၂၀၂၅ ဇွန်လ ၂၆ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး နိုင်ကောင်းရွက်မှ PRF ထောက်ပို့တပ်သားများထံသို့ ဂုဏ်ပြုစကား ပြောကြား

📌 ၂။ ခင်ဦးမြို့နယ် လမ်းဘေးဝဲယာရှိ အပင်များတွင် MONREC မှ ချမှတ်ထားသော မူဝါဒ၊ ဆောင်ပုဒ် ဆိုင်းဘုတ်များ တပ်ဆင်

📌 ၃။ ၂၀၂၅ခုနှစ်အတွင်း မန္တလေးတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၆၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် () ဦး ပါဝင်

📌 ၄။ နွားထိုးကြီးမြို့ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်သာဒွန်းဦးဘုရားကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲဖျက်ဆီး

📌 ၅။ ထိုင်းမှ မြန်မာသို့ ပြန်လည်ပို့ခံရတဲ့ လူငယ် ၄ဦး အဓမ္မစစ်မှုထမ်းစုဆောင်းခြင်းခံရပြီးနောက် မြိတ်ခရိုင်အမှတ် () တပ်ရင်းထံ ခိုလှုံ လာ


========================


၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ ကရင်နီပြည်နယ် မော်ချီးဒေသတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ () ဦးထက်မနည်း သေဆုံး

🚩၂။ ဖယ်ခုံမြို့နယ် ဆောင်နန်းခဲရွာကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပူးပေါင်းမီးရှို့ဖျက်ဆီးနေ

🚩၃။ မိုးဗြဲတိုက်ပွဲမှာ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက စစ်ထောက်လှမ်းရေး ရဲဘော်တဦး ကျဆုံးခဲ့

🚩၄။ ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်းပေါ်က စစ်ကောင်စီ စခန်း () ခုကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်

🚩၅။ စစ်သင်္ဘော (၁၀) စီးကျော် ဗန်းမော်ကို ဦးတည်လာနေ၊ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်၊

🚩၆။ မိထ္ထီလာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား () ဦးသေဆုံး

🚩၇။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ကွန်မန်ဒိုသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ကျင်းပ

🚩၈။ နတ်စစ်သည်တပ်ဖွဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ကျင်းပ

🚩၉။ ရွှေဘိုခရိုင်တပ်ရင်း (၁၈) အပတ်စဉ်၁ သင်တန်းဆင်းပွဲတွင် ရှမ်းမန်းပြန် ရဲဘော်များအား ဆုချီးမြှင့်

🚩၁၀။ စစ်ရေးတွင် တော်လှန်ရေးတပ်များ၏ အောင်မြင်မှုများ ထင်ရှားလာပြီး အားလုံးပါဝင်သော အသွင်ကူးပြောင်းရေးကြားကာလ အစိုးရတရပ် ဖွဲ့စည်းရန် ကြိုးပမ်းမှုများရှိနေဟု PDF Insight ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ သဝဏ်လွှာ ပေးပို့


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ပဉ္စမအကြိမ် ပုံမှန် အစည်းအဝေးသို့ သဝဏ်လွှာ ပေးပို့ဂုဏ်ပြုခွင့်ရရှိသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လှိုက်လှဲစွာဖြင့် ဝမ်းမြောက်ကြောင်း ဖော်ပြအပ်တယ်လို့ ဇွန်လ (၂၅) ရက်နေ့က ပေးပို့တဲ့သဝဏ်လွှာမှာ ဆိုထားပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ နိုင်ငံရေး အင်အားစုများ၊ တော်လှန်ရေး အင်အားစုများအားလုံး၏ ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေးအတွက် လက်တွဲညီညီ စုပေါင်းအားထုတ် ကြိုးပမ်းဆောင်ရွက်နေမှုများကို မျက်မှောက်ကာလတွင် ပိုမိုခိုင်မာစွာ မြင်တွေ့ရပြီး ဤခိုင်မာသော စည်းလုံးညီညွတ်မှုနှင့် ကြိုးပမ်းအားထုတ်မှုများသည် တော်လှန်ရေးအောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်သောအင်အား ဖြစ်သည့်အပြင် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင်လည်း အရေးပါသော အုတ်မြစ်များဖြစ်လာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ခိုင်မာစွာ ယုံကြည်အပ်တယ်လို့ ဖော်ပြပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း () အခန်း () အပိုဒ် (၅၂) အရ စစ်ကိုင်း ဖက်ဒရယ်ယူနစ်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးယန္တရားများ ပေါ်ပေါက်လာစေရေးအတွက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် ဒေသအခြေပြု တော်လှန်ရေး အင်အားစုများ နှင့် ပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်နေမှုများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြည့်အဝ ပူးပေါင်းပါဝင်ကူညီ၍ အားပေးထောက်ခံလျက်ရှိတယ်လို့လည်း ဆိုပါတယ်။

အထူးသဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (တတိယမူကြမ်း) ကို ပြည်ထောင်စုအဆင့်နှင့် ဒေသတွင်း အင်အားစုများ၏ အကြံပြုချက်များအပေါ် သုံးသပ်ပြင်ဆင်ပြီး ပြည်သူလူထုသိရှိနိုင်ရန် ထုတ်ပြန်ကြေညာနိုင်ခဲ့ ခြင်း၊ ထို့အပြင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC) နှင့် ပုံမှန်တွေ့ဆုံဆွေးနွေး၍ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) နှင့်ပတ်သက်သော အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်နိုင်ခဲ့ခြင်းတို့အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိတယ်လို့ ဖော်ပြပါရှိပါတယ်။


========================


📌📌 ၂။ ငလျင်လှုပ်ခတ်ပြီး သုံးလကြာတဲ့အထိမြန်မာနိုင်ငံမှာ လူဦးရေ () သန်းကျော်ဟာ အရေးပေါ်အကူအညီလိုအပ်နေဆဲဖြစ်တယ်လို့ကုလသမဂ္ဂထုတ်ပြန်


အပြင်းထန်ဆုံးငလျင်လှုပ်ခတ်ပြီး သုံးလနီးပါးအကြာအထိ မြန်မာနိုင်ငံမှာ လူဦးရေ () သန်းကျော်ဟာ အရေးပေါ်အကူအညီလိုအပ်နေဆဲ ဖြစ်တယ်လို့ ဇွန်လ (၂၅) ရက်နေ့မှာ UN Myanmar က အစီရင်ခံဖော်ပြပါတယ်။

"ဒီသဘာဝဘေးကြီးဟာ နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေကြောင့် ရှိနှင့်ပြီးဖြစ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေကို ပိုမို ဆိုးရွားစေခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ အရေးပေါ်တုံ့ပြန်မှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ခဲ့ပြီး၊ အထိခိုက်ဆုံးဒေသတွေမှာ အသက်ကယ်အကူအညီတွေ ပေးအပ်နိုင်ခဲ့တယ်" လို့ ဖော်ပြပါတယ်။

"၂၀၂၅ ခုနှစ် နှစ်လယ်ရောက်လာပေမယ့် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်အတွက် (၁၂) ရာခိုင်နှုန်းခန့်သာ ရန်ပုံငွေရရှိထားပါသေးတယ်။ မကြာသေးခင်က လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေကြောင့် နဂိုကတည်းက ခက်ခဲနေခဲ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဟာ ပိုပြီး ဆိုးရွားလာခဲ့ပါတယ်။ ရန်ပုံငွေတွေ ထပ်တိုးမရရှိတော့ဘူးဆိုရင် လူသန်းပေါင်းများစွာဟာ အသက်ရှင်သန်ဖို့အရေးကြီးတဲ့ အကူအညီတွေတောင် ရရှိဖို့ ခက်ခဲကြရပါလိမ့်မယ်။" လို့ UNOCHA Myanmar ကလည်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ "ဒေါင်းမိခင်" သိန်းနှစ်ထောင်ကမ်ပိန်းတွင် ဝန်းရံပေးကြဖို့ DPLF/DPLA ဖိတ်ခေါ်


ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ဒေါင်းမိခင် သိန်းနှစ်ထောင်ကမ်ပိန်းတွင် ဝန်းရံပေးကြဖို့ တော်လှန်ပြည်သူများအား ဖိတ်ခေါ်ထားပါတယ်။

"ကျမတို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ဟာ (၁၀၂၇) စစ်ဆင်ရေး (ပထမလှိုင်း၊ ဒုတိယလှိုင်း) ကနေစပြီး ကျောက်ဂူအင်တော၊ တောင်းခမ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ တိုက်ပွဲများတွင် မဟာမိတ်များနဲ့အတူ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ယခုလက်ရှိတွင်လည်း စကစမှ ပြန်လည်ထိုးစစ်ဆင်လာတဲ့ နောင်ချိူတိုက်ပွဲတွင် လည်း စိတ်ဓာတ်မကျ၊ ဇွဲမလျှော့၊ လက်တွဲမဖြုတ်ပဲ မဟာမိတ်များနဲ့အတူ ဆက်လက် တိုက်ပွဲဝင်လျက်ရှိပါတယ်။ ဒါကြောင့်မို့ စကစမှ ပြန်လည်သိမ်းယူဖို့ကြိုးစားနေတဲ့ နောင်ချိုတိုက်ပွဲတွင်  ရဲဘော်များ၏ လိုအပ်ချက်ဖြစ်တဲ့ စစ်ဝတ်တန်ဆာ၊ ရိက္ခာနှင့် ဆေးဝါးများ ဖြည့်တင်းရန် လိုအပ်နေပါတယ်။ ယခုအချိန်ထိ ရပ်တည်နိုင်တာဟာလည်း မိဘပြည်သူတို့ရဲ့ ကူညီထောက်ပံမှုကြောင့်ပါပဲ။ ဒါကြောင့်မို့ မြန်မာပြည်တဝှမ်းမှာရှိကြတဲ့ တော်လှန်မိဘပြည်သူ ရဟန်းရှင်လူများအနေဖြင့် ယခုပြုလုပ်မည့် ကမ်ပိန်းတွင် ဝိုင်းဝန်းကူညီ အားဖြည့်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်" လို့  Fundraising DPLA က ဖော်ပြထားပါတယ်။

ကျပ်သိန်းနှစ်ထောင် တားကတ်ထားတဲ့ ဒေါင်းမိခင်ကမ်ပိန်းကို ဇွန်လ (၂၅) ရက်မှ သြဂုတ်လ () ရက်နေ့အထိ သတ်မှတ်ထားပြီး ပါဝင်လိုသူများအနေနဲ့ Page Messenger သို့ ဆက်သွယ်ရန် နှိုးဆော်ထားပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုကြောင့် ရှမ်းပြည်နယ်မှာ အမျိုးသမီး (၁၈) ဦးနှင့် အမျိုးသား (၂၉) ဦး စုစုပေါင်း (၄၇) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၂) ဦး ပါဝင်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့မှ ဇွန်လ (၂၅) ရက်နေ့အထိ ရှမ်းပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့်  အမျိုးသမီး (၁၈) ဦးနှင့် အမျိုးသား (၂၉) ဦး စုစုပေါင်း (၄၇) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအထဲတွင် အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၂) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ သေဆုံးသူများအနက် (၃၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၁၃) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယ အများဆုံး သေဆုံးခဲ့ပါတယ်။

အလားတူ ဇွန်လ (၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ အမှတ်()ရပ်ကွက်နှင့် အမှတ် () ရပ်ကွက်ကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းမှ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် ထမင်းဆိုင်ပိုင်ရှင် ဒေါ်လှရီနှင့် ၎င်း၏သားဖြစ်သူ ကိုသီဟနိုင် () ဝေါဝေါတို့အပြင် နောင်ချိုမြို့မှ စစ်ဘေးရှောင်လာသည့် ဒေါ်လှလှထွေးနှင့် ဒေါ်လှတင် စုစုပေါင်း လေးဦးကို ဗုံးစထိမှန်၍ သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩၁။ ကရင်နီပြည်နယ် မော်ချီးဒေသတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ () ဦးထက်မနည်း သေဆုံး


ဇွန်လ (၂၅) ရက်၊ နံနက် (၁၁း၀၀) နာရီခန့်တွင် ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ရပ်ကွက် - ၁၅ ရှိ ခဲသတ္တုတူး‌ဖော်ရေးလုပ်ငန်းခွင်နှင့် ကုန်စုံဆိုင်တစ်ဆိုင်အား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် (၂၀၀) ဗုံးတစ်လုံးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ () ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ (၄၀) ကျော်ရှိကြောင်း ဒေသခံများနှင့် စစ်ရှောင်ကူညီသူများထံမှ သိရပါတယ်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားနေရာများအစား ပြည်သူလူထုနေထိုင်ရာ နေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်ပါတယ် 

အာဏာသိမ်းပြီးနောက်ပိုင်း မော်ချီးဒေသသည် ယခုအပါအဝင် လေကြောင်းတိုက်ခိုက်မှု () ကြိမ်ကျော်ခံရပြီး ယခင်တိုက်ခိုက်မှုများတွင် ကလေးငယ်များအပါအဝင် ပြည်သူ (၁၃) ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။


========================


🚩🚩၂။ ဖယ်ခုံမြို့နယ် ဆောင်နန်းခဲရွာကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ပူးပေါင်းမီးရှို့ဖျက်ဆီးနေ


ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ်ရှိ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံသတင်းရင်းမြစ်များမှ သိရပါတယ်။

ဇွန်လ (၂၃) ရက်က စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူပေးမှုဖြင့် မိုးဗြဲမြို့အရှေ့ဘက်မှ စစ်သားများနှင့် PNO ပြည်သူ့စစ်များ ပူးပေါင်းဝင်ရောက်လာပြီး ဇွန်လ (၂၄) ရက်ညနေပိုင်းတွင် ဆောင်နန်းခဲကျေးရွာ တစ်ရွာလုံးနီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဆောင်နန်းခဲရွာသို့ ဝင်ရောက်လာသော စစ်ကောင်စီနှင့် PNO ပူးပေါင်းတပ်ဖွဲ့ကို ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) မိုးဗြဲ PDF ဖယ်ခုံ PDF KNDF Loikaw PDF နှင့် ပျားစစ်ကြောင်းအပါအဝင် တော်လှန်ရေးတပ်ပေါင်းစုက ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူမှုများကြောင့် ဒေသခံပြည်သူများအပေါ် ထိခိုက်မှုများရှိနိုင်တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ မိုးဗြဲတိုက်ပွဲမှာ ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက စစ်ထောက်လှမ်းရေး ရဲဘော်တဦး ကျဆုံးခဲ့


ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရှမ်းတောင်/ကယား(ကရင်နီ) စစ်တိုင်း၊ ဒီမော့ဆို အမှတ် (၁၀၀၂) တပ်ရင်းက စစ်ထောက်လှမ်းရေး ရဲဘော်တဦး မိုးဗြဲတိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ (၂၄) ရက်နေ့မှာ ဒီမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းက ရဲဘော် ချာလီ () ဗိုလ်သံချောင်းဟာ မိုးဗြဲမြို့နယ်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲဘော် ချာလီဟာ (၂၀၂၁) ခုနှစ်၊ ဩဂုတ်လ (၂၂) ရက်နေ့တွင် ဒီမောဆို အမှတ် (၁၁၀၂) တပ်ရင်းကို စတင်ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး တာဝန်များကို ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ရဲဘော် ချာလီ ကျဆုံးမှုကို ဒီးမော့ဆို အမှတ် (၁၁၀၂) တပ်ရင်းမှ ကျန်ရစ်သူ မိသားစု ညီကိုမောင်နှမ များနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ပြည်သူ့ အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဦးညွတ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၄။ ရန်ကုန် - မန္တလေး အမြန်လမ်းဟောင်းပေါ်က စစ်ကောင်စီ စခန်း () ခုကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်


ပဲခူးတိုင်း၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ဖြူးမြို့နယ်အတွင်းရှိ ရန်ကုန် - မန္တလေး အမြန်လမ်း ဟောင်းပေါ်က စစ်ကောင်စီတပ်ဖွဲ့များ အခြေချတပ်စွဲထားတဲ့ စခန်း () ခုကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အဆိုပါ စစ်ကောင်စီ စခန်း () ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဆင်ရေး နယ်မြေ () ကွပ်ကဲမှုအောက်က တပ်များနဲ့ ကရင့်အမျိုးသား ကာကွယ်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များက ဇွန်လ (၂၅) ရက်၊ မနက် အစောပိုင်းမှာ တပြိုင်နက် ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂၀) ဦး ထပ်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကာ ရဲအုပ် () ဦး အပါအဝင် စစ်သုံပန်း () ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် လက်နက်ကြီး လက်နက်ငယ် မျိုးစုံ (၁၆) လက်၊ ခဲယမ်းများနဲ့ စစ်သုံးပစ္စည်း အမြောက်အများ သိမ်းဆည်း ရရှိခဲ့ကာ တော်လှန်ရေး တပ်ဖွဲ့များမှ ရဲဘော် () ဦး ကျဆုံးခဲ့ပြီး () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ဆင်ရေးများကို အမှတ် () စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး) ဗျူဟာ (၂၄) နဂါးနီစစ်ကြောင်း၊ အာဠာဝက တပ်ရင်း၊ အမှတ် (၃၅၀၃) တပ်ရင်း၊ ဖြူး (.က.) ဗျူဟာ (၂၅) အမှတ် (၃၇၀၂) တပ်ရင်း၊ Spring Warriors Column KNLA တပ်ရင်း () ဗျူဟာ (၂၆) တော်ဝင်ဒေါင်း တပ်ရင်းနှင့် တောကျီးကန်း တပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

၎င်းစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တောကျည်းကန်း စစ်ကြောင်းကလည်း ညောင်လေးပင်နဲ့ ကျောက်တံခါး မြို့ကြား၊ တော်ဝိကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဇွန်လ (၂၅) ရက်နေ့ မနက် (၁း၀၀) နာရီက စစ်ကောင်စီ တပ်အင်အား (၅၀) ခန့် တပ်စွဲထားတဲ့ စခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး တနာရီခန့် အကြာမှာ အပြီးသတ် ချေမှုန်းနိုင်ခဲ့ကာ စစ်ကောင်စီဘက်က (၁၃) ဦး သေဆုံးခဲ့ပြီး () ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

တပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိဘဲ ရန်သူ့စခန်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့တဲ့ ယခုစစ်ဆင်ရေးကို ပြီးခဲ့တဲ့ ဇွန်လ (၂၃) ရက်နေ့က ကျဆုံးသွားခဲ့တဲ့ ရဲဘော် ကျော်စွာအား ဂုဏ်ပြုတဲ့ အနေဖြင့်ကျော်စွာ စစ်ဆင်ရေးဟု သတ်မှတ်ခဲ့ကြောင်း တောကျည်းကန်းစစ်ကြောင်းက အသိပေးထားပါတယ်။


========================


🚩🚩၅။ စစ်သင်္ဘော (၁၀) စီးကျော် ဗန်းမော်ကို ဦးတည်လာနေ၊ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်၊ 


စစ်ကောင်စီရဲ့ စစ်အင်အား၊ လက်နက်ခဲယမ်း၊ ရိက္ခာများ တင်ဆောင်လာတဲ့ သင်္ဘော (၁၂) စီးခန့်ပါ ရေယာဉ်အုပ်စုဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက်ကို ဦးတည် လာနေတယ်လို့ ကြားသိရကြောင်း KIA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ က People Spring ကို ပြောပါတယ်။

၎င်း သင်္ဘောများဟာ ဇွန်လ (၂၁) ရက်နေ့မှာ ဧရာ၀တီတိုင်း၊ ဝါးခယ်မမြို့က စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ဇွန်လ (၂၃) ရက်နေ့မှာ ရေနံချောင်းမြို့နယ်နှင့် (၂၄) ရက်နေ့မှာ စလင်းမြို့နယ်တို့ကို ဖြတ်သွားပြီး လမ်းတလျောက် ဖြတ်သန်းသွားစဉ် စစ်ကောင်စီတပ်က ဒရုန်းနဲ့ ပစ်ခတ်မှုတချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်သင်္ဘောများ ဦးတည်နေတဲ့ ဗန်းမော်မြို့ကို KIA က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတာ နှစ်ဝက်ကျော် ကြာနေပြီဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ လက်နက်ကြီးများ အပြန်အလှန် ပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ နေ့စဉ် ရှိနေတယ်လို့ သိရပါတယ်။

KIA ပူးပေါင်းတပ်က ဗန်းမော်မြို့ကို မတိုက်ခိုက်မှီ (၂၀၂၄) ဩဂုတ်လ အတွင်းကလည်း စစ်ကောင်စီတပ်ရဲ့ စစ်ကူ စစ်သင်္ဘော () စီးကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ထီးချိုင့်၊ ကသာ မြို့နယ် အတွင်းမှာ တိုက်ခိုက်နှစ်မြုပ်ခဲ့ပါသေးတယ်။

လက်ရှိမှာ ကချင် ပြည်နယ်၊ ဖားကန့် မြို့နယ်မှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေသေးတယ်လို့ သိရပါတယ်။


========================


🚩🚩၆။ မိထ္ထီလာမြို့နယ်တွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်သား () ဦးသေဆုံး


မိထ္ထီလာမြို့နယ်၊ အုံတုံရွာနှင့် ဂွေးတောက်ကန်ရွာကြားတွင် စစ်ကောင်စီတပ်မ - ၉၉ လက်အောက်ခံ တ‌ယောစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား () ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီမိုကရက်တစ် ရှမ်းနယ်မြေ ဒေသခံပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DSNDA) မှ သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ (၂၄) ရက်၊ ညနေ (၆း၀၀) နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲသည် နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး မိထ္ထီလာ-သာစည်တော်လှန်ရေးအင်အားစု၊ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ဒီမိုကရက်တစ် ရှမ်းနယ်မြေ ဒေသခံပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DSNDA) အပါအဝင် တပ်ဖွဲ့ () ဖွဲ့က ပူးပေါင်းစောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၇။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ကွန်မန်ဒိုသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ ကျင်းပ


ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ရဲ့ ကွန်မန်ဒိုသင်တန်း အပတ်စဉ် () သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ကွန်မန်ဒိုသင်တန်း အပတ်စဉ် () တွင် အထူးတိုက်ခိုက်ရေး၊ ကြံခိုင်မှု၊ စစ်နည်းဗျူဟာများနဲ့ နိုင်ငံရေးသင်ခန်းစာများကို အချိန် () လကျော်ကြာ စနစ်တကျ လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ဟာ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး တာဝန်ဝတ္တရားများကို ဦးလည်မသုန် သယ်ပိုးထမ်းရွက်လျက်ရှိကြောင်း အသိပေးထားပါတယ်။


========================


🚩🚩၈။ နတ်စစ်သည်တပ်ဖွဲ့ အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ကျင်းပ


နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နတ်တလင်း) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၂) သင်တန်း ဆင်းပွဲကို ကျင်းပခဲ့တယ်လို့ ဇွန်လ (၂၅) ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။

အဆိုပါ သင်တန်းကို သင်တန်းမှူးအဖြစ် CDM တပ်ကြပ်ကြီး၊ လက်ထောက်သင်တန်းမှူးအဖြစ် တပ်စုမှူး ဇင်သူနှင့် နတ်စစ်သည် တပ်ဖွဲ့မှူး၊ တပ်ခွဲ () တပ်ခွဲမှူးတို့က စစ်ကဏ္ဍကြီးများ၊ စစ်နည်းဗျူဟာများအား သင်ကြားပို့ချခဲ့တယ်လို့ ဆိုပါတယ်။

ယခု သင်တန်း ဖြစ်မြောက်အောင် အဖက်ဖက်မှ ကူညီပံ့ပိုးပေးခဲ့တဲ့ အလှူရှင်များ၊ ပညာရှင်များ၊ အကျွေးအမွေးအတွက် သင်တန်းကာလ တလျောက်လုံး ချက်ပြုတ်ပေးခဲ့ကြတဲ့ အမျိုးသမီးရဲမေ တပ်ဖွဲ့များ၊ အခက်အခဲများကို စိတ်အားထက်သန်စွာနဲ့ သင်တန်းအောင်မြင်အောင် တက်ရောက်ခဲ့ကြတဲ့ သင်တန်းသား/သူများ၊ သင်တန်းဆင်းပွဲကို ပြန်မလာဖြစ်တဲ့ ရှေ့တန်းရောက် ရဲဘော်များ၊ NUG/MOD တာဝန်ရှိ လူကြီးအားလုံးကို ကျေးဇူးတင်ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩၉။ ရွှေဘိုခရိုင်တပ်ရင်း (၁၈) အပတ်စဉ်၁ သင်တန်းဆင်းပွဲတွင် ရှမ်းမန်းပြန် ရဲဘော်များအား ဆုချီးမြှင့်


ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်း အပတ်စဉ် မွမ်းမံသင်တန်းဆင်းပွဲနှင့် စစ်ဝတ်တန်ဆာပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပြီး ထိုအခမ်းအနားတွင် ဒုတိယအသုတ် ရှမ်းမန်းပြန် ပြည်သူ့တော်လှန်ရေးရဲဘော်များကိုလည်း ဆုချီးမြှင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

တပ်ရင်းခေါင်းဆောင် ရဲဘော်စွန်ရဲကကျွန်တော်တို့အနေနဲ့ တပ်ကို အင်အားကောင်းပြီး စည်းကမ်းရှိတဲ့ တပ်တစ်ခုအဖြစ် တည်ဆောက်ရမယ်။ ဒါမှသာ စစ်အာဏာရှင်ကို ပြတ်ပြတ်သားသား တွန်းလှန်နိုင်မှာဖြစ်ပါတယ်ဟု ပြောကြားခဲ့ပြီး ၎င်းက တပ်အင်အားတိုးချဲ့ခြင်းသည် ပြည်သူကို ဖိနှိပ်ရန်မဟုတ်ဘဲ ပြည်သူများကို အပြည့်အဝကာကွယ်ပေးရန်ဖြစ်ကြောင်း အလေးထားပြောကြားထားပါတယ်။

ဒဏ်ရာရရဲဘော်များထဲတွင် ကိုယ်လက်အင်္ဂါများတွင် စတီးရိုးထည့်ထားရသူများနှင့် မျက်လုံးဒဏ်ရာရသူများ ပါဝင်ပြီး ဆေးကုသမှုများ ဆက်လက်ပေးအပ်မည်ဖြစ်ကာ ၎င်းတို့၏ မိသားစုများကိုလည်း ထောက်ပံ့ကူညီမှုများ ပြုလုပ်သွားမည်ဖြစ်တယ်လို့ ဆိုပါတယ်။

ရှမ်းမန်းစစ်ဆင်ရေးတွင် ပထမအသုတ်အနေဖြင့် ရဲဘော် (၁၂၀) ဦးနှင့် ဒုတိယအသုတ်အနေဖြင့် (၁၃၂) ဦး၊ စုစုပေါင်း (၂၅၂) ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရပြီး ဒုတိယအသုတ်သည် ၎င်းတို့၏ တစ်နှစ်ပြည့်မည့်ရက်ပိုင်းမျှသာ လိုတော့တယ်လို့ သိရပါတယ်။

ရဲဘော်စွန်ရဲကကျွန်တော်တို့ရဲဘော်တွေရဲ့ ပေးဆပ်မှုတွေအတွက် အမြဲဂုဏ်ယူပါတယ်။ ဒီပေးဆပ်မှုတွေကြောင့် ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိခဲ့သလို ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ဘဏ္ဍာရေးအခြေအနေလည်း တောင့်တင်းလာခဲ့ပါတယ်ဟု ပြောကြားထားပါတယ်။

တပ်ရင်းအနေဖြင့် ပေးဆပ်မှုများနှင့်အတူ တော်လှန်ရေးပြီးဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။


========================


🚩🚩၁၀။ စစ်ရေးတွင် တော်လှန်ရေးတပ်များ၏ အောင်မြင်မှုများ ထင်ရှားလာပြီး အားလုံးပါဝင်သော အသွင်ကူးပြောင်းရေးကြားကာလ အစိုးရတရပ် ဖွဲ့စည်းရန် ကြိုးပမ်းမှုများရှိနေဟု PDF Insight ဆို


လက်ရှိစစ်ရေးအခြေအနေတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ NUG လက်အောက်ခံ PDF တပ်ဖွဲ့များနှင့် အခြားဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များသည် မြန်မာစစ်တပ်ကို သိသာထင်ရှားစွာ အောင်မြင်မှုများ ရရှိထားကြောင်း PDF Insight မှာ သုံးသပ်ထားပါတယ်။

ကရင်နယ်မြေများတွင် စစ်တပ်၏ စခန်းများကို ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး၊ ရခိုင်ဒေသမှ ဧရာဝတီတိုင်းအထိ ထိုးဖောက်မှုများကလည်း အောင်မြင်လျက်ရှိကာ စစ်တပ်က နယ်စပ်ဒေသများတွင် မလိုအပ်ဘဲ တည်ဆောက်ထားသော စစ်စခန်းများသည် ယခုအခါ တော်လှန်ရေးတပ်များအတွက် အဓိကပစ်မှတ်ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။

သို့သော် စစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ကြောင်းများသည် ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းနှင့် လုယက်မှုများပြုလုပ်နေဆဲဖြစ်ပြီး၊ ပြည်မဒေသများတွင် မြို့ကြီးများရှိ စစ်စခန်းများကို သိမ်းပိုက်ရန် စိန်ခေါ်မှုများရှိနေသေးသလို KNUနှင့် PDF တပ်ဖွဲ့များ၏ စစ်တောင်းဒေသအတွင်း လွှမ်းမိုးနိုင်မှုသည်လည်း သိသာထင်ရှားလာတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအားဖြင့်၊ အားလုံးပါဝင်သော အသွင်ကူးပြောင်းရေးကြားကာလ အစိုးရတရပ်ဖွဲ့စည်းရန် ကြိုးပမ်းမှုများရှိနေပြီး ထိုအစိုးရတွင် တိုင်းရင်းသားများနှင့် အခြားသက်ဆိုင်ရာအင်အားစုများ ပါဝင်မှသာ ဖက်ဒရယ်ပြည်ထောင်စု၏ အနာဂတ်ကို အာမခံနိုင်မှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ဖက်ဒရယ်ရေးရာဝန်ကြီးတစ်ဦး၏ အင်တာဗျူးတစ်ခုတွင်အင်ယူဂျီ ဆိုတာမေ့လိုက်တော့ဟု ပြောကြားခဲ့ပြီး၊ တော်လှန်ရေးအောင်မြင်ပြီးနောက် ရွေးကောက်ခံအစိုးရသစ်တစ်ရပ်ပေါ်ထွက်လာရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သလို ထိုအစိုးရသည် နိုင်ငံတကာအသိအမှတ်ပြုမှုရရှိရန်နှင့် တရုတ်ကဲ့သို့သော အင်အားကြီးနိုင်ငံများနှင့် ညှိနှိုင်းနိုင်ရန် အရေးကြီးတယ်လို့ ဖော်ပြပါတယ်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲမှုသည် ပြီးစီးလုနီးနေပြီဖြစ်ပြီး၊ လက်ရှိအသုံးပြုနေသော ချာတာထက် ပိုမိုပြည့်စုံပြီး တိကျမှုရှိလာမှာဖြစ်ကာ ဤဖွဲ့စည်းပုံသည် အာဏာခွဲဝေရေး၊ နယ်မြေသတ်မှတ်ရေးနှင့် ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ရေးတို့ကို ဦးတည်မှာ ဖြစ်သော်လည်း လက်နက်ကိုင်အဖွဲ့များအကြား အခွန်ကောက်ခံမှုနှင့် နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများသည် စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

အမေရိကန်သံအမတ်ဟောင်း ပရက်စီလာကလပ်က ဖော်ပြခဲ့သော “bottom-up federalism” သဘောတရားသည် လူပြောများလာပြီး၊ အမေရိကန်ပုံစံဖက်ဒရယ်စနစ်နှင့် ခပ်ဆင်ဆင်ဖြစ်လာနိုင်သော်လည်း ပြည်နယ်အဆင့်တွင် ဒီမိုကရေစီနှင့် ပါတီစုံစနစ်တို့ အပြည့်အဝအကောင်အထည်ဖော်နိုင်ရန် အခက်အခဲများရှိနိုင်သေးကြောင်း သုံးသပ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment