၂၀၂၅ ဇွန်လ ၁၉ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၁၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အကြမ်းဖက်စစ်အာဏာရှင်တွေဘက်က ဘယ်လိုပဲ ပုံဖျက်နေပါစေ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ခေါင်းဆောင်အဖြစ် တန်ဖိုးထားချစ်ခင်နေဆဲလို့ CRPH ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ အမေရိကန်သံရုံး တောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံး ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ကန်ဒေါ်လာ သန်းတရာ ကူညီမယ်လို့ ADB ပြော


========================


၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပြီး မြန်မာပြည်ကို ဦးဆောင်နိုင်ပါစေကြောင်း TNLA ဗိုလ်ချုပ် တားဘုန်းကျော် မွေးနေ့ ဆုတောင်းစကားဆို

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မြင်းခြံနယ်က ပျူစောထီးခေါင်းဆောင်အပါအဝင် ရုရှားပြန် စစ်ဗိုလ်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ MBT တပ်ဖွဲ့ပြော

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။နောင်ချို ဉာဏ်တောနဲ့ ရွှေသွန်းရွာမှာ စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲတွေဆက်ဖြစ် 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။မင်းလှမြို့နယ်ထဲက ရန်ကုန် - ပြည်လမ်းပိုင်းမှာ ရဲတွေမောင်းလာတဲ့ ဆိုင်ကယ် စီးကို မိုင်းဆွဲတိုက်ခိုက်မှု တဦးသေပြီး ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ အကြမ်းဖက်စစ်အာဏာရှင်တွေဘက်က ဘယ်လိုပဲ ပုံဖျက်နေပါစေ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ခေါင်းဆောင်အဖြစ် တန်ဖိုးထားချစ်ခင်နေဆဲလို့ CRPH ပြော


ဇွန်လ ၁၉ရက်


အကြမ်းဖက်စစ်အာဏာရှင်တွေနဲ့ မလိုသူတွေက ဘယ်လိုပုံဖျက်နေပါစေ ပြည်သူလူထုဟာ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ခေါင်းဆောင်အဖြစ် တန်ဖိုးထားချစ်ခင်နေဆဲလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အတွက် ပေးပို့တဲ့ ဆုတောင်းသဝဏ်လွှာကနေ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အခါသမယမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဥပဒေမဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရခြင်းကနေ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေကြောင်းနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှည်ကျန်းမာပြီး သူမတန်ဖိုးထားရတဲ့ မိသားစု၊ ပြည်သူပြည်သားတွေနဲ့ အမြန်ဆုံး ဆုံစည်းနိုင်ပါစေကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက  လေးလေးနက်နက် ဆုမွန်ကောင်းတောင်းပေးထားပါတယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားမျှတပြီး ငြိမ်းချမ်းတဲ့ လူမှုအသိုက်အဝန်းကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းရာမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှ ကောင်းမွန်တဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်မယ်ဆိုတာ ကောင်းစွာ သိတဲ့အတွက် ပြည်သူလူထုကို စစ်မှန်ဖြူစင်သော မေတ္တာတရား၊ ဖြောင့်မတ်မှန်ကန်သော အတွေးအခေါ်တို့နဲ့ ဦးဆောင် လမ်းပြပေးခဲ့တဲ့ ခေါင်းဆောင်တဦးလို့  ဆိုပါတယ်။

 

ဒါကြောင့်လည်း အကြမ်းဖက်စစ်အာဏာရှင်တွေနဲ့ မလိုသူတွေက ဒေါ်အောင်ဆန်းစုကြည် ပုံရိပ်ကျအောင် နှစ်ပေါင်းများစွာ ပုံဖျက်နေပေမယ့် ပြည်သူလူထုက တိုင်းပြည်ခေါင်းဆောင်အဖြစ် တန်ဖိုးထားချစ်ခင်နေတာလို့ သဝဏ်လွှာမှာ ဖော်ပြထားပါ တယ်။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးမှုရှိရေး၊ တန်းတူအခွင့် အရေး၊ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတို့ ရရှိခံစားနိုင်ရေးအတွက် ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု သစ်ကို တည်ဆောက်နိုင်ဖို့ အစဉ်တစိုက်ကြိုးပမ်းခဲ့သူလို့ သိရပါတယ်။


လက်ရှိအချိန်မှာ အင်အားစုအသီးသီးနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးဟာ တဦးနဲ့တဦး ယုံကြည်မှုကို ယခင်ကထက် ဆတိုးတည်ဆောက်ကြပြီး မြန်မာနိုင်ငံမှာ သက်ဆိုးရှည်နေတဲ့ စစ်အာဏာရှင်စနစ်ဆိုးကို လက်တွဲတွန်းလှန်တိုက်ထုတ်ကာ  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်နိုင်ဖို့ ကြိုးပမ်းနေတာကြောင့် မဝေးတော့တဲ့အနာဂတ်ကာလမှာ မိမိတို့ရဲ့ ကြိုးပမ်းချက်တွေ မုချအောင်မြင်နိုင်လိမ့်မယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယုံကြည်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ အမေရိကန်သံရုံး တောင်းဆို


ဇွန်လ ၁၉ရက်


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ ရန်ကုန်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက တောင်းဆိုလိုက်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈ဝ ပြည့်မြောက်တဲ့ ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ရန်ကုန်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပြီး တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီကတည်းက ထိန်းသိမ်းခံရပြီး အကျဉ်းကျနေစဉ်မှာ ဆင်နွှဲရတဲ့ ကြိမ်မြောက် မွေးနေ့လည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူမဘဝနဲ့လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလိုလား တောင့်တမှုတွေကို ထင်ဟပ်စေတယ်လို့လည်း အသိပေးထားပါတယ်။

ဒါကြောင့် ဒီနေ့အခါသမယမှာ သူမနဲ့အတူ အခြားသော မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့၊ အရပ်သား ပြည်သူတွေအပေါ် အကြမ်းဖက်နေတာတွေ ရပ်တန့်ဖို့နဲ့ အကြပ်အတည်းကို အဆုံးသတ်နိုင်ရေး သက်ဆိုင်သူအားလုံးနဲ့ အပြန်အလှန်ထိတွေ့ဆက်ဆံဖို့ စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်အစိုးရက ဆက်လက် တောင်းဆိုထားပါတယ်။


ဒီနေ့မှာ အမေရိကန်အစိုးရအပါအဝင် ဗြိတန်နဲ့ နော်ဝေတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်းထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့တောင်းဆိုထားပြီး ရန်ကုန်အခြေစိုက် ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ်၊ နော်ဝေး၊ ဒိန်းမတ် စတဲ့ နိုင်ငံတကာသံရုံးတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ သံရုံးဖေ့ဘုတ်စ်စာမျက်နှာတွေမှာ နှင်းဆီပန်းတွေ လူထုခေါင်းဆောင်ရဲ့ ပုံတွေကို တင်ထားကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံး ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို 


ဇွန်လ ၁၉ရက်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်အစိုးရက တောင်းဆိုလိုက်ပါတယ်။ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ရဲ့ အသက် ၈၀ ပြည့်မြောက်တဲ့ မွေးနေ့မှာ ဗြိတိန်အစိုးရက အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ 

ရန်ကုန်မြို့တော်မှာရှိတဲ့ ဗြိတိန်သံရုံးက ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီနေ့ ဇွန်လ ၁၉ ရက်နေ့မှာ သံရုံးဖေ့စ်ဘုတ်စာမျက်နှာ profile picture ကို ပြောင်းလဲထားပါတယ်။ 

ပြောင်းလဲလိုက်တဲ့ သံရုံးဖေ့စ်ဘုတ်စာမျက်နှာ profile picture မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားပြုတဲ့ နှင်းဆီပန်းပွင့် တွေ ထည့်သွင်းထားပါတယ်။

တဆက်တည်းမှာ ဗြိတိန်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးခံထားရသူ တွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂ - EU သံရုံးကလည်း ဒီနေ့ မနက်အစောပိုင်းကစပြီး သူတို့ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ အပြာရောင် ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာပုံပါတဲ့ကောက်ကြောင်းနဲ့ ပန်းတွေစီရီထားတဲ့ 80 ပါ ဓာတ်ပုံကို သံရုံးဖေ့စ်ဘုတ် စာမျက်နှာမှာ လွှင့်တင်ထားပါတယ်။

မတရားဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့် မွေးနေ့မှာ ရန်ကုန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံးနဲ့ ဥရောပသမဂ္ဂ - EU တို့ဟာ သူတို့ရဲ့ ရပ်တည်ချက်တွေကို ထုတ်ဖော်ပြသလိုက် လည်း ဖြစ်ပါတယ်။

ဗြိတိန်သံရုံးနဲ့ အီးယူသံရုံးတို့ရဲ့ သဘောထား ထုတ်ဖော်ပြသမှုအပေါ်  မြန်မာပြည်သူတွေက  လူထုခေါင်းဆောင်လဲဖြစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လဲဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အချုပ်အနှောင်ကနေ အမြန်ဆုံး လွတ်မြောက်ဖို့နဲ့ ကျန်းမာစေဖို့ ဆုတောင်းပေးထားကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် ကန်ဒေါ်လာ သန်းတရာ ကူညီမယ်လို့ ADB ပြော


ဇွန်လ ၁၉ရက်


ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ သန်းတရာ ကူညီပေးမယ်လို့ အာရှဖွံဖြိုးတိုးတက်ရေးဘဏ် ADB က ပြောကြားလိုက်ပါတယ်။ 

ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ လူမှုဘဝတွေ ရေရှည်တည်ထောင် နိုင်ဖို့ ရည်ရွယ်ပြီး အာရှဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ - ADF အောက်ကနေ လှူဒါန်းသွားမယ်လို့ ADB က ဇွန်လ ၁၇ ရက်နေ့ မှာ ထုတ်ပြန်ထားပါတယ်။ 

ADB ဟာ ငလျင်လှုပ်ပြီးတဲ့အချိန်မှာ မြန်မာပြည်က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ်အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သန်း ထောက်ပံ့ကူညီပေးခဲ့ပြီးတဲ့နောက် အခု ထပ်ပြီးကူညီပေးဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။

ADB ရဲ့အကူအညီတွေကို ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် - UNDP ကုလသမဂ္ဂ ကလေးများရန်ပုံငွေ - UNCF နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP တို့ကနေတဆင့် ပေးအပ်မယ်လို့ သိရပါတယ်။  

ဒီအကူအညီဟာ မြန်မာနိုင်ငံသားတွေအတွက် ADB က အကြီးမားဆုံး ကူညီထောက်ပံ့မှုဖြစ်ပြီး အကူအညီလိုအပ်နေတဲ့ သူတွေအတွက် အစားအသောက်၊ ရေ၊ အမိုးအကာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် ရေရှည်စားဝတ်နေရေးနဲ့ အလုပ်အကိုင်နဲ့ လူထုခံနိုင်ရည်အားတွေအတွက် သင်တန်းတွေနဲ့ ဆွေးနွေးနိုင်ပင်ခြင်း လုပ်ငန်းတွေလည်း ကူညီထောက်ပံ့ပေးမှာဖြစ်တယ်လို့ ADB ဘက်က အသိပေးထားပါတယ်။ 

မေလ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အား ဒသမ ရှိတဲ့ စစ်ကိုင်းငလျင်မတိုင်မီက မြန်မာနိုင်ငံမှာ အရေးပေါ်အကူအညီ လိုအပ်နေသူအရေအတွက်ဟာ ဒသမ သန်းကျော်သာရှိပေမယ့် ငလျင်လှုပ်ခတ်ပြီးနောက်မှာ အကူအညီနဲ့ အကာအကွယ်လိုအပ်နေသူအရေအတွက်ဟာ ဒသမ သန်းကျော်အထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပြီး မြန်မာပြည်ကို ဦးဆောင်နိုင်ပါစေကြောင်း TNLA ဗိုလ်ချုပ် တားဘုန်းကျော် မွေးနေ့ ဆုတောင်းစကားဆို


ဇွန်လ ၁၉ရက်


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ပြီး မြန်မာပြည်ကို ပြန်လည်ဦးဆောင်နိုင်ပါစေကြောင်း တအာင်းတပ်မတော် TNLA ဗိုလ်ချုပ် တားဘုန်းကျော်က မွေးနေ့ ဆုတောင်းစကားဆိုလိုက်ပါတယ်။

ဒီနေ့ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့မှာTNLA က ဗိုလ်ချုပ်တားဘုန်းကျော်က သူရဲ့ Mai Tea Land လူမှုကွန်ရက်မျက်နှာကနေ ဆုတောင်းစကား ပြောဆိုလိုက်တာဖြစ်ပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့မှာ ရှမ်းပြည်အခြေစိုက် တိုင်းရင်းသား တော်လှန်ရေး တပ် ခေါင်းဆောင်တဦးက ချစ်ကြည်လေးစားစွာနဲ့ ဆုတောင်းစကား ပြောကြားလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်တားဘုန်းကျော်က “Happy Birthday ဒေါ်အောင်ဆန်းစုကြည်၊ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ။ မြန်မာနိုင်ငံကို အမြန်ဆုံးဦးဆောင်နိုင်ပါစေလို့ ပြောကြားခဲ့သလို “Happy Birthday DASSK…Be healthy and lead our country” Tar Bong Kyaw GS. PSLF/TNLA လို့ ရေးသားဖော်ပြထားပါတယ်။

တအာင်းတပ်မတော် TNLA ဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ အရေးပါတဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး ဖိအားမျိုးစုံရှိနေတဲ့ကြားက လက်ရှိအချိန်ထိ စစ်ကောင်စီပြုတ်ကျရေး တော်လှန်နေဆဲ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ တဖွဲ့ဖြစ်ပါတယ်။


========================


 🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မြင်းခြံနယ်က ပျူစောထီးခေါင်းဆောင်အပါအဝင် ရုရှားပြန် စစ်ဗိုလ်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ MBT တပ်ဖွဲ့ပြော


ဇွန်လ ၁၉ရက်


မန္တလေးတိုင်း မြင်းခြံမြို့မှာ အကြမ်းဖက်လုယက်သောင်းကြမ်းနေတဲ့ ပျူစောထီးခေါင်းဆောင်တွေထဲက တဦးဖြစ်တဲ့ မင်းသိုက်ကို သုတ်သင်ရှင်းလင်းရာမှာ စစ်တပ်ဘက်က ရုရှားပြန် ဗိုလ်ကြီးတဦးနဲ့ စစ်သားတဦးကိုပါ ရှင်းလင်းနိုင်ခဲ့တယ်လို့  Myingyan Black Tiger - MBTတပ်ဖွဲ့က ဒီနေ့ ဇွန်လ ၁၉ မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Myingyan Black Tiger - MBTတပ်ဖွဲ့အနေနဲ့ အထူးစစ်ဆင်ရေးတရပ်အဖြစ်ဖော်ဆောင်ခဲ့တာဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ ညနေ ၆နာရီခွဲအချိန်မှာ သုတ်သင်ရှင်းလင်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီစစ်ဆင်ရေးအတွက် MBTတပ်ဖွဲ့က အထူးကွန်မန်ဒိုစစ်သား ဦးဟာ ရန်သူ့စခန်းတွေကြားမှာ ရက်တိတိ စောင့်ဆိုင်းခဲ့ရ တယ်လို့ အသိပေးပါတယ်။

အနိမ့်ကျေးရွာနဲ့ ခေါင်းကွဲကျေးရွာကြားမှာ ပျူစောထီးခေါင်းဆောင် မင်းသိုက်ကိုရှင်းလင်းရာမှာ ရုရှားပြန် ပွင့်ဗိုလ်ကြီး ပြည့်ဖြို့ကျော်နဲ့ တပ်သားပိုင်စိုးတို့ပါ သေဆုံးခဲ့ပြီး တပ်ကြပ်ကြီး မုတ်ဆိတ်ကတော့ ပြင်းထန်ဒဏ်ရာနဲ့ မြင်းခြံပြည်သူ့ဆေးရုံ မှာ ဆေးကုသမှု ခံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ပျူစောထီးခေါင်းဆောင် မင်းသိုက်ရဲ့ ရုပ်အလောင်းကို သူရဲ့တွဲဖက်ဖြစ်သူ သီတာယုမွန်က မိသားစုထံ အလောင်းပြန်မအပ် သေးဘဲ သူကိုယ်တိုင် သဂြိုလ်ပေးမယ်လို့ သိရပါတယ်။


အခုလို အထူးစစ်ဆင်ရေးတွေဟာ အချိန်နဲ့တပြေးညီဖြစ်နိုင်ပြီး ပြည်သူလူထုကို အနိုင်ကျင့်နှိပ်စက်နေတဲ့ စစ်တပ်အရာရှိ တွေနဲ့ ပျူခေါင်းဆောင်တွေကို သုတ်သင်ရှင်းလင်းသွားမယ်လို့ Myingyan Black Tiger - MBTတပ်ဖွဲ့က ထုတ်ဖော်ပြောဆို ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။နောင်ချို ဉာဏ်တောနဲ့ ရွှေသွန်းရွာမှာ စစ်တပ်နဲ့ TNLA ကြား တိုက်ပွဲတွေဆက်ဖြစ် 


ဇွန်လ ၁၉ရက်


တအာင်းပြည် တပ်မဟာ နယ်မြေဖြစ်တဲ့ ရှမ်းမြောက်ဒေသ နောင်ချိုမြို့နယ်က  ဉာဏ်တောနဲ့ရွှေသွန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ တအာင်းတပ်မတော် - TNLA ဘက်က ထုတ်ဖော်ပြဆိုလိုက်ပါတယ်။

မနေ့ ဇွန်လ ၁၈ ရက်မနက်ပိုင်းက ဉာဏ်တောနဲ့ ရွှေသွန်းကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က လက်နက်ကြီး ၃၈ လုံး၊ ဒရုန်းနဲ့ ဗုံး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိတဲ့ ရွှေညောင်ပင်နဲ့ ရေမောင်းတန်းကျေးရွာဘက်က အရပ်သားပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီး လုံး၊ ဒရုန်းနဲ့ ဗုံး ၂၃ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်းတုန်းကလည်း စစ်ကောင်စီတပ်ဟာ ဆမ္မဆယ်ကျေးရွာက ပြည်သူတွေကို ဦးတည်ပြီး ရည်ရွယ် ချက်ရှိရှိ လက်နက်ကြီးနဲ့ ပစ်ခိုက်ခဲ့တာကြောင့် အမျိုးသား ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တအာင်းတပ်မတော် - TNLA ပါတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လုပ်နိုင်ဖို့ တိုက်ပွဲဖြစ်နေရာတွေမှာ ထိုးစစ်ဆင်မှာမဟုတ်ဘူးဆိုပြီး တဖက်သတ် အပစ်ရပ်ကာလ နောက်တလ သက်တမ်းထပ်တိုးထားတာကို စစ်ကောင်စီဘက်က အခွင့်ကောင်းယူပြီး အဆက်မပြတ် ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်နေရတာလို့ PSLF/TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိ အမြဲရှိနေဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့အတွက်လည်း လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ တအာင်းတပ်မတော် - TNLA က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။မင်းလှမြို့နယ်ထဲက ရန်ကုန် - ပြည်လမ်းပိုင်းမှာ ရဲတွေမောင်းလာတဲ့ ဆိုင်ကယ် စီးကို မိုင်းဆွဲတိုက်ခိုက်မှု တဦးသေပြီး ဦး ဒဏ်ရာရ


ဇွန်လ ၁၉ရက်


ပဲခူးတိုင်း မင်းလှမြို့နယ်အပိုင် ရန်ကုန် - ပြည်လမ်းပိုင်းမှာ ရဲတွေမောင်းလာတဲ့ ဆိုင်ကယ် စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ရဲတဦးသေပြီး ဦး ဒဏ်ရာရသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ဒီနေ့ ဇွန် ၁၉ မှာ ထုတ်ပြန်ပါတယ်။


မင်းလှမြို့နယ် ထောက်ကြန့်ကွင်းအုပ်စု ဂင်ဒိတ်ကုန်းရွာအဝင် ရန်ကုန် - ပြည်ကားလမ်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေ မောင်းလာတဲ့ ဆိုင်ကယ် စီးကို မနေ့ ဇွန်လ ၁၈ ရက် မနက် ၁၁ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုမှာ သေဆုံးဒဏ်ရာရ သွားသူတွေကို စစ်ကားနဲ့ လာသယ်သွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက အသိပေးပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုနဲ့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့က ရဲဘော်တွေ ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ဒေသနေပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေကြတဲ့ စစ်ကောင်စီနဲ့ စစ်တပ်ထောက်တိုင်တွေကို အရှိန်မြင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အွက် ပြည်သူလူထုအနေနဲ့ စစ်အုပ်ရှိတဲ့နေရာတွေအနီးတဝိုက် လုံးဝမသွားကြဖို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment