၂၀၂၅ ဇွန်လ ၁၅ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၁၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨စစ်အာဏာရှင် သက်ဆိုးရှည်ရေး ထောက်ပံ့ကူညီနေတဲ့ ထောင်အာဏာပိုင်တွေရဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို မှတ်တမ်းတင်ထားတယ်လို့ စစ်ကိုင်း သပိတ်အင်အားစု ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨⁨⁨⁨⁩⁨⁨ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး တည်ထောင်ခြင်း နှစ်ပြည့်အဖြစ် ဗကသ သဝဏ်လွှာပို့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ် ခုက စစ်ရှောင်ပြည်သူတွေကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ကျန်းမာရေး စောင့်ရှောက်မှုပေး 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နဲ့ အင်္ကျီပြာ ရက်တာ လူထုလှုပ်ရှားမှုမှာ လုံခြုံရေး အသိ၊သတိရှိကြဖို့ GSCB တိုက်တွန်းနှိုးဆော်


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ စစ်တပ်ရဟတ်ယာဉ် ၂စင်းကို ပစ်ချနိုင်ခဲ့တဲ့ KIA ပူးပေါင်းအဖွဲ့ကရဲဘော်တွေကို ငှက်သားကြိုက်သူလေးများအဖွဲ့ က ကျပ်သိန်း ၁၀၀ ဂုဏ်ပြုချီးမြင့်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ ပခုက္ကူ အောင်သာပျူစခန်းက ပျူစောထီးမိသားစု လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။နောင်ချိုမြို့နယ်အတွင်းမှာ စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်နေတယ်လို့ TNLA ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨စစ်အာဏာရှင် သက်ဆိုးရှည်ရေး ထောက်ပံ့ကူညီနေတဲ့ ထောင်အာဏာပိုင်တွေရဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို မှတ်တမ်းတင်ထားတယ်လို့ စစ်ကိုင်း သပိတ်အင်အားစု ပြော


ဇွန်လ ၁၅ရက်


စစ်အာဏာရှင်လက်အောက်မှာ ပျော်ပါးနေပြီး စစ်အာဏာရှင်တွေ သက်ဆိုးရှည်ရေး ထောက်ပံ့ကူညီနေတဲ့ ထောင်အာဏာ ပိုင်တွေရဲ့ နှိပ်စက်ညှင်းပန်းမှုတွေကို မှတ်တမ်းတင်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကိုဝေမိုးနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ခဲ့တာနဲ့ပတ်သက်လို့ သဘောထားထုတ်ပြန်ရာမှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

မုံရွာအကျဉ်းထောင်မှာ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို သံခြေကျဉ်းတွေခတ်ပြီး ထောင်အာဏာပိုင်တွေက ဇွန်လ ၁၁ ရက်နေ့မှာ မန္တလေးအိုးဘိုအကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။ 


ပြောင်းရွှေ့ရာမှာ မုံရွာမြို့နယ်က လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နဲ့ ချောင်းဦးမြို့နယ်က လူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့ ပါဝင်ခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ဆိုပါတယ်။ 


နိုင်ငံရေးအကျဉ်းသားတွေ မန္တလေး အိုးဘိုအကျဉ်းထောင်ရောက်ချိန်မှာ ထောင်ဝန်ထမ်းတွေက တုတ်တွေ သံကြိုးတွေနဲ့ ရိုက်နှက် နှိပ်စက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ထိခိုက်ဒဏ်ရာရခဲ့တာကို ဆေးကုသပေးတာမရှိဘူးလို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

 

ကိုဝေမိုးနိုင်နဲ့ ကိုမာန်ဇာမြေမွန်တို့ဟာ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေအတွက် ဆေးကုသခွင့်မပေးဘဲ သံခြေကျဉ်းခတ်ကာ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။ 


အခုလို ရိုက်နှက်နှိပ်စက်တာခံရတဲ့ မြို့နယ် လူထုသပိတ်ခေါင်းဆောင်တွေအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အသက် ရှင်သန်မှုနဲ့ ကျန်းမာရေးအခြေနေအားလုံးအတွက် စစ်အာဏာရှင်လက်ပါးစေ ထောင်အာဏာပိုင်တွေ တာဝန်ခံရမှာဖြစ်ပြီး   

မဝေးတော့တဲ့ကာလမှာ ပြည်သူလူထုရဲ့ တရားစီရင် အပြစ်ပေးအရေးယူတာခံယူရမယ်လို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။⁨⁨⁨⁨⁨⁩⁨⁨ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး တည်ထောင်ခြင်း နှစ်ပြည့်အဖြစ် ဗကသ သဝဏ်လွှာပို့


ဇွန်လ ၁၅ရက်


အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး တည်ထောင်ခြင်း နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်က ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးကို ၂ဝ၂၁ ခုနှစ် ဇွန် ၁၄ ရက်နေ့မှာဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက် ဒီနှစ်မှာ နှစ် ပြည့်မြောက်ခဲ့ပြီလို့ သိရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးခရီးမှာ ပေါက်ဖွားလာတဲ့ ကျောင်းသားအဖွဲ့အစည်းတရပ်အနေနဲ့ ဖွဲ့စည်းတည်ထောင်ချိန်ကစပြီး ကျောင်းသားထုနဲ့အတူ ပြည်သူလူထုအကျိုး တစိုက်မတ်မတ် ထမ်းဆောင်ခဲ့တာ တွေအတွက် ဂုဏ်ယူတယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

အခုလို ကျောင်းသားလူငယ်အစည်းအရုံးတွေနဲ့အတူ မဟာမိတ်အဖြစ် တိုက်ပွဲဝင်ရတာဟာ ကျောင်သားသမဂ္ဂ များ အဖွဲ့ချုပ်အတွက်ရော ပြည်သူတရပ်လုံးအတွက်ပါ အား ဖြစ်စေခဲ့တယ်လို့ ညွှန်းဆိုထားပါတယ်။

ဒါကြောင့် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးအနေနဲ့ ဖိနှပ်ခံပြည်သူလူထုနဲ့အတူရပ်တည်ရင်း ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်နိုင်ပါစေကြောင်း ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်သားသမဂ္ဂများအဖွဲ့ချုပ်က ဆုတောင်းပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ် ခုက စစ်ရှောင်ပြည်သူတွေကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ကျန်းမာရေး စောင့်ရှောက်မှုပေး 


ဇွန်လ ၁၅ရက်


စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ခုက စစ်ရှောင်ပြည်သူတွေကို အခမဲ့‌ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 


မေလအတွင်း စစ်ရှောင်ပြည်သူတွေရှိတဲ့နေရာတွေအထိ ကွင်းဆင်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့တာကို စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က မနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ 

 

စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အနေနဲ့ စစ်ကိုင်းတိုင်းအတွင်းက အရာတော်၊ ဝန်းသို၊ မုံရွာ၊ ချောင်းဦး၊ ပုလဲ၊ ခင်ဦး၊ တန့်ဆည်နဲ့ ဘုတလင်မြို့နယ်တို့မှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကို အခမဲ့‌ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးခဲ့ တာလို့ သိရပါတယ်။


ကွန်ရက်မှာရှိတဲ့ မြို့နယ်တာဝန်ခံတွေက မြေပြင်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြတဲ့ ကျန်းမာရေးတာဝန်ခံအဖွဲ့ တွေနဲ့ လက်တွဲညီညီ ဆောင်ရွက်ခဲ့ကြတာလို့လည်း စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က အသိပေးပါတယ်။


ကွန်ရက်အဖွဲ့သားတွေအနေနဲ့ တိုင်းအတွင်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို တထောင့်တနေရာကနေ ဖြည့်စွမ်းကူညီနိုင်ရေး အစဉ်တစိုက်ကြိုးပမ်းနေတာကြောင့် စစ်ရှောင်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးလိုသူတွေအနေနဲ့ ကွန်ရက်နဲ့ချိတ်ဆက်‌နိုင်တယ်လို့ သတင်းစကား ပါးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နဲ့ အင်္ကျီပြာ ရက်တာ လူထုလှုပ်ရှားမှုမှာ လုံခြုံရေး အသိ၊သတိရှိကြဖို့ GSCB တိုက်တွန်းနှိုးဆော်


ဇွန်လ ၁၅ရက်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် ပန်းသပိတ်နဲ့ အင်္ကျီပြာ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြမယ့် ပြည်သူလူထုအနေနဲ့ လုံခြုံရေး အသိ၊သတိရှိ အပြည့်ရှိကြဖို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု General Strike Coordination Body - GSCB က ဒီနေ့ ဇွန်လ ၁၅ ရက်နေ့မှာ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့  အထိမ်းအမှတ်အဖြစ် မွေးနေ့ရှင်နဲ့တကွ အဓမ္မဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးနဲ့ စစ်အုပ်စုကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့အနေနဲ့ လူထုလှုပ်ရှားမှုကြီး ခု ဆင်နွှဲကြဖို့ တိုက်တွန်းနှိုးဆော်ချက်နဲ့ပတ်သက်လို့ အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။ 

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ တွဲမြင်ပြီးသားဖြစ်တဲ့ ပန်းသပိတ် လှုပ်ရှားမှုမှာ နှင်းဆီနီ အပါအဝင် လက်လှမ်းမီရာပန်းတွေကို ဘုရားပန်းတင်တာ ဆံကေသာမှာ အမြတ်တနိုးပန်ဆင်တာ အလှပန်းအိုးထိုးတာ အပြန်အလှန် ပန်းလက်ဆောင်ပေးတာ စတဲ့လှုပ်ရှားမှုဟာ ပထမလှုပ်ရှားမှုဖြစ်ပြီး မြေပြင်လုပ်တဲ့ ပန်းသပိတ် လူထုလှုပ်ရှားမှုတွေမှာ လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့ ဖော်ဆောင်ကြက GSCB က နှိုးဆော်ထားပါတယ်။

ဒုတိယလှုပ်ရှားမှုဖြစ်တဲ့ အင်္ကျီပြာလှုပ်ရှားမှု Blue Shirt Campaign ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ရည်ရွယ်တာဖြစ်ပြီး အင်္ကျီအပြာ၊ ပုဆိုးအပြာ၊ ဘောင်းဘီအပြာ၊ ဦးထုတ်အပြာ အစရှိတဲ့ အပြာရောင် အဝတ်အစား အသုံးအဆောင်တွေကို ဝတ်ဆင်အသုံးပြုကြဖို့လို့ သိရပါတယ်။  

အဲဒီ ပန်းသပိတ်နဲ့ အင်္ကျီပြာ လူထုလှုပ်ရှားမှု ရက်တာကမ်ပိန်းကို ဇွန်လ ၁၄ ရက်ကနေ ၂၁ ရက်နေ့အထိ ပြုလုပ်တာ ဖြစ်တဲ့အတွက် မိမိတို့ အဆင်ပြေတဲ့ ရက်ဖြစ်စေ၊ နေ့စဉ်ဖြစ်စေ အဆင်ပြေတဲ့ပုံစံနဲ့ ပါဝင်နိုင်တယ်လို့ အသိပေးထားပါတယ်


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ စစ်တပ်ရဟတ်ယာဉ် ၂စင်းကို ပစ်ချနိုင်ခဲ့တဲ့ KIA ပူးပေါင်းအဖွဲ့ကရဲဘော်တွေကို ငှက်သားကြိုက်သူလေးများအဖွဲ့ က ကျပ်သိန်း ၁၀၀ ဂုဏ်ပြုချီးမြင့်


ဇွန်လ ၁၅ရက်


စစ်ရှုံးကောင်စီရဲ့ စစ်ရဟတ်ယာဉ် ၂စင်းကို ပစ်ချနိုင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့က ရဲဘော် တွေကို ငှက်သားကြိုက်သူလေးများအဖွဲ့ က ကျပ်သိန်း ၁၀၀ ဂုဏ်ပြုချီးမြင့်ထားတယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တွေ က ပြောပါတယ်။


ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်လို့တင်စားခံထားရတဲ့ ဗန်းမော်မြို့မှာ မြို့သိမ်းစစ်ဆင်ရေးဖော်ဆောင်နေတဲ့ ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရဟတ်ယာဉ် စင်းကို မေလ ၂ဝ ရက်နေ့က ပစ်ချ နိုင်ခဲ့တဲ့အတွက် ချီးမြင့်တာလို့ ဆိုပါတယ်။ 


ဗန်းမော်မြို့ မှာရှိတဲ့ စစ်ကောင်စီရဲ့ စကခ - ၂၁ ကိုလာတဲ့ ထောက်ပို့ရဟတ်ယာဉ် စင်း စစ်လက်နက်နဲ့ လူအင်အား ထောက်ပို့ပေးနေချိန်မှာ KIA နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက ရဟတ်ယာဉ် စင်းကို ပစ်ချဖျက်ဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


စစ်ရဟတ်ယာဉ် စင်းကို ပစ်ချနိုင်တဲ့ တော်လှန်ရေးရဲဘော်တွေကို ငှက်သားကြိုက်သူလေးများအဖွဲ့က ဂုဏ်ပြုတဲ့ငွေ ကျပ်သိန်း ၁၀၀ ကို KIA စစ်ရုံးချုပ်ကတဆင့် ပေးပို့ခဲ့တာဖြစ်ပြီး မေလ ၂၈ ရက်မှာ လက်ခံရရှိခဲ့တယ်လို့ စစ်ရေးဌာနရဲ့ ကျေးဇူးတင်လွှာမှာ ဖော်ပြထားပါတယ်။


KIA စစ်ရေးဌာနရဲ့ မေလ ၂၉ ရက် နေ့စွဲပါစာမှာ တော်လှန်ရေးမှာ ပါဝင်ကူညီမှုပေးမှုအတွက် များစွာကျေးဇူးတင်ကြောင်းနဲ့ ဂုဏ်ပြု မှတ်တမ်းတင်ထားမယ့်အကြောင်း ရေးသားဖော်ပြထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်


ဇွန်လ ၁၅ရက်


စစ်ကိုင်းတိုင်း မုံရွာမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် - နမခ အတွင်းကို တော်လှန်ရေးတပ်ဖွဲ့ တွေက ၁၀၇ မမ ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံးစလုံး အောင်မြင်စွာကျရောက်ပေါက်ကွဲခဲ့တယ်လို့ BWM အဖွဲ့က ဒီနေ့ ဇွန် ၁၅ မှာ ထုတ်ပြန်ပါတယ်။

မုံရွာအခြေစိုက် စစ်ရှုံးကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို မနေ့ ဇွန်လ ၁၄ ရက် ၁၀ နာရီကျော်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။  

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာ စစ်ကိုင်း၊ မကွေးတိုင်းမြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့မှာရှိတဲ့ စစ်ရှုံးကောင်စီရဲ့ တပ်ဖွဲ့တွေကို အမိန့်ပေးနေတဲ့ ဌာနချုပ်ဖြစ်သလို တော်လှန်ရေးအင်အားစုတွေကို နည်းမျိုးစုံနဲ့ နှိမ်နင်းနေတဲ့ ဌာနချုပ်လို့ သိရပါတယ်။ 

ဒီ စစ်ရှုံးကောင်စီဌာနချုပ်ဟာ စက်တပ်လေထီးတွေ ဒရုန်းတွေ အထိုင်ထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်နေတာကြောင့် Mission 41 အဖြစ် ဖော်‌‌ဆောင်ခဲ့တာလို့ BWM အဖွဲ့က အသိပေးပါတယ်။

ဒါ့အပြင် နမခ ဌာနချုပ်အတွင်း ပျော်ပွဲရွင်ပွဲတွေ ကျင်းပမယ်လို့ သိရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပေါင်းအပါ တွေ မလုံခြုံတဲ့ခံစားချက်နဲ့ အချိန်ပြည့်ခြိမ်းခြောက်ခံရနိုင်တယ်ဆိုတဲ့ စိတ်ခံစားချက်ရနေစေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် စစ်ရှုံးကောင်စီတပ်ဘက်က တန်ပြန်ပစ်ခတ်မှုတွေရှိတာကြောင့် ထိခိုက်ပျက်စီမှုအခြေအနေကို မသိရ သေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီစစ်ဆင်ရေးကို Brave Warriors for Myanmar - BWM အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ Shadow - မုံရွာအဖွဲ့၊ ရွှေတြိဂံမဟာမိတ် တပ်ရင်း၊ Justice Brothers Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ ပခုက္ကူ အောင်သာပျူစခန်းက ပျူစောထီးမိသားစု လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်


ဇွန်လ ၁၅ရက်


မကွေးတိုင်း ပခုက္ကူမြို့နယ် အောင်သာရွာပျူစခခန်းက ပျူစောထီးတဦးဟာ မိသားစုနဲ့အတူ လက်နက်ခဲယမ်းယူဆောင်ကာ အလင်းဝင်လာတယ်လို့ Ayar Daung တပ်ဖွဲ့က ပြောပါတယ်။

အောင်သာရွာပျူစခခန်းက ပျူစောထီးတဦးဟာ ဇွန်လ ၁၂ ရက် မနက် ၁၁ နာရီခန့် မိသားစုတွေကိုခေါ်ဆောင်ကာ G3  သေနတ် တလက်၊ ကျည်ဘောက် ခု၊ ကျည် ၃၅၆ တောင့်၊ အီကွေးမန့်တစုံ၊ အီနာဂါဗုံးသီး တလုံးယူဆောင်ကာ ပခုက္ကူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့ - ဧရာဒေါင်းတပ်ဖွဲ့ထံ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

အခုလို အလင်းဝင်လာတဲ့ ပျူစောထီးကို ပခုက္ကူခရိုင်ပကဖ လှုပ်ရှားတပ် တပ်ဖွဲ့ - ဧရာဒေါင်းတပ်ဖွဲ့က ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့ပြီး မိသားစုဝင်တွေကိုလည်း လုံခြုံစိတ်ချရတဲ့ လွတ်မြောက်နယ်မြေတနေရာကို ပို့ပေးထားတယ်လို့ သိရ ပါတယ်။

ဧရာဒေါင်းတပ်ဖွဲ့ထံ အလင်းဝင်လာတဲ့သူက စစ်ကောင်စီကို ပြန်တော်လှန်မှာဖြစ်တဲ့အတွက် ကျန်တဲ့ ပျူစောထီးတွေအနေနဲ့ အမြင်မှန်ရပြီး အလင်းဝင်ကြဖို့ Ayar Daung တပ်ဖွဲ့က ဖိတ်ခေါ်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။နောင်ချိုမြို့နယ်အတွင်းမှာ စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်နေတယ်လို့ TNLA ပြော


ဇွန်လ ၁၅ရက် 


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းကို စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် ရွှေသွန်းရွာ၊ ကန်ကြီးရွာ၊ ပိန္နဲကုန်းနဲ့ ညောင်တောကျေးရွာဘက်မှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ တအာင်းတပ် TNLA က ထုတ်ပြန်ပါတယ်။  

အခုလို စစ်တပ်က ထိုးစစ်ဆင်လာတဲ့အတွက် ဇွန်လ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီကျော်အချိန်မှာ နောင်ချိုမြို့နယ်ထဲက ရွှေသွန်းရွာမှာ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLA တို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ၃၅ လုံးအပြင် ဒရုန်းနဲ့ ဗုံး ၁၂ လုံး ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။ 

ထို့အတူ ပိန္နဲကုန်းနဲ့ ညောင်တောရွာဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် - TNLA တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က လက်နက်ကြီး ၄၁ လုံး၊ ဒရုန်းနဲ့ ဗုံး လုံး ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။  

ဇွန်လ ၁၂ ရက်နေ့ကလည်း ကန်ကြီးကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ခဲ့တာရှိပြီး စစ်တပ်က လက်နက်ကြီး  ၅၀ လုံး၊ ဒရုန်းနဲ့ ဗုံး ၁၅ လုံး ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ တိုက်ပွဲဖြစ်နေရာတွေ မှာ ထိုးစစ်ဆင်မှာမဟုတ်ဘူးလို့ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့ဘက်က တဖက်သတ် အပစ်ရပ်ကာလ တလ သက်တမ်းထပ်တိုးထားတာကို စစ်ကောင်စီဘက်က အခွင့်ကောင်းယူပြီး အဆက်မပြတ် ထိုးစစ်ဆင်နေတာကြောင့်နောင်ချိုမြိုနယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေတာလို့ TNLA သတင်းနဲ့ပြန်ကြားရေးဌာနက ဆိုပါတယ်။ 

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေး သတိ အမြဲရှိနေဖို့လိုအပ်ပြီး လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ဖို့လိုတယ်လို့ TNLA ဘက်က အသိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment