၂၀၂၅ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများ ထိန်းချုပ်နယ်မြေများသို့ သွားရောက်ပြီး  ပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်များအားတွေ့ဆုံ

📌 ၂။ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေးကမ်ပိန်းကို Click နှိပ်ကြည့်ပြီး လှူဒါန်းနိုင်သည့် Websiteကို NUG မိတ်ဆက်

📌 ၃။ သိန္နီခရိုင် နောင်မွန်မြို့နယ်သို့ စစ်ဘေးရှောင်လာတဲ့ ပြည်သူ (၁၀၀၀) ကျော် ရှိလာ၊ MNDAA မှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေး

📌 ၄။ မြန်မာနိုင်ငံမှာ ပြည်သူ () ဦးမှာတစ်ဦးက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေ

📌 ၅။ မန္တလေးတိုင်း စစ်ဌာနအတွင်းရှိ MOD လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအတွက်  ကာကွယ်ရေးပစ္စည်းများ ပံ့ပိုးရန် “Road to Mandalay” ကမ်ပိန်း ပြုလုပ်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ အရပ်သား () ဦး သေဆုံးစေခဲ့တဲ့ ကွတ်ခိုင် လေကြောင်းတိုက်ခိုက်မှုက ခက်ခဲစွာရရှိထားတဲ့ စစ်ပြေငြိမ်းရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်လို့ MNDAA ဆို

🚩၂။ စစ်အာဏာရှင် ကျဆုံးလုနီးပါးဖြစ်နေသည့် အခြေအနေကောင်းကို အသုံးချကာ စုပေါင်းပြီး  တော်လှန်တိုက်ခိုက်ကြရန် TNLA တောင်းဆို

🚩၃။ ကန့်ဘလူမြို့နယ်ရှိ NUG ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ၊ ကလေးငယ်အပါအဝင် ဦး သေဆုံး

🚩၄။ လက်ပန်လှကျေးရွာရှိ ရဲစခန်းနှင့် ရွှေပန်တောကျေးရွာတို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အကျဉ်းသားများနှင့် သံသယတရားခံများအပါအဝင် ၂၄ ဦး သေဆုံးပြီး ၃၀ ဦး ဝန်းကျင် ထိခိုက်

🚩၅။ ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံး

🚩၆။ လောင်းလုံမှာ စစ်ကောင်စီ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃၀ ဦး ထပ်မနည်း သေဆုံး၊ တော်လှန်ရေး ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့

🚩၇။ တညောင်ရဲစခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီ လက်အောက်ခံ ရဲ ဦး သေဆုံးပြီး ဦး လက်နက်ချ

🚩၈။ ဧရာဝတီမြစ်ကြောင်းတွင် KIA ပူးပေါင်းတပ်ဖွဲ့က စစ်သင်္ဘောများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

🚩၉။ စစ်ကိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်၊တပ်ကူ ထွက်လာတဲ့ စစ်ကြောင်းကိုလည်း ထပ်မံ တိုက်ခိုက်ခဲ့

🚩၁၀။ တနင်္သာရီတိုင်း၊ ကော့သောင်း နဲ့ သရက်ချောင်း အခြေစိုက် စစ်ကောင်စီတပ်များက တပ်သား () ဦး အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများ ထိန်းချုပ်နယ်မြေများသို့ သွားရောက်ပြီး  ပြည်သူလူထုနှင့် တော်လှန်ရေးရဲဘော်များအားတွေ့ဆုံ


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူများသည် NUG ထိန်းချုပ်နယ်မြေများသို့ သွားရောက်၍ ဒေသခံပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်များနှင့် တွေ့ဆုံခဲ့ကြောင်း NUG မှ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ခရီးစဉ်သည် အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများ၏ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး ယန္တရားများနှင့် အနီးကပ်ထိတွေ့၍ တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန်၊ မြေပြင်၌ ဦးဆောင်နေသည့် တာဝန်ခံများ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ နှင့် ထိတွေ့၍ ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုများ တည်ဆောက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် ထိန်းချုပ်နယ်မြေအတွင်း၌ ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများ၊ အခက်အခဲ ပြဿနာများကို သိရှိပြီး အဖြေ ရှာနိုင်ရန်၊ မြေပြင်၌ တော်လှန်ရေးတာဝန် ထမ်းဆောင်နေကြသည့် တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် တွေ့ဆုံ၍ တော်လှန်ရေးခွန်အားနှင့် တော်လှန်စိတ် စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများသည် မြေပြင် ပြည်သူလူထုနှင့် တသားတည်းရှိနေသည်ကို ပြည်သူလူထုထံ သတင်းစကားပါး၍ တော်လှန်ရေး စိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်စေရန်လည်း ရည်ရွယ်တယ်လို့ သိရပါတယ်။

ထိန်းချုပ်နယ်မြေများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဒေသခံလူထုအပါအဝင် မြို့နယ်/ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံများ၊ မြို့နယ်/ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းမှူးများ၊ စစ်ဒေသရုံးမှ စစ်ဒေသမှူးနှင့် ရုံးအဖွဲ့များ၊ မြို့နေ ရပ်မိရပ်ဖိများ၊ သံဃာတော်များနှင့် တွေ့ဆုံခဲ့တယ်လို့ အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလသည် ခရီးစဉ်အတွင်း စစ်ဘေးရှောင် ပြည်သူလူထုနှင့် တွေ့ဆုံ၍ ပြည်သူလူထု ကြုံတွေ့ခံစားနေရသည့် အခက်အခဲများကို အလေးအနက်ထား နားထောင်ခဲ့ပြီး စိတ်ဓာတ်ခွန်အား ဝေမျှခြင်းနှင့် စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကူညီလှူဒါန်းမှုများ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ခရီးစဥ်တွင် နိုင်ငံတော် ယာယီသမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ နိုင်ငံတော်သမ္မတရုံး အတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန် ဒေါ်နော်ထီးခူနှင့် ရုံးအဖွဲ့သားများ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ခရီးစဥ်တလျှောက် အစိုးရအဖွဲ့ဝင်များနှင့်အတူ အမှတ် () စစ်ဒေသမှူးလည်း ပါဝင်ခဲ့ပြီး အစိုးရတာဝန်ရှိသူများ၏ လုံခြုံရေးကို အမှတ် () စစ်ဒေသမှ အထူးတာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေးကမ်ပိန်းကို Click နှိပ်ကြည့်ပြီး လှူဒါန်းနိုင်သည့် Websiteကို NUG မိတ်ဆက်


ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေးကမ်ပိန်းတွင် အလှူငွေဖြင့် ပါဝင်လှူဒါန်းခြင်းအပြင် Click နှိပ်ကြည့်ပေးရုံမျှဖြင့် အားဖြည့်ပါဝင် လှူဒါန်းပေးနိုင်သည့် Click to Donate Website ကို စတင်၍ မိတ်ဆက်‌လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။

Click to Donate Website ဖြစ်တဲ့  https://donate.moeedu.org/ Website သို့ ဝင်‌ရောက်ပြီး Click4Edu အစီအစဉ်တွင် Click နှိပ်ကာ ပါဝင်ခြင်းသည် ကလေးငယ်များအတွက် ဘေးကင်းလုံခြုံသော ပညာသင်ယူရာရပ်ဝန်းများ ဖြစ်ပေါ်လာစေရန် ကူညီပံ့ပိုးပေးနိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် အထူးအစီအစဉ်အဖြစ် ကမ်ပိန်းကာလအတွင်း "SAFE HAVEN BUILDER" Rank သို့ ရောက်ရှိလာသည့် Click လှူဒါန်းပါဝင်သူများအား ဂုဏ်ပြုအမှတ်တရ Certificate များ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ထို့သို့ အနာဂတ်မျိုးဆက်သစ်ကလေးများ ဘေးကင်းလုံခြုံစွာ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် "Safe Schools, Safe Education Campaign" Click4Edu အစီအစဉ်တွင် ပါဝင်ကူညီပေးကြပါရန် ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၃။ သိန္နီခရိုင် နောင်မွန်မြို့နယ်သို့ စစ်ဘေးရှောင်လာတဲ့ ပြည်သူ (၁၀၀၀) ကျော် ရှိလာ၊ MNDAA မှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေး


သီပေါနှင့် ကျောက်မဲမြို့အနီး မတည်ငြိမ်မှုများကြောင့် သိန္နီခရိုင် နောင်မွန်မြို့နယ်သို့ စစ်ဘေးရှောင်လာသော ဒေသခံပြည်သူ အရေအတွက် ဆက်လက် တိုးမြင့်လျက်ရှိပြီး  ဇူလိုင်လ (၂၉)ရက်နေ့ စာရင်းဇယားများအရ မြို့နယ်အုပ်ချုပ်ရေးကော်မတီ၏ စောင့်ရှောက်မှုအောက်ရှိ စစ်ဘေးရှောင်ပြည်သူ အရေအတွက်မှာ (၁၁၀၃) ဦးအထိ ရှိလာကြောင်း The Kokang သတင်းဌာနမှာ ဖော်ပြထားပါတယ်။

စစ်ဘေးရှောင်လာသူများမှာ ကြယ်ရင့်ကျေးရွာအုပ်စုမှ အိမ်ထောင်စု (၃၇၂) စု၊ လူဦးရေ (၉၈၃) ဦးနှင့် ရှန်ခိုက်ကျေးရွာအုပ်စုမှ အိမ်ထောင်စု (၂၈) စု၊ လူဦးရေ (၁၂၀) ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

နောင်မွန်မြို့နယ်အုပ်ချုပ်ရေးကော်မတီမှ ဇူလိုင်လ (၂၈) ရက်နေ့နှင့် (၂၉) ရက်နေ့အတွင်း စစ်ဘေးရှောင်ပြည်သူများအား ဆန် (၁၂၉) အိတ်၊ ခြင်ထောင် (၄၁၆) လုံး၊ ဆား () အိတ်၊ အထုပ်သေး () ထုပ်နှင့် စားဆီ () ပီပါတို့ကို ကူညီထောက်ပံ့ပေးခဲ့ပြီး ရှန်ခိုက်ကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်ပြည်သူအများစုမှာ မွတ်စလင်များဖြစ်တာကြောင့် ၎င်းတို့အား စားဆီ မပါဝင်စေဘဲ၊ ဆန် (၁၄) အိတ်၊ ခြင်ထောင် (၅၆) လုံးနှင့် ဆား အထုပ်သေး (၅၅) ထုပ် ထုတ်ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံမှာ ပြည်သူ () ဦးမှာတစ်ဦးက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေ


မြန်မာနိုင်ငံမှာ ပြည်သူ () ဦးမှာ တစ်ဦးက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေတယ်လို့ဗြိတိသျှသံရုံး၊ရန်ကုန်ရဲ့ သံရုံးအကြီးအကဲ Ken OFlaherty က နှုတ်ဆက်စကားမှာထည့်သွင်းပြောကြားခဲ့ပါတယ်။

ဗြိတိသျှသံရုံး၊ရန်ကုန်ရဲ့ သံရုံးအကြီးအကဲအဖြစ် သုံးနှစ်နီးပါး တာဝန်ထမ်းဆောင်မှုအပြီးမှာဗြိတိသျှသံရုံး၊ရန်ကုန်ရဲ့ သံရုံးအကြီးအကဲ Ken OFlaherty ကမြန်မာပြည်ကနေပြန်လည်ထွက်ခွာတော့မှာဖြစ်ပါတယ်။

"ကျွန်တော်တာဝန်ထမ်းဆောင်နေစဥ်ကာလတစ်လျှောက် ကြီးမားတဲ့အခက်အခဲတွေကြားက မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ ကြင်နာမှု နဲ့ ရဲစွမ်းသတ္တိတွေကို မြင်တွေ့ရတာ ကျွန်တော့်အနေနဲ့ ထပ်ခါတလဲလဲ လေးစားအံ့သြမိပါတယ်။ စီးပွားရေးအကျပ်အတည်းတွေသာမက ပြည်သူ () ဦးမှာတစ်ဦးက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်နေပါတယ်။ ပဋိပက္ခများလည်းဆက်လက်ဖြစ်ပွားနေပြီး ပြည်သူများအပေါ်တိုက်ခိုက်မှုတွေလည်းရှိနေဆဲဖြစ်ပါတယ်။ အခုလိုစိန်ခေါ်မှုတွေရှိနေတဲ့အချိန်မှာ မြန်မာနိုင်ငံကနေထွက်ခွာသွားရမှာဖြစ်လို့ ကျွန်တော်တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ကျွန်တော်က တာဝန်ပြီးဆုံးလို့ ထွက်ခွာသွားရတာဖြစ်ပေမယ့် ယူကေအစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ကတိကဝတ်များကတော့ ဆက်လက်တည်ကြည်ခိုင်မာနေဆဲဖြစ်ပါတယ်"လို့ဆိုပါတယ်။ 

ယူကေအစိုးရအနေနဲ့ ကြီးမားတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်ချက်တွေကို တုံ့ပြန်နိုင်ဖို့အတွက် ဆက်လက်ကူညီသွားမှာဖြစ်သလို ပြည်သူများနဲ့အတူတကွလက်တွဲပြီး အားလုံးလိုလားတောင့်တတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့မစ္စတာKen OFlaherty ကဆိုပါတယ်။


========================


📌📌 ၅။ မန္တလေးတိုင်း စစ်ဌာနအတွင်းရှိ MOD လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအတွက်  ကာကွယ်ရေးပစ္စည်းများ ပံ့ပိုးရန် “Road to Mandalay” ကမ်ပိန်း ပြုလုပ်


မန္တလေးတိုင်း စစ်ဌာနအတွင်းရှိ MOD လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များအတွက်  ကာကွယ်ရေးပစ္စည်းများ ပံ့ပိုးရန် “Road to Mandalay” ကမ်ပိန်းကို စတင်ဖော်ဆောင်ထားပါတယ်။

"အဝေးက ပစ်မယ့်ပွဲ မဟုတ်တဲ့ အနီးကပ်ပစ်မယ့် ပွဲတွေ .. ပြောက်ကျားစနစ်နဲ့ ကြိတ်မယ့်ပွဲ မဟုတ်တဲ့  သူတင်ကိုယ်တင် ကြိတ်မယ့် ပွဲတွေပြည်သူ့တော်လှန်စစ်ရဲ့ ဗျူဟာအခင်းအကျင်းနဲ့  ဗျင်းမယ့် ပွဲတွေဖော်ဆောင်နိုင်အောင် ကျည်ကာဦးထုပ်နဲ့  ကျည်ကာဝတ်စုံတွေ လိုအပ်ပါတယ်" လို့ ဆိုထားပါတယ်။

အဆိုပါကမ်ပိန်းတွင် ကျည်ကာဦးထုပ်အတွက် သိန်း၊ ကျည်ကာဝတ်စုံအတွက် ၁၀ သိန်းနှင့် တစ်စုံအတွက် ၁၅သိန်း ကျသင့်မယ်လို့ သိရပါတယ်။

တစ်ဦးချင်းဖြစ်စေ၊ စုပေါင်းပြီးဖြစ်စေ နည်းများမဆို နိုင်သလောက် ကူလို့လည်း ရကြောင်း အသိပေးထားပါတယ်။

ကမ်ပိန်းတားဂတ်သည် USဒေါ်လာ ၁၅၀,၀၀၀ ဖြစ်ပြီး ဇူလိုင်လ ၂၃ ရက်မှ ဩဂုတ်လ ၃၁ ရက်နေ့အထိလို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ အရပ်သား () ဦး သေဆုံးစေခဲ့တဲ့ ကွတ်ခိုင် လေကြောင်းတိုက်ခိုက်မှုက ခက်ခဲစွာရရှိထားတဲ့ စစ်ပြေငြိမ်းရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေတယ်လို့ MNDAA ဆို


အရပ်သား () ဦး သေဆုံးစေခဲ့တဲ့ ကွတ်ခိုင် လေကြောင်းတိုက်ခိုက်မှုက ခက်ခဲစွာ ပြုလုပ်ထားတဲ့ စစ်ပြေငြိမ်းရေး သဘောတူညီချက်ကို ပြင်းထန်စွာချိုးဖောက်လိုက်ခြင်းဖြစ်ပြီး စစ်ပြေငြိမ်းရေးဆိုင်ရာ ယုံကြည်မှုကို ပြင်းထန်စွာ ထိခိုက်စေတယ်လို့ MNDAA က ဆိုပါတယ်။

ကွတ်ခိုင်မြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက် () ကို စစ်ကောင်စီက ဇူလိုင်လ ၃၀ ရက်နေ့ ၁၂ နာရီ ၅၃ မိနစ်မှာ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိ ခဲ့တာပါ။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဟာ ရှမ်းပြည်မြောက်ပိုင်းကို စစ်မီးပြန်လည် လောင်ကျွမ်းနိုင်မှုအန္တရာယ်ကို တိုက်ရိုက် မြှင့်တင်လိုက်ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပါဝင်ပတ်သက် သူများကို လျစ်လျူရှုယုံသာမက၊ ရှုတ်ချခြင်းပင် ဖြစ်တယ်လို့ MNDAA က ဆိုပါတယ်။

MNDAA ဘက်က ကိစ္စရပ်များကို ပိုမို မဆိုးရွားလာစေဖို့ ထိန်းသိမ်းနိုင်စွမ်းရှိသမျှ ဆက်လက် ထိန်းသိမ်းထားပြီး တင်းတင်းမာမာ မရှိနေဘဲ ထိန်းချုပ်မှုဖြင့် တုံ့ပြန်လျက်ရှိကြောင်း အသိပေးထားပါတယ်။

ယခုနှစ်အစောပိုင်းက တရုတ်အစိုးရရဲ့ စေစပ်ညှိနှိုင်းမှုဖြင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်တော် (MNDAA) နဲ့ မြန်မာစစ်ကောင်စီ (SAC) တို့ဟာ ဟိုင်ဂင် စစ်ပြေငြိမ်းရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

စစ်ရပ်စဲခဲ့ပြီးနောက် အထူးဒေသ အုပ်ချုပ်ရေး ကော်မတီရဲ့ ဦးဆောင်မှုဖြင့် စစ်ပြီးကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို တက်ကြွစွာဆောင်ရွက်နေတဲ့ ကွတ်ခိုင်မြို့ကို လေကြောင်းတိုက်ခိုက် ခဲ့တာကြောင့် ပင်ကိုယ်အရ ခက်ခဲစွာ ရရှိထားတဲ့ စစ်ပြေငြိမ်းရေးဟာ စစ်မက်ရဲ့ အရိပ်အာဝါသ ဖုံးလွမ်းသွားခဲ့ပြီလို့ အသိပေးထားပါတယ်။


========================


🚩🚩၂။ စစ်အာဏာရှင် ကျဆုံးလုနီးပါးဖြစ်နေသည့် အခြေအနေကောင်းကို အသုံးချကာ စုပေါင်းပြီး  တော်လှန်တိုက်ခိုက်ကြရန် TNLA တောင်းဆို


စစ်အာဏာရှင် ကျဆုံးလုနီးပါးဖြစ်နေသည့် အခြေအနေကောင်းကို အသုံးချကာ ယခင်ကထက် မဟာဗျူဟာမြောက်သည့် တော်လှန်ရေးလုပ်ငန်းစီမံချက်များဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီ ဝိုင်းဝန်း တော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲအစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအား ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - PSLF/TNLAမှ တောင်းဆိုချက် ထုတ်ပြန်ပါတယ်။

အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ရန် ပြင်ဆင်နေသည့် စစ်ကောင်စီသည် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူလူထုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များ စစ်ပွဲတွင် ကျရှုံးပြီး အဖက်ဖက်မှ ယိုယွင်းပျက်စီးချိနဲ့နေသည့် မြန်မာ့တပ်မတော် အဖြစ်ဆိုးသို့ ကျရောက် လျက်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် စစ်ကောင်စီစစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ဇွန်၊ ဇူလိုင်ကာလအတွင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးကုတ် စသည့် တအာင်းဒေသ၏ မြို့များရှိ ပြည်သူလူထုနေအိမ်၊ ဈေး၊ စာသင်ကျောင်း၊ ဟိုတယ်၊ တည်းခိုခန်း စသည့် ပြည်သူလူထု နေထိုင်သွားလာလှုပ်ရှားရာ နေရာများကို ဦးတည်ပြီး တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် အင်အားပြင်းဗုံးများ နေ့စဉ်ရက်ဆက် ကြဲချလျက်ရှိသည့် စစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်များကို PSLF/TNLA မှ အပြင်းအထန် ကန့်ကွက် ရှုတ်ချထားပါတယ်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ မြို့/ရွာဒေသအသီးသီးရှိ ပြည်သူလူထုများ နေထိုင်သွားလာလှုပ်ရှားရာ နေရာများကို ရည်ရွယ်ချက်ရှိရှိဦးတည်တိုက်ခိုက်သည့် မြန်မာစစ်ကောင်စီ၏ နိုင်ငံတကာစစ်ရာဇဝတ်မှု ကျူးလွန်သည့် လုပ်ရပ်ဆိုးများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် ကူညီဆောင်ရွက်ပေးကြပါရန် ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာအစိုးရတို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

ပြည်သူလူထုအား ရန်သူသဖွယ် ရက်ရက်စက်စက် တိုက်ခိုက်ချေမှုန်းနေသည့် မြန်မာစစ်ကောင်စီ၏ ဗုံးကြဲသည့် အန္တရာယ်များမှ လွတ်ကင်းနိုင်ရန်အတွက် တော်လှန်ရေးသတိဖြင့် လိုအပ်သည့် ဗုံးခိုကျင်းအစီအမံများ ပြုလုပ်ကာ နေထိုင်သွားလာကြပါရန် တအာင်းဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ တော်လှန်ရေးဒေသ မြို့/ရွာများတွင် နေထိုင်ကြသော မိဘပြည်သူများကို တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩၃။ ကန့်ဘလူမြို့နယ်ရှိ NUG ဆေးရုံ လေကြောင်းတိုက်ခိုက်ခံရ၊ ကလေးငယ်အပါအဝင် ဦး သေဆုံး


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အရှေ့ပိုင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဖွင့်လှစ်ထားသော ဆေးရုံတစ်ခုအား စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရပါတယ်။

ဇူလိုင် ၂၉ ရက် ၁၀:၃၀ ဝန်းကျင်တွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဉ်ဖြင့် ဆေးရုံဝင်းအတွင်းသို့ ဗုံး ကြိမ် ကြဲချတိုက်ခိုက်ခဲ့မှုကြောင့် ဆေးကုသမှုခံယူနေသည့် အသက် နှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက်ကြီးရွယ်အို အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့် နောက်ထပ် အမျိုးသား သို့မဟုတ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆေးရုံသည် ရွှေဘို-မြစ်ကြီးနား ကားလမ်းအရှေ့ဘက် တောတွင်းတစ်နေရာတွင် တည်ရှိပြီးချာဂျင်ဟု အမည်ပေးထားကာ ဒေသခံများသာမက အနီးဝန်းကျင်ဒေသများမှ ပြည်သူများလည်း ဆေးကုသမှုခံယူရန် လာရောက်လေ့ရှိတဲ့ ဆေးရုံ တစ်ခုလည်း ဖြစ်ပါတယ်။


========================


🚩🚩၄။ လက်ပန်လှကျေးရွာရှိ ရဲစခန်းနှင့် ရွှေပန်တောကျေးရွာတို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အကျဉ်းသားများနှင့် သံသယတရားခံများအပါအဝင် ၂၄ ဦး သေဆုံးပြီး ၃၀ ဦး ဝန်းကျင် ထိခိုက်


ဇူလိုင်လ (၂၉) ရက်နေ့ ညနေပိုင်းတွင် စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာရှိ ရဲစခန်းနှင့် ရွှေပန်တောကျေးရွာတို့အား အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ သတင်းထုတ်ပြန်ပါတယ်။

လက်ပန်လှရဲစခန်းအား လေကြောင်းတိုက်ခိုက်မှုကြောင့် ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့် စစ်ဆေးနေဆဲ သံသယတရားခံများဖြစ်တဲ့ အမျိုးသား (၂၁)ဦး နှင့် အမျိုးသမီး () ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၃၀) ဝန်းကျင်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် ရွှေပန်းတောကျေးရွာအား လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အမျိုးသား () ဦးနှင့် အမျိုးသမီး () ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိကြောင်း အသိပေးထားပါတယ်။


========================


🚩🚩၅။ ချောင်းဦးမြို့နယ်၊ ကျီးကုန်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် နှစ်ဦးသေဆုံး


ဇူလိုင်လ (၂၉) ရက် ညနေ (:၃၀) ခန့်တွင် ချောင်းဦးမြို့နယ်ရှိ မြပုလဲစစ်တပ်အထိုင်စခန်းမှ လက်နက်ကြီး နှစ်လုံးဖြင့် ကျီးကုန်းကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာ ကျေးရွာလမ်းမပေါ်တွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၁၀) နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့် အသက် (၃၀) အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ အသက် (၁၀) နှစ်ဝန်းကျင်ရှိ ကိုရင်တစ်ပါးအပါအဝင် အမျိုးသား သုံးဦး၊ အသက် (၄၀) အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် (၆၀) အရွယ် အမျိုးသမီး တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ လောင်းလုံမှာ စစ်ကောင်စီ စစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃၀ ဦး ထပ်မနည်း သေဆုံး၊ တော်လှန်ရေး ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာ အထွက်မှာ စစ်ကောင်စီ စစ်ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ဦး ထပ်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ်ဦး ကျဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့ မနက် နာရီခွဲခန့်မှာ အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု ၁၀ နာရီခန့် ကြာမြင့်ခဲ့တယ် လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ၃၀ ထပ်မနည်း သေဆုံးခဲ့ပြီး တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ဘက်ကလည်း ရဲဘော် ဦး မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA) က ဒူရက စစ်ကြောင်း Tavoy People Liberation Force (TPLF) DEF နဂါးနီ ပြောက်ကျားတပ်ဖွဲ့ နဲ့ ဒေါနတပ်ခွဲ () ပူးပေါင်းအဖွဲ့ တို့က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၇။ တညောင်ရဲစခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီ လက်အောက်ခံ ရဲ ဦး သေဆုံးပြီး ဦး လက်နက်ချ


မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်ရဲစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဦး သေဆုံးပြီး ဦး လက်နက်ချ အညံခံခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း က ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ ၃၀ ရက်၊ နံနက် နာရီ ၅၀ မိနစ် အချိန်မှာ စလင်း ပကဖ က တညောင်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ချေမှုန်းနိုင်ခဲ့ပြီး ရဲစခန်း တစ်ခုလုံးကို မီးရှို့ဖျက်စီး နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပြီး ဦး လက်နက်ချ အညံခံခဲ့ကာ ကျန် ရဲတပ်ဖွဲ့ဝင် များက တညောင် လျှပ်စစ်ဓာတ်အားရုံကို ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် G-3 သေနတ် လက်၊ MA-13 တစ်လက် နဲ့ ကျည်များကို သိမ်းဆည်းရရှိခဲ့ကာ ရဲ မိသားစုဝင်များကို လက်ရဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စလင်း ပကဖ ရဲဘော်တစ်ဦး လက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စခန်းအား သိမ်းပိုက်အပြီး မနက် နာရီ ၂၃ မိနစ်မှာ စစ်ကောင်စီက Jet Fighter ဖြင့် ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩၈။ ဧရာဝတီမြစ်ကြောင်းတွင် KIA ပူးပေါင်းတပ်ဖွဲ့က စစ်သင်္ဘောများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်


ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီသင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော စီးနှင့် ရိက္ခာတင်သင်္ဘော စီး ထိမှန်ပျက်စီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များအရ သိရပါတယ်။

ဇူလိုင် ၂၉ ရက်က ရွှေကူမြို့မှ ဗန်းမော်မြို့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ခရီးနှင်လာသော စစ်သင်္ဘောအုပ်စုကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်သင်္ဘော စီးမှာ လက်နက်ကြီးထိမှန်ကာ တိမ်းစောင်းသွားပြီး၊ ရိက္ခာတင်သင်္ဘော စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာသော ရုပ်သံဖိုင်များတွင် တွေ့မြင်ရပါတယ်။

အဆိုပါ စစ်ကောင်စီသင်္ဘောအုပ်စုသည် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရွှေကူမြို့ဆိပ်ကမ်းသို့ ပြန်လှည့်ဆိုက်ကပ်ထားရတယ်လို့ သိရပါတယ်။


========================


🚩🚩၉။ စစ်ကိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်၊တပ်ကူ ထွက်လာတဲ့ စစ်ကြောင်းကိုလည်း ထပ်မံ တိုက်ခိုက်ခဲ့


စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနဲ့ တပ်မ (၃၃) က ထွက်လာတဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကို ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာ နဲ့ တပ်ရွာကြား အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့ - PSR Wetlet က ထုတ်ပြန်ထားပါတယ်။

အင်အား (၁၅၀) ခန့်ပါတဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ (၂၈) ရက်နေ့မှာ ရွှေဘိုခရိုင် အမှတ် (၁၊ ၂၊ ၅၊ ၁၅၊ ၁၇၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆) တပ်ရင်း၊ ဝက်လက် မြို့နယ် ပကဖ၊ ရှိမ်းမကား တိုက်နယ် ပကဖ၊ လှတော တိုက်နယ် ပကဖ၊ ဗိုလ်လင်းမြွေ LPDF ပြည်သူ့အစေခံ တော်လှန်ရေးတပ်ဖွဲ့၊ အမှတ် () ရွှေဘိုခရိုင် ဒရုန်းတပ်ဖွဲ့ နဲ့ Phoenix Wing ဒရုန်းတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က အထိနာသွား ခဲ့ပြီးနောက် ဇူလိုင်လ ၂၉ ရက်နေ့မှာ ရှိမ်းမကား အထိုင်စခန်းကနေ တပ်ကူ ထပ်ထွက်လာတဲ့ အင်အား (၇၀) ခန့်ပါ စစ်ကြောင်းကိုလည်း ငါးရယ်ရွာနားမှာ ပူးပေါင်း တပ်ဖွဲ့က ဖြတ်တောက်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က () ဦး ထိခိုက်ဒါဏ်ရာ ရရှိခဲ့ပြီး စစ်ကြောင်း () ခုလုံး ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်ဆုတ်သွားခဲ့ရတယ်လို့ ဆိုပါတယ်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှလည်း ရှိမ်းမကားတိုက်နယ် ပကဖ ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဟာ ဝက်လက်မြို့နယ်အတွင်း ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာနိုင်သဖြင့် တော်လှန်ရေး အင်အားစုများ အနေဖြင့် စစ်ဆင်ရေးများအတွက် ကြိုတင် စုဖွဲ့၊ ဖြည့်တင်း၊ ပြင်ဆင် ထားကြနိုင်ဖို့ တိုက်တွန်းထားပါတယ်။


========================


🚩🚩၁၀။ တနင်္သာရီတိုင်း၊ ကော့သောင်း နဲ့ သရက်ချောင်း အခြေစိုက် စစ်ကောင်စီတပ်များက တပ်သား () ဦး အလင်းဝင်


တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် အခြေစိုက် ခမရ (၄၃၁) တပ်ရင်းနဲ့ သရက်ချောင်းမြို့နယ် အခြေစိုက် ခလရ (၄၀၃) တပ်ရင်း - ဝင်းဝတပ်စခန်း တို့မှ စစ်ကောင်စီ တပ်သား () ဦး ကော့သောင်း ပကဖ နဲ့ KNLA တပ်ရင်း (၁၂) ထံ အလင်းဝင်ခဲ့တယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

ဇူလိုင်လ (၂၉) ရက်နေ့မှာ ခမရ (၄၃၁) တပ်ရင်းက တပ်သား အေးမင်းထွန်းဟာ ကော့သောင်းမြို့နယ် ပကဖ အဖွဲ့ ထံ ဆက်သွယ်ပြီး လက်နက်မဲ့ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အလင်းဝင် တပ်သားဟာ စစ်မှုထမ်း တစ်နှစ်ကျော် ကာလအတွင်း စစ်ကောင်စီ တပ်ကနေ အကြိမ်ကြိမ် ထွက်ပြေးခဲ့ဖူးပြီး ယခု တတိယအကြိမ်မှာမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

၎င်းရဲ့ ပြောကြားချက်အရ စစ်ကောင်စီ တပ်ထဲကနေ ထွက်ပြေးချင်နေတဲ့ ရဲဘော် အများအပြား ရှိနေတယ်လို့ သိရပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံး ခိုလှုံ အလင်းဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အလားတူ ခလရ (၄၀၃) တပ်ရင်း၊ ဝင်းဝတပ်စခန်းမှ အသက် (၃၈) နှစ်အရွယ် တပ်သား မောင်ကျော်ကျော် ဟာ KNLA တပ်မဟာ () တပ်ရင်း (၁၂) တပ်ခွဲ () ထံ ဘက်ပြောင်းခိုလှုံခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတပ်သားဟာ အထက်က ဗိုလ်များနဲ့ တပ်ဖွဲ့ဝင် အချင်းချင်းရဲ့ ဖိနှိပ်ညှင်းပန်းမှုများကို မခံနိုင်တာကြောင့် စခန်းကနေ ထွက်ပြေးလာခဲ့ပြီး KNLA တပ်ခွဲ () နဲ့ ချိတ်ဆက်ကာ အလင်းဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment