၂၀၂၅ ဇွန်လ ၄ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နွေဦးတော်လှန်ရေးကို ထောက်ခံသူ အီဂျဲမြောင် ကိုရီးယားသမ္မတဖြစ်ဖို့ ၉၉ရာခိုင်နှုန်း သေချာတယ်လို့ဆို

📌 ၂။ အဖွဲ့အစည်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် ပိုမို၍ ဂရုပြုအလေးထားကာ သတိကြီးကြီးဆောင်ရွက်ရန်လိုအပ်ကြောင်း မြို့နယ်တရားသူကြီးများ တွေ့ဆုံပွဲတွင်ဆွေးနွေး

📌 ၃။ NHK လုပ်ငန်းခွဲများမှ မြန်မာခရိုနီစီးပွားရေးလုပ်ငန်း ရွှေသံလွင်မီဒီယာနှင့် Dream Vision တွင် ရင်းနှီးမြုပ်နှံမှုများနှင့် စပ်လျဉ်း၍ Justice for Myanmarမှ စာပို့မေးမြန်း

📌 ၄။လူသားချင်းစာနာမှု အကူအညီများအား လက်နက် အနေဖြင့် အသုံးချမှု ရပ်လူထု လှုပ်ရှားမှု ပြုလုပ်မည်

📌 ၅။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အနီးတွင် ရစ်ခ်တာစကေး . အဆင့် မြေငလျင်လှုပ်ခတ်

📌 ၆။ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့မှ ဖမ်းဆီးရမိသည့် WYမူးယစ်ဆေးဝါးများ ဆေးပြား(၆၇၆၂၆)ကျော်ခန့်ကို မီးရှို့ဖျက်ဆီး


========================


၂၀၂၅ ခုနှစ် ဇွန်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ သေ့ဘောဘိုး စခန်းကို KNLA နဲ့ PDF တပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်

🚩၂။ မြင်းခြံမြို့နယ် တူးရွင်းဘို့ PDF ဂိတ်ကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၀ဦးခန့် သေဆုံးပြီး PDFရဲဘော် ၁ဦး ကျဆုံး

🚩၃။ ပုဂံမြို့သစ် ဂန့်ဂါရပ်ကွက်က ပျူခေါင်းဆောင် အပါအဝင် ဦး ပစ်ခတ်ခံရပြီး သေဆုံး

🚩၄။ ပေါက်မြို့နယ်တွင် သရက်သီးကောက်ထွက်လာတဲ့ ပျူစောထီးများအား ကင်းပုန်းဝပ်တိုက်ခိုက်ရာ ၃ဦး သေဆုံး၊ လက်နက်ခဲယမ်းများ ရရှိ

🚩၅။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် တပ်ပြေးရဲဘော် ဦးအား အသိပေးကြေညာ

🚩၆။ ဘုရားတောင်နဲ့‌ ရေပူကျေးရွာကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်များက မီးရှို့ဖျက်ဆီးခဲ့

🚩၇။ ရွှေကျင်နဲ့ ဟားခါးမှာ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးနဲ့ ရဲတစ်ဦး ပြည်သူထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ နွေဦးတော်လှန်ရေးကို ထောက်ခံသူ အီဂျဲမြောင် ကိုရီးယားသမ္မတဖြစ်ဖို့ ၉၉ရာခိုင်နှုန်း သေချာတယ်လို့ဆို


ဇွန်လ ၃ရက်

Radio NUG

နွေဦးတော်လှန်ရေးကို ထောက်ခံသူ အီဂျဲမြောင် ကိုရီးယားသမ္မတဖြစ်ဖို့ ၉၉ရာခိုင်နှုန်းသေချာတယ်လို့ ကိုရီးယားသမ္မတနိုင်ငံရွေးကောက်ပွဲအား NUG ကိုရီးယားကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက သုံးသပ်ဆိုထားပါတယ်။


မြန်မာ့ နွေဦးတော်လှန်ရေးကြီး စတင်ချိန်ကတတည်းက ယနေ့အချိန်အထိ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံသူ၊ ကိုရီးယား နိုင်ငံရေးအသိုက်အဝန်းကြားမှာ လက်သုံးချောင်းထောင်ပြီး မြန်မာ အကြမ်းဖက်စစ်အုပ်စုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့သူ၊ ကိုရီးယားနိုင်ငံအတွင်း မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုနှင့် ထောက်ပံ့မှုအားကောင်းသည့် အဖွဲ့အစည်းတခုဖြစ်သော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) မြန်မာနက်ဝပ်အဖွဲ့အစည်းအတွက် အထူးကူညီ ဆောင်ရွက်ပေးခဲ့သူ၊ ကိုရီးယားနိုင်ငံ၏ ၂၁-ကြိမ်မြောက် သမ္မတရွေးကောက်ပွဲတွင် သမ္မတဖြစ်ရန် ကိုးဆယ့်ကိုးရာခိုင်နှုန်း သေချာနေသည့် ဒီမိုကရက်တစ်ပါတီ‌ ခေါင်းဆောင် အီဂျဲမြောင်၊ သူ၏ မြန်မာ့နွေဦးတော်လှန်ရေးအပေါ် အားပေးထောက်ခံ ကူညီပံ့ပိုးပေးမှုများက အထူးကျေးဇူးတင်စရာ ကောင်းလှပါတယ်လို့ ဖော်ပြပါတယ်။


၂၀၂၄ မေလ ၁၈ ရက်နေ့မှ ဂွမ်ဂျူးမြို့ .၁၈ နှစ်ပတ်လည် အခမ်းအနားမှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့နှင့် တွေ့ဆုံနှုတ်ဆက်စဉ်ကလည်း မြန်မာ့ဒီမိုကရေစီရေးကို ဆက်လက်အားပေး ထောက်ခံနေမည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ပြောကြားခဲ့ပြီး ထိုစဉ်က အီဂျဲမြောင်သည် လွှတ်တော်အမတ် တစ်ဦးဖြစ်သလို ပါတီဥက္ကဋ္ဌလည်း ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၂။ အဖွဲ့အစည်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် ပိုမို၍ ဂရုပြုအလေးထားကာ သတိကြီးကြီးဆောင်ရွက်ရန်လိုအပ်ကြောင်း မြို့နယ်တရားသူကြီးများ တွေ့ဆုံပွဲတွင်ဆွေးနွေး


ဇွန်လ ၃ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနနှင့် မြိုနယ်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ အမှတ်စဉ်( /၂၀၂၅)ကို မေလ၃၁ရက်မှာ ကျင်းပခဲ့ပါတယ်။


အခမ်းအနားသို့ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန၊ လုပ်ထုံးလုပ်နည်းဌာန ညွန်ကြားရေးမှူး ဒေါ်မေပိုး၊ ရုံးအဖွဲ့မှူးဒေါ်ရွှေနွယ်ရိုး၊ တာဝန်ရှိဝန်ထမ်းများနှင့် မြို့နယ်တရားရုံး (၂၉) ရုံး မှ တရားသူကြီးများ၊ ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


ပထမဦးစွာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဥပဒေလုပ်ထုံးလုပ်နည်းဌာန၊ ညွန်ကြားရေးမှူး ဒေါ်မေပိုးမှ အဖွင့်အမှာစကား ပြောကြားရာ အခက်အခဲများကြားမှ အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ်တရားရုံးများမှ တရားသူကြီးများ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်းနှင့် မှုခင်းပိုင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ဥပဒေနှင့်အညီဆောင်ရွက်ပေးနိုင်ရုံ သာမက အမှန်ကို ဆောင်ရွက်ပေးကြောင်း အများသိစေရန်လည်း လိုအပ်ကြောင်း အထူးသဖြင့် အဖွဲ့အစည်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် ပိုမို၍ ဂရုပြုအလေးထားကာ သတိကြီးကြီးဆောင်ရွက်ရန်လိုကြောင်း၊ မြေပြင်တွင် ကြုံတွေ့နေရမှုများအား ကြားသိနေရသည်မှာ တရားသူကြီးများအနေဖြင့် ဥပဒေနှင့်အညီ အမှန်ကို ဆောင်ရွက်ပေးပါသော်လည်း သက်ဆိုင်သည့် အဖွဲ့အစည်းအနေဖြင့် ဥပဒေအရဆောင်ရွက်ပေးသည့်အပေါ် နားလည်မှု လွဲမှားကာ တုံ့ပြန်မှု အလွဲများကြောင့် မြို့နယ်တရားသူကြီးများအနေဖြင့် ကြားညှပ်ဖြေရှင်းနေရသည့် အခက်အခဲများကြုံတွေ့နေရသည်ဖြစ်ရာ ထိုကိစ္စအပေါ် အထူးအလေးထား ဆောင်ရွက်သွားကြစေလိုကြောင်းပြောကြားခဲ့ပါတယ်။


ဆက်လက်၍ ဥပဒေလုပ်ထုံးလုပ်နည်းဌာနမှ မြို့နယ်တရားသူကြီးများအား တရားခွင်တွင် နေ့စဉ်အသုံးများသည့် ရုံးသုံးပုံစံများ ဖြည့်သွင်းရေးသားနည်းအား နမူနာ ပုံစံများဖြင့် ဖြည့်သွင်း ရှင်းပြခြင်း ဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၃။ NHK လုပ်ငန်းခွဲများမှ မြန်မာခရိုနီစီးပွားရေးလုပ်ငန်း ရွှေသံလွင်မီဒီယာနှင့် Dream Vision တွင် ရင်းနှီးမြုပ်နှံမှုများနှင့် စပ်လျဉ်း၍ Justice for Myanmarမှ စာပို့မေးမြန်း


ဇွန်လ ၃ရက် 

Radio NUG 


NHK လုပ်ငန်းခွဲဖြစ်သော Japan International Broadcasting Inc. ဂျပန် အစိုးရ-ပုဂ္ဂလိက ရန်ပုံငွေ - Cool Japan Fund နှင့် Japan ICT Fund တို့အနေဖြင့် မြန်မာခရိုနီစီးပွားရေးလုပ်ငန်း ရွှေသံလွင်မီဒီယာနှင့် Dream Vision တွင် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍  ဇွန်လ ၂ရက်နေ့က  စာတစ်စောင်ပေးပို့ခဲ့ကြောင်း Justice for Myanmar မှ ထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံတွင် အဓိကခရိုနီမီဒီယာလုပ်ငန်းစုဖြစ်သည့် ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက် (STLM) ၎င်း၏ ရုပ်သံချန်နယ် Myanmar National Television (MNTV) တို့နှင့် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ဂျပန်နိုင်ငံ၏ အကြောင်းအရာများကို ဖြန့်ဝေရန် လုပ်ဆောင်နေသော စီမံကိန်းတစ်ခု ဖြစ်သည့် Dream Vision Co., Ltd တွင် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ဂျပန်အဖွဲ့အစည်းခြောက်ခုနှင့်အတူ စိုးရိမ်ကြောင်း ဖော်ပြထားပါတယ်။


STLM သည် ရွှေသံလွင်အုပ်စု၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး  ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ မြန်မာစစ်အုပ်စု၏နယ်မြေရှင်းလင်းရေးစစ်ဆင်မှုများအတွက် ပံ့ပိုးကူညီရန် စစ်အုပ်စု၏ ဖိတ်ခေါ်မှုအရ လှူဒါန်းမှုများပြုလုပ်ခဲ့ကြသည့် မြန်မာစစ်တပ်နှင့် ချိတ်ဆက်ထားသော ခရိုနီကုမ္ပဏီတစ်ခုအဖြစ် လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။


Dream Vision လုပ်ငန်းဆောင်ရွက်မှုများမှတစ်ဆင့် Dream Vision စီးပွားရေးလုပ်ငန်းများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ပံ့ပိုးကူညီမှုကို အကဲဖြတ်ခြင်း အပါအဝင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း Dream Vision စီးပွားရေး လုပ်ငန်းများနှင့် ဆက်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာ တင်ကြို စိစစ်မှုများ လုပ်ဆောင်ခဲ့ခြင်း ရှိမရှိ အဖွဲ့အစည်းများထံ မေးမြန်းခဲ့တယ်လို့ သိရပါတယ်။


ဂျပန်တွင် ဂျပန်အဖွဲ့အစည်းများမှ ဝန်ကြီးချုပ်ရုံး အပြင်ဘက်တွင် စုဝေးကာ မြန်မာစစ်အုပ်စုကို အကျိုးပြုနေသည့် ဂျပန်အစိုးရ-ပုဂ္ဂလိက စီမံကိန်းများကို အဆုံးသတ်ရန် တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၄။လူသားချင်းစာနာမှု အကူအညီများအား လက်နက် အနေဖြင့် အသုံးချမှု ရပ်လူထု လှုပ်ရှားမှု ပြုလုပ်မည်


ဇွန်လ ၃ရက် 

Radio NUG 


လူသားချင်းစာနာမှု အကူအညီများအား လက်နက်အနေဖြင့် အသုံးချမှု ရပ်” (STOP WoA) လူထု လှုပ်ရှားမှုသည် အကြမ်းဖက် စစ်အုပ်စုမှ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အဖွဲ့အစည်းများ ပေးပို့သော ငလျင် ကယ်ဆယ်ရေး လူသားချင်းစာနာမှု အကူအညီများကို  နိုင်ငံရေးနှင့် စစ်ရေး လက်နက်အဖြစ် အလွဲသုံးစားလုပ် အမြတ်ထုတ်ခြင်းများကို တားဆီးကာကွယ်ရန်၊ ငလျင်ဘေးသင့် ပြည်သူများထံ အကူအညီများ တိုက်ရိုက်ရောက်ရှိစေရန်နှင့် လူသားချင်းစာနာ အကူအညီများ လက်နက်သဖွယ် အသုံးချခံရမှုများမှ ရပ်တန့်စေမည့် နည်းလမ်းများကို လုပ်ဆောင်ရန် နိုင်ငံတကာ အစိုးရများ၊ အာဆီယံ၊ ယူအန် အေဂျင်စီများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) များအား  စည်းရုံးလှုံဆော် တိုက်တွန်း သွားမည် ဖြစ်ကြောင်း Justice for Myanmar မှ အသိပေးထားပါတယ်။


ထိုလှုပ်ရှားမှုကို ပြည်သူလူထုနှင့်အတူ ပြည်တွင်း၊ ပြည်ပ တော်လှန်ရေးနှင့် အရပ်ဘက် အဖွဲ့အစည်းများသည် ဇွန်လ ပထမ အပတ်မှ နောက်ဆုံးအပတ်ထိ  ပူးပေါင်း ဆောင်ရွက်မည် ဖြစ်တယ်လို့ သိရပါတယ်။


“Stop WoA” လူထု လှုပ်ရှားမှု၏ ရည်ရွယ်ချက်များမှာ

၁။ ၂၀၂၅ စစ်ကိုင်း ငလျင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ပစ္စည်းများအား အကြမ်းဖက် မြန်မာစစ်အုပ်စုက ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ရေးအတွက် လက်နက်သဖွယ် အလွဲသုံးစားလုပ် အမြတ်ထုတ်ခြင်းများကို  ထုတ်ဖော်ပြောဆိုရန်။

၂။ ၄င်းတို့၏ လုပ်ရပ်များတွင် ပါ၀င် အားဖြည့်နေသည့် အဖွဲ့အစည်းများ၊ အစိုးရများနှင့် တသီးပုဂ္ဂလများအား ရပ်တန့်ရန်အတွက် စည်းရုံးတိုက်တွန်းနှိုးဆော်ရန်။

၃။ နာဂစ် (၂၀၀၈) မိုခါ (၂၀၂၃) နှင့် ရာဂီ (၂၀၂၄) တို့ကဲ့သို့ ပြည်သူများ၏ နာကျင်ခံစားရမှုများကို အသုံးချ၍ စစ်အုပ်စုက အမြတ်ထုတ်သည့် လုပ်ရပ်များ သမိုင်း တပတ်လည် ထပ်မံ မဖြစ်ပေါ်စေရန်အတွက် ကာကွယ်တားဆီးရန် ရည်ရွယ်တယ်လို့ ဖော်ပြပါတယ်။


တရားမဝင် အကြမ်းဖက် စစ်အုပ်စုမှ အတင်းအဓမ္မ ကျင်းပရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲတွင် လူသားချင်းစာနာ အကူအညီများကို နိုင်ငံရေးနှင့် စစ်ရေး လက်နက်သဖွယ် အလွဲသုံးစားလုပ် အမြတ်ထုတ်နိုင်ခြင်းများရှိနေသည့် အတွက် လွန်စွာစိုးရိမ်စရာကောင်းသည့် အချိန်အခါဖြစ်ပြီး စစ်အုပ်စုမှ တဆင့် ပေးပို့နေသော လူသားချင်း စာနာထောက်ထား အကူအညီ ငွေကြေးများသည် သွေးစွန်းငွေများ မဖြစ်လာစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အထူး သတိထားရန် လိုအပ်နေပါကြောင်း သတိပေးထားပါတယ်။


နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများမှ ပေးပို့သော လူသားချင်း စာနာအကူအညီများကို  ငလျင်ဒဏ် ထိခိုက်ခံရသော ပြည်သူများထံ အမှန်တကယ် မျှတစွာ တိုက်ရိုက် ရောက်ရှိစေရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်များနှင့်အတူ ပြည်သူလူထုအနေဖြင့် ယခု “STOP WoA” လူထု လှုပ်ရှားမှုတွင် မိမိတို့ ပါဝင်နိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်းဆောင်ရွက်ရန် နှိုးဆော် တိုက်တွန်းထားပါတယ်။


========================


📌📌 ၅။ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အနီးတွင် ရစ်ခ်တာစကေး . အဆင့် မြေငလျင်လှုပ်ခတ်


ဇွန်လ ၃ရက် 

Radio NUG 


၂၀၂၅ ခုနှစ်၊ ဇွန်လ ရက်နေ့၊ မြန်မာစံတော်ချိန် : ၅၉ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ခ်တာစကေး . အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးထားပါတယ်။


========================


📌📌 ၆။ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့မှ ဖမ်းဆီးရမိသည့် WYမူးယစ်ဆေးဝါးများ ဆေးပြား(၆၇၆၂၆)ကျော်ခန့်ကို မီးရှို့ဖျက်ဆီး


ဇွန်လ ()ရက် 

Radio NUG

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ၂၀၂၅ ခုနှစ် ဇွန်လ ()ရက်နေ့တွင် စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့မှ ဖမ်းဆီးရမိသည့် WYမူးယစ်ဆေးဝါးများ ဆေးပြား (၆၇၆၂၆)ကျော်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


၂၀၂၅ ခုနှစ် မေလ (၃၁)ရက်နေ့တွင် မတ္တရာမြို့နယ်၌လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် မတ္တရာမြို့နယ် ပအဖ ပလဖ တာဝန်ခံများ ဌာနဆိုင်ရာ ရေးရာတာဝန်ခံများ ပူးပေါင်းကာ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 


ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ သုံးစွဲသူများကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လျက်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကကြေညာပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ သေ့ဘောဘိုး စခန်းကို KNLA နဲ့ PDF တပ်ပေါင်းစုတွေ တိုက်ခိုက်သိမ်းပိုက်


ဇွန်လ ရက်၊ 

Radio NUG


ထိုင်း-မြန်မာ နယ်စပ် အနီးက၊ မြဝတီမြို့ တောင်ဘက်ရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုး စခန်းကို KNLA နဲ့ PDF တပ်ပေါင်းစုတွေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်ဆီက သိရပါတယ်။


ဇွန် ရက် နာရီဝန်းကျင်မှာ သေ့ဘောဘိုး စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့ အလံဖြူထောင် လက်နက်ချခဲ့သလို သေဆုံး၊ ဒဏ်ရာရသူ ၄၀ ခန့် ရှိတယ်လို့ ဆိုပါတယ်။

ထိုင်း - မြန်မာ နယ်စပ် နဲ့ တမိုင် အကွာခန့်ရှိ သေ့ဘောဘိုး စခန်းကို KNLA ပူးပေါင်းတပ်တွေက မေလ ၂၆ ရက်နေ့ ကတည်းက ဝန်းရံပိတ်ဆို့ ထားခဲ့ပြီး ဇွန်လ ရက်နေ့ မနက်ပိုင်းမှာ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


စစ်ကောင်စီဘက်က စခန်းမကျစေရေး ဝေါလေဗျူဟာကနေ 120 mm များ ပစ်ကူပေးခဲ့သလို ပေါင် ၅၀၀ ဗုံး အပါအဝင် ဗုံးအလုံးရေ ၇၀ ခန့်ကို ၂၅ ကြိမ် ထက်မနည်း လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


KNU တပ်မဟာ () နယ်မြေ ထိုင်း-မြန်မာ နယ်စပ်တလျောက်က စစ်ကောင်စီ တပ်စခန်းတွေကို KNLA ဦးဆောင်တဲ့ တပ်ပေါင်းစုက မေလလယ်ပိုင်းက စတင်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ဥကရိထ၊ ထီးသဲလယ်၊ ထီးကပလယ် နဲ့ ဝေါလေဗျူဟာ စခန်းတွေသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။


========================


🚩🚩၂။ မြင်းခြံမြို့နယ် တူးရွင်းဘို့ PDF ဂိတ်ကို ဝင်ရောက်စီးနင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၀ဦးခန့် သေဆုံးပြီး PDFရဲဘော် ၁ဦး ကျဆုံး


ဇွန်လ ၃ရက် 

Radio NUG 


ဇွန်လ ရက်နေ့တွင်မြင်းခြံမြို့နယ် လယ်သစ်ပျူရွာမှ ထွက်လာတဲ့ စစ်ကောင်စီတပ်မှ တူးရွင်းဘို့ PDF ဂိတ်ကို မနက်ခင်းပိုင်းတွင် ဝင်ရောက်စီးနင်းလာခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစုမှ သတင်းထုတ်ပြန်ပါတယ်။


ဝင်ရောက်စီးနင်းလာတဲ့ စစ်ကောင်စီအင်အား ၇၀ ခန့်အား အညာဒေသတော်လှန်ရေအင်းအာစုအဖွဲ့မှ စတင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ထက်မနည်း သေဆုံးကြောင်း ထောက်ပို့များဆီမှ သတင်းရရှိတယ်လို့ ဖော်ပြထားပါတယ်။


ထို့သို့တိုက်ခိုက်ခဲ့ရာ မနက်၆ခွဲမှ ညနေ ၅နာရီထိတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ၁ဦး ကျဆုံးကာ ၆ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို အညာဒေသတော်လှန်ရေးအင်အားစု၊ ရွှေခြံသား‌ပြောက်ကြားတပ်ဖွဲ့-မြင်းခြံမြို့နယ် နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၊ MP9 ပြည်သူ့ ကြယ်တစ်ပွင့်၊ မြင်းခြံမြို့နယ် ပကဖ၊ ခရိုင် Drone မြင်းခြံခရိုင်တပ်ရင်း၂နှင့် Wolf Guerrilla Forceတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။ ပုဂံမြို့သစ် ဂန့်ဂါရပ်ကွက်က ပျူခေါင်းဆောင် အပါအဝင် ဦး ပစ်ခတ်ခံရပြီး သေဆုံး


ဇွန်လ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ဂန့်ဂါရပ်ကွက်မှာ ပျူစောထီး ခေါင်းဆောင် အပါအဝင် ဦးကို ဝင်ရောက်ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ထနောင်းမြေ စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့က စစ်တပ်ထွက် ပျူခေါင်းဆောင် ကိုဇော်ဇော်နဲ့ နောက်လိုက် ဦးဟာ ရပ်ကွက်ထိပ်ရှိ ဇရပ်မှာ ပြည်သူများကို ဆက်ကြေးကောက်နေတယ်လို့ သတင်းရရှိတာကြောင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း ပျူစောထီးများက နာနတ်သီးဖြင့် ပြန်လည်ပစ်ခတ်ဖို့ လုပ်နေချိန်မှာ ပေါက်ကွဲခဲ့ပြီး ကိုဇော်ဇော် အပါအဝင် ဦး ထိမှန်သေဆုံးခဲ့ကာ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို ထနောင်းမြေ စစ်ကြောင်း နှင့်အတူ BAGAN & NYAUNG - U Special Task Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပွိုင့် ၂၂ လက်လုပ်သေနတ် တစ်လက်၊ ကာဘိုင်သေနတ် တစ်လက်၊ နာနတ်သီး တစ်လုံး၊ ကာဘိုင်ကျည် ၁၀ တောင့်၊ ပွိုင့် ၂၂ ကျည် တောင့်၊ ဆိုင်ကယ် စီး နဲ့ ပျူ သက်သေခံ အထောက်အထားများ သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၄။ ပေါက်မြို့နယ်တွင် သရက်သီးကောက်ထွက်လာတဲ့ ပျူစောထီးများအား ကင်းပုန်းဝပ်တိုက်ခိုက်ရာ ၃ဦး သေဆုံး၊ လက်နက်ခဲယမ်းများ ရရှိ


ဇွန်လ ရက်

Radio NUG 


မကွေးတိုင်း၊ ပေါက်မြို့နယ် မြောက်ပိုင်း ကုက္ကိုစုပျူရွာတွင် ဇွန်လ ရက်နေ့က သရက်သီးကောက်ထွက်လာသော ပျူစောထီးများအား နွေဦးညီနောင်တပ်ဖွဲ့နှင့် BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပေါက် .က.) တို့ ပူးပေါင်းကာ ကင်းပုန်းဝပ်စောင့်ဆိုင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ထိုသို့တိုက်ခိုက်မှုကြောင့် ပျူစောထီး ဦးသေဆုံးပြီး AK-47 သေနတ် လက်နှင့် ကျည်ဆံ ၂၆ တောင့်ကို သိမ်းဆည်းရရှိခဲ့ပြီး ကျွန်ုပ်တို့ နွေဦးညီနောင်တပ်ဖွဲ့နှင့် BLY တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၅။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် တပ်ပြေးရဲဘော် ဦးအား အသိပေးကြေညာ


ဇွန်လ ရက်၊ 

Radio NUG


မွန်ပြည်လွတ်မြောက်‌ရေးတပ်တော် (MLA) က ရဲဘော် ဦးဟာ တာဝန်ထမ်းဆောင်နေချိန်အတွင်း အထက်အရာရှိတွေကို သတင်းပေးပို့ခြင်း မရှိဘဲ စွန့်ခွာထွက်ပြေးသွားတယ်လို့ ထုတ်ပြန်လာပါတယ်။


ထွက်ပြေးသွားသူတွေဟာ တပ်စိတ်မှူး တာဝန်ရှိ ရဲဘော် အောင်ဆန်းမိုး () ဗညား၊ တပ်သား အဆင့်ရှိ ရဲဘော် မျိုးဟိန်းခိုင် () ကျောင်းသား၊ ရဲဘော် ဆန်းနိုင်လင်း၊ ရဲဘော် သန့်ဇင်သူနဲ့ ရဲဘော် မောင်ပိုင်တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။


၎င်းတို့ဟာ သတ်မှတ်ထားတဲ့ တပ်တွင်း စည်းကမ်း ဥပဒေကို လိုက်နာခြင်း မရှိဘဲ သုံးဦးက ရှေ့တန်းမှာ တာဝန်ထမ်းဆောင်ရာကနေ ထွက်ပြေးသလို တစ်ဦးကလည်း နောက်တန်းစခန်းမှာ တာဝန်ချိန်အတွင်း ထွက်ပြေးတာဖြစ်ပါတယ်။ ကျန်တစ်ဦးကတော့ တပ်တော်ပိုင် ဆိုင်ကယ်နဲ့ အခြား ရဲဘော်တစ်ဦးရဲ့ ပါဝါဘန့်တို့ကို ယူဆောင်ပြီး စခန်းစွန့်ခွာသွားတယ်လို့ ဖော်ပြထားပါတယ်။


တပ်ဖွဲ့ဝင်အားလုံး မိမိတာဝန်ကျရာ နေရာကနေ အထက်အရာရှိထံ သတင်းပို့ တင်ပြခြင်း၊ ခွင့်ပြုချက် တောင်းခံခြင်း၊ မရှိဘဲ စွန့်ခွာ ထွက်ပြေးခြင်းဟာ စစ်ပြေးမှုမြောက်တဲ့အတွက် တပ်တွင်း ဥပဒေအတိုင်း အရေးယူခံရမယ်လို့ MLA က ဆိုထားပါတယ်။


အခုလို စစ်ပြေးမှု ပြစ်မှုထင်ရှားတဲ့ ရဲဘော် ဦး ပါဝင်ပတ်သက်တဲ့ ပဋိပက္ခတွေနဲ့ လူမှုရေးကိစ္စ အဝဝ ဖြစ်ပွားလာရင် မွန်ပြည်လွတ်မြောက်ရေး တပ်တော် MLA က တာဝန်ယူ ဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ပြည်သူနဲ့တကွ တော်လှန်ရေးအင်အားစုတွေကို အသိပေးထားတာ ဖြစ်ပါတယ်။


========================


🚩🚩၆။ ဘုရားတောင်နဲ့‌ ရေပူကျေးရွာကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်များက မီးရှို့ဖျက်ဆီးခဲ့


ဇွန်လ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဘုရားတောင် ကျေးရွာနဲ့ ရေပူ ကျေးရွာတို့ကို စစ်ကောင်စီ နဲ့ (PNO/PNA) အသွင်ပြောင်း ပြည်သူ့စစ် အဖွဲ့များက စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ရက်နေ့ မနက် နာရီ အချိန်မှာ အင်အား ၁၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ + PNA ပူးပေါင်းတပ်နဲ့ အမှတ် (၁၀၀၉) တပ်ရင်း အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အင်အား မမျှတာကြောင့် ညနေ နာရီခန့်မှာ အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်က အထိခိုက်မရှိဘဲ တပ်ဆုတ်ပေးခဲ့ရပြီးနောက် နာရီခွဲခန့်မှာ စစ်ကောင်စီ စစ်ကြောင်းက ကျေးရွာတွေထဲ ဝင်ရောက်ကာ စတင်မီးရှို့ ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။


မီး စတင်ရှို့ခဲ့ရာ ရေပူကျေးရွာ မြောက်ဘက်နဲ့ ဘုရားတောင် ကျေးရွာက ဦးဇော်ဇော်ထွန်း၊ ဦးရာကျော်၊ ဦးအောင်လင်းဦးနဲ့ ဦးကျော်နိုင်ဦး တို့ရဲ့ နေအိမ်များ အပါအဝင်‌ ဘေးပတ်ဝန်းကျင်က နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩၇။ ရွှေကျင်နဲ့ ဟားခါးမှာ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးနဲ့ ရဲတစ်ဦး ပြည်သူထံ အလင်းဝင်


ဇွန်လ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အခြေစိုက် ခမရ (၄၄၀) တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦးဟာ ကျည်ဆံနဲ့ လက်ပစ်ဗုံးတွေကို ယူဆောင်လာခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံကို အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။


ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စခန်းမှာ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး တစ်ဦးဟာ ကျည်ဆန်၊ ခဲယမ်းနဲ့ လက်ပစ်ဗုံးတွေ ယူဆောင်လာကာ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။


ခဲယမ်းများ ယူဆောင် အလင်းဝင်ခဲ့တဲ့ ၎င်း တပ်ကြပ်ကြီးကို ပဲခူးတိုင်း ပကဖ စစ်ဘက်ရေးရာ တာဝန်ခံ အဖွဲ့က ဆုကြေးငွေ ၁၀ သိန်း ချီးမြင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အလားတူ ဟားခါးမြို့က ရဲတစ်ဦးဟာလည်း မေလ ၃၁ ရက်နေ့က လက်နက်၊ ခဲယမ်းများကို ယူဆောင်လာပြီး Chinland Defense Force - Hakha ထံကို အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။


အလင်းဝင်လာတဲ့ ရဲတပ်သားကို CDF Hakha က နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ဂုဏ်ပြုဆုငွေ ချီးမြှင့်ခဲ့ကာ လုံခြုံတဲ့နေရာ ရောက်တဲ့အထိ တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment