တောင်ကျရေတွေထိုးဆင်းလာပြီးတဲ့နောက် ပင်ကြွင်းပင်ကျန်တွေဖုံးလွှမ်းသွားတဲ့အခြေနေအား ဒေသခံ မီဒီယာများက ဖော်ပြထားစဥ်

 

ပင်းတယဒေသမှာ မကြုံဖူးတဲ့တောင်ကျရေကြောင့် နေအိမ်တွေပျက်စီးပြီး လူ ၈ဦးသေဆုံးကာ စိုက်ခင်း တွေလည်းအများအပြားပျက်စီးခဲ့ပြီး အကူညီတွေလိုအပ်နေ

သတင်း -  ခွန်ရဲနီ ၊ Radio NUG ဇူလိုင် ၃၁၊ ၂၀၂၅

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ညသန်းခေါင်အချိန်မှာ တောင်ကျရေရုတ်တရက်ထိုးဆင်းလာပြီး လူနေ အဆောက်အအုံတွေ၊ လက်ဖက်ခင်းတွေ၊ ကော်ဖီခင်းတွေကို တိုက်စားထိုးဆင်းခဲ့လို လူအသေပျောက်ရှိခဲ့ သလို ပျက်စီးဆုံးရှုးတာတွေလည်းရှိနေပါတယ်။ ဒီအခြေနေကို ပင်းတယ ဒေသခံတစ်ဦးက အခုလိုပြော ပါတယ်။ 

“ သဘာဝအရရေစုမိတဲ့နေရာဖြစ်မှာပါ။ ဘာဖြစ်လိုလည်းဆိုတော့ ကန်တွေဘာတွေလည်း အဲ့ လောက်မကြီးဘူး။ အဲ့ဒါကြီးက ပေါက်ကွဲသလို အသံကြားပြီးရေက ထိုးဆင်းလာတာ။ ထိုးဆင်းလာပြီး တော့ ပုံမှန်အတိုင်းချောင်းတစ်ခုကနေ အဲ့ချောင်းကလည်းကျောက်တုံးတွေ သစ်ပင်ပြိုတာတွေနဲ့ ပိတ်မိ နေပြီးတော့ လမ်းကြောင်းက မထင်တဲ့နေရာတွေပေါ့။ ချောင်းဘေးမဟုတ်တဲ့ တစ်ခြားအိမ်တွေလည်း ရေ ထိုးဆင်းတဲ့နေရာတွေရှိသွားတာပေါ့ ” 

လောလောဆယ်မှာ အိမ်ဆယ်လုံးလောက်ထိခိုက်ပျက်စီးသွားသလို ချောင်းရေနဲ့မျောပါသွားတဲ့ လူ ၃ ဦးကိုလည်း အသက်ရှင်ရက်ပြန်တွေ့ခဲ့ပါတယ်။ လောလောဆယ် ပျက်စီးသွားတဲ့ ကော်ဖီခင်းတွေအတွက် ပြန်လည်စိုက်ပျိုးဖို ပြင်ဆင်နေကြသလို ပျက်စီးသွားတဲ့ စပါးခင်းတွေအတွက်လည်း ရာသီမှီသေးလို ပြန် လည်စိုက်ပျိုးဖို ပြင်ဆင်နေကြပါတယ်။ ပျက်စီးသွားတဲ့အိမ်တွေ၊ ဆိုင်ကယ်တွေနဲ့ သေဆုံးနစ်နာခဲ့သူတွေ အတွက် အကူညီပေးမယ့်အစီစဥ်တွေတော့ မရှိသေးပါဘူး။

ပင်းတယဒေသရေကြီးတောင်ပြိုမှုမှာ မြိုအထွက်မြောက်ဘက်အခြမ်းရှိ ကုန်းစောင်း၊ သိမ်ကုန်း၊ ရွှေပုထိုး၊ ညောင်ကောက်စတဲ့ကျေးရွာတွေမှာ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။

ပင်းတယဒေသဟာ တောင်ပေါ် တောင်အောက် တိုင်းရင်းသားမျိုးစုံနေထိုင်တဲ့ဒေသဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းနဲ့အဓိက အသက်မွေးကြတာဖြစ်ပါတယ်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စိုက်ပျိုးရေးလုပ်ငန်း ကိုလုပ်ကိုင်လာကြပြီး သီးနှံဈေးကွက်မခိုင်မာတာ၊ အထွက်နှုန်းနဲ့အရည်အသွေးကောင်းမွန်အောင်ဆောင် ရွက်နိုင်တဲ့ နည်းပညာချိုတဲ့တာကြောင့် မူလတောင်ယာခင်းတွေနဲ့ စိုက်ပျိုးစားသောက်ဖို မလောက်င တော့ပဲ တောင်ယာတွေကို ချဲ့ထွင်လာတာကလည်း  သစ်တောတွေပြုန်းစေပြီး သဘာဝဂေဟစနစ်ကို ပျက်စီးလာစေတာဖြစ်ပါတယ်။ ဒါကြောင့် ပင်းတယဒေသမှာ ၃ရက်၊ ၃ညတိုင်တိုင် မိုးအဆက်မပြတ်ရွာ သွန်းပြီးတဲ့နောက် တောင်ပြို၊ ရေကြီးလို နေအိမ်တွေပါ ပျက်စီးလာပြီး လူထိခိုက်သေဆုံးတဲ့အထိဖြစ်လာ တာဖြစ်ပါတယ်။

Share:

No comments:

Post a Comment