၂၀၂၅ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ ဇူလိုင်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ထိုင်းနိုင်ငံမှာ ကော်ဇွန်းထုတ်လုပ်သည့် စက်ရုံမှ  အလုပ်သမား (၁၂၀) ကျော်အား လုပ်အားခများ မရှင်းပေးသဖြင့် စမွတ်ဆာခွန်ခရိုင်၊ ဆာဝါဒီကန်ရုံးတွင် အမှုဖွင့် တိုင်ကြားပေးခဲ့

📌 ၂။ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံမှ အလုပ်သမား (၂၇) ယောက်အား စက်ရုံပိတ်သိမ်းလိုက်သည်ဟု အကြောင်းပြကာ အလုပ်ထုတ်ခံရသဖြင့် အလုပ်သမားဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အမှုဖွင့်ကူညီတိုင်ကြားပေးခဲ့

📌 ၃။ ပြည်သူ့စစ်မှုထမ်းဥပဒေအား တရားမဝင်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီ ထုတ်ပြန်

📌 ၄။ တောင်ကိုရီးယား သမ္မတရုံးထံသို့ မြန်မာ့အရေး အိတ်ဖွင့် တောင်းဆိုစာ (Open Letter) ပေးပို့သွားမည်

📌 ၅။ မိုင်းငေါ့၊ မန်တုံနှင့် နမ့်ဆန်မြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ()ဦးနှင့် သုံးစွဲသူ ()ဦးတို့ကို ဖမ်းဆီးရမိ

📌 ၆။ စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြားရှိ ကျေးရွာများမှ မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့

📌 ၇။ ရိုးမခေါ်သံ ကမ်ပိန်းမှ ရရှိတဲ့ ထောက်ပို့ငွေအားလုံး အောင်မြင်စွာပို့ဆောင်ပြီး ဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက် အသိပေး


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ လင်းတလူးရွာ စစ်ရှောင်ဘုန်းတော်ကြီးကျောင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ဦးအပါအဝင် အရပ်သားပြည်သူ ၂၂ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရ

🚩၂။ ကျောက်မဲမြို့တွင် စစ်‌ကောင်စီတပ်၏ ထပ်မံဗုံးကြဲချ တိုက်ခိုက်မှုကြောင့် အမျိုးသား ()ဦး သေဆုံး၊ ()ဦး ထိခိုက်ဒဏ်ရာရ 

🚩၃။ ရေးမြို့နယ် မော့ကနင်ကျေးရွာ စစ်ကောင်စီ၏ ကွမ်ကျိုက်တပ်စခန်း အနီးတဝိုက်ရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ ၃ဦး သေဆုံး

🚩၄။ KNDF B-29 တပ်တည်‌ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား ကျင်းပပြုလုပ်

🚩၅။ ကျားမဲကွန်မန်ဒိုစစ်ကြောင်း မြို့သိမ်းတိုက်ပွဲတွေအတွင်း ရှေ့ကနေ ပါဝင်တိုက်ခိုက်ဖို့ လေ့ကျင့်ပြင်ဆင်နေကြောင်း MBT ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ၁။ ထိုင်းနိုင်ငံမှာ ကော်ဇွန်းထုတ်လုပ်သည့် စက်ရုံမှ  အလုပ်သမား (၁၂၀) ကျော်အား လုပ်အားခများ မရှင်းပေးသဖြင့် စမွတ်ဆာခွန်ခရိုင်၊ ဆာဝါဒီကန်ရုံးတွင် အမှုဖွင့် တိုင်ကြားပေးခဲ့


ဇူလိုင်လ ၁၁ရက် 

Radio NUG 


ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ Pa Siam Industry Co,Ltd ကော်ဇွန်းထုတ်လုပ်သည့် စက်ရုံမှ အလုပ်သမား (၁၂၀)ကျော်အား လုပ်အားခများ မရှင်းပေးသဖြင့် စက်ရုံသို့ လုပ်အားခပေးရန် တောင်းဆိုရာ အပြည့်အဝ မရှင်းပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုများ ဆောင်ရွက်လာခဲ့ရာ အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာန တိုင်ကြားရေးယန္တရားက ထုတ်ပြန်ပါတယ်။


ဖိနှိပ်ခံရသည့် အလုပ်သမားများမှ MHAC မဟာမိတ်အဖွဲ့သို့ တိုင်ကြားလာရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် MHAC မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်များသည် ဇူလိုင်လ ၂ရက်နေ့တွင် စက်ရုံပြင်ပ၌ အလုပ်သမားများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များ မှာကြားခဲ့ပြီး ၈ရက်နေ့တွင် နစ်နာသူ အလုပ်သမားများအနက်  (၅၀) ဦးအတွက် စမွတ်ဆာခွန်ခရိုင် ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၂။ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံမှ အလုပ်သမား (၂၇) ယောက်အား စက်ရုံပိတ်သိမ်းလိုက်သည်ဟု အကြောင်းပြကာ အလုပ်ထုတ်ခံရသဖြင့် အလုပ်သမားဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အမှုဖွင့်ကူညီတိုင်ကြားပေးခဲ့


ဇူလိုင်လ ၁၁ ရက်

Radio NUG 


ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်ရှိ APGO ကားအပိုပစ္စည်းထုတ်လုပ်သည့်စက်ရုံရှိ  မြန်မာအလုပ်သမား ၂၇ ဦး သည် လုပ်သက်နစ်နာကြေး မရဘဲ အလုပ်ဖြုတ်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိပါတယ်။


အဆိုပါ အလုပ်သမားများသည် လုပ်သက် နှစ်မှ ၁၃ နှစ်အထိ ကြာအောင် အလုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး စက်ရုံဘက်မှ ပိတ်သိမ်းမည့်အကြောင်း ကြိုတင်အသိပေး အကြောင်းကြားခြင်းမရှိဘဲ စက်ရုံတာဝန်ရှိသူမှ (..၂၀၂၅) ရက်နေ့တွင်  (8.7.2025)မှစ၍ စက်ရုံပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ အလုပ်မှ ဝန်ထမ်းအားလုံးကို အလုပ်ဖြုတ်လိုက်ပြီးဖြစ်ကြောင်းနှင့် လုပ်အားခ တစ်လစာနှင့် အပိုငွေ ဘတ် (၅၀၀၀)အား နစ်နာကြေးပေးမည်ဖြစ်ကြောင်း ပြောကြားလာခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အလုပ်သမားများသည် စက်ရုံတွင် လုပ်သက်နှစ်ကြီးသမားများ ဖြစ်၍ ၎င်းတို့ ရသင့်ရထိုက်သည့် နစ်နာကြေးပေးရန် တောင်းဆိုရာ စက်ရုံမှ ပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် အလုပ်သမားများမှ လုပ်သက်အလိုက် ထိုက်တန်သော နစ်နာကြေးများ ပြန်လည်ရရှိစေရန်အတွက် ကူညီဆောင်ရွက်ပေးပါရန် M.H.A.C (မဟာမိတ်အဖွဲ့) မှတဆင့် အကူအညီတောင်းခံလာသည့်အတွက် MHAC မဟာမိတ်အဖွဲ့ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတို့ ပူးပေါင်းကာ (..၂၀၂၅) တွင် ချွန်ပူရီခရိုင် ဆာဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ပြည်သူ့စစ်မှုထမ်းဥပဒေအား တရားမဝင်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီ ထုတ်ပြန်


ဇူလိုင်လ ၁၁ရက် 

Radio NUG 


မြန်မာနိုင်ငံရှေ့နေများကောင်စီသည် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုခဲ့ခြင်းသည် တရားမဝင် လုပ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။


နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ပြဌာန်းခဲ့သည့် ပြည်သူ့ စစ်မှုထမ်းဥပဒေ ပုဒ်မ () တွင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်ဟု ပြဌာန်းချက်အရ အာဏာတည်မိန့်ထုတ်ရမည့် အခွင့်အာဏာရ ပုဂ္ဂိုလ်နှင့်တာဝန်ကို အတိအကျ သတ်မှတ်ပြဌားန်ထားပြီးဖြစ်တာကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက စတင်အာဏာတည်သည့် နေ့ရက် သတ်မှတ်မိန့်ထုတ်ပြန်ခဲ့ခြင်းမှာ ဥပဒေအရ မှားယွင်းကြောင်း ဖော်ပြထားပါတယ်။


ထို့ပြင်၊ ၂၀၁၁ ခုနှစ် စကားရပ်များအစားထိုးခြင်းဆိုင်ရာ ဥပဒေအရ၊နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဟူသည့် စကားရပ်ကိုနိုင်ငံတော်သမ္မတဟု အစားထိုးထားတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား အာဏာတည်ရန် မိန့်ထုတ်ပြန်ခွင့်ရှိသူမှာ နိုင်ငံတော်သမ္မတသာဖြစ်ကြောင်း အလေးပေးပြောကြားထားပါတယ်။


ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသည့် အဖွဲ့အစည်းများသည် တရားမဝင်သည့်လုပ်ရပ်များကို ကျူးလွန်နေခြင်းဖြစ်ပြီး၊ ယင်းဥပဒေကြောင့် စစ်သားအဖြစ် စုဆောင်းခံရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ နစ်နာသူများဖြစ်ကြောင်း ဖော်ပြထားပါတယ်။


ထို့အပြင် ဤဥပဒေကြောင့် နိုင်ငံသားများထံဖြစ်ပေါ်လာသည့် နစ်နာမှုများသည် စနစ်တကျနှင့် ကျယ်ပြန့်စွာ ကျူးလွန်နေသည့် လူသားများအပေါ် ဆန့်ကျင်သည့် ပြစ်မှုများဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ တောင်ကိုရီးယား သမ္မတရုံးထံသို့ မြန်မာ့အရေး အိတ်ဖွင့် တောင်းဆိုစာ (Open Letter) ပေးပို့သွားမည်


ဇူလိုင်လ ၁၁ရက် 

Radio NUG 


သမ္မတရုံးနှင့် မျက်နှာချင်းဆိုင် စစ်သမိုင်းပြတိုက်ရှေ့တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် စစ်ဘေးရှောင်ဒုက္ခသည်များအရေး၊ တရားမဲ့ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် နိုင်ငံတကာမှ အကြမ်းဖက်စစ်ကောင်စီကို ပိတ်ဆို့အရေးယူရေးနှင့် ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ရှင်းလင်းပွဲပြီးပါက တောင်ကိုရီးယား သမ္မတရုံးထံသို့ အိတ်ဖွင့် တောင်းဆိုစာ (Open Letter) ပေးပို့သွားမှာဖြစ်ကြောင်း MFDMCက အသိပေးဆိုထားပါတယ်။


စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး၊ တရားမဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး ချီတက်လမ်းလျှောက် ဆန္ဒပြပွဲနှင့် ယုံဆန် သမ္မတရုံးနှင့်မျက်နှာချင်းဆိုင် စစ်သမိုင်းပြတိုက်ရှေ့ သတင်းစာရှင်းလင်းပွဲကို ဇူလိုင်လ ၂၀ ရက် (တနင်္ဂနွေ) နေ့လယ် နာရီမှ နာရီအထိ ကျင်းပသွားမယ်လို့ သိရပါတယ်။


တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်သူလူထုနှင့် ဒီမိုကရေစီရေးအတွက် တောင်ကိုရီးယားအစိုးရဆီသို့ တောင်းဆိုခြင်းနှင့် ဆန္ဒပြချီတက်လှုပ်ရှားမှုတွင် ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၅။ မိုင်းငေါ့၊ မန်တုံနှင့် နမ့်ဆန်မြို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ ()ဦးနှင့် သုံးစွဲသူ ()ဦးတို့ကို ဖမ်းဆီးရမိ


ဇူလိုင်လ ၁၁ ရက်

Radio NUG 


တအာင်းပြည်၊ မိုင်းငေါ့၊ မန်တုံနှင့်နမ့်ဆန်မြို့နယ်တို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား ()ဦးနှင့် သုံးစွဲသူအမျိုးသား ()ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ဇူလိုင်လ ()ရက်နေ့ (၈း၂၀)နာရီတွင် ကျောက်မဲမှ ဆိုင်ကယ်ဖြင့် ပန်စရီကျေးရွာသို့ ပြန်လာတဲ့ ကိုအိုက်လူကို မန်ပင့်တံတားစစ်ဆေးရေးဂိတ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာ ယာမဆေးပြား (၆၁၅)ပြားကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အတူ ဇူလိုင်လ ()ရက်နေ့ မန်တုံမြို့နယ်၊ စေကော်ကျေးရွာတွင် နေထိုင်သည့် ဦးအငိုက မူးယစ်ဆေးဝါးရောင်းဝယ်‌နေတယ်လို့ သတင်းရရှိတာကြောင့် ၎င်း၏ လယ်ကွက်ရှိ တဲအတွင်း မြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးရာ စိတ်ကြွဆေးပြား ()ထုပ်နှင့် (၁၃၀)ပြား၊ ပိုက်ဆံ (၄၅၂,၀၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


အလားတူ နမ့်ဆန်မြို့နယ်၊ လီလုတံတားစစ်ဆေးရေးဂိတ်တွင် ကျောက်မဲမှ နမ့်ဆန်သို့ တက်လာသည့် ကားတစ်စီးကို စစ်ဆေးရာ ခါခူး ()ထုပ်ကို တွေ့ရှိခဲ့ပြီး အသက် (၂၉)နှစ်အရွယ် ဦးအညိမ်းနှင့် အသက် (၂၈)နှစ်အရွယ် ဦးအထက်တို့မှ မူးယစ်ဆေးဝါးသုံးစွဲကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဥပ‌ဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၆။ စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြားရှိ ကျေးရွာများမှ မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့


ဇူလိုင်လ ၁၁ ရက်

Radio NUG 


ပြည်တွင်း-ပြည်ပ ပြည်သူများ၏ ထောက်ပို့ငွေများမှ စလင်း- ဆင်ဖြူကျွန်း လမ်းပိုင်းကြားရှိ ကျေးရွာများက မီးဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ် ဆန်၊ ဆီ၊ စားနပ်ရိက္ခာများ၊ အဝတ်အထည်များ ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စလင်းမြို့နယ်မှ သတင်းထုတ်ပြန်ပါတယ်။


ယခုအချိန်အထိ စစ်ရေးမငြိမ်မသက် တင်းမာနေတာကြောင့် ပြည်သူများအနေဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။


ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း အနေဖြင့် ရရှိလာသည့် ထောက်ပို့‌ငွေများကို စစ်ရေး၊ ကာကွယ်ရေး အသုံးစရိတ်များသာမက ပြည်သူလူထု၏ ဆေးဝါးကုသရေးကဏ္ဍနှင့် အရေးပေါ် စစ်ဘေးရှောင်ကဏ္ဍများအတွက်ပါ စိစစ်သုံးစွဲလျက်ရှိတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ ရိုးမခေါ်သံ ကမ်ပိန်းမှ ရရှိတဲ့ ထောက်ပို့ငွေအားလုံး အောင်မြင်စွာပို့ဆောင်ပြီး ဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက် အသိပေး


ဇူလိုင် ၁၁ရက်

Radio NUG

ရိုးမခေါ်သံ ( ) ကမ်ပိန်း 82% ဖြင့် အောင်မြင်စွာပိတ်သိမ်းပြီး ထောက်ပို့ရရှိငွေများကို ဗျူဟာ ၂၆ တပ်ရင်းများနှင့် စစ်ဒေသခွဲ မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့များဆီကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပို့ဆောင်ခဲ့‌ကြောင်း ဒါရိုက်တာ ကိုပေါက်က အသိပေးဆိုပါတယ်။


" တောင်ပေါ်မှာ ( ) ရက် ဆိုင်ကယ်စီး၊ လမ်းလျှောက်၊ မိုးအရမ်းကြီးလို့ ... တောင်ကျချောင်းရေကြီးတဲ့အထဲ ရဲဘော်နဲ့ ဆိုင်ကယ်မျောသွားလို့ မသေကောင်းမပျောက်ကောင်း၊  မုန်တိုင်းမိလို့ သစ်ပင်တွေလဲ...အမှတ်တရများစွာပါပဲဗျာ"လို့ ဆိုထားပါတယ်။


ရိုးမခေါ်သံ() ကမ်ပိန်းကို ပါဝင်ကူညီကြသူ တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩၁။ လင်းတလူးရွာ စစ်ရှောင်ဘုန်းတော်ကြီးကျောင်းကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ဦးအပါအဝင် အရပ်သားပြည်သူ ၂၂ ဦးသေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရ


ဇူလိုင်လ ၁၁ရက် 

Radio NUG 


၂၀၂၅ ခုနှစ် ဇူလိုင်(၁၁) ရက်နေ့ မနက်အစောပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်လေယာဉ်ဟာ တံတားဦးလေဆိပ်ကနေ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူတွေခိုလှုံရာ လင်းတလူးကျေးရွာ ဘုန်းတော်ကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ဦးအပါအဝင် အရပ်သားပြည်သူ ၂၂ ဦးသေဆုံးခဲ့ပြီး အယောက် ၅၀ ကျော်ဒဏ်ရာရခဲ့ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန သတင်းထုတ်ပြန်ပါတယ်။


စစ်ကိုင်းမြို့နယ်အနီးမှာ ဇွန်လ ၁၇ ရက်နေ့ကတည်းက ဖြစ်ပွားနေတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေကြား စစ်ကိုင်းမြို့နယ်အတွင်းက ကျေးရွာ ()ရွာက ပြည်သူတစ်သောင်းကျော်ဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ အသိပေးထားပါတယ်။


ဇူလိုင်(၁၁) ရက်တွင် အကြမ်းဖက်စစ်အုပ်စုဟာ စစ်ဘေးရှောင် ၂၀၀ ခန့် ခိုလှုံရာ စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာ မဟာသစ္စဝါဒီ ကျောင်းတိုက်ကို ဦးတည်တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃၀နီးပါး သေဆုံးခဲ့ရတာဖြစ်သလို သေဆုံးသူတွေလည်း ထပ်မံတိုးလာနိုင်ဖွယ်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။


ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အထွဋ်အမြတ်ထားရာ၊ ကောင်းမှုကုသိုလ်ပြုရာအချိန်ကာလဖြစ်တဲ့ ဝါတွင်းကာလကိုပါမရှောင် စစ်တပ်ဟာ အရပ်သားလူထုအပေါ်ဦးတည်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။


ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှလည်း "ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ၊ ကောင်းမှုကုသိုလ်ပြုရာ အချိန်ကာလဖြစ်တဲ့ ဝါတွင်းကာလ စစချင်း ဇူလိုင်လ (၁၁)ရက်နေ့မှာ အကြမ်းဖက် စစ်အုပ်စုဟာ ဗုဒ္ဓဘာသာဝင်တွေအပေါ်  ဦးတည်တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုကို ကျူးလွန်ခဲ့ပြန်ပါပြီ။

သီလစောင့်တည်ရာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွေကို လေ‌ကြောင်းက ပစ်မှတ်ထားတိုက်ခိုက်တဲ့ ဒီဖြစ်ရပ်က အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ဗုဒ္ဓဘာသာအပါအဝင် ဘယ်ဘာသာကိုမှ အလေးမထားခြင်းကို ပေါ်လွင်ထင်ရှားစေပါတယ်။" လို့ ပြောကြားထားပါတယ်။


========================


🚩🚩၂။ ကျောက်မဲမြို့တွင် စစ်‌ကောင်စီတပ်၏ ထပ်မံဗုံးကြဲချ တိုက်ခိုက်မှုကြောင့် အမျိုးသား ()ဦး သေဆုံး၊ ()ဦး ထိခိုက်ဒဏ်ရာရ 


ဇူလိုင်လ ၁၁ရက် 

Radio NUG 


ဇူလိုင်လ ၁၁ရက် နံနက် (၃းဝဝ)နာရီတွင် ကျောက်မဲမြို့ ကော်လီဟိုတယ်၊ မြို့မရဲစခန်းနှင့် ခရိုင်ရဲရုံးဘက်တို့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး ()လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား ()ဦး သေဆုံးခဲ့ပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။


ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသား ()ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ()ဦးနှင့် အမျိုးသား ()ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ()အိမ် ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်သည် ()ပတ်အတွင်း လေကြောင်းဖြင့် ကျောက်မဲမြို့တွင် ()ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် ()ကြိမ်၊ မိုးကုတ်မြို့တွင် ()ကြိမ်နှင့် သီပေါမြို့တွင် ()ကြိမ်တို့ စုစုပေါင်း ()ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူလူထု ()ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ()ဦးနှင့် ပြည်သူလူထု (၂၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅၀)အိမ်၊ စာသင်ကျောင်း ()ကျောင်း၊ ဘုန်းကြီးကျောင်း ()ကျောင်းတို့လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၃။ ရေးမြို့နယ် မော့ကနင်ကျေးရွာ စစ်ကောင်စီ၏ ကွမ်ကျိုက်တပ်စခန်း အနီးတဝိုက်ရှိ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ ၃ဦး သေဆုံး


ဇူလိုင်လ ၁၁ရက် 

Radio NUG 


ဇူလိုင်လ ၁၁ ရက်နေ့  နံနက် (၉နာရီ  ၃၀မိနစ်) အချိန်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ကွမ်ကျိုက်တပ်စခန်းအနီးက အင်အား (၃၀) ခန့်ရှိသော ကာကင်းစခန်းကို မွန်ပြည်‌‌ဖက်ဒရယ်ကောင်စီ (MSFC) တပ်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း MSRFမှ သတင်းထုတ်ပြန်ပါတယ်။


ထိတွေ့မှု ၃၀ မိနစ် ကျော်ခန့်အတွင်း စစ်ကောင်စီဘက်မှ ()ဦး သေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ တစုံတရာထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် KNLA တပ်ရင်း (၂၇) တပ်ခွဲ() တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ KNDF B-29 တပ်တည်‌ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနား ကျင်းပပြုလုပ်


ဇူလိုင်လ ၁၁ ရက်

Radio NUG 


၂၀၂၄ ခုနှစ် ဇူလိုင်လ (၁၀)ရက်တွင် စတင်တည်ထာင်ခဲ့တဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၂၉) တပ်တည်‌ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ဇူလိုင်လ (၁၀)ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားတွင် အလံ အလေးပြုခြင်း၊ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအား အလေးပြုပြီး အောက်မေ့သတိရသည့် အနေဖြင့် တစ်မိနစ် ငြိမ်သက်ခြင်း၊ တစ်နှစ်ပြည့် အထိမ်းအမှတ် ကိတ်ခွဲခြင်း၊ တပ်ရင်းမှူးမှ အမှာစကားပြောကြားခြင်း စသည့် အစီအစဉ်များ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်း အမှတ် (၂၉) တစ်နှစ်ပြည့်သည်အထိ  ရပ်တည်နိုင်ရန် ကူညီထောက်ပံ့ပေးတဲ့ ပြည်သူလူထုများအား ကျေးဇူးအထူးတင်ကြောင်းနှင့်  KNDF သစ္စာ အဓိဌာန် ()ချက်နှင့် အညီ အာဏာရှင်စနစ်ချုပ်ငြိမ်းသည်အထိ ဆန့်ကျင်တော်လှန်သွားမယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩၅။ ကျားမဲကွန်မန်ဒိုစစ်ကြောင်း မြို့သိမ်းတိုက်ပွဲတွေအတွင်း ရှေ့ကနေ ပါဝင်တိုက်ခိုက်ဖို့ လေ့ကျင့်ပြင်ဆင်နေကြောင်း MBT ထုတ်ပြန်


ဇူလိုင်လ ၁၁ရက် 

Radio NUG 


ကျားမဲကွန်မန်ဒိုစစ်ကြောင်း စုဖွဲ့ပြင်ဆင်ပြီး မြို့သိမ်းတိုက်ပွဲတွေအတွင်း ရှေ့ကနေ ပါဝင်တိုက်ခိုက်ဖို့ တပ်ရင်းမှူး ဗိုလ်မိုက်ခဲက အထူးအလေးထား‌ လေ့ကျင့် ပြင်ဆင်နေကြောင်း Myingyan Black Tiger မှ သတင်းထုတ်ပြန်ပါတယ်။


ကွန်မန်ဒိုတွေကို တပ်ရင်းထဲရှိ သင်တန်းဆရာတွေနဲ့ တပ်ဖွဲ့တာဝန်ရှိသူ တပ်မှူးတပ်သားတွေက ရွေးချယ်ပေးပြီး လနဲ့ချီကြာတဲ့ စမ်သပ်စစ်ဆေးမှုတွေနဲ့ အထူးသင်တန်းတွေပေးကာ လေ့ကျင့်ပြင်ဆင်ရတယ်လို့ အသိပေးထားပါတယ်။


ကွန်မန်ဒို တပ်သား တစ်ဦးဟာ Level4 အဆင့်ရှိ ကျည်ကာ၊ ဦးထုပ်နဲ့ AK47တွေနဲ့ ပေါ့ပါးနေအောင်လေ့ကျင့်ရတယ်လို့ သိရပါတယ်။


လက်ရှိ "ကျားမဲဟိန်းသံ မြို့သို့ ညံ" ကမ်ပိန်းကနေ Level 4ကျည်ကာ၊ ဦးထုပ်တွေ ကွန်မန်ဒို ၅၀ အတွက် ဝယ်ယူတပ်ဆင်ပေးနိုင်ခဲ့ပြီး အရေးကြီးတဲ့ ချေမှုန်းရေး ရိုင်ဖယ် အလက် ၅၀ကို မဟာမိတ်တပ်ဖွဲ့တွေထံကနေ အကြွေးနဲ့မှာယူထားတာကြောင့် ကမ်ပိန်းလေးမှာ ပါဝင်အားဖြည့်ပေးကြဖို့ တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment