဒေသခံ ဦးသေဆုံးခဲ့ရပါတယ်။


ထိုနေ့တွင်ပင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းကို လေကြောင်းမှ ဗုံးနှစ်ကြိမ်ကြဲချခဲ့ရာ စစ်ဘေးရှောင် ၁၅ ဦးခန့် သေဆုံးခဲ့ပြီး ၃၀ ထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။


မေလ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ကွယ်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆရာတော်တစ်ပါး ကျည်စထိမှန်၍ ပျံလွန်တော်မူခဲ့ပါတယ်။


ထို့ပြင် မေလ ၁၀ ရက်နေ့ တရက်တည်းမှာပင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်နှင့် ဝက်လက်မြို့နယ်တို့ကိုလည်းကောင်း၊ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့ကိုလည်းကောင်း၊ ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ကိုလည်းကောင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားပြည်သူ ၂၀ ဦးကျော် သေဆုံးခဲ့ပါတယ်။


========================


📌📌 ၆။ Super 4 အပတ်စဥ် () အတွက် လက်မှတ်အစောင်ရေ  ၂၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ဆုမဲပေါင်း ,၈၀၉ ဆု ကို ကံထူးရှင်များ၏ နွေဦးထီအကောင့်ထဲသို့ တိုက်ရိုက်ချီးမြှင့်နိုင်ခဲ့


မေလ ၁၂ရက်

Radio NUG

Super 4 အပတ်စဥ် () အတွက် လက်မှတ်အစောင်ရေ  ၂၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ဆုမဲပေါင်း ,၈၀၉ ဆု ကို ကံထူးရှင်များ၏ နွေဦးထီအကောင့်ထဲသို့ တိုက်ရိုက်ချီးမြှင့်နိုင်ခဲ့တယ်လို့ မေလ၁၂ရက်မှာ နွေဦးထီမိသားစုက အသိပေးဖော်ပြပါတယ်။


"ပြည်သူ့ဘဏ္ဍာကို အပတ်စဥ် ပံ့ပိုးနိုင်ရန် အားဖြည့်ဝန်းရံသူများကြောင့် Super 4 အပတ်စဥ် () အတွက် လက်မှတ်အစောင်ရေ  ၂၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပြီး ဆုမဲပေါင်း ,၈၀၉ ဆု ကို ကံထူးရှင်များ၏ နွေဦးထီအကောင့်ထဲသို့ တိုက်ရိုက်ချီးမြှင့်နိုင်ခဲ့ပါပြီ။ တော်လှန်ရေးအတွက် အဓိကလိုအပ်နေတဲ့ ဘဏ္ဍာငွေကို အပတ်စဥ် ပံ့ပိုးနိုင်ဖို့ နှမ်းစေ့လေးတွေရဲ့ စုပေါင်းအားနဲ့ တစ်လှမ်းချင်းစီ တက်ညီလက်ညီ လျှောက်လှမ်းကာ ပါဝင်အားဖြည့်ကြရအောင်"လို့ ဆိုထားပါတယ်။


Weekly Super 4 မှာ True Random စနစ်ဖြင့် ရွေးချယ်ပေးသွားမည့် ဆုအမျိုးအစား () ခုမှ ဆုကြေးငွေ ပမာဏပေါင်း သိန်း ,၉၆၀ ကျော် အထိ အပတ်စဥ် ချီးမြှင့်နိုင်စွမ်း ရှိတယ်လို့ အသိပေးကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ အုတ်တွင်းမြို့နယ်  ကြက်မနက်ရွာက စစ်ကောင်စီ စခန်းကုန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီး


မေလ ၁၂ရက် 

Radio NUG 


ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ကြက်မနက်ရွာက အင်အား ၆၀ ခန့် တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်တွေက မေလ ၁၀ ရက်၊ မနက် ၇နာရီကနေ နေ့လယ် ၁၁ နာရီခွဲ အချိန်ထိကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ အမှတ် () တပ်ရင်း၊ တပ်ခွဲ () က သတင်းထုတ်ပြန်ပါတယ်။ 


တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူတွေ ကြားထဲကပဲ စခန်းကုန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်နိုင်ခဲ့ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး စခန်းအတွင်းက ဆိုင်ကယ် ၆စီး၊ ကား ၁စီးနဲ့ အခြားပစ္စည်းတွေကိုလည်း တပါတည်း သိမ်းဆည်းရရှိထားတယ်လို့ သိရပါတယ်။ 


တိုက်ခိုက်မှုကိုတော့ သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁) တပ်ခွဲ () ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့၊ တပ်ရင်း (၃၆၀၁) တပ်ခွဲ () တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ ဟိုင်းယုလမ်းဆုံ စစ်ကောင်စီတပ်စခန်း မီးရှို့ဖျက်ဆီးခံရ


မေလ ၁၂ရက် 

Radio NUG 


ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ပဲခူးရိုးမထဲ စိန်ကန့်လန့်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းဘေးတွင် တည်ရှိသော ဟိုင်းယုလမ်းဆုံ၌ စစ်ကောင်စီတပ်ဖွဲ့များက တည်ဆောက်ထားသည့် တပ်စခန်းတစ်ခုအား သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မှ ရဲဘော်များက ၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်၊ မွန်းတည့် ၁၂ နာရီခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ ဖြစ်စဉ်မတိုင်မီ စစ်ကောင်စီတပ်ဖွဲ့များသည် ပြည်သူများ၏ ကားများအား ချောဆွဲရန် ကြိုးပမ်းနေသည်ဟု သတင်းရရှိခဲ့သဖြင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မှ ရဲဘော်များက တိုက်ခိုက်ရန် သွားရောက်ခဲ့သော်လည်း ရဲဘော်များ ရောက်ရှိချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များမှာ ဆုတ်ခွာထွက်ပြေးသွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့များ ပြန်လည်အခြေချနေထိုင်ခြင်း မပြုနိုင်စေရန် ရဲဘော်များက တပ်စခန်းအတွင်း ဝင်ရောက်ကာ မီးရှို့ရှင်းလင်းမှုများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဟိုင်းယုလမ်းဆုံ တပ်စခန်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့များက အထိုင်ချတပ်ဆွဲထားခဲ့ပြီး၊ အနီးအနားရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများအား ဖမ်းဆီးခြိမ်းခြောက်ကာ ငွေညှစ်ခြင်းနှင့် အမျိုးမျိုးဒုက္ခပေးနှောက်ယှက်မှုများ ပြုလုပ်ခဲ့တာကြောင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မှ ရဲဘော်များက ယခင်ကလည်း အနည်းဆုံး ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး၊ စစ်ကောင်စီတပ်ဖွဲ့များမှ ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကျောင်းသားသူငယ် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း(၂၂)ဦး ပြင်းထန်ဒဏ်ရာများနှင့် သေဆုံးခဲ့ရ


မေလ ၁၂ရက်

Radio NUG

မေလ ၁၂ရက် မနက်ပိုင်း ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ကျောင်းသားသူငယ် ကလေးငယ်နှင့် အမျိုးသမီး စုစုပေါင်း(၂၂)ဦး ပြင်းထန်ဒဏ်ရာများနှင့်ပွဲချင်းပြီး သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရပြီး အရေးပေါ် ဆေးကုသမှုခံယူရသူ အရေအတွက်မှာ(၄၀)ခန့် ရှိတယ်လို့ မြေပြင်အတည်ပြုစာရင်းရရှိခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။


လေယာဉ်ဖြင့် စာသင်ကျောင်းပေါ်တည့်တည့်  လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခံခဲ့ရခြင်း ဖြစ်ကာ အပြစ်မဲ့ ကလေးသူငယ် ကျောင်းသားလူမမယ်လေးများ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ ဒီပဲယင်းပအဖက အတည်ပြုထားပါတယ်။


သေဆုံးသွားခဲ့ရသော ကလေးငယ်များ၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ကလေးငယ်များ၏ မိဘများနှင့်ထပ်တူ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည်လည်း ရင်နင့်ကြေကွဲစွာခံစားရတယ်လို့ ဖော်ပြပါတယ်။


========================


🚩🚩၄။ ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အမျိုးသမီး ဦးသေဆုံးပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာရ


မေလ ၁၂ရက် 

Radio NUG 


မေလ ၁၂ ရက်နေ့ နံနက် နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ မှန်ချိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Seven People Defence Force - SPDF မှ သတင်းရရှိပါတယ်။


လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၄၀ ကျော်အရွယ် အမျိုးသမီး ဦးသေဆုံးပြီး အသက် ၁၄ နှစ် အရွယ် အမျိုးသမီးငယ် ဦး အပါအဝင် ပြည်သူ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် လုံးလည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


ထိုသို့ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီးနောက် ချောင်ဦးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း မှန်ချိုရွာအနီး ပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ကြိမ် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပြည်သူများထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။


========================


🚩🚩၅။ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာ သို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ  Y-12 လေယာဉ်တိုက်ခိုက်မှုအပါအဝင်လက်နက်ကြီး တို့ဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ( ) ဦးသေ၊ ( ) ဦးဒဏ်ရာရ


မေလ ၁၂ရက်

Radio NUG

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူခရိုင်အတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပြည်သူလူထုနေထိုင်သည့် ရပ်ရွာများသို့ ပစ်မှတ်ထားကာ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ( ) ဦးသေ၊ ( ) ဦးဒဏ်ရာရ၍  နေအိမ် ( ၁၉ ) လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။


၂၀၂၅ခုနှစ်  မေလ(၁၀)ရက်နေ့  ညနေ ()နာရီအချိန်ခန့်တွင် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာသို့ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီမှ Y-12 လေယာဉ်ဖြင့် ဗုံးသီး လုံးကြဲချခဲ့ရာ ကျေးရွာအတွင်းရှိ နေအိမ် လုံး အသုံးအဆောင်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် လုံး ဗုံးစထိမှန်ပျက်စီးခဲ့ကာ အပြစ်မဲ့ ရွာသား ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး စောနေတိုး -၁၈ နှစ်  ဘယ်ဘက်နားထင် ဒဏ်ရာ ရရှိခဲ့ပါတယ်။


၂၀၂၅ခုနှစ် မေလ(၁၁)ရက်နေ့ နံနက် ၁၀ : ၄၀ အချိန်တွင် ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအတွင်းသို့ စစ်ကောင်စီမှ Jet Fighter စီးဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး ပေါင် ၂၀၀ ဗုံး တစ်လုံး ကျဲချခဲ့ရာ ဦးစိန်မျက်ခုံးအိမ်သို့ ပေါင် ၅၀၀ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲကာ အိမ်ပြိုကျပျက်စီး၍ ဦးစောမြထူးအိမ်ရှေ့ ပေါင် ၂၀၀ ဗုံးသီး တစ်လုံးကျရောက်ပေါက်ကွဲကာ အိမ်ပြိုကျပျက်စီးသည့်အပြင် ပြည်သူများ၏ နေအိမ်များ ပြင်းပြင်းထန်ထန်ထိခိုက်ပျက်စီးခဲ့ပြီး ဦးမောင်နိုင် - ၅၃ နှစ် (ဝဲဘက် လက်ကောက်ဝတ် ကြေမွ) မောင်မြင့်မြတ်ထွေး- ၁၃ နှစ် (ယာဖက် ကျောပြင်) တို့ ဒဏ်ရာရရှိခဲ့ပါတယ်။


၂၀၂၅ခုနှစ်  မေလ(၁၀)ရက်နေ့ ညနေ ()နာရီ (၁၈)မိနစ် အချိန်တွင် စစ်ကောင်စီ (အမှတ်-၄၄) ခြေမြန်တပ်မဌာနချုပ်မှ (၁၂၀) မမ လက်နက်ကြီး ()လုံး ပစ်ခတ်ရာ အလူးကျေးရွာအုပ်စု ကရဝေးဆိပ်ရွာ တောထန်းခြံများထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး တောင်ထန်းခြံ၌ ဖက်ပစ်နေသော ကရဝေးဆိပ်ရွာ အလယ်စုနေ အရပ်သားပြည်သူ အမည် (ဒေါ်ခင်အေး) အသက် (၆၆)နှစ် လက်နက်ကြီးကျည်စ ဦးခေါင်းထိမှန်၍ ပွဲချင်းပြီးသေဆုံးကာ တောထန်းပင်များလည်း ထိမှန်ခဲ့ပါတယ်။


========================


🚩🚩၆။ မော်လူးမြို့ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲချမှု အရပ်သား ()ဦး သေဆုံး


မေလ ၁၂ရက် 

Radio NUG 


အင်းတော်မြို့နယ်၊ မော်လူးမြို့ကို စစ်တပ်က မေလ ၁၂ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်မှာ တံတားဦးတက် ဂျက်ဖိုက်တာ ()စီးနဲ့ ဗုံးသုံးလုံးကြဲချခဲ့ပြီး ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း Indaw Revolution IRမှ သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ်အဆောက်ဦးတွေကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆိုပါ ဗုံးကြဲချမှုနဲ့ ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသား()ဦးသေဆုံးကာ ()ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။


ထို့ပြင် နေအိမ်အဆောက်အဦးတွေလည်း ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


========================


🚩🚩၇။ စစ်ကောင်စီတပ် ခမရ-၄၃၉တပ်ရင်းမှ တပ်သား()ဦး ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ရင်း()ထံသို့ လက်နက်ချအလင်းဝင်


မေလ ၁၂ရက်

Radio NUG

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင်၊ မူးမြို့အတွင်း ၂၀၂၅ခုနှစ် မေလ()ရက်နေ့၌ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၄၃၉တပ်ရင်းမှ တပ်သား()ဦးဖြစ်သည့် တပ်သား ကိုသက်အောင်() ကိုသက်သည် MA 11 ()လက်၊  ကျည်()ဘောက် ကျည်အတောင့်(၁၀၀) တို့နှင့်အတူ ပြဒါးစခန်းမှ ထွက်ပြေးလွတ်မြောက်၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း()ထံသို့ လက်နက်ချ အလင်းဝင်လာခဲ့တယ်လို့ KNUဗဟိုက ဖော်ပြပါတယ်။


ကိုသက်အောင်သည် ယခင်က  (YBS) ကားမောင်းသမားတစ်ဦးဖြစ်ပြီး ၎င်း၏ဆန္ဒမပါပဲ စစ်မှုထမ်းရန် မတရားဖမ်းဆီး စေခိုင်းခံရသူလည်းဖြစ်ပြီး ကိုသက်အောင်ကို မြို့နယ်နှင့် (KNLA) တပ်ရင်း()မှ ဆုတော်ငွေ (၁၀)သိန်းကျပ်တိတိအား ပေးအပ်ချီးမြင့်ခဲ့ပါတယ်။


ထို့သို့အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ မတရား ဖမ်းဆီးကာ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသော စစ်ကောင်စီတပ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ လက်နက်ချ အလင်းဝင်ရန် ဖိတ်ခေါ်ကြောင်း ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment