၂၀၂၅ ဇွန်လ ၂၆ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၂၆ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဖမ်းရဝမ်းအမိန့် အချိန်မီထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ် ခုံရုံးကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ၁၀ ၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်းမှာ အသက်ပေးလှူသွားကြတဲ့ စစ်သည်စစ်မေတွေနဲ့ တော်လှန်ရေးခရီးအတွက် ၎င်းတို့ရဲ့ ကိုယ်အင်္ဂါတွေနဲ့ လမ်းခင်းပေးခဲ့တဲ့ စစ်သည်စစ်မေတွေအားလုံးကို လှိုက်လှိုက်လှဲလှဲ အလေးပြုအပ်တယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကျဉ်းထောင်များ၊စစ်ကြောရေးစခန်းများနဲ့ထိန်းသိမ်းရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်ခံနေရသူများစွာအား ကူညီစောင့်ရှောက်မှုများပေးရန် လိုအပ်နေဆဲဖြစ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ YDF မှ ထီးလင်းမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ပြည်သူအများ ကူးသန်းသွားလာရန် ခက်ခဲနေသည့်လမ်းပိုင်းအား စက်ယန္တရားများဖြင့် ရက်တာ ပြုပြင် ဆောင်ရွက်ပေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD)/(RMA) မှ ဖွင့်လှစ်သည့် အပတ်စဉ် () အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


========================


၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ မင်းလှမြို့နယ် ငလှစမ်းရွာသား ကိုသန်းဇော်ဝင်းကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို ဗုံးခိုကျင်းထဲ စွန့်ပစ်ကာ ကျွဲမကိုင်းရွာကို ထပ်မံမီးရှို့ဖျက်ဆီး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ကျောင်းသားသူရဲကောင်း ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်အတိုင်း စစ်အာဏာရှင်တွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ အရှိုချင်း ကာကွယ်ရေးတပ် - ACDF ဆို

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်တပ်က မိုးကုတ်နယ်အရှေ့ပိုင်းကို ညအချိန်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ဦး ဒဏ်ရာရပြီး အိမ်တွေနဲ့ ဘုန်းကြီးကျောင်း ပျက်စီး 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ဇေယျဝတီဘူတာရုံမှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးဒဏ်ရာရသွားပြီး သေနတ် တလက်နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ကျောက်တံခါးမြို့နယ် ဘုရားကြီးကုန်းကျေးရွာမှာအထိုင်ချနေတဲ့ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား ဦး သေပြီး  ဦး အရှင်ဖမ်းမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အမြန်ဆုံးဖမ်းဆီးနိုင်ရေး ဖမ်းရဝမ်းအမိန့် အချိန်မီထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ် ခုံရုံးကို မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တောင်းဆို


ဇွန် ၂၆ရက်


နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ မနေ့ ဇွန်လ ၂၅ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံရဲ့ အကြိမ် ၈၀ မြောက် မျက်နှာစုံညီအစည်းအဝေးမှာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တာင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးဟာ ကာကွယ်မှုပေးရန်တာဝန်ရှိမှုနှင့် လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုအလိုက် သုတ်သင် ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ ကာကွယ်တားဆီးရေး နှစ် ၂၀ ပြည့် အထိမ်းအမှတ် ကျင်းပတဲ့ အစည်းအဝေးလို့ သိရပါတယ်။ 

မိမိတို့အားလုံးဟာ R2P စံနှုန်း၊ အပြည်ပြည်ဆိုင်ရာဥပဒေ စည်းမျဉ်းတွေနဲ့ လူသားဆန်မှုတို့အပေါ် ထားရှိတဲ့ ကတိကဝတ် တွေကို ထိန်းသိမ်းကာကွယ်ဖို့ ပျက်ကွက်နေတယ်ဆိုတာကို မြန်မာနိုင်ငံဖြစ်စဉ်က ဆိုးရွားတဲ့ သာဓကတခုဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ ချိုးဖောက်မှုများရဲ့ဒဏ်ကို အရပ်သားပြည်သူတွေ ခါးစည်းခံနေရတယ်ဆိုတဲ့ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာကို ကိုးကားပြီး ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ထောက်ပြပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ 

စစ်အုပ်စုဟာ ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ဖျက်ဆီးထားတဲ့အပြင် အကြမ်းဖက်မှုတွေနဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို စနစ်တကျ ဆက်လက်ကျူးလွန်နေတာကိုကြည့်ရင် အကြမ်းဖက်စစ်အုပ်စုဟာ လူ့အသက်နဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတွေကို အရေးမစိုက်ဘူးဆိုတာ မျက်နှာပြောင်စွာနဲ့ ပြသနေတာပဲလို့ အစည်းအဝေးတက်လာသူတွေကို ရှင်းပြခဲ့ ပါတယ်။ 

မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုများရဲ့ အဓိက တရားခံဖြစ်တဲ့ မင်းအောင်လှိုင်ကို ဖမ်းဆီးပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး Pre-Trial Chamber I မှာ စစ်ဆေးဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံးရှေ့နေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ဝရမ်းလျှောက်ထားခဲ့တဲ့အပေါ်  မြန်မာနိုင်ငံက ထောက်ခံကြိုဆိုလိုက်ပြီး ဖမ်းဝရမ်းမိန့်ကို အချိန်မီ ထုတ်ပေးဖို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ၁၀ ၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်းမှာ အသက်ပေးလှူသွားကြတဲ့ စစ်သည်စစ်မေတွေနဲ့ တော်လှန်ရေးခရီးအတွက် ၎င်းတို့ရဲ့ ကိုယ်အင်္ဂါတွေနဲ့ လမ်းခင်းပေးခဲ့တဲ့ စစ်သည်စစ်မေတွေအားလုံးကို လှိုက်လှိုက်လှဲလှဲ အလေးပြုအပ်တယ်လို့ဆို


ဇွန် ၂၆ရက်


၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းအတွင်းမှာ အသက်ပေးလှူသွားကြတဲ့ စစ်သည်စစ်မေတွေနဲ့တော်လှန်ရေးခရီးအတွက် ၎င်းတို့ရဲ့ ကိုယ်အင်္ဂါတွေ နဲ့ လမ်းခင်းပေးခဲ့တဲ့ စစ်သည်စစ်မေတွေအားလုံးကို လှိုက်လှိုက်လှဲလှဲ အလေးပြုအပ်တယ်လို့ မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်ကဆိုထားပါတယ်။ဇွန်လ၂၆ရက်ဆိုရှယ်မီဒီယာမှာ ၁၀၂၇ စစ်ဆင်ရေး (ဒုတိယပိုင်း)နှစ်ပတ်လည်နေ့မှာ ဒေါက်တာစိုးသူရဇော်ကဆိုထားပါတယ်။

"အခုတော့ ၁၀၂၇ (ဒုတိယပိုင်း) လည်း တနှစ်ပြည့်ခဲ့ပြီ။ ဒီတနှစ်တာကာလအတွင်းမှာ အသက်ပေးလှူသွားကြတဲ့ စစ်သည်စစ်မေတွေ တော်လှန်ရေးခရီးအတွက် ၎င်းတို့ရဲ့ ကိုယ်အင်္ဂါတွေ နဲ့ လမ်းခင်းပေးခဲ့တဲ့ စစ်သည်စစ်မေတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့ စစ်သည်စစ်မေတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ အလေးပြုပါတယ်။ ထပ်ပြီးကျေးဇူးတင်ရမှာကတော့ ပြည်သူလူထုဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ တလတာကာလအတွင်းမှာ တနေ့ () နပ် ထမင်းပူဟင်းပူ စားရအောင် စီမံပေးကြတာနဲ့တင် ကျေးဇူးကြီးလှပါပြီ။ဇွန်/ ဇူလိုင် မိုးဖြိုင်ဖြိုင်ကျနေတဲ့ မိုးကုတ်မြို့ကြီးမှာ ထမင်းဟင်း ပူပူနွေးနွေးစားရတာက တော်တော့ကို အမောပြေစေတယ်။ ရှေ့တန်းစစ်မျက်နှာနဲ့ အနီးဆုံး နေရာအထိ ထောက်ပို့ လုပ်ပေးကြတာလည်း ကြက်သီးထစရာပါဘဲ။လမ်းတွေပိတ်ပြီး ကုန်စျေးနှုန်းတွေကြီးနေပေမယ့် အိမ်တိုင်း အိမ်တိုင်းက ရှိတဲ့ ထမင်းဟင်း၊ ကော်ဖီမစ်၊ မုန့် စတာတွေ တတ်နိုင်သလောက် ဝိုင်းပေးကြလွန်းလို့ တခါတလေ စားလို့ကို မကုန်နိုင်ဘူး။`တပ်နဲ့ ပြည်သူ လက်တွဲကူ  ဆိုတာ ဒါမျိုးမှ အစစ်ပါ ပြည်သူတွေက ဗျောက်ကို ကြောက်လို့ မတွဲချင် တွဲချင် တွဲရတာမဟုတ်ဘဲ နှလုံးသားထဲက လာတဲ့ မေတ္တာအဟုန်နဲ့ ကမ်းတဲ့ လက်တွေဖြစ်ပါတယ်"လို့ ၄င်းကဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကျဉ်းထောင်များ၊စစ်ကြောရေးစခန်းများနဲ့ထိန်းသိမ်းရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်ခံနေရသူများစွာအား ကူညီစောင့်ရှောက်မှုများပေးရန် လိုအပ်နေဆဲဖြစ်


ဇွန် ၂၆ရက်


မြန်မာနိုင်ငံအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခံနေရသည့်အပြင် အကျဉ်းထောင်များ၊စစ်ကြောရေးစခန်းများနဲ့ထိန်းသိမ်းရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်ခံနေရသူများစွာအား ကူညီစောင့်ရှောက်မှုများပေးရန် လိုအပ်နေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

ဇွန်လ၂၆ရက်ဟာ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ဖြစ်ပါတယ်။

ဇွန်လ(၁၂)ရက်နေ့ မနက်အစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသားနှင့် အခြားရာဇဝတ်အကျဉ်းသား စုစုပေါင်း(၂၀၀)ဝန်းကျင်ခန့်သည် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မုံရွာအကျဥ်းထောင်မှမန္တလေးအိုးဘိုအကျဉ်းထောင်သို့ ရောက်ရှိခဲ့ပါတယ်။

 အိုးဘိုထောင်ဗူးဝ အဝင်တွင်ထောင်ပြောင်းရွှေ့ရောက်လာသူ အားလုံးနီးပါးအား အကျဉ်းဦးစီးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ရော်ဘာတုတ်၊သစ်သားတုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအနည်းဆုံး(၅၀)ဦးသည် ဦးခေါင်း၊လက်နှင့် နောက်ကျောတစ်လျှောက်တွင် ထိရှနှင့် ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့ကြရပြီး အသက်ရှင်သန်ပိုင်ခွင့်များပင် ခြိမ်းခြောက်ခံခဲ့ရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ YDF မှ ထီးလင်းမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ပြည်သူအများ ကူးသန်းသွားလာရန် ခက်ခဲနေသည့်လမ်းပိုင်းအား စက်ယန္တရားများဖြင့် ရက်တာ ပြုပြင် ဆောင်ရွက်ပေးခဲ့


ဇွန် ၂၆ရက်


၂၀၂၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့တွင် ယောကာကွယ်ရေးတပ် - YDF မှ ထီးလင်းမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ပြည်သူအများ ကူးသန်းသွားလာရန် ခက်ခဲနေကြောင်း မိဘပြည်သူများမှ အသိပေးချက်အရ တပ်ဖွဲ့အင်အား စက်ယန္တရားဖြင့် ၂၀၂၅ ခုနှစ် ဇွန်လ ၁၈ မှ  ၂၁ ရက်နေ့ ထိ ရက်တာ ပြုပြင် ဆောင်ရွက်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။

အဆိုပါ လမ်းပိုင်းသည်  မိုးရာသီကာလအတွင်း မကြာခဏ ပျက်စီးမှုများရှိသည့် အတွက် ယောကာကွယ်ရေးတပ် - YDF တပ်ဖွဲ့ဝင်များမှ ဒေသခံ တာဝန်ရှိသူများနှင့် ညှိနှိုင်းချိတ်ဆက်၍ မိဘပြည်သူများ ယာဥ်မောင်း ယာဥ်ပိုင်ရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD)/(RMA) မှ ဖွင့်လှစ်သည့် အပတ်စဉ် () အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ


ဇွန် ၂၆ရက်


မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD)/(RMA) မှဖွင့်လှစ်သည့် အပတ်စဉ် () အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန် ၂၄ ရက် နေ့တွင် လွတ်မြောက်နယ်မြေ တစ်နေရာ၌ ကျင်းပခဲ့ပါတယ်။အဆိုပါ စစ်သင်တန်းတွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်များလည်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အခြေခံစစ်သင်တန်းဆင်းပွဲကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)/RMA မှ ခေါင်းဆောင်များနှင့် မွန်ပြည်တော်လှန်ရေးတပ်(MSRF) ခေါင်းဆောင်များမှ တက်ရောက်ပြီး အမှာစကားများ ပြောကြားခဲ့ပါတယ်။


အဆိုပါစစ်သင်တန်းတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF)မှ ရဲဘော်သစ်များ ပါဝင်ခဲ့ပြီး သင်တန်းသားများက မွန်ပြည်နယ်နှင့် မွန်ပြည်သူလူထူအတွက် မိမိတို့အသက်ကို စွှန်လွှတ်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း သစ္စာအဓိဌာန် ပြုခဲ့ကြပြီး ခေါင်းဆောင်းများမှ ထူးချွန်ဆု သင်တန်းသားများအား ဆုများ အသီးသီး ချီးမြှင့်ပြီး အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ မင်းလှမြို့နယ် ငလှစမ်းရွာသား ကိုသန်းဇော်ဝင်းကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို ဗုံးခိုကျင်းထဲ စွန့်ပစ်ကာ ကျွဲမကိုင်းရွာကို ထပ်မံမီးရှို့ဖျက်ဆီး


ဇွန် ၂၆ရက်


ပဲခူးတိုင်း မင်းလှမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ငလှစမ်းရွာက စိတ်ကျန်းမာရေး အားနည်းသူ ကိုသန်းဇော်ဝင်းကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို ဗုံးခိုကျင်းထဲ စွန့်ပစ်ကာ ကျွဲမကိုင်းရွာကိုလည်း ဒီနေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။  

မင်းလှမြို့နယ် ငလှစမ်းရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာအတွင်းနေထိုင်တဲ့ စိတ် ကျန်းမာရေး အားနည်းသူ အသက် ၃၅ နှစ်ရွယ် ကိုသန်းဇော်ဝင်းကို ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းမှာ လက်ပြန်ကြိုးတုတ်ပြီး ရိုက်နှက်သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ရဲ့ ရိုက်နှက်သတ်ဖြတ်တာကိုခံရတဲ့ ကိုသန်းဇော်ဝင်းရဲ့ ရုပ်အလောင်းကို ရွာထဲပြန်လာတဲ့ ရွာသားတွေက မနေ့ ဇွန် ၂၅ ရက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။

အကြမ်းဖက်စစ်သားတွေရဲ့ ရိုက်နှက်သတ်ဖြတ်တာကိုခံရတဲ့ ကိုသန်းဇော်ဝင်းမှာ သမီးတဦးရှိပြီး ဇနီးဖြစ်သူက ထိုင်းနိုင်မှာ အလုပ်လုပ်ကိုင်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ 

အဲဒီအကြမ်းဖက်စစ်တပ်ဟာ ဒီနေ့ ဇွန်လ ၂၆ ရက် မနက် နာရီ ၄၅ မိနစ်ခန့်ကစပြီး မင်းလှမြို့နယ်ထဲက ကျွဲမကိုင်းရွာက ပြည်သူပိုင်အိမ်တွေကကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ကျွဲမကိုင်းရွာဟာ မနေ့ ဇွန်လ ၂၅ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးတာကိုခံရတဲ့အတွက် ရက်ဆက် မီးရှို့ဖျက်ဆီးတာကို ခံရတဲ့ ရွာတရွာဖြစ်ပါတယ်။

အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ ငလှစမ်းရွာ၊ ငှက်ပျောတုန်းရွာ၊ တောင်ပေါ်စုရွာ၊ ကညင်ပင်စမ်းရွာနဲ့ ဘန့်ဘွေးပင်ရွာ က အရပ်သားပြည်သူ ၃ဝ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားဆီးထားတဲ့အတွက် မင်းလှနယ်မှာရှိတဲ့ ကျေးရွာ ၄ဝ  ကျော်က ဒေသနေပြည်သူ တသောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးနေရဆဲလို့လည်း သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ကျောင်းသားသူရဲကောင်း ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်အတိုင်း စစ်အာဏာရှင်တွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ အရှိုချင်း ကာကွယ်ရေးတပ် - ACDF ဆို


ဇွန် ၂၆ရက်


ကျောင်းသားသူရဲကောင်းတဦးလည်းဖြစ် အရှုချင်းအမျိုးသားတို့ရဲ သူရဲကောင်းလည်းဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်အတိုင်း စစ်အာဏာရှင်တွေကို ဆက်လက် တိုက်ခိုက်သွားမယ်လို့ အရှိုချင်း ကာကွယ်ရေးတပ် - ACDF ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကျောင်းသားသူရဲကောင်း ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံရပြီး ကျဆုံးခဲ့ရတဲ့ ၄၉ နှစ်မြောက်တဲ့ ဒီနေ့ ဇွန်လ ၂၆ မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်အာဏာရှင်တွေကိုတွန်းလှန်ရာမှာ ခံယူချက်ပြင်းတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ စိတ်ဓာတ်ဟာ စံပြသဖွယ် ဖြစ်တာကြောင့် အရှိုချင်း ကာကွယ်ရေးတပ် - ACDF အနေနဲ့ စစ်အာဏာရှင်တွေကို တွန်းလှန်ရာမှာ အနိုင်မခံအရှုံးမပေးတဲ့ စိတ်ဓာတ်၊ ရဲရင့်တဲ့စိတ်ဓာတ် စစ်ဖိနပ်အောက် ဒူးမထောက်တဲ့ စိတ်ဓာတ်တို့နဲ့ ဆက်လက်တိုက်ပွဲသွားမယ်လို့ အသိပေးထုတ်ပြန်ထား ပါတယ်။ 

ဆလိုင်းတင်မောင်ဦးဟာ ၁၉၆၅ ခုနှစ်မှာကျင်းပတဲ့ ပဉ္စမအကြိမ်မြောက် အရှေ့တောင်အာရှ ကွန်းဆွယ်အားကစားပြိုင်ပွဲရဲ့ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ ခုနှစ်မှာဖြစ်ခဲ့တဲ့ ဦးသန့်အရေးအခင်းတို့မှာ ဦးဆောင်ပါဝင်ခဲ့သူလို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

ဆလိုင်းတင်မောင်ဦးဟာ ၁၉၇၄ ခုနှစ်က ရန်ကုန်တက္ကသိုလ် ချင်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီမှာ အထွေထွေ အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပြီး ချင်းအမျိုးသားတို့ရဲ့ အမည်နာမရှေ့မှာ ဆလိုင်းလို့ခေါ်တဲ့ ရဲစွမ်းသတ္တိပြည်စုံသူ၊ ချင်းအမျိုးသမီးတို့ရဲ့ အမည်နာ်မရှေ့မှာ မိုင်လို့ခေါ်တဲ့ သားကောင်းသမီးကောင်း မွေးဖွားပေးသူလို့ အဓိပ္ပါယ်ရတဲ့ အမည်တွေထည့်သွင်းဖို့ ဦးဆောင်စရင်းသွင်းခဲ့သူလို့ အရှိုချင်း ကာကွယ်ရေးတပ် - ACDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ 

သခင်ကိုယ်တော်မှိုင်း ရာပြည့်အရေးအခင်းဖြစ်မြောက်အောင် ကြိုးပမ်းနေစဉ် ၁၉၇၆ ခုနှစ် မတ်လ ၁၉ ရက်မှာ စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးခံရပြီး ဇွန်လ ၂၆ ရက်နေ့မှာ တိတ်တဆိတ် ကြိုးပေးကွက်မျက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဆလိုင်းတင်မောင်ဦးကို ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မနက် နာရီအချိန် အင်းစိန်ထောင်မှာ ကြိုးပေးကွက်မျက်ခဲ့တာဖြစ် ပြီး ကွက်မျက်ချိန်မှာ မိဘဆွေမျိုးတွေကို အသိပေးအကြောင်းကြားတာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်တပ်က မိုးကုတ်နယ်အရှေ့ပိုင်းကို ညအချိန်မှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ဦး ဒဏ်ရာရပြီး အိမ်တွေနဲ့ ဘုန်းကြီးကျောင်း ပျက်စီး 


ဇွန် ၂၆ရက်


TNLA သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် အရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ညအချိန်မှာ ဗုံးကြဲတိုက်ခိုက် တာကြောင့် အရပ်သားပြည်သူ ဦး ဒဏ်ရာခဲ့ပြီး နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မနေ့ ဇွန်လ ၂၅ ရက်နေ့ ညအချိန်မှာ အကြမ်းဖက်စစ်တပ်က အုန်းကိုင်းကွက်သစ်နဲ့ ဘုန်းကြီးကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အရပ်သားပြည်သူတွေ အိပ်မောကျနေတဲ့ ၁၁ နာရီကျော်အချိန်မှာ အုန်းကိုင်းဘုန်းကြီးကျောင်းအနီးကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အုန်းကိုင်းကွက်သစ်က အိမ် လုံး ပျက်စီးသွားသလို အုန်းကိုင်းဘုန်းကြီးကျောင်းရဲ့ မျက်နှာကျက်တွေပြိုကျကာ ဆွမ်းစားဆောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ဒီလေကြောင်းတိုက်ခိုက်ခံရမှုမှာ လူသေဆုံးတာမရှိပေမယ့် အရပ်သားပြည်သူ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တာပဲ ဖြစ်ပါ တယ်။

အခုလ ၂၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီဟာ ရှမ်းမြောက်ဒေသ ကျောက်မဲမြို့ပေါ်ရပ်ကွက်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦးသေဆုံးကာ ၁၄ ဦးထက်မနည်း ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ဇေယျဝတီဘူတာရုံမှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးဒဏ်ရာရသွားပြီး သေနတ် တလက်နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိ


ဇွန် ၂၆ရက်


ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ် ဇေယျဝတီမြို့က ဘူတာရုံမှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးဒဏ်ရာရသွားပြီး သေနတ်တလက်နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က ပြောပါတယ်။


ဇေယျဝတီမြို့က ဘူတာရုံမှာတာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖြူးမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့က မနေ့ ဇွန်လ ၂၅ ရက် မနက် နာရီခွဲခန့်အချိန်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဒီတိုက်ခိက်မှုမှာ စစ်ကောင်စီတပ်ဘက် ယောက်ထိခိုက်ဒဏ်ရာရပြီး MA1 သေနတ်တလက်၊ ကျည်ဘောက် ဘောက်ခု ကျည်ဆံအချို့ နဲ့ ဖုန်း လုံး သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။


ဒဏ်ရာရသွားတဲ့ စစ်သားတွေဟာ ကျန်တဲ့စစ်သားတွေနဲ့အတူ ဘူတာရုံကနေ ထွက်ပြေးသွားတာကြောင့် ဘူတာရုံကို ဝင်ရောက်ရှင်းလင်းရာမှာ မီးရထားဝန်ထမ်းတဦးကို တွေ့ရှိခဲ့ပြီး ဖြူးမြို့နယ်ပကဖရဲဘော်တွေက အလင်းဝင်ဖို့ မှာခဲ့ပြီး လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။


အဲဒီနောက် ဘူတာရုံဝန်ထမ်းအိမ်ယာတွေမှာ စစ်သားတွေ ဝင်ရောက်နေထိုင်းခြင်းရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ခဲ့တယ်လို့ လည်း သိရပါတယ်။


ဇေယျဝတီဘူတာရုံက စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်နေချိန်မှာ ဖြူးမြို့နယ်ပကဖရဲဘော်တွေဟာ ဖြူးမြို့နယ်တရားရုံးရှေ့က ရန်ကုန် -မန္တလေးလမ်းဟောင်းပေါ်မှာ ကင်းပတ်နေတဲ့ စစ်ကားတွေကို စစ်ဆေးတိုက်ခိုက်တာ၊ ဇေယျဝတီသကြားစက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့သလို ဖြူးပကဖ ဒရုန်းအဖွဲ့ကလည်း ဇေယျဝတီ ရဲစခန်းကို ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အခုလ ၂၂ ရက်နေ့ကလည်း ဖြူးမြို့နယ်ကိုဖြတ်သွားတဲ့ အုတ်ဖြတ် - မုန်းလမ်းပေါ်က ဝဲကြီးအောက်ခုံကျေးရွာမှာ ကင်းပတ် နေတဲ့ စစ်သားတွေနဲ့ ဖြူးမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့တို့ မိနစ် ၃၀ ကြာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာရှိပြီး အဲဒီတိုက်ပွဲမှာ စစ်သား ယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ကျောက်တံခါးမြို့နယ် ဘုရားကြီးကုန်းကျေးရွာမှာအထိုင်ချနေတဲ့ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား ဦး သေပြီး  ဦး အရှင်ဖမ်းမိ


ဇွန် ၂၆ရက်


ပဲခူးတိုင်း ကျောက်တံခါးမြိုနယ် ဘုရားကြီးကုန်းကျေးရွာမှာ အထိုင်ချတပ်စွဲနေတဲ့ အကြမ်းဖက်စစ်တပ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်သား ဦးသေဆုံးပြီး ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် - တပ်ရင်း P2-3702 က ထုတ်ပြန်ပါတယ်။

ဘုရားကြီးကုန်းကျေးရွာမှာ အင်အား ၄၀ ခန့်နဲ့ အထိုင်ချတပ်စွဲနေတဲ့ အကြမ်းဖက်စစ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် အမှတ် ၃၇၀၂ တပ်ရင်းနဲ့ KNLA တပ်ရင်း ပူးပေါင်းအဖွဲ့က မနေ့ ဇွန်လ ၂၅ ရက် မနက် နာရီခန့်အချိန်မှာ  တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့တွေဟာ အဲဒီစစ်စခန်းကို မိနစ် ၄ဝ ခန့်အတွင်း အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ 

စခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်သား ဦးသေဆုံးခဲ့ပြီး ဦး အရှင်ဖမ်းဆီးရမိကာ ကျန်တဲ့စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တဲ့အတွက် လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အကြမ်းဖက် စစ်တပ်စခန်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် ဦး ဒဏ်ရာရခဲ့ပြီး ပြန်လည်ဆုတ်ခွာခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ အရှင်ဖမ်းမိတဲ့သူ ဦးကို စစ်ဆေးမေးမြန်းမှုတွေလုပ်နေပြီး စစ်သုံ့ပန်း ဥပဒေအရ ဆက်လက်ဆောင်ရွက်သွား မယ်လို့ သိရပါတယ်။ 

တောင်ပိုင်းဒေသမှာ စစ်ဆင်ရေးတွေ အရှိန်မြင့်လာတဲ့အမျှ လိုအပ်ချက်တွေရှိနေဆဲဖြစ်တာကြောင့် စစ်ဆင်ရေးအတွက် လိုအပ်နေတဲ့ ကျည်ကာ၊ဦးထုပ်နဲ့ လက်နက်ခဲယမ်းတွေ အတတ်နိုင်ဆုံး ထောက်ပို့ပေးကြဖို့ ပဲခူးခရိုင် အမှတ် - တပ်ရင်း  P2-3702 က မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment