၂၀၂၅ ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ”အောင်ပွဲညံစီ ရှမ်းရိုးမနှင့်ကရင်နီ “သိန်း (၁၀,၀၀၀) Campaignရဲ့ ဒုတိယမြောက် Challenge ဖြစ်တဲ့ "ဗျူဟာမှူးကို လေလံဆွဲမလား" Challenge ၅၈ရာခိုင်နှုန်းအထိရောက်ရှိလာ
📌 ၂။ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှတဆင့် Myanmar Humanitarian Aidမှ စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ များလှူဒါန်း
📌 ၃။ ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့အနီး ယနေ့မနက် ငလျင်နှစ်ကြိမ်လှုပ်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုးကုတ်မြို့တွင် စစ်ကောင်စီလေတပ်က ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAသတင်းထုတ်ပြန်
🚩 ၂။ တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားများ အများအပြား(DPLA)ထံအလင်းဝင်ရောက်လာ
🚩 ၃။ ခလရ (၁၀၄) လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံ
🚩 ၄။ စစ်ကောင်စီ၏ နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းသို့ ပို့ဆောင်ခံရသော စကစတပ်သားတဦး လက်နက်နဲ့အတူအလင်းဝင်၍ဆုကြေး သိန်း ၃၀ ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ”အောင်ပွဲညံစီ ရှမ်းရိုးမနှင့်ကရင်နီ “သိန်း (၁၀,၀၀၀) Campaignရဲ့ ဒုတိယမြောက် Challenge ဖြစ်တဲ့ "ဗျူဟာမှူးကို လေလံဆွဲမလား" Challenge ၅၈ရာခိုင်နှုန်းအထိရောက်ရှိလာ
ဇူလိုင် ၁၄ရက်
“အောင်ပွဲညံစီ ရှမ်းရိုးမနှင့်ကရင်နီ” သိန်း (၁၀,၀၀၀) Campaignရဲ့ ဒုတိယမြောက် Challenge ဖြစ်တဲ့ "ဗျူဟာမှူးကို လေလံဆွဲမလား"Challenge ၅၈ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီလို့ အသိပေးဆိုပါတယ်။
"ဗျူဟာမှူးရဲ့ ကျပ်သိန်း "500" Challengeဟာဆိုရင်ဖြင့် 58%သို့ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ကျန်နေတဲ့ 42% လေးကို ပြည့်မီအောင် အတူတူဆက်တွန်းကြဖို့ page messenger လေးက မျှော်နေပါတယ်"လို့ အသိပေးဆိုထားပါတယ်။
ပကာသနမရှိ မာန်မာနကင်းပြီး ခေါင်းဆောင်ကောင်းပီသသူ စစ်ရေးအမြင်စူးရှသူ ကျွန်တော်တို့ရဲ့ ဗျူဟာမှူးကို လေးစားချစ်မြတ်နိုးတဲ့စိတ်နဲ့ ကျွန်တော်တို့ Campaign ရဲ့ 72 hours သိန်း 500 Challenge လေးကို အောင်မြင်အောင် ဝန်းရံပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၂။ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှတဆင့် Myanmar Humanitarian Aidမှ စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ များလှူဒါန်း
ဇူလိုင် ၁၄ရက်
အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှတဆင့် Myanmar Humanitarian Aidမှ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ များလှူဒါန်းခဲ့တယ်လို့ဇူလိုင်လအတွင်းဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။
မေလနှောင်းပိုင်းမှစ၍ ပြင်းထန်လာသော တိုက်ပွဲများကြောင့် ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် လူဦးရေ ၁၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာ လူဦးရေ ခန့်မှန်းခြေ ၃ ဒသမ ၅ သန်းခန့်ရှိမယ်လို့ UN OCHA Myanmarက ဖော်ပြထားပါတယ်။
========================
📌📌 ၃။ ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့အနီး ယနေ့မနက် ငလျင်နှစ်ကြိမ်လှုပ်
ဇူလိုင် ၁၄ရက်
ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့အနီးသို့ ယနေ့မနက်တွင် ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၆:၃၁ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၆ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
အလားတူမြန်မာစံတော်ချိန် နံနက် ၇:၀၃ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၏အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၀ အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် NUG လူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ အသိပေးအပ်နှိုးဆော်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုးကုတ်မြို့တွင် စစ်ကောင်စီလေတပ်က ထပ်မံဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအဝင် ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAသတင်းထုတ်ပြန်
ဇူလိုင် ၁၄ရက်
တအာင်းပြည်၊ တပ်မဟာ (၄)နယ်မြေ၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂)ဦးအပါအ၀င် ပြည်သူလူထု (၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLAကသတင်းထုတ်ပြန်ပါတယ်။
ဖြစ်စဥ်တွင် ယမန်နေ့ ည(၁၀း၃၀)နာရီအချိန်၌ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပန်းမထိပ်အနီးတွင် ပေါင် (၅၀၀) ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် (၂)ဦး၊ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၃)ဦးတို့ ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၆)လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ အတည်ပြုထားပါတယ်။
အလားတူ ယမန်နေ့ နံနက်ပိုင်းအချိန်၌ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံး (၄)လုံး ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂)အိမ်နှင့် ဇလပ်ဝါအချိုခြောက်စက်ရုံလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်သည် ဇွန်လ (၂၉)ရက်နေ့မှ ဇူလိုင်လ (၁၃)ရက်နေ့ နံနက်ပိုင်းအထိ လေကြောင်းဖြင့် ကျောက်မဲမြို့တွင် (၆)ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် (၁)ကြိမ်၊ မိုးကုတ်မြို့တွင် (၁)ကြိမ်နှင့် သီပေါမြို့တွင် (၁)ကြိမ်တို့ စုစုပေါင်း (၉)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထိုဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ကလေးငယ်အပါ အဝင် ပြည်သူလူထု (၇)ဦး သေဆုံးခဲ့ရပြီး ကလေးငယ် (၂)ဦးနှင့် ပြည်သူလူထု (၃၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၂)အိမ်၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီးကျောင်း (၄)ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါတယ်။
========================
🚩🚩 ၂။ တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားများ အများအပြား(DPLA)ထံအလင်းဝင်ရောက်လာ
ဇူလိုင် ၁၄ရက်
တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားများ အများအပြား(DPLA)ထံ အလင်းဝင်ရောက်လာတယ်လို့ ဇူလိုင်၁၄ရက်မှာ အတည်ပြုသတင်းထုတ်ပြန်ထားပါတယ်။
နောင်ချိုမြို့နယ်နှင့်အနီးတဝိုက်တွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)၊တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ပူပေါင်းတပ်နှင့် စစ်ကောင်စီတို့ကြား ဇွန်လ(၂၄)ရက်နေ့မှစ၍ ယခုချိန်အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြင်းထန်လျက်ရှိပါတယ်။
"ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်၊တောင်းခမ်းမှ နောင်ချိုထိုးစစ်တွင် စစ်ကောင်စီတပ်သားအများအပြား လက်နက်အပြည့်အစုံဖြင့် ပြီးခဲ့သည့်ဇွန်လ၌ ( DPLA )ထံ အလင်းဝင်လာခဲ့ခြင်းဖြစ်ပါတယ်"လို့ DPLAက ဖော်ပြပါတယ်။
တောင်းခမ်းမှနောင်ချိုထိုးစစ်တွင် တိုက်ပွဲဝင်နေကြသော စစ်ကောင်စီတပ်သားများတွင် အပေါ်တာဆွဲခံခဲ့ရသောတပ်သားများအများအပြားပါရှိကြောင်း သိရှိရပါတယ်။
ထိုအလင်းဝင်လာသောတပ်သားများကို ဆန္ဒအလျောက် သူတို့၏နေရပ်သို့ ပြန်လည်ပို့ဆောင်ရန်အတွက် စီစဉ်လျှက်ရှိတယ်လို့ဖော်ပြပါတယ်။
========================
🚩🚩 ၃။ ခလရ (၁၀၄) လက်အောက်ခံ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင်ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံ
ဇူလိုင် ၁၄ရက်
ခလရ (၁၀၄) လက်အောက်ခံ လောင်းလုံး နတ်အိမ်တောင်နှင့် အမြောက်ကုန်း လှုပ်ရှားတပ်ခွဲ တပ်ခွဲမှူး ဗိုလ်ကြီး ဇော်ဇော်အောင် DSA - 52 သည် စစ်ကောင်စီ၏ လက်ရှိကျင့်သုံးနေသော စနစ်နှင့် ဆောင်ရွက်နေသော နည်းလမ်းများကို လက်မခံနိုင်သဖြင့် ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း KNU ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ် ရိုင်က ဇူလိုင် ၁၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
၄င်းဟာ ဇူလိုင်လ ၂ ရက်နေ့က ဘက်ပြောင်းလာခဲ့သည့် ဗိုလ်ကြီး မျိုးဆွေဦး(ခ)စောမိုးစက်နှင့် ချိတ်ဆက်ကာ KNU တပ်မဟာ-၄၊ တပ်ရင်း(၁၀) သို့ ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်ပါတယ်။
ဗိုလ်ကြီးဇော်ဇော်အောင် ဘက်ပြောင်းလာမှုအတွက် KNLA တပ်မဟာ-၄ မှ ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် လှိုက်လဲနွေးထွေးစွာ ကြိုဆိုကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
========================
🚩🚩 ၄။ စစ်ကောင်စီ၏ နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းသို့ ပို့ဆောင်ခံရသော စကစတပ်သားတဦး လက်နက်နဲ့အတူအလင်းဝင်၍ဆုကြေး သိန်း ၃၀ ရရှိ
ဇူလိုင် ၁၄ရက်
မကွေးတိုင်း နှင့် ရခိုင်ပြည်အစပ် စစ်ကောင်စီ၏ နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းသို့ ပို့ဆောင်ခံရသောစကစတပ်သားတဦး လက်နက်နဲ့အတူ အလင်းဝင်၍ ဆုကြေးသိန်း၃၀ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။
မကွေးတိုင်း ၊ သရက်ခရိုင် ၊ သရက်မြို့တွင် အကြမ်းဖက်စစ်တပ်မှ စစ်မူထမ်းရန် မတရားဖမ်းစီး ပေါ်တာဆွဲခံရပြီးနောက် ၊ မကွေတိုင်း နှင့် ရခိုင်ပြည်အစပ် စစ်ကောင်စီ၏ နတ်ရေကန်စခန်းကုန်း ကာကင်းစခန်းသို့ ပို့ဆောင်ခံရသော အသက် (၂၄) နှစ်အရွယ် ကိုမောင်(အမည်လွှဲ)သည် ၊ ရှေ့တန်းကင်းကျချိန်တွင် ၊ MA1 (၁)လက်၊ MAကျည်ဘောက် (၃)ခု ၊ 5.56ကျည် (၁၀၀)တောင့် ၊ အီကွယ်မန့် (၁) ခုတို့ နှင့် အတူ ထွက်ပြေးလာခဲ့တယ်လို့ သရက်ခရိုင်အမှတ်-၄တပ်ရင်းက အတည်ပြုဆိုထားပါတယ်။
ဇွန်လ၂၅ရက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ သရက်ခရိုင်စစ်ဌာန ၊သရက်ခရိုင်အမှတ်-၄တပ်ရင်းသို့ ချိတ်ဆက်အလင်းဝင်ရောက်လာခဲ့တဲ့ ကိုမောင်အားကောင်းမွန်စွာ လက်ခံကြိုဆိုပြီး ဆုကြေးငွေ မြန်မာငွေ သိန်း (၃၀) ကျပ်အား ဂုဏ်ပြုချီးမြှင့်ခဲ့တယ်လို့သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment