၂၀၂၅ ဇွန်လ ၃၀ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ ဇွန်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၅) အစည်းအဝေး ကျင်းပပြုလုပ်

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်

📌 ၃။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက ကြီးမှူးကျင်းပသည့်အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ပတ်သက်ပြီး သုံးသပ်ရှင်းလင်းတင်ပြခြင်း Webinar ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့

📌 ၄။ စစ်ကောင်စီတပ်က ဒရုန်းနည်းပညာ လေ့ကျင့်မှု အရှိန်မြှင့်တင်နေ

📌 ၅။ မန္တလေးတွင် ပေါ်တာဆွဲခံရပြီး ငွေကျပ်သိန်း ၁၅၀ ပေးခဲ့သော်လည်း အဓမ္မစစ်မှုထမ်းအဖြစ် သွပ်သွင်းခံရသူ KNLA ထံ အလင်းဝင်


========================


၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

🚩၂။ စလင်းမြို့ရှိ စစ်ကောင်စီထောက်လှမ်းရေးရုံး မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

🚩၃။ ဖြူးမြို့နယ်က စစ်ကောင်စီ ကင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့

🚩၄။ ဆင်ဖြူကျွန်းမှာ သံချပ်ကာ ယာဉ်များ ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ပွားနေ

🚩၅။ မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး တပ်မ (၃၃) က စစ်သား အများအပြား သေဆုံး

🚩၆။ မတူပီမြို့သိမ်းတိုက်ပွဲ တစ်နှစ်ပြည့်အထိမ်းအမှတ် ချင်းညီနောင်မှ ထုတ်ပြန်ကြေညာ

🚩၇။ ကျောက်မဲမြို့ကို စစ်ကောင်စီလေကြောင်း ထပ်မံတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၅) အစည်းအဝေး ကျင်းပပြုလုပ်


ဇွန်လ၂၉ရက် 

Radio NUG 


ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုအဆင့် သယံဇာတ စီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက (/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ် ဆောင်ရွက်ပြီးစီးမှုများကို တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြကြပြီး တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြတယ်လို့ သိရပါတယ်။


ဆက်လက်၍ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၅) အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြပြီးနောက် မှတ်တမ်းဓာတ်ပုံရယူကာ အစည်းအဝေးကို ရပ်နားခဲ့ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်


ဇွန်လ ၂၉ ရက်

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး(/၂၀၂၅)ကို ဇွန်လ ၂၉ရက် မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


ထို့နောက်  ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၁:၃၀) နာရီအချိန်တွင် ရပ်နားခဲ့ကြပါတယ်။


========================


📌📌 ၃။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက ကြီးမှူးကျင်းပသည့်အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် ပတ်သက်ပြီး သုံးသပ်ရှင်းလင်းတင်ပြခြင်း Webinar ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့


ဇွန်လ ၂၉ရက် 

Radio NUG 


မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့တွင် ပြဌာန်းခဲ့သောအကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်ပတ်သက်ပြီး CDM နိုင်ငံ့ဝန်ထမ်းများ ပိုမိုသိရှိနားလည်နိုင်စေရန်၊ ဥပဒေပါ အားသာချက်၊ အားနည်းချက်များကို သိရှိနားလည်ပြီး နောင်တွင် ဒေသအလိုက် ဆက်လက်ရေးဆွဲ ထုတ်ပြန်ရမည့် ဥပဒေများ ခိုင်ခိုင်မာမာ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ CDM နိုင်ငံ့ဝန်ထမ်း ဥပဒေ ပညာရှင်တစ်ဦးအား ဖိတ်ကြားပြီး ဥပဒေတစ်ပိုဒ်ချင်းစီ၏ အနှစ်သာရများ၊ အားသာချက်၊ အားနည်းချက်များအား သုံးသပ် ရှင်းလင်းတင်ပြခြင်း အစီအစဉ်ကို ၂၈--၂၀၂၅ ရက်၊ စနေနေ့၊ မြန်မာစံတော်ချိန် နံနက်(၁၀:၀၀)နာရီအချိန်တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


အဆိုပါ Webinar သို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ ကွန်ယက်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် နိုင်ငံတစ်ဝှမ်းမှ စိတ်ပါဝင်စားကြသည့် CDM နိုင်ငံ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး သိရှိလိုသည်များ၊ အကြံပြုဆွေးနွေးလိုသည်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းဆွေးနွေးပြီး အစီအစဉ်ကို မြန်မာစံတော်ချိန် မွန်းလွဲ(၁၂:၂၀)နာရီတွင် ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီတပ်က ဒရုန်းနည်းပညာ လေ့ကျင့်မှု အရှိန်မြှင့်တင်နေ


ဇွန်လ ၂၉ရက် 

Radio NUG 


စစ်ကောင်စီတပ်သည် တော်လှန်ရေးတပ်များ၏ ဒရုန်းနည်းပညာ အားကောင်းထိရောက်မှုကို ကာကွယ်တုန့်ပြန်နိုင်ရန်အတွက် ရမည်းသင်းအခြေစိုက် အမှတ်() စစ်အခြေခံလေ့ကျင့်ရေးတပ်တွင် မိုက္ခရိုကင်းထောက်ဒရုန်းများ အပါအဝင် ဒရုန်းအမျိုးအစားများကို ကိုင်တွယ်အသုံးပြုမှု သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်လေ့ကျင့်နေကြောင်း Myanmar Defense and Security Institute မှ သတင်းဖော်ပြထားပါတယ်။


အဆိုပါ ဒရုန်းများတွင် တရုတ်နှင့် ရုရှားနိုင်ငံထုတ် ကင်းထောက်ဒရုန်းများ၊ တိုက်ခိုက်ရေးဒရုန်းများနှင့် လက်သီးဆုပ်အရွယ်ရှိ မိုက္ခရိုဒရုန်းများ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။


စခတ- မှာ တရုတ်နဲ့ ရုရှားထုတ် ဒရုန်းအမျိုးအစား အတော်များများ ဝယ်ယူပြီး လေ့ကျင့်သင်ကြားပေးနေတာကင်းထောက်ဒရုန်း၊ တိုက်ခိုက်ရေးဒရုန်း အမျိုးအစား အစုံပဲ ကင်းထောက်ဒရုန်းထဲမှာ လက်သီးဆုပ်အရွယ် မိုက္ခရိုဒရုန်းတွေလည်း ပါတယ်ဟု တပ်တွင်းသတင်းရင်းမြစ်က ပြောဆိုထားပါတယ်။


 ဒရုန်းသင်တန်းသားများကို နေ့ခင်းပိုင်းတွင် လက်တွေ့ကိုင်တွယ်အသုံးပြုမှု နှင့် ညပိုင်းတွင် စာတွေ့သင်ကြားမှုများ ပေါင်းစပ်ကာ စနစ်တကျလေ့ကျင့်ပေး‌နေတယ်လို့ သိရပါတယ်။


သင်တန်းများတွင် DJI နှင့် Autel ကင်းထောက်ဒရုန်းများ၊ VTOL fixed wing UAV များ၊ Quadcopter နှင့် Hexacopter တိုက်ခိုက်ရေးဒရုန်းများ၊ Delta Wing Suicide ဒရုန်းများ အပါအဝင် ဒရုန်းအမျိုးအစားများစွာကို အသုံးပြု၍ နည်းပြနှင့် သင်တန်းသား ၂၀၀ ခန့်ဖြင့် နေ့စဉ် လေ့ကျင့်ပေးနေပြီး စစ်မှုထမ်းသင်တန်းများမှ နည်းပညာအခြေခံရှိသူများကိုလည်း ထုတ်နှုတ်ရွေးချယ်ကာ ဒရုန်းလေ့ကျင့်ရေးတွင် ထည့်သွင်းလေ့ကျင့်ပေးနေတယ်လို့ သိရပါတယ်။


ဒရုန်းသင်တန်း တက်ရောက်ပြီးဆုံးသူများကို ဒရုန်းအဖွဲ့များအဖြစ် စုဖွဲ့၍ တမခ/စကခများ နှင့် တိုက်ပွဲနယ်မြေများသို့ စေလွှတ်တာဝန်ပေးနေတယ်လို့ အသိပေးထားပါတယ်။


စစ်ရုံးချုပ်မှ အရာရှိကြီးများကိုယ်တိုင် လေ့ကျင့်ရေးလုပ်ငန်းများကို နေ့စဉ်ကြီးကြပ်ဆောင်ရွက်နေကြောင်း သတင်းရင်းမြစ်များက အတည်ပြုထားပါတယ်။


========================


📌📌 ၅။ မန္တလေးတွင် ပေါ်တာဆွဲခံရပြီး ငွေကျပ်သိန်း ၁၅၀ ပေးခဲ့သော်လည်း အဓမ္မစစ်မှုထမ်းအဖြစ် သွပ်သွင်းခံရသူ KNLA ထံ အလင်းဝင်


ဇွန်လ ၂၉ ရက်

Radio NUG 


မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ပေါ်တာဆွဲဖမ်းဆီးခံရသူ ရဲရင့်ခန့်ညားနှင့် သူငယ်ချင်း ဦးတို့သည် ငွေကျပ်သိန်း ၁၅၀ ပေးဆောင်ခဲ့သော်လည်း ပြန်လွှတ်မပေးဘဲ အဓမ္မစစ်မှုထမ်းအဖြစ် သွပ်သွင်းခံခဲ့ရသည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ထံ အလင်းဝင်လာသူ ရဲရင့်ခန့်ညားက ပြောကြားထားပါတယ်။


စစ်ကောင်စီတပ်က ၎င်းတို့အား လမ်းပေါ်တွင် ဖမ်းဆီးခဲ့ပြီး ကျောက်မီးသွေးစခန်းသို့ ပို့ဆောင်ခဲ့ကာ ပြန်လွှတ်ရန်အတွက် ငွေကျပ်သိန်း ၁၅၀ တောင်းခံခဲ့သည်ဟု သိရပါတယ်။


ငွေပေးဆောင်ပြီးနောက် ၎င်းတို့အား ညတွင်းချင်း ပြင်ဦးလွင်ရှိ စစ်သားစုဆောင်းရေးစခန်းသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတစ်ဆင့် ဗထူးသင်တန်းကျောင်းသို့ ပို့ဆောင်ခံခဲ့ရသည်ဟု ရဲရင့်ခန့်ညားက ဆိုထားပါတယ်။


ရဲရင့်ခန့်ညားသည် တပ်မ ၅၅ လက်အောက်ခံ ခမရ ၁၁၇ အောင်ဇေယျစစ်ကြောင်းသို့ ပို့ဆောင်ခံရပြီးနောက် စစ်တပ်မှ ထွက်ပြေးကာ KNLA ထံ အလင်းဝင်လာခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်အတွင်း ကြီးနိုင်ငယ်ညှင်းပြုမှု၊ မတရားခိုင်းစေမှုများနှင့် အတင်းအကျပ် လုပ်ဆောင်စေမှုများ ရှိတယ်လို့ ပြောကြားထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက် ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်


ဇွန်လ ၂၉ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရှော့တိုက် ရော့ကတ် (၁၀) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brothers -CRB က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၇ ရက် ညနေ နာရီခွဲ အချိန်မှာ နမခ စစ်တိုင်းရုံးအတွင်းကို ရှော့တိုက် ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်တိုင်းရုံး အတွင်းက ဆီဂိုဒေါင် ပေါက်ကွဲကာ တန့် လုံး ပျက်စီး၊ စခန်းရုံးနဲ့ ရိက္ခာ ဂိုဒေါင်တွဲ မီးလောင်၊ RB 12/14 လိုင်းခန်း ထိမှန်ပျက်စီး၊ အရာရှိ ရိပ်သာရှေ့ ရပ်ထားတဲ့ အိမ်စီးကား စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် အရာရှိ ဦး၊ အရာရှိ ဇနီး ဦး၊ စစ်သည် ၁၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ အရာရှိ ဦး၊ စစ်သည် ၁၅ ဦး နဲ့ ဗိုလ်မှူး၏ကလေး ဦး ဒဏ်ရာရခဲ့ပြီး ညနေ နာရီ အချိန်မှာ တဆ(ခွဲ) /၃၀၀ တပ်ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။


ဇွန်လ ၂၈ ရက်နေ့တွင် တပ်ဆေးရုံ၊ အထူးကြပ်မတ်ဆောင်မှာ ကုသနေတဲ့ အရာရှိ ဦး၊ ဗိုလ်မှူး၏ကလေး ဦး နဲ့ စစ်သည် ဦး ထပ်မံသေဆုံး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ စစ်ဆင်ရေးကို ချင်းတွင်း ရော့ကတ်ညီနောင် (Chindwin Rocket Brothers - C.R.B) မှ ဦးဆောင်ပြီး ချိုမိုင်မိုင်(ကနီ) Anonymous Heroes Chindwin Brothers တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အထက်ဗမာပြည် (Air Defense Force and Civil) က လေကြောင်းရန်နဲ့ စစ်ရေးသတင်း ပေးပို့ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၂။ စလင်းမြို့ရှိ စစ်ကောင်စီထောက်လှမ်းရေးရုံး မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်


ဇွန်လ ၂၉ရက် 

Radio NUG 


၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်ည နာရီခန့်တွင် စလင်းမြို့ရှိ စစ်ကောင်စီထောက်လှမ်းရေးရုံး (စရဖ) အား အပြင်းစား မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရသည်ဟု စလင်းမြို့နယ် မြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် အဆောက်အအုံများ ပျက်စီးခဲ့ပြီး၊ ထိခိုက်သေဆုံးမှု အခြေအနေကို စုံစမ်းနေတယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုကို စလင်းမြို့ပြ (UG) ကျားပေါက်တပ်ဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ယာယီ၊ ပေါက်တောင်ပိုင်း ကျန်းမာရေးသူနာပြုတပ်ဖွဲ့ နှင့် ဗမာ့တပ်တော် (Bamar Army) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ တိုက်ခိုက်မှုအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ဖြူးမြို့နယ်က စစ်ကောင်စီ ကင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့


ဇွန်လ ၂၉ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဝဲဒေါင့် ဝဲကြီးကျေးရွာမှ စစ်ကောင်စီ ကင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၉ ရက်နေ့ မနက် နာရီ အချိန်မှာ စစ်ကောင်စီ ကင်းစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး စစ်ကူ အင်အားများစွာ ရောက်လာသလို Jack Fighter များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ဦး ကျဆုံးခဲ့ကာ ဦး ဒဏ်ရာ အနည်းငယ် ရခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ဖြူးမြို့နယ် ပကဖ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ဖွဲ့ () ဧရာဝတီ အမှတ် () တပ်ရင်းနဲ့ အာဠာဝကစစ်ကြောင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သလို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူများစွာ ထိခိုက်ဒဏ်ရာ ရခဲ့ပြီး သေဆုံးမှုလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၄။ ဆင်ဖြူကျွန်းမှာ သံချပ်ကာ ယာဉ်များ ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲ ဖြစ်ပွားနေ


ဇွန်လ ၂၉ ရက်၊ 

Radio NUG


မကွေးတိုင်း၊ စလင်းမြို့ မှ ဆင်ဖြူကျွန်း မြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ စလင်းမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။


ဇွန်လ ၂၈ ရက်နေ့က တင့်ကားနဲ့ သံချပ်ကာ ကား စီး အပါအဝင် အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေတာလို့ ဆိုပါတယ်။


၎င်းစစ်ကြောင်းဟာ ဇွန်လ ၂၉ ရက်နေ့မှာ ပန်းတိမ်ကုန်း ကျေးရွာကို မီးရှို့ဖျက်စီးခဲ့ပြီး ဒေသခံများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုထားတယ်လို့ သိရပါတယ်။


တော်လှန်ရေး တပ်ဖွဲ့များ စိုးမိုးထားရာ လမ်းကြောင်းကို စစ်ကောင်စီက အင်အားသုံး စစ်ကြောင်းထိုးကာ စိုးမိုးမှု ပြန်ရနိုင်ဖို့ ကြိုးစားနေတာဖြစ်ပြီး လူသားဒိုင်း အသုံးပြုခံထားရတဲ့ ဒေသခံ ဦး ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီရဲ့ ကပစ စက်ရုံများအတွက် အရေးပါတဲ့ စလင်း - ဆင်ဖြူကျွန်း လမ်းပိုင်းနဲ့ တညောင် လမ်းပိုင်းအား ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပြီး ၂၀၂၅ နှစ်ဆန်းပိုင်းမှာ စလင်းမြို့နယ်ထဲကို မကြာခဏ စစ်ကြောင်းထိုး နေတာလည်း ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ လကလည်း ပခုက္ကူမြို့ အခြေစိုက် တပ်မ (၁၀၁) နှင့် မကွေး အခြေစိုက် တပ်မ (၈၈) လက်အောက်ခံ ခလရ (၂၅၃) ခလရ (၂၅၄) နဲ့ ခလရ (၂၅၅) တပ်ရင်းများဖြင့် စလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူ ဦး ကို သတ်ဖြတ်ခဲ့ကာ နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းတချို့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၅။ မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး တပ်မ (၃၃) က စစ်သား အများအပြား သေဆုံး


ဇွန်လ ၂၉ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်မှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ တပ်မ ၃၃ က စစ်သား အများအပြား သေဆုံးခဲ့ကာ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ခဲ့တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေထံက သိရပါတယ်။


ဇွန်လ ရက်နေ့ကစပြီး စစ်ကောင်စီ တပ်အင်အား ၃၀၀ လောက်နဲ့ ထိုးလာတဲ့ စစ်ကြောင်းတွေဟာ ကင်းရွာနဲ့ ချောင်းမကြီးရွာတို့ကို မီးရှို့ခဲ့ပြီး ကျောင်းထိုင် ဆရာတော် အပါအဝင် ပြည်သူ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။


ဒေသခံ တော်လှန်ရေးတပ်တွေက ခုခံတိုက်ခိုက်ခဲ့ပေမယ့် လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် ဆုတ်ခွာပေးခဲ့ရပြီး စစ်ကောင်စီတပ်က ချောင်းမကြီး ရွာထဲမှာ အထိုင်ချ တပ်စွဲထားခဲ့ပါတယ်။


ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေး တပ်ဖွဲ့တွေ အင်အား ပြန်စုစည်းပြီး ချောင်းမကြီးရွာတွင် အထိုင်ချ ထားတဲ့ စစ်ကောင်စီတပ်ကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။


ဇွန်လ ၂၈ ရက်နေ့မှာ တိုက်ပွဲ အပြင်းအထန် ဆက်ဖြစ်နေခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များခဲ့ကာ ဦး အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းတွေ အများအပြား ရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ မတူပီမြို့သိမ်းတိုက်ပွဲ တစ်နှစ်ပြည့်အထိမ်းအမှတ် ချင်းညီနောင်မှ ထုတ်ပြန်ကြေညာ


ဇွန်လ ၂၉ရက် 

Radio NUG 


ချင်းပြည်နယ်၊ မတူပီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဗျူဟာဌာနချုပ်၊ ခလရ (၁၄၀) နှင့် ခမရ (၃၀၄) တို့ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်ကချင်းညီနောင် စစ်ဆင်ရေး-မတူပီအမည်ဖြင့် ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုမှ အောင်မြင်စွာ သိမ်းပိုက်ခဲ့မှု တစ်နှစ်ပြည့်မြောက်သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ (CDF-Matupi) တို့မှ ထုတ်ပြန်ကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်။


အဆိုပါတိုက်ပွဲတွင် ချင်းညီနောင်၊ အာရက္ခတပ်တော်၊ ယောတပ်တော် (YAW Army) နှင့် ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YAW Defense Force) တို့ ပူးပေါင်းပါဝင်ခဲ့ပြီး၊ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုအတွက် MRO/CDF-Matupi မှ အထူးကျေးဇူးတင်ရှိကြောင်း၊ တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် ရဲဘော်များနှင့် ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများကိုလည်း အစဉ်အမြဲ အောက်မေ့ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


MRO/CDF-Matupi ထုတ်ပြန်ချက်အရ၊ ၎င်းတို့အဖွဲ့ချုပ်သည် စတင်ဖွဲ့စည်းချိန်မှစ၍ နိုင်ငံတကာထောက်ပံ့အဖွဲ့များ၏ အကူအညီဖြင့် မြေပြင်တော်လှန်ရေးအဖွဲ့များ အားကောင်းလာစေရန် အစွမ်းကုန် ပံ့ပိုးကူညီခဲ့သည့်အပြင် မတူပီမြို့သိမ်းပြီးနောက် မြို့ပြန်လည်တည်ဆောက်ရေး၊ မိုင်းရှင်းလင်းရေး၊ ပြည်သူများ ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရေးတို့ကို တပ်ပေါင်းစုများနှင့် ပြည်တွင်း/ပြည်ပ ပြည်သူများမှ အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း ဖော်ပြထားထားပါတယ်။


လက်ရှိအချိန်တွင် MRO/CDF-Matupi သည် မတူပီမြို့၏ လုံခြုံရေးနှင့် ကာကွယ်ရေးအင်အားများ တိုးမြှင့်ခြင်း၊ မြို့ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေပြီး၊ အကြမ်းဖက်စစ်ကောင်စီ၏ ထိန်းချုပ်မှု ပြန်လည်မဖြစ်ပေါ်စေရန် ကာကွယ်လုပ်ဆောင်နေသည်ဟု ဆိုထားပါတယ်။


ထုတ်ပြန်ချက်တွင် လာမည့်အနာဂတ်တွင် ပိုမိုအားကောင်းသည့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများ၊ မဟာမိတ်ပေါင်းစည်းမှုများနှင့် ဝိုင်းဝန်းပံ့ပိုးမှုများဖြင့် ဆက်လက်ပါဝင်ပေးရန် ပြည်သူများကို တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩၇။ ကျောက်မဲမြို့ကို စစ်ကောင်စီလေကြောင်း ထပ်မံတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး ဒဏ်ရာရ


ဇွန်လ ၂၉ ရက်

Radio NUG 


ဇွန်လ ၂၉ရက် နေ့လယ် :၃၃ နာရီခန့်တွင် ကျောက်မဲမြို့၊ ရပ်ကွက် ရှိ ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် အမျိုးသမီး ဦးနှင့် အမျိုးသား ဦး ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ် ၁၀ လုံးနှင့် ဘုန်းကြီးကျောင်းအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကာ ဒဏ်ရာရသူများအနက် အမျိုးသမီး ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။ ထို့အပြင် (၈း၅၈)နာရီအချိန်တွင်  ဗုံး ()လုံး ထပ်မံလာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဖြစ်စဥ်အသေးစိတ်အချက်အလက်များကို စုံစမ်းနေဆဲဖြစ်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၈။ လက်ပန်လှရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံး


ဇွန်လ ၂၉ ရက်၊ 

Radio NUG

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင် ရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်ဦးလွင်ခရိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၉ ရက်နေ့ နေ့လယ် ၁၁ နာရီ ၅၀ မိနစ် အချိန်မှာ တံတားဦး လေတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် (၄၀) အရွယ် အမျိုးသမီး တစ်ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် အဆောက်အဦး လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ပြည်သူများအနေနဲ့ စစ်ကောင်စီတပ်များနဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ လေကြောင်းရန် ကာကွယ်နိုင်ဖို့ ပုန်းခိုကျင်းများ တူးထားကြဖို့ ပြင်ဦးလွင်ခရိုင် ပကဖ က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment