၂၀၂၅ ဇွန်လ ၂၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇွန်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ

📌 ၂။ မီဇိုရမ်တွင် မြန်မာနိုင်ငံသားဒုက္ခသည်များအား ဇူလိုင်လမှ စတင်ကာ ဇီဝမက်ထရစ်မှတ်ပုံတင်မည်

📌 ၃။ နမ့်ဆန်တွင် မြေပြိုမှုကြောင့် သားအဖ ၂ဦး သေဆုံး

📌 ၄။ မြန်မာနိုင်ငံက လူဦးရေ ဒသမ သန်းကျော်ဟာ အခြေခံလိုအပ်ချက်တွေတောင် မရနိုင်တဲ့အခြေအနေနဲ့ နေရပ်စွန့်ခွာကြရလျက် ရှိ

📌 ၅။ မူဆယ်မြို့ လောင်းကစားဝိုင်းတွင် ခိုးရန် ကြိုးစားသူ အမျိုးသားတစ်ဦး ပြည်သူ့စစ်များ လိုက်လံပစ်သတ်

📌 ၆။ လောင်းလုံးမှာ စစ်ကောင်စီတပ်က အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦးအား အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့

📌 ၇။ PDO/PDAမှ ကျေးရွာပြည်သူလူထုနှင့် စစ်ရှောင်ပြည်သူများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ပြုလုပ်ပေး


========================


၂၀၂၅ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်များအား ကမ်ပိန်းနှင့် ပရော့ဂျက် အသီးသီးမှ ပြည်သူ့ထောက်ပံငွေများဖြင့် လက်နက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးအပ်

🚩၂။ စစ်တောင်းမြစ်ဝှမ်းက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦး သေဆုံးပြီး ၂၂ ဦး ဖမ်းဆီးရမိ

🚩၃။ ကန့်ဘလူမှာ စစ်ကောင်စီ စစ်ကြောင်းက ပြည်သူ ဦးအား ညှဉ်းပမ်းနှိပ်စက်ပြီး လည်လှီးသတ်ဖြတ်ခဲ့

🚩၄။ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ ဟောင်ဝေဇာလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ()ဦး ဒဏ်ရာရရှိပြီး နေအိမ် ()လုံး ထိမှန်ပျက်စီး

🚩၅။ နောင်ဗို ကျေးရွာကို PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ တစ်ဦး ဒဏ်ရာရ

🚩၆။ ကြယ်နီမဟာမိတ်ထောက်ပို့တပ်ပေါင်းစုအဖွဲ့အား တနင်္သာရီတိုင်းစစ်ဌာန၏ ထောက်ပို့အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာ

🚩၇။ မြန်မာစစ်တပ်မှ အဓမ္မစုဆောင်းခံရသူ ၅ဦး  တော်လှန်ရေးအဖွဲ့များထံ အလင်းဝင်ရောက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကျင်းပ


ဇွန်လ၂၆ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၂/၂၀၂၅) ကို ဇွန်လ ၂၆ရက် မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၁/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ မီဇိုရမ်တွင် မြန်မာနိုင်ငံသားဒုက္ခသည်များအား ဇူလိုင်လမှ စတင်ကာ ဇီဝမက်ထရစ်မှတ်ပုံတင်မည်


ဇွန်လ ၂၆ ရက်

Radio NUG 


အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရသည် ပြည်နယ်အတွင်း ခိုလှုံနေထိုင်သော မြန်မာနိုင်ငံသား ၃၂,၀၀၀ ကျော်အား ဇူလိုင်လမှစတင်ကာ ပြည်နယ်ခရိုင် ၁၁ ခုလုံးတွင် ဇီဝမက်ထရစ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း North East Today သတင်းဌာနမှာ ဖော်ပြထားပါတယ်။


ထိုလုပ်ငန်းစဉ်သည် ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုအပြီး မီဇိုရမ်သို့ ထွက်ပြေးခိုလှုံလာသူများကို မှတ်တမ်းတင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး  ယခင်က ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးထားသော ဒေတာစုဆောင်းမှုပုံစံများနှင့် ပတ်သက်၍ ပြဿနာများကြောင့် နှောင့်နှေးခဲ့ရသော်လည်း၊ မီဇိုရမ်ရှိ နေရပ်ပြောင်းရွှေ့နေထိုင်သူများ၏ ဥပဒေရေးရာအဆင့်အတန်းကို ထင်ဟပ်စေရန် ပုံစံပြင်ဆင်ပြီးနောက် ပြန်လည်စတင်ခဲ့တယ်လို့ သိရပါတယ်။


မီဇိုရမ်ပြည်နယ်အတွင်း မြန်မာနိုင်ငံသားဒုက္ခသည်များမှာ ချမ်ဖိုင်ခရိုင်တွင် ၁၃,၅၈၆ ဦး၊ လောင်လ်တိုင်ခရိုင်တွင် ,၀၁၇ ဦး၊ ဆီယာဟာခရိုင်တွင် ,၀၃၆ ဦး၊ အိုင်ဇောလ်ခရိုင်တွင် ,၆၆၉ ဦးနှင့် ကိုလဆစ်ခရိုင်တွင် ၁၂၉ ဦး ရှိတယ်လို့ သိရပါတယ်။


========================


📌📌 ၃။ နမ့်ဆန်တွင် မြေပြိုမှုကြောင့် သားအဖ ၂ဦး သေဆုံး


ဇွန်လ ၂၆ ရက်

Radio NUG


ဇွန်လ ၂၆ရက် နံနက် (:၀၀)နာရီအချိန်တွင် တပ်မဟာ ()နယ်မြေ၊ နမ့်ဆန်မြို့၊ ရပ်ကွက် ()တွင် မြေပြိုမှုကြောင့် ကလေးငယ် ()ဦးနှင့် အမျိုးသား ()ဦး သေဆုံးခဲ့ကြောင်း PSLF /TNLA မှ သတင်းထုတ်ပြန်ပါတယ်။


မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နေအိမ်အပေါ်ရှိမြေများသည် ပြိုကျခဲ့ပြီး ၎င်းတို့၏အိပ်သည့်နေရာဘက်ခြမ်းတွင် မြေပိသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ မြေပြိုမှု‌‌ကြောင့် သမီးဖြစ်သူ အသက် ()နှစ်အရွယ် မခိုင်သဇင်မြင့်နှင့် ဖခင်ဖြစ်သူ အသက် (၃၈)နှစ်အရွယ် ဦးညွန်မြင့်တို့ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရဖြင့် သေဆုံးခဲ့ပြီး အခင်းဖြစ်ပွားခဲ့သည့်နေရာကို PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံက လူဦးရေ ဒသမ သန်းကျော်ဟာ အခြေခံလိုအပ်ချက်တွေတောင် မရနိုင်တဲ့အခြေအနေနဲ့ နေရပ်စွန့်ခွာကြရလျက် ရှိ


ဇွန်လ ၂၆ရက်

Radio NUG

မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့သဘာ၀ဘေးအန္တရာယ်တွေကြောင့် မိသားစုတွေဟာ အိုးမဲ့အိမ်မဲ့နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ဇွန်လ ၂၆ရက် UN OCHA Myanmarက ထုတ်ပြန်ပါတယ်။


လူဦးရေ ဒသမ သန်းကျော်ဟာ အခြေခံလိုအပ်ချက်တွေတောင် မရနိုင်တဲ့အခြေအနေနဲ့ နေရပ်စွန့်ခွာကြရလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


ကြိမ်ဖန်များစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာနဲ့ ဒုက္ခတွင်းပိုနက်လာခဲ့ကြရပြီး လူသားချင်းစာနာမှုဆိုင်ရာ အဖွဲအစည်းတွေဟာ လိုအပ်နေသူတွေဆီ အကူအညီတွေ ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၅။ မူဆယ်မြို့ လောင်းကစားဝိုင်းတွင် ခိုးရန် ကြိုးစားသူ အမျိုးသားတစ်ဦး ပြည်သူ့စစ်များ လိုက်လံပစ်သတ်


ဇွန်လ ၂၆ရက် 

Radio NUG 


ဇွန်လ ၂၅ ရက်၊ နေ့လယ် နာရီခွဲခန့်တွင် မူဆယ်မြို့၊ မန်ဝိန်းရပ်ကွက်အနီးရှိ လောင်းကစားဝိုင်းတစ်ခုတွင် ခိုးရန် ကြိုးစားနေသူ အမျိုးသား တစ်ဦးကို မြို့မပြည်သူ့စစ်အဖွဲ့ () က လိုက်လံပစ်ခတ်ခဲ့ရာ နွားခြံအနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ထိုပစ်သတ်ခံရသူ အမျိုးသားသည် ခိုးရန် ကြိုးစားနေစဉ် ပြည်သူ့စစ်အဖွဲ့က လိုက်ပစ်ခတ်လို့ သေသွားတယ်လို့ သိရပါတယ်။


သေဆုံးသူမှာ ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော်ကျေးရွာမှ အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။


စစ်ကောင်စီထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးဖြန့်ဖြူးမှုများနှင့်အတူ ခိုးမှု၊ လူသတ်မှု၊ ဓားပြတိုက်မှုနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားနေပါတယ်။


========================


📌📌 ၆။ လောင်းလုံးမှာ စစ်ကောင်စီတပ်က အသက် ၇၀ အရွယ် အမျိုးသမီးကြီးတစ်ဦးအား အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့


ဇွန်လ ၂၆ ရက်၊ 

Radio NUG


ဇွန်လ ၁၄ ရက်ကနေ ၂၄ ရက်အထိ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ ကညုံကျွန်း ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အသက် ၇၀ အရွယ် အမျိုးသမီးကြီး တစ်ဦးအား အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခဲ့တယ်လို့ နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂက ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီ စစ်ကြောင်း ဝင်လာချိန်မှာ ရွာလုံးကျွတ်နီးပါး တိမ်းရှောင်ခဲ့ကြပေမယ့် ကျန်းမာရေး မကောင်းတဲ့ ခင်ပွန်း ဖြစ်သူကို စောင့်ရှောက်ရန်နဲ့ ကိုယ်တိုင်လည်း အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်လို့ မတိမ်းရှောင်တော့ဘဲ နေအိမ်မှာ ကျန်ရစ်ခဲ့ချိန်မှာ အခုလို ပြုကျင့်ခံခဲ့ရတာလို့ ဆိုပါတယ်။


ကညုံကျွန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များထဲမှ အသက် ၄၀ ကျော် အရွယ်ရှိ စစ်သားတစ်ဦးက အဆိုပါ အမျိုးသမီးကြီးအား ခင်ပွန်းဖြစ်သူ ရှေ့တွင်  ရက်ဆက်တိုက်၊ ကြိမ်တိုင် အဓမ္မ ပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။


အခုလို ယုတ်မာအောက်တန်းကျစွာ ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးကြီး အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေများ ကျဆင်းလျက်ရှိပြီး အထူးစောင့်ရှောက်ရန် လိုအပ်နေတယ်လို့ ဆိုပါတယ်။


ထို့အပြင် ၎င်းစစ်ကြောင်းဟာ စစ်ကြောင်းထိုးရာ လမ်းတလျောက်က ကျေးရွာများနဲ့ ကညုံကျွန်း ရွာမှ ဒေသခံ ၁၀၀ခန့်ကို ဖမ်းဆီးခဲ့ကာ အမျိုးသား တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နေအိမ် လုံး၊ ဆိုင်ကယ် စီးကို မီးရှို့ဖျက်စီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ရာနဲ့ချီကို ဖောက်ထွင်းဝင်ရောက် ခိုးယူခဲ့တယ်လို့ DDMSC က ထုတ်ပြန်ထားပါတယ်။


သတ်ဖြတ်ခံခဲ့ရသူဟာ ကညုံကျွန်း ကျေးရွာက အသက် ၄၆ နှစ်အရွယ် ဦးမျိုးဇော်အောင် () ဦးမျိုးကြံအောင် (စိတ်ကျန်းမာရေး မကောင်းသူ) ဆိုသူဖြစ်ပြီး လည်လှီးသတ်ဖြတ်ခဲ့ကာ စစ်ကြောင်း ပြန်ဆုတ်ခွာရာ စပ်ပြဲရွာ နှင့် လောင်းလုံမြို့ကြားက ဆီအုန်းတောထဲမှာ စွန့်ပစ်ခဲ့တာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၇။ PDO/PDAမှ ကျေးရွာပြည်သူလူထုနှင့် စစ်ရှောင်ပြည်သူများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ပြုလုပ်ပေး


ဇွန်လ ၂၆ရက် 

Radio NUG 


ပြည်သူ့ဒီမိုကရက်တစ်တပ်တော်အနေဖြင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ဖွဲ့စည်းကာ ကျေးရွာပြည်သူလူထုနှင့် စစ်ရှောင်ပြည်သူများအား အခြေခံကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


စစ်ရှောင်ပြည်သူများအား စားဝတ်နေရေး အကူအညီများ စီမံဆောင်ရွက်ပေးနေမှုကိုလည်း ပြည်သူများနှင့် ပူးပေါင်းကာ လက်တွဲညီညီဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


အခြေခံကျန်းမားရေးစောင့်ရှောက်မှုများ ပိုမိုပြုလုပ်နိုင်ရန်အတွက် တတ်သိပညာရှင်များ၊ ဆေးဝါးထောက်ပံ့မှု အကူအညီများနှင့် အဖက်ဖက်မှ ကူညီပံ့ပိုးများ လိုအပ်လျက်ရှိနေပါသဖြင့် ဝိုင်းဝန်းပြီး ကူညီပေးနိုင်ပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ တော်ဝင်လျှပ်စီးစစ်ကြောင်း ရဲဘော်များအား ကမ်ပိန်းနှင့် ပရော့ဂျက် အသီးသီးမှ ပြည်သူ့ထောက်ပံငွေများဖြင့် လက်နက်၊ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ တပ်ဆင်ပေးအပ်


ဇွန်လ၂၆ရက် 

Radio NUG 


အမျိုးသားညီညွှတ်ရေးအစိုးရ၊ နေပြည်တော်စစ်တိုင်း၊ တပ်ရင်းအမှတ် (၈၀၈)/ Royal Thunder Column - တော်ဝင်လျှပ်စီးစစ်ကြောင်းမှ ယခင်ပြုလုပ်ခဲ့သော ကမ်ပိန်းနှင့် Projectများ ဖြစ်တဲ့ နယ်မြေတိုက်ယူ ကျဉ်တစ်တောင့်ကူ ကမ်ပိန်း၊ မြေကွက်လဲယူ ဂန်းလဲကူ Project Shields For Three Campaign တို့မှ ရရှိသော ပြည်သူ့ထောက်ပံ့ငွေများအား တပ်ရင်းမှ လိုအပ်ချက်များကို အချိန်ကာလအားလျော်စွာ ဝယ်ယူဖြည့်တင်းခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ လက်နက်ခဲယမ်း၊ အသုံးအဆောင်များအား ရှေ့တန်းတိုက်ပွဲဝင်လျက်ရှိတဲ့ ရဲဘော်များအား တပ်ဆင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကမ်ပိန်းနှင့်ပရောဂျက် အသီးသီးတွင် ပါဝင်ပေးကြတဲ့ ထောက်ပံ့ပြည်သူများနှင့် နိုင်ငံတကာ‌မှ Fundraisers (FR)များအား ကျေးဇူးတင်ရှိကြောင်းနှင့် လိုအပ်ချက်များစွာ ဆက်လက်ရှိနေသည်ဖြစ်၍ လာမယ့် ပရောဂျက်နှင့် Challenge များတွင်လည်း ထပ်မံပါဝင်ပေးနိုင်ကြပါရန် တိုက်တွန်းထားပါတယ်။


========================


🚩🚩၂။ စစ်တောင်းမြစ်ဝှမ်းက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦး သေဆုံးပြီး ၂၂ ဦး ဖမ်းဆီးရမိ


ဇွန်လ ၂၆ ရက်၊ 

Radio NUG


ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့တဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ၊ အမှတ် - စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။


အမှတ် () စစ်ဒေသခွဲ JOC ရဲ့ ကွပ်ကဲမှုဖြင့် PDF နဲ့ KNLA တို့ ပူးပေါင်းကာ ဇွန်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်များကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဦးထက်မနည်း သေဆုံးခဲ့ပြီး အထိအခိုက်များစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ ဦးကို စစ်သုံ့ပန်းအဖြင့် ဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ ၂၂ လက်၊ ခဲယမ်းနဲ့ အခြား စစ်သုံးပစ္စည်း အမြောက်အများကိုလည်း သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းများကို ဂျနီဗာကွန်ဗန်းရှင်း(Geneva Conventions) နဲ့အညီ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။


ယခု စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ်() စစ်ဆင်ရေးနယ်မြေ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၅) တပ်ရင်း (၃၇၀၂) အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း() နဲ့ တပ်ရင်း() တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၃။ ကန့်ဘလူမှာ စစ်ကောင်စီ စစ်ကြောင်းက ပြည်သူ ဦးအား ညှဉ်းပမ်းနှိပ်စက်ပြီး လည်လှီးသတ်ဖြတ်ခဲ့


ဇွန်လ ၂၆ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ် အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ကာ အပြစ်မဲ့ ပြည်သူ ဦးကို ညှဉ်းပမ်းနှိပ်စက် လည်လှီးသတ်ဖြတ်ခဲ့တယ်လို့ ကျွန်းလှ - ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၃ ရက်နေ့ မနက် နာရီခွဲ အချိန်မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ ခန့်ဟာ ဝက်တိုး (တောင်) ရွာမှတဆင့် သပြေသာရွာနဲ့ ကျောင်းကုန်း ရွာတို့ကို လက်နက်ကြီး/ငယ်များ ပစ်ခတ် ဝင်ရောက်လာကာ ပြည်သူများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။


ဖမ်းဆီး သတ်ဖြတ်ခံရသူတွေဟာ သပြေသာရွာမှ ဆွံ့အနေသူ ဦးလှိုင်းဇာဇာ (၅၀ နှစ်) ဦးအောင်နိုင် (၄၅ နှစ်) ဦးတရုတ်ကြီး (၄၅ နှစ်) ကိုမျိုးထက် (၃၄ နှစ်) ဖိုလ်ကုန်း မှ ဦးဝင်း (၅၃ နှစ်) ဦးချစ်ဝင်း (၆၀ နှစ်) ကျောင်းကုန်း မှ ကိုသိန်းတိုး (၃၇) နှစ်၊ ဦးမြင့်မောင် (၄၅ နှစ်) နဲ့ ဦးမျိုးဆန်း (၄၅ နှစ်) တို့ ဖြစ်ကြပြီး အများစုဟာ လက်ပြန်ကြိုးတုတ်ကာ ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး တစ်ဦးက မီးရှို့သတ်ဖြတ် ခံခဲ့ရကြောင်း သိရပါတယ်။


ထို့အပြင် စစ်ကောင်စီ စစ်ကြောင်းဟာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်စီးခြင်းနဲ့ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူခြင်းတို့ကိုလည်း ဇွန်လ ၂၅ ရက်အထိ ရက်ဆက်တိုက် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။


၎င်းစစ်ကြောင်းဟာ ဇွန်လ ၂၆ ရက်နေ့မှာ သပြေသာရွာနဲ့ ကျောင်းကုန်းရွာမှ ထွက်ခွာပြီး ဇီးကုန်းသကြားစက်ကို ဝင်ရောက်သွားကာ ထိုမှတဆင့် နေ့လည် ၁၂ နာရီခန့်မှာ ဂွေးကုန်းရွာကို ရောက်ရှိသွားတယ်လို့ သိရပါတယ်။


========================


🚩🚩၄။ နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ ဟောင်ဝေဇာလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ()ဦး ဒဏ်ရာရရှိပြီး နေအိမ် ()လုံး ထိမှန်ပျက်စီး


ဇွန်လ ၂၆ရက် 

Radio NUG 


ဇွန်လ ၂၆ရက် နံနက် (၈း၃၀)နာရီအချိန်တွင် နောင်ချိုမြို့၊ စျေးရပ် နယ်မြေ- တွင် တပ်မဟာ ()နယ်မြေတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ဟောင်ဝေဇာလက်နက်ကြီးဖြင့် ()လုံး ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ()ဦး ဒဏ်ရာရရှိပြီး စစ်ရှောင်နေတဲ့ နေအိမ် ()လုံး ထိမှန်ပျက်စီးသွားခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။


အလားတူ ဇွန်လ ၂၅ရက်နေ့ (၁၀း၄၅)နာရီအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ()လုံးသည် နောင်ချိုမြို့၊ စျေးရပ်ကွက် နယ်မြေ(၁၀)တွင် နေအိမ် ()လုံးထိမှန်သွားခဲ့ပြီး၊ အချို့မှာ ကျောက်ဂူ ဘုန်းကြီးကျောင်းအောက်ဘက် တောထဲတွင် ကျရောက်ပေါက်ကွဲသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့် ပြည်သူလူထုများကို အရေးပေါ်ဆေးကုသပေးခဲ့ပြီး၊ လက်နက်ကြီးထိမှန် မီးလောင်သွားသည့် နေအိမ်များကို နောင်ချိုမီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထုများမှ သွားရောက်မီးငြိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဇွန်လ (၂၅)ရက်တစ်ရက်အတွင်း နောင်ချိုမြို့နယ်ရှိ နောင်လင်၊ နောင်အော၊ လုံစံနှင့် နောင်ဖာကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း  စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၂၈)လုံးနှင့် လက်နက်ကြီး (၆၈) လုံး ပစ်ကူတိုက်ခိုက်ခဲ့ပါတယ်။


နောင်လင်ကျေးရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံး (၁၄)လုံးနှင့် လက်နက်ကြီး (၅၄)လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ကာ နောင်အောကျေးရွာတွင်လည်း စစ်ကောင်စီတပ်မှ ဒရုန်းဖြင့်ဗုံး ()လုံးနှင့် လက်နက်ကြီး ()လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့ပြီး လုံစံကျေးရွာကိုလည်း ဒရုန်းဖြင့် ဗုံး ()လုံးနှင့် လက် နက်ကြီး ()လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အုမ္မခါးကျေးရွာဘက်လည်း ဒရုန်းဖြင့် ဗုံး () လုံး ကြဲချခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၅။ နောင်ဗို ကျေးရွာကို PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ တစ်ဦး ဒဏ်ရာရ


ဇွန်လ ၂၆ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ဗို ကျေးရွာကို စစ်ကောင်စီတပ်နဲ့ ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။


ဇွန်လ ၂၅ ရက်နေ့ နာရီ အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နောင်ဗိုကျေးရွာကို ၆၀ မမ လက်နက်ကြီးဖြင့် ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


၎င်း တိုက်ခိုက်မှုကြောင့် အသက် ၄၉ နှစ်အရွယ် မွိုးဒုံး ဆိုသူ လက်နက်ကြီး ထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


ထိခိုက်ဒဏ်ရာ ရရှိသူကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO/PNLA ကယ်ဆယ်ရေး တပ်ဖွဲ့မှ သွားရောက်ကယ်ထုတ်ကာ ကုသမှု ပေးနေတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၆။ ကြယ်နီမဟာမိတ်ထောက်ပို့တပ်ပေါင်းစုအဖွဲ့အား တနင်္သာရီတိုင်းစစ်ဌာန၏ ထောက်ပို့အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာ


ဇွန်လ ၂၆ ရက်

Radio NUG 


အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာလုယူပြီးသည့်အချိန်မှစ၍ ယနေ့အထိတိုင်အောင် စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ ပြည်သူများနှင့် ပူးပေါင်းကာ တော်လှန်ရေးလုပ်ငန်းစဉ်အား အစဉ်တစိုက်လုပ်ဆောင်လာခဲ့သည့် ကြယ်နီမဟာမိတ်ထောက်ပို့တပ်ပေါင်းစုအဖွဲ့နှင့် တနင်္သာရီတိုင်းစစ်ဌာနတို့ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက် ၂ဝ၂၅ ဇွန်လ ၂၁ ရက်နေ့တွင် နားလည်မှုစာချွန်လွှာအား နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ထိုနားလည်မှုစာချွန်လွှာ အပိုဒ်()အရ ကြယ်နီမဟာမိတ်ထောက်ပို့တပ်ပေါင်းစုအဖွဲ့၊ ဖွဲ့စည်းခြင်းနှင့်အတူ ကြယ်နီမဟာမိတ် အမှုဆောင်အဖွဲ့ဝင်များ၊ အဖွဲ့အစည်းများအား တနင်္သာရီတိုင်းစစ်ဌာန၏ ထောက်ပို့ရဲဘော်များအဖြစ်လည်းကောင်း၊ ထောက်ပို့ အဖွဲ့အစည်းများအဖြစ်လည်းကောင်း အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပါတယ်။


========================


🚩🚩၇။ မြန်မာစစ်တပ်မှ အဓမ္မစုဆောင်းခံရသူ ၅ဦး  တော်လှန်ရေးအဖွဲ့များထံ အလင်းဝင်ရောက်


ဇွန်လ ၂၆ ရက်

Radio NUG 


ဇွန်လ ၂၅ ရက်တွင် ရန်ကုန် ဂျိုးဖြူ အမှတ်() တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ စစ်မှုထမ်းအပတ်စဉ် (၁၀)မှ လူငယ်နှစ်ဦးသည် ရှေ့တန်းစစ်မျက်နှာမှ ထွက်ပြေးလာပြီး ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံ ခိုလှုံခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


၎င်းတို့အား လက်ရှိတွင် ပကဖအဖွဲ့က ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရပါတယ်။


ထို့အတူ ဇွန်လ ၂၄ ရက်တွင် ကိုလှမျိုးထွန်း (ကိုယ်ပိုင်အမှတ် ပစ/၁၅၂၃၅၆) ချမ်းပြည့်အောင် (ကိုယ်ပိုင်အမှတ် ပစ/၁၅၂၈၁၃) နှင့် ညိမ်းသူအောင် (ကိုယ်ပိုင်အမှတ် ပစ/၁၅၂၈၂၉) တို့သည် မြန်မာစစ်တပ်မှ အဓမ္မစုဆောင်းခံရပြီး ရကသ()ဗထူးသင်တန်းကျောင်းတွင် သုံးလတာ စစ်သင်တန်းတက်ရောက်ခဲ့ရပြီး ဇွန်လ ၁၆ ရက်တွင် ပခုက္ကူမြို့၊ တပ်မ ၁၀၁ လက်အောက်ခံ တပ်ရင်း ၂၅၁ သို့ ပို့ဆောင်ခံခဲ့ရကာ စစ်တပ်လက်အောက်တွင် ဆက်လက်မနေထိုင်လိုသဖြင့် ဇွန်လ ၂၄ ရက်တွင် ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။


၎င်းတို့အား Burma Revolution Rangers တပ်ဖွဲ့က သွားရောက်ခေါ်ဆောင်ပြီး ၎င်းတို့၏ မိသားစုများရှိရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

Related Posts:

No comments:

Post a Comment