၂၀၂၅ ဇူလိုင်လ ၁၇ ရက်နေ့ Radio NUG ညနေခင်းတင်ဆက်မှု

 

၂၀၂၅ ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် တိုက်ရိုက် ထုတ်ဖော်ရှုတ်ချတာနဲ့ ထိရောက်တဲ့အရေးယူမှုတွေမရှိတဲ့ အာဆီယံအပေါ် စိတ်ပျက်မိတယ်လို့ NUG ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းဆက်သွယ်လှူဒါန်းနိုင်သည့် Fundraiser များစာရင်းထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကလေး - သိုင်းငင်းလမ်းပိုင်း အသုံးပြုနိုင်ပြီလို့ CDF CDM SIYIN ကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ရောင်နီ Live in Texas ဇူလိုင်လ (၁၉) ရက်ကျင်းပမည်


========================


၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ မြန်မာ-ထိုင်း နယ်စပ်က လက်ကျန်စစ်စခန်းတွေစခန်းမကျရေး စစ်တပ်ကဗုံးကြဲခုခံ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက တော်လှန်ရေးတပ်ဖွဲ့တွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို ခုခ့တိုက်ခိုက်ခဲ့ရာမှာ စစ်ဗိုလ် ဦးအပါအဝင် စစ်သား ၄ဝ ခန့် သေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ရေစကြိုပကဖက ရဲဘော်အပါအဝင် အရပ်သား ဦး သေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ချင်းတွင်းရေကြောင်း အတိုင်း ဆန်တက်လာသော စကစရေယာဥ် များနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့များတိုက်ပွဲ ဖြစ်ပွား

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ  ရေလွဲကျေးရွာက ပြည်သူများ၏အိုးအိမ် (၄၀)ဝန်းကျင်အားစကစတပ်များက မီးရှို့ဖျက်ဆီးခဲ့

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ကန့်ဘလူမြို့နယ်၊ချပ်သင်းရွာတွင် တပ်စွဲထားသော  စစ်ကောင်စီတပ်နှင့်ပျူများမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။မိုးကုတ်မှာ TNLA မြို့နယ်ရဲတပ်ဖွဲ့က ဓားပြအဖွဲ့ထံကနေ သိမ်းဆည်းရမိထားတဲ့ပစ္စည်းတွေ ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံ  


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် တိုက်ရိုက် ထုတ်ဖော်ရှုတ်ချတာနဲ့ ထိရောက်တဲ့အရေးယူမှုတွေမရှိတဲ့ အာဆီယံအပေါ် စိတ်ပျက်မိတယ်လို့ NUG ဆို


ဇူလိုင် ၁၇ရက်


ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် တိုက်ရိုက် ထုတ်ဖော်ရှုတ်ချတာနဲ့ ထိထိရောက်ရောက် အရေးယူကိုင်တွယ်ဖြေရှင်းတာမျိုးတဲ့မရှိတဲ့ အာဆီယံအပေါ် အလွန်စိတ်ပျက်မိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုလိုက်ပါတယ်။


၅၈ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကထွက်ပေါ်လာတဲ့ ပူးတွဲကြေညာချက်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက သူတို့သဘောထားကို ထုတ်ဖော်လိုက်တာဖြစ်ပါတယ်။


အဲဒီ ပူးတွဲကြေညာချက်မှာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေ ပိုပြီးမြင့်တက်လာတာ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာတာတွေအတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ အရပ်သားပြည်သူတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာတွေအပေါ် ရှုတ်ထားပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ တိကျခိုင်မာတဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းချက်တွေပါပေမယ့် ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်ပြီး ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ထိထိရောက်ရောက် အရေးယူကိုင်တွယ်တာမျိုးမရှိ တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရဘက်က အာဆီယံအပေါ် စိတ်ပျက်သွားတာဖြစ်ပါတယ်။

 

ဘုံသဘောတူညီချက် ရပ်ဟာ အာဆီယံရဲ့ အဓိကရည်ညွှန်းချက်ဖြစ်တယ်လို့ အကြိမ်ကြိမ် အသိပေးထုတ်ပြန်ခဲ့ပေမယ့်  အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်ရက်စက်မှုတွေ ဆိုးဆိုးရွားရွားကျူးလွန် နေဆဲဖြစ်ပြီး ပူးတွဲကြညာချက်ထုတ်ပြန်တဲ့နေ့မှာပဲ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကို စစ်တပ်က လေကြောင်းကနေတိုက်ခိုက် ခဲ့တဲ့အတွက် ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရတယ်လို့ အာဆီယံကို အသိပေးထား ပါတယ်။

 

ဒီလိုအခြေအနေမျိုးမှာ အကြမ်းဖက်စစ်အုပ်စုက တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ ကြံစည်နေတာဟာ အာဆီယံဘုံသဘောတူညီချက်မှာပါတဲ့ အကြမ်းဖက်မှုများ အဆုံးသတ်ရေးဆိုတဲ့ အချက်ကို ဆန့်ကျင်နေတာ ထင်ရှား နေပြီး အဲဒီ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားတာမျိုးမရှိတဲ့အတွက် ဒါဟာ အကြမ်းဖက် စစ်အုပ်စုကို သွယ်ဝိုက်နည်းနဲ့ အကာအကွယ်ပေးနေတဲ့သဘောသက်ရောက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက မှတ်ယူထားပါတယ်။ 


အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ H.E. Tan Sri Othman Hashim ဟာလည်း သူ စတင်တာဝန်ယူခဲ့တဲ့ ဇန်နဝါရီလကစပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ အာဆီယံဆွေးနွေးဖက်နိုင်ငံတွေ မြန်မာ့အိမ်နီးချင်း နိုင်ငံတွေနဲ့ နိုင်ငံတကာအပါအဝင် ဒေသတွင်းမိတ်ဖက်တွေ အရပ်ဘက်အဖွဲ့အစည်းတွေ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ တာဝန်ရှိသူတွေ တတ်သိပညာရှင်တွေနဲ့ ထိတွေ့ချိတ်ဆက် ဆောင်ရွက်နေပေမယ့် မြန်မာနိုင်ငံကိုသွားပြီး မတရား ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ရေး အကြမ်းဖက်စစ်အုပ်စုအပေါ် စည်းရုံးဖိအားပေးနိုင်စွမ်း မရှိတဲ့အချက်က အာဆီယံအနေနဲ့ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းရာမှာ အကန့်အသတ်တွေ ရှိနေတယ်လို့ ဖော်ပြရာရောက်နေတယ်လို့လည်း ဆိုပါတယ်။


ဒါကြော့် အာဆီယံအနေနဲ့ မြန်မာနိုင်ငံရဲ့ပဋိပက္ခတွေကို အမှန်တကယ် ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်ရာမှာ မြန်မာ ပြည်သူတွေရဲ့ ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ နွေဦးတော်လှန်ရေး ရည်မှန်းချက်ပန်းတိုင်တွေကို အပြည့်အဝ နားလည်စာနာဖို့လိုပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်း အကြမ်းဖက်မှုတွေကြောင့် အာဆီယံဒေသတွင်း စုစည်းမှု၊ ငြိမ်းချမ်းတည်ငြိမ်မှု၊ ကြွယ်ဝဖွံ့ဖြိုးမှုနဲ့ လူထုဗဟိုပြု အာဆီယံအသိုက်အဝန်း တည်ဆောက်နိုင်ရေး စတာတွေမှာ အဟန့်အတားဖြစ်စေခဲ့တဲ့ အခြေအနေကို လက်ခံပြီး အကြမ်းဖက်စစ်အုပ်စုအပေါ် ဖိအားပေး အရေးယူမှုနဲ့ လက်တွေ့ကျပြီး သင့်လျော်တဲ့ ဆောင်ရွက် မှုတွေအပါအဝင် လိုအပ်တဲ့ မဟာဗျုဟာတွေ ချမှတ်ဆောင်ရွက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အာဆီယံအပေါ် အလေးအနက် တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းဆက်သွယ်လှူဒါန်းနိုင်သည့် Fundraiser များစာရင်းထုတ်ပြန်


ဇူလိုင် ၁၇ရက်


ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းဆက်သွယ်လှူဒါန်းနိုင်သည့် Fundraiser များစာရင်းထုတ်ပြန်လိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်အရ ကမ်ပိန်းတွင်ပါဝင်ရန် OFP Fundraiser များ၊ GoFundMe (Brighter Future Foundation နှင့် HDFM) https://gofund.me/9af1abd4 နှင့် Spring Crowd Fund (SCF) https://springcrowdfund.org/ စတဲ့Fundraiserတို့မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ဖော်ပြပါတယ်။

ဘေးကင်းလုံခြုံသောကျောင်းများ၊ ဘေးကင်းလုံခြုံသောပညာရေး ကမ်ပိန်းကိုရည်မှန်းချက် - အမေရိကန်ဒေါ်လာ () သိန်းရည်မှန်းထားပြီး ကမ်ပိန်းကာလဇူလိုင်လ (၁၅) မှ ဩဂုတ်လ (၃၁) အထိသတ်မှတ်ထားပါတယ်။

ဆက်သွယ်လှူဒါန်းနိုင်သည့် Fundraiser များစာရင်းထပ်တိုးလှူဒါန်းထည့်ဝင်နိုင်မည့်နေရာများကို ဆက်လက်ကြေညာပေးသွားမယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ကလေး - သိုင်းငင်းလမ်းပိုင်း အသုံးပြုနိုင်ပြီလို့ CDF CDM SIYIN ကြေညာ


ဇူလိုင် ၁၇ရက်


စစ်ရေးအခြေအနေအရ တလကျော်ကြာ ပိတ်ထားတဲ့ ကလေး - သိုင်းငင်လမ်းမကြီးကို ဒီနေ့ ဇူလိုင် ၁၇ ရက်ကစပြီး  ပြန်လည်အသုံးပြုနိုင်ပြီလို့ ချင်းဒေသကာကွယ်ရေးတပ် CDF CDM စီးယင်းက ထုတ်ပြန်ကြေညာထားပါတယ်။

ကလေးမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းနဲ့တီးတိန်မြို့တွေဘက်ကို ဦးတည်လာတာကြောင့် အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို CDF စီးယင်းအပါအဝင် ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အထိနာပြီး ဇူလိုင် ရက်နေ့မှာ ပြန်လည်ဆုတ်ခွာတာကြောင့် ဒေသနေပြည်သူတွေကို သွားလာခွင့် ပြန်လည် ခွင့်ပြုလိုက် တာလို့ သိရပါတယ်။

စစ်ရေးအရ တလကျော် ပိတ်ထားတဲ့ ကလေး-သိုင်းငင်းလမ်းမကြီးကို ခရီးသွားပြည်သူတွေ ပြန်လည်အသုံးပြုနိုင်ပြီဖြစ် ပေမယ့် မနက် နာရီကနေ ညနေ နာရီအထိ ဂိတ်ဖွင့်ပေးထားမယ်လို့ CDF စီးယင်းက အသိပေးထားပါတယ်။

CDF စီးယင်းပါဝင်တဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဟာ ချင်းမြောက်ဒေသကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို မေလကစပြီး ခုခံတိုက်ခိုက်ခဲ့တာကြောင့် ကလေး - သိုင်းငင်းကြားမှာရှိတဲ့ မွှာလ်ပီးရွာအနီးတ၀က် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများခဲ့ပြီး စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းပိုက်နိုင် ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ရောင်နီ Live in Texas ဇူလိုင်လ (၁၉) ရက်ကျင်းပမည်


ဇူလိုင် ၁၇ရက်


ရောင်နီ Live in Texas ဇူလိုင်လ (၁၉) ရက်ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ဇူလိုင်လ (၁၉) ရက်၊ အာဇာနည်နေ့၊ စနေနေ့မှာJerry Fay Wilhelm Center for the Performing Artsမှာကျင်းပမှာဖြစ်ပါတယ်။

ပွဲအခမ်းအနားတွင်အဆိုတော်ကိုလင်းလင်းနဲ့အဖွဲ့မှ မြေပြင် projects များအကြောင်း ရှင်းပြခြင်း၊မြန်မာ့ဒီမိုကရေစီရေးအတွက်အသက်ပေးသွားကြသော အာဇာနည်များအားအမှတ်ရ ဂုဏ်ပြုခြင်းတို့ပါဝင်မယ်လို့သိရပါတယ်။

ရောင်နီဖျော်ဖြေပွဲကိုအမေရိကန်နိုင်ငံတွင် လှည့်လည်ဖျော်ဖြေလျက်ရှိပြီး အဆိုတော်လင်းလင်းနဲ့သရုပ်ဆောင်ချစ်သုဝေတို့ပါဝင်ကာရရှိငွေကြေးကို မြန်မာပြည်၏လိုအပ်သောနေရာများသို့ပြန်လည်စီးဆင်းလျက်ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနဲ့ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။



========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ မြန်မာ-ထိုင်း နယ်စပ်က လက်ကျန်စစ်စခန်းတွေစခန်းမကျရေး စစ်တပ်ကဗုံးကြဲခုခံ


ဇူလိုင် ၁၇ရက်


မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ကောင်စီတပ်ရဲ့ လက်ကျန်စခန်းတွေမကျရေး အကြမ်းဖက်စစ်တပ်က မနေ့ ညနေပိုင်းမှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

မနေ့ ဇူလိုင် ၁၆ ရက် ညနေပိုင်း ထိုင်းစံတော်ချိန် နာရီ မိနစ်နဲ့ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ရုရှားနိုင်ငံထုတ် YAK 130 တိုက်လေယာဥ်နဲ့တော်လှန်ရေးတပ်တွေရှိမယ်ထင်တဲ့နေရာတွေကို ဗုံး လုံးကြဲခဲ့တယ်လို့ နယ်စပ်ကစစ်ရေးအခြေအနေတွေကိုဖော်ပြပေးနေတဲ့ Addy Chaiyadech က ရုပ်သံမှတ်တမ်းနဲ့တကွဖော်ပြပါတယ်။

 စစ်တပ်ရဲ့ အခိုင်အမာစခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို KNLA PDF စတဲ့ တပ်ပေါင်းစုတွေ ဇူလိုင် ၁၂ ရက်က သိမ်းပိုက်ခဲ့ပြီး နောက် ကျန်နေတဲ့ ဝေါလေဗျူဟာကုန်းနဲ့ တီသဲလယ်ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဆက်လက်တိုက်ခိုက်နေချိန်မှာ စစ်တပ်ဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အကြောင်း အသိပေးလာတာဖြစ်ပါတယ်။

စစ်တပ်က ဝေါလေဗျူဟာနဲ့ တီသဲလယ်ကာကင်းစခန်းမကျအောင် လေကြောင်းကနေဗုံးကြဲသလို ဇူလိုင် ၁၃ ရက်နေ့မှာ ကာမီကာဇေ အသေခံဒရုန်းတွေနဲ့ ဗုံးကြဲခုခံခဲ့တယ်လို့ ထိုင်းနယ်စပ်က သတင်းတွေဖော်ပြပေးနေတဲ့ Khaosod နဲ့ AEC News တို့ကလည်း ဖော်ပြခဲ့ကြပါတယ်။

ဝေါလေဗျူဟာနဲ့ တီသဲလယ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် မြေပြင်ကနေ စစ်ကူနဲ့ ရိက္ခာတွေပို့လို့မရတဲ့အခြေအနေမှာ စစ်ကောင်စီဘက်က လေကြောင်းကနေ ရိက္ခာပို့ တာ၊ လေကြောင်းကနေ ပစ်ကူပေးတာ၊ ခဲယမ်းချပေးတာတွေ လုပ်ဆောင်ဖို့ ကြိုးစားနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

 ဇူလိုင် ၁၄ ရက် ညနေပိုင်းမှာလည်း စစ်ကောင်စီက ခဲယမ်းနဲ့ ရိက္ခာလို့ယူဆရတဲ့ အထုပ်တွေကို လေယာဥ်ပေါ်ကနေ ချပေးခဲ့တယ်ကို မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက KNLA PDF ပူးပေါင်းတပ်တခုဖြစ်တဲ့ FFD ဒရုန်းတပ်ဖွဲ့က ဝေါလေဗျူဟာကုန်းပေါ်ကို ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် လက်နက်ဂိုထောင် ပေါက်ကွဲပြီး မီးလောင်မှု ဖြစ်ခဲ့ပါသေးတယ်။

 တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်းမြန်မာနယ်စပ်က လက်ကျန်စစ်စခန်း ခုကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ဇူလိုင် ၁၃ ကစ‌ပြီး တိုက်ခိုက်နေတာကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက တော်လှန်ရေးတပ်ဖွဲ့တွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို ခုခ့တိုက်ခိုက်ခဲ့ရာမှာ စစ်ဗိုလ် ဦးအပါအဝင် စစ်သား ၄ဝ ခန့် သေဆုံး


ဇူလိုင် ၁၇ရက်


စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက တော်လှန်ရေးတပ်ဖွဲ့တွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းကို  နေပြည်တော်အခြေစိုက် တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာမှာ စစ်ဗိုလ် ဦးအပါအဝင် စစ်သား ၄ဝ ခန့် သေဆုံး သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာနက ဒီနေ့ ဇူလိုင် ၁၇ မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေ - စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် စစ်ဆင်ရေးနဲ့ပတ်သက်လို့ ထုတ်ပြန်ကြေလိုက်တာဖြစ်ပါတယ်။

စစ်တောင်းမြစ်အနောက်ဘက်ကမ်းကနေ အင်အားဖြည့်တင်းလာတဲ့ စစ်ကြောင်းဟာ ကရင်ချောင်းတံတား - ကျွဲရိုင်းပြင်ကို ဖြတ်ပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို သာလွန်အင်အားနဲ့ တိုက်ခိုက်ပြီး ရေလွဲရွာက ပြည်သူတွေရဲ့ အိမ် ၄၀ ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သတင်းရတာကြောင့် နေပြည်တော် တပ်ရင်းတွေဖြစ်တဲ့ တပ်ရင်း အမှတ် ၈၀၁၊၈၀၂၊၈၀၃၊၈၀၄၊၈၀၅၊၈၀၆၊၈၀၇၊၈၀၈၊၉၀၁ နဲ့ တပ်ရင်း ၃၅၀၄ တို့ ပူးပေါင်းပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ရာမှာ စစ်တပ်စစ်ကြောင်းတွေ ကရင်‌ချောင်းရွာကို ပြန်ဆုတ်သွားခဲ့ကြတယ်လို့ အသိပေးပါတယ်။

ဆုတ်ခွာသွားတဲ့စစ်ကြောင်းဟာ အင်အားထပ်ဖြည့်ပြီး ဇူလိုင် ရက်နေ့မှာ အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်း ကြောင်း ခွဲပြီး တော်လှန်ရေးတပ်ပေါင်းစုတွေကို ထပ်ပြီး ထိုးစစ်ဆင်လာတာကြောင့် ပူးပေါင်းတပ်တွေနဲ့ နာရီကြာ ပြင်းထန်တိုက်ပွဲ ဖြစ်ခဲ့ပြီး တရက်လုံးနီးပါး ထိတွေ့တိုက်ပွဲငယ်တွေ ဆက်ဖြစ်ခဲ့တယ်လို့ အသိပေးထားပါတယ်။

တိုက်ပွဲတွေမှာ စစ်ဗိုလ် ဦးအပါအဝင် စစ်သား ၄၀ ခန့်သေဆုံးပြီး ၂၀ ခန့်ဒဏ်ရာရရှိကာ စစ်တောင်းမြစ်အနောက်ဘက် ကမ်းကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိဘူးလို့ နေပြည်တော်တိုင်း စစ်ဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးခဲ့ရာနေရာတွေက အရပ်သား ပြည်သူတွေ ထိခိုက်မှုမရှိအောင် ဗုံးသီး အကြွင်းအကျန်နဲ့ မိုင်းတွေကို ရှင်းလင်းဖယ်ရှားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်း စစ်ဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ရေစကြိုပကဖက ရဲဘော်အပါအဝင် အရပ်သား ဦး သေဆုံး


ဇူလိုင် ၁၇ရက်


မကွေးတိုင်း ရေစကြိုမြို့မှာရှိတဲ့ ခလရ ၂၅၈ တပ်ရင်းက ၈ဝ မမ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ရေစကြို ပကဖက ရဲဘော်တဦးအပါအဝင် အရပ်သား ဦး သေဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို - .က. က ဒီနေ့ ဇူလိုင် ၁၇ မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၅ ရက် ၁၀ နာရီခန့်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခလရ ၂၅၈ ကနေ ကမ္ဘဲ့ ရွာကို ၈၀ မမ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ပစ်ခတ်တဲ့ ၈၀ မမ ဗုံးသီးတလုံးဟာ ကမ္ဘဲ့ ရွာက ပြည်သူပိုင် အိမ်ပေါ်ကို ကျရောက် ပေါက်ကွဲပြီး မီးလောင်သွားတာကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေ မီးငြိမ်းသတ်ဖို့ သွားချိန် မှာ နောက်ထပ် ၈၀ မမ တလုံး နဲ့ ထပ်ပြီးပစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို - .က. က အသက် ၂ဝ အရွယ် ရဲဘော်ကောက်ကြီး () မောင်ရန်နိုင်နဲ့ ဇနီးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် မသဇင်ဝေ၊ CDM ကျောင်းဆရာမ မနွေဦးမေ အသက် ၃၂ နှစ်နဲ့ ကမ္ဘဲ့ ရွာက မောင်ရှင်းလင်းကို အသက် ၁၇ နှစ်တို့ သေဆုံးခဲ့ရပြီး ကမ္ဘဲ့ ရွာက အရပ်သားပြည်သူ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို .က. အနေနဲ့ ရဲဘော် မောင်ကောက်ကြီးနဲ့ဇနီးဖြစ်သူကို စစ်ဓလေ့ထုံးစံနဲ့အညီ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကိုတော်လှန်တိုက်ဖျက်ကာ ပြည်သူလူထုကိုကာကွယ်ရင်း အသက်ပေးခဲ့ရတဲ့ ရဲဘော် ကောက်ကြီး ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် - .က. ရဲဘော်တွေက အလေးနီပြုထားပြီး ငြိမ်းချမ်းစွာ အနားယူနိုင် ပါစေကြောင်း ဆုတောင်းပေးထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ချင်းတွင်းရေကြောင်း အတိုင်း ဆန်တက်လာသော စကစရေယာဥ် များနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့များတိုက်ပွဲ ဖြစ်ပွား


ဇူလိုင် ၁၇ရက်


ချင်းတွင်းရေကြောင်း အတိုင်း ဆန်တက်လာသော စကစရေယာဥ် များနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့များတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဇူလိုင်၁၆ရက်ညနေပိုင်းချင်းတွင်းရေကြောင်း အတိုင်း ဆန်တက်လာသော စစ်ခွေးသဘော် များနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ခိုက်မူများဖြစ်ပွားခဲ့တယ်လို့မဟူရာကျား ပြည်သူ့ကာကွယ်ရေးအဖွဲ့  ကနီမြို့နယ် ကအတည်ပြုဆိုထားပါတယ်။

ဇူလိုင်၁၅ရက်ကနီမြို့နယ်သရက်ပင် ချိုင်ရွာညအိပ်ခဲ့တဲ့စကစရေယာဥ်ဖလက် ၂၆စီးဟာကနီစကစတပ်ခြံမှအထက်ဆန်တက်ကာ မဲဒင် စဖိုကြီးတွင်ဝပ်သွားခဲ့ကြောင်းဖော်ပြပါတယ်။

အဆိုပါစကစတပ်များဟာဘေးဝဲယာလက်နက်ကြီးလက်နက်ငယ်များရမ်းပစ်ခတ်နေ၍ကမ်းဘေးမိဘပြည်သူများသတိထားကြရန်လည်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ  ရေလွဲကျေးရွာက ပြည်သူများ၏အိုးအိမ် (၄၀)ဝန်းကျင်အားစကစတပ်များက မီးရှို့ဖျက်ဆီးခဲ့


ဇူလိုင် ၁၇ရက်


စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ  ရေလွဲကျေးရွာက ပြည်သူများ၏အိုးအိမ် (၄၀)ဝန်းကျင်အားစကစတပ်များက မီးရှို့ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇူလိုင်၁၇ရက်နေပြည်တော်တိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်ကသတင်းထုတ်ပြန်ချက်အရစစ်တောင်းမြစ်အနောက်ဘက်ကမ်းမှအင်အားဖြည့်တင်းလာသောစစ်ကြောင်းသည်ကရင်ချောင်းတံတား(ကျွဲရိုင်းပြင်)ကိုဖြတ်၍စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များအား အင်အားသာလွန်စွာဖြင့် ဝင်ရောက်တိုက်ခိုက်ပြီး ရေလွဲကျေးရွာရှိ ပြည်သူများ၏အိုးအိမ် (၄၀)ဝန်းကျင်အား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြပါတယ်။

၎င်းသတင်းအားရရှိသည်နှင့်တစ်ပြိုင်နက်နေပြည်တော် တပ်ရင်းများဖြစ်ကြသော တပ်ရင်းအမှတ် (၈၀၁၊၈၀၂၊၈၀၃၊၈၀၄၊၈၀၅၊၈၀၆၊၈၀၇၊၈၀၈၊၉၀၁)နှင့် တပ်ရင်း (၃၅၀၄) တို့ပူးပေါင်းပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်းများ ကရင်ချောင်း ကျေးရွာသို့ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ဖော်ပြပါတယ်။

ဆုတ်ခွာသွားသောစစ်ကြောင်းသည် အင်အားထပ်မံဖြည့်တင်းပြီး ()ရက်၊ဂျူလိုင်လ၊၂၀၂၅ တွင်အင်အား (၂၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်း()ကြောင်းဖြန့်ခွဲ၍ မိမိတို့တော်လှန်ရေးတပ်ပေါင်းစုများအား ထပ်မံထိုးစစ်ဆင်လာသောကြောင့် မိမိတို့ပူးပေါင်းတပ်များနှင့် ()နာရီကြာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတစ်ရက်လုံးနီးပါဆက်လက်ထိတွေ့တိုက်ပွဲငယ်များနှင့်ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲတွင်စစ်ကောင်စီတပ်၏ ဗိုလ်()ဦးအပါအင်းအား (၄၀)ခန့် ကျဆုံးပြီး၊(၂၀)ခန့်ဒဏ်ရာရရှိကာ စစ်တောင်းမြစ်အနောက်ဘက်ကမ်းသို့ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးတော်လှန်ရေးပူးပေါင်းတပ်ဖွဲများ အထိအခိုက်မရှိခဲ့ဘူးလို့သိရပါတယ်။

ပူးပေါင်းတပ်များမှ ဆုတ်ခွာသွားသော စစ်ကောင်စီ၏နေရာများအား ဗုံးသီးအကြွင်း အကျန်နှင့် မိုင်းများအား ပြည်သူများထိခိုက်မှု့မရှိစေရန် ပြန်လည်ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး နယ်မြေများအားထိန်းသိမ်းနိုင်ခဲ့ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ကန့်ဘလူမြို့နယ်၊ချပ်သင်းရွာတွင် တပ်စွဲထားသော  စစ်ကောင်စီတပ်နှင့်ပျူများမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်


ဇူလိုင် ၁၇ရက်

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ချပ်သင်းရွာတွင် တပ်စွဲထားသော  စစ်ကောင်စီတပ်နှင့်ပျူများမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဇူလိုင်၁၇ရက်မနက်၉နာရီ၅၀အချိန်ကန့်ဘလူမြို့နယ်၊ချပ်သင်းရွာတွင် တပ်စွဲထားသော  စစ်ကောင်စီတပ်နှင့်ပျူများမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ပြီး ချပ်သင်းရွာမြောက်ဘက်သို့ ရောက်ရှိ‌နေကြောင်းကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအတည်ပြုဆိုထားပါတယ်။


ဇူလိုင်၁၆ရက်နေ့ကလည်းကန့်ဘလူနယ် ချပ်ကြီးနှင့် ချပ်သင်း အထိုင်စခန်းများမှ စကစတက်များဟာလက်နက်ငယ်များဖြင့်  ပတ်ပတ်လည် ရမ်းသမ်းပစ်ခတ်နေပြီး ကင်းထောက်ဒရုန်းများလဲ ပျံဝဲခဲ့ကြောင်းသတင်းရရှိပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။မိုးကုတ်မှာ TNLA မြို့နယ်ရဲတပ်ဖွဲ့က ဓားပြအဖွဲ့ထံကနေ သိမ်းဆည်းရမိထားတဲ့ပစ္စည်းတွေ ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံ  


ဇူလိုင် ၁၇ရက်


တအာင်းပြည် တပ်မဟာ နယ်မြေဖြစ်တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA မြို့နယ်ရဲတပ်ဖွဲ့က ဓားပြအဖွဲ့ထံကနေ သိမ်းဆည်းရမိထားတဲ့ပစ္စည်းတွေကို ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံပေး ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။

ဓားပြအဖွဲ့ထံကနေ သိမ်းဆည်းရမိထားတဲ့ပစ္စည်းတွေ ပိုင်ရှင်တွေထံ ပြန်လည်အပ်နှံတဲ့အခမ်းအနားကို ဇူလိုင် ၁၃ ရက်က ပြုလုပ်ခဲ့တာဖြစ်ပြီး မိုးကုတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးတားပန်ဟိုင်၊ ခရိုင်ရဲမှူး ဗိုလ်မှူးတားတိုင်ငါမ်း၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ပြည်သူလူထု စုစုပေါင်း ၇၀ ဦးတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။

တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ဓားပြအဖွဲ့ဆီကနေ သိမ်းဆည်းရှိထားတဲ့ ကျပ်သိန်း ၈၅၂ သိန်းကျော် တန်ဖိုးရှိတဲ့ လက်စွပ် ကွင်း၊ ဟန်းချိန် ကွင်း၊ နားကပ် စုံ၊ ပတ္တမြား လုံး၊ နီလာနဲ့ ဆက်စပ်သည့်ပစ္စည်းတွေ ကျောက်ထုပ် ထုပ်၊ ကျောက်နဲ့ ဆက်စပ်သည့်ပစ္စည်းတွေ၊ ဆိုင်ကယ် စီး၊ ဖုန်း လုံးကို ပိုင်ရှင်တွေဆီ ပြန်ပေးခဲ့တာလို့ သိရပါတယ်။ 

ဒီပစ္စည်းတွေဟာ မိုးကုတ်မြို့နယ်မှာရှိတဲ့ ပြည်သူလူထုဆီကနေ ဓားပြအဖွဲ့က တိုက်ယူထားတဲ့ ပစ္စည်းတွေဖြစ်ပြီး ပလောင် ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က ဓားပြအဖွဲ့တွေကို လိုက်လံဖမ်းဆီးကာ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေကို သက်ဆိုင်ရာပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ခဲ့တာလို့ PSLF/TNLAသတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နဲ့သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment