၂၀၂၅ ဇူလိုင်လ ၂၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ပထမမူကြမ်းကို ချပြဆွေးနွေး
📌 ၂။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ တိုးချဲ့ဖွဲ့စည်း
📌 ၃။ ဒေါက်တာဂွန်း (E.R.T အညာ)နှင့် 96 Donation ပူးပေါင်းကာ စစ်ဘေးရှောင်ကျေးရွာအတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်
📌 ၄။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု ယနေ့မနက်လှုပ်ခတ်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက်စစ်အုပ်စုက နွားထိုးကြီး၊ မျက်ရှုရွာ၊ကျောင်းကြီးကုန်းဘုရားကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်ကို NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အသေးစိတ်ထုတ်ပြန်
🚩 ၂။ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အပါအဝင် စေတနာရှင်အလှူရှင်များမှ လေကြောင်းရန်သတင်းပို့စနစ်TYT စကားပြောစက် အလုံး(၆၀)တိတိကို ထောက်ပို့ပေးအပ်
🚩 ၃။ စစ်ကောင်စီရဲ့ တပ်တွင်းက စစ်သားနဲ့ စစ်သားမိသားစုတွေ သတိရှိပြီး ပြည့်သူ့ရင်ခွင်မှာ အေးချမ်းစွာ လာရောက်ပူးပေါင်းသင့်
🚩 ၄။ ၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းစစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် စုစုပေါင်း ၆၈ ဦး ရှိခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ပထမမူကြမ်းကို ချပြဆွေးနွေး
ဇူလိုင်၂၈ရက်
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ မကွေးဖက်ဒရယ်ယူနစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယူနစ်၊ ခရိုင်၊ မြို့နယ်အလုပ်မှုဆောင်များအား မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ပထမမူကြမ်းကို ၂၀၂၅ ခုနှစ်၊ဇူလှိုင်လ (၂၇)ရက်နေ့၊နေ့လယ်(၁)နာရီအချိန်တွင် Zoom Meetingစနစ်ဖြင့် အစည်းအဝေးတရပ်ကို ကျင်းပခဲ့ပါတယ်။
ပထမဦးစွာ အခမ်းအနားဖွင့်လှစ်ပြီး ခေတ်အဆက်ဆက်တွင် ဒီမိုကရေစီရရှိရေး အသက်ပေးသွားကြသော ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားပြည်သူများကို အောက်မေ့သောအားဖြင့် ၈ စက္ကန့်ငြိမ်သက် အလေးပြုခဲ့ကြပါတယ်။
ထို့နောက် ဗဟိုကော်မတီဝင်တဦးမှ အဖွင့်ပြောကြားခြင်း၊ ယူနစ်အလုပ်မှုဆောင်အဖွဲ့ဝင်တဦးမှ မိတ်ဆက်ပြောကြားခြင်း၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဋ္ဌမှ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံ ပထမမူကြမ်းဖြစ်ပေါ်လာပုံတို့ကို တင်ပြခဲ့ပါတယ်။
၄င်းနောက် ယူနစ်လွှတ်တော်ကိုယ်စားလှယ်တဦးမှ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံပထမမူကြမ်းကို ချပြရှင်းလင်းခဲ့ပြီးတက်ရောက်လာသူများမှ အကြံဉာဏ်များပေးခြင်း၊ ပြန်လည်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တဦးမှ နိဂုံးချုပ်စကားပြောကြားခြင်း၊ ယူနစ်အလုပ်မှုဆောင်တဦးမှ ကျေးဇူတင်စကားပြောကြားပြီး အခမ်းအနားကိုအောင်မြင်စွာ ရပ်နားခဲ့ပါတယ်။
အစည်းအဝေးကို လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ ယူနစ်အလုပ်မှုဆောင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗဟိုကော်တီဝင်များ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ ယူနစ်ကိုယ်စားလှယ်များ၊ ခရိုင်အလုပ်မှုဆောင်များ၊ မြို့နယ်အလုပ်မှုဆောင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၂။ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ တိုးချဲ့ဖွဲ့စည်း
ဇူလိုင်၂၈ရက်
ကရင်နီပြည်အတိုင်ပင်ခံကောင်စီ တိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကို ဇူလိုင်လ (၂၈) ရက်မှာ ကောင်စီက ကြေညာလိုက်ပါတယ်။
ထုတ်ပြန်ကြေညာချက်အရ ကရင်နီပြည်အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ ၊ဒု ဥက္ကဋ္ဌ ၊အထွေထွေအတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူး၊အလုပ်အမှုဆောင်အဖွဲ့ဝင်၊ကောင်စီဝင်စုစုပေါင်း ၁၄ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
၄င်းတို့ထဲတွင် လူငယ်နဲ့ နိုင်ငံရေးပါတီအပါအဝင် အရပ်ဖက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်တို့လည်း ပါဝင်ကြပါတယ်။
========================
📌📌 ၃။ ဒေါက်တာဂွန်း (E.R.T အညာ)နှင့် 96 Donation ပူးပေါင်းကာ စစ်ဘေးရှောင်ကျေးရွာအတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်
ဇူလိုင်၂၈ရက်
ဒေါက်တာဂွန်း (E.R.T အညာ) နှင့် 96 Donation ပူးပေါင်းကာ စစ်ဘေးရှောင်ကျေးရွာအတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒေါက်တာဂွန်း (E.R.T အညာ) နှင့် 96 Donation ပူးပေါင်းကာ စစ်ဘေးရှောင်ကျေးရွာအတွင်းရှိ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သော တကိုယ်ရည်သုံးပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို ထောက်ပံ့ကူညီခဲ့တယ်လို့ 96 Donationက ဖော်ပြပါတယ်။
========================
📌📌 ၄။ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု ယနေ့မနက်လှုပ်ခတ်
ဇူလိုင်၂၈ရက်
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၇ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု ယနေ့မနက်လှုပ်ခတ်ခဲ့ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၀:၀၁ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၇ အဆင့်နှင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ NUGလူသားချင်းစာနာထောက်ထားရေးနှင့်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်များကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက်စစ်အုပ်စုက နွားထိုးကြီး၊ မျက်ရှုရွာ၊ကျောင်းကြီးကုန်းဘုရားကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဥ်ကို NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အသေးစိတ်ထုတ်ပြန်
ဇူလိုင်၂၈ရက်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ မျက်ရှုရွာအနီးရှိ စစ်ဘေးရှောင်များရှိရာ ကျောင်းကြီးကုန်းဘုရားကို ဇူလိုင် ၂၆ ရက်နေ့ မနက် ၁၀နာရီ ၄၅ မိနစ်မှာ အကြမ်းဖက်စစ်အုပ်စုက ဒရုန်းဗုံးနဲ့ (၃)ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၄) ဦးအပါအဝင် ပြည်သူ (၆)ဦးအပြစ်မဲ့သေဆုံးခဲ့သလို ကလေးငယ်နဲ့ ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ပါတယ်။
တံတားဦးမြို့နယ်၊ သက္ကယ်ကျင်းလေကြောင်းကာကွယ်ရေးတပ်ကနေ နွားထိုးကြီးမြို့နယ်၊ အောင်ချမ်းသာရွာ၊ အောင်မြင်သာရွာတို့ကို ဖြတ်ပြီးစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်အုပ်စု၏ အင်အား (၁၅၀) ခန့်ပါတဲ့စစ်ကြောင်းဟာ မျက်ရှုရွာအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်တပ်စွဲခဲ့တာဖြစ်ပါတယ်။
ဇူလိုင် ၂၆ ရက်မနက်ပိုင်းမှတော့ မျက်ရှုရွာမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မျက်ရှုရွာနဲ့ ၂ မိုင်ခန့်ဝေးတဲ့ စစ်ရှောင်များခိုလှုံရာ ကျောင်းကြီးကုန်းဘုရားကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင်သက်ကြီးရွယ်အိုတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ဖော်ပြပါတယ်။
အပြစ်မဲ့သေဆုံးခဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်ယောကျ်ားလေး(၂)ဦးနဲ့ မိန်းကလေး(၂)ဦးအပါအဝင် အသက်(၄၀)အရွယ်အမျိုးသမီး(၁)ဦးနဲ့ အသက်(၆၀)အရွယ် အမျိုးသမီး(၁)ဦး စုစုပေါင်း(၆)ဦး သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် ကျောင်းကြီးကုန်းဘုရားအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာ (၃) ရွာက ဒေသခံပြည်သူ ၁၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
လက်ရှိအချိန်ဟာ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ ဝါတွင်းကာလအချိန်ဖြစ်ပေမယ့် အကြမ်းဖက်စစ်အုပ်စုဟာအပြစ်မဲ့ပြည်သူတွေရှိတဲ့နေရာတွေနဲ့အတူ ဘာသာရေးအဆောက်အအုံတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေဟာ ဒီကာလအတွင်းမှာပဲ ဆိုးရွားစွာကျူးလွန်တိုက်ခိုက်နေတာပဲဖြစ်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကဆိုပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီးအကြမ်းဖက်စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။
========================
🚩🚩 ၂။ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အပါအဝင် စေတနာရှင်အလှူရှင်များမှ လေကြောင်းရန်သတင်းပို့စနစ်TYT စကားပြောစက် အလုံး(၆၀)တိတိကို ထောက်ပို့ပေးအပ်
ဇူလိုင် ၂၈ရက်
အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အပါအဝင် စေတနာရှင်အလှူရှင်များမှ ဆားလင်းကြီး စာသင်ကျောင်းတွေအတွက် လေကြောင်းရန်သတင်းပို့စနစ်TYT စကားပြောစက် အလုံး(၆၀)တိတိ ကို ထောက်ပို့ပေးအပ်ခဲ့ပါတယ်။
"ဆားလင်းကြီး စာသင်ကျောင်းတွေအတွက် TYT စကားပြောစက် အလုံး(၆၀)တိတိ ကို ထောက်ပို့နိုင်ခဲ့ပါပြီ။ပါဝင်ကူညီပေးခဲ့ကြတဲ့ သူအားလုံးကျေးဇူးတင်ရှိပါတယ်"လို့ ဆားလင်းကြီးမြို့နယ်လက်ပံတောင်းတောင် ပင်မသပိတ်က အသိပေးဆိုထားပါတယ်။
အဆိုပါစကားပြောစက်များရရှိ၍ စစ်ကောင်စီရဲ့လေကြောင်းသတင်းများ ကြိုတင်ရရှိပြီး ဆရာ၊ဆရာမနှင့် ကျောင်းသား၊ကျောင်းသူများ ဗုံးခိုကျင်းသို့ ကြိုတင်ရှောင်ရှားနိုင်တော့မယ်လို့ အသိပေးဆိုထားပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီရဲ့ တပ်တွင်းက စစ်သားနဲ့ စစ်သားမိသားစုတွေ သတိရှိပြီး ပြည့်သူ့ရင်ခွင်မှာ အေးချမ်းစွာ လာရောက်ပူးပေါင်းသင့်
ဇူလိုင်၂၈ရက်
စစ်ကောင်စီရဲ့တပ်တွင်းက စစ်သားနဲ့ စစ်သားမိသားစုတွေ သတိရှိပြီး ပြည့်သူ့ရင်ခွင်မှာ အေးချမ်းစွာ လာရောက်ပူးပေါင်းသင့်တယ်လို့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUGကိုယ်စားလှယ် ဦးလင်းသန့်က ဆိုပါတယ်။
"လောက်ကိုင်မှာ လက်နက်ချခဲ့ကြတဲ့ တပ်ရင်းဟာ အခု မန်းတိုင်း ပုသိမ်းကြီးမှာ စစ်ကောင်စီရဲ့ ထိုးစစ်မှာ ပြန်အသုံးချတဲ့ အထောက်အထားတွေ ရှိတယ်လို့ မန်း PDF က ထုတ်ပြန်တယ်။ ဆိုလိုတာက စစ်ကောင်စီဟာ လက်နက်ချခဲ့ဖူးတဲ့ စစ်သားတွေကို မသေမချင်း တိုက်ခိုင်းနေတဲ့ သဘောပဲ။ ဒါကို စစ်ကောင်စီရဲ့တပ်တွင်းက စစ်သားနဲ့ စစ်သားမိသားစုတွေ သတိရှိပြီး ပြည့်သူ့ရင်ခွင်မှာ အေးချမ်းစွာ လာရောက်ပူးပေါင်းသင့်တယ်"လို့မှတ်ချက်ပြုဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများကို ဆက်သွယ်ကာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တပ်သားနှင့်ရဲ (၆၄) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပါတယ်။
========================
🚩🚩 ၄။ ၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်းစစ်ကောင်စီအဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် စုစုပေါင်း ၆၈ ဦး ရှိခဲ့
ဇူလိုင်၂၈ရက်
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲ နဲ့ ပြည်သူ့စစ် စုစုပေါင်း ၆၈ ဦး ရှိခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြပါတယ်။အလင်းဝင်သူ စစ်သား ၄၂ ဦးအနက် ၃၅ ဦးမှာ စစ်မှုထမ်းတပ်သားသစ်များဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ တတိယပတ်အထိ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း - ၁၇၁၁ ဦးထိရှိခဲ့ပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့လည်း စစ်ကောင်စီလက်အောက်ခံ စစ်သည်တွေရဲ့ ဘဝသစ်အတွက် အသက်ကို အာမခံပေးနိုင်ကြောင်း သတင်းစကားနဲ့တကွ ဆက်သွယ်မှုလမ်းကြောင်းတွေ ဖွင့်ပေးထားကြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment