၂၀၂၅ သြဂုတ်လ ၄ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ သြဂုတ်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ မြန်မာပြည်သူနဲ့အတူတူ ရပ်တည်ပေးတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တကဲရှိ အီဝရအား ကျေးဇူးတင်ရှိကြောင်း ကိုထိန်လင်းပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ လုကာဆေးရုံကြီးရဲ့  ဆေးဖိုး၊ ဆေးကုသရေးကုန်ကျစားရိတ် နှင့် ဆေးရုံအထွေထွေလည်ပတ်ရေးတို့အတွက် ရန်ပုံငွေရှာဖွေတဲ့ projectမှာပြည်သူများပါဝင်နိုင်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ကြောင့်ထိခိုက်သွားတဲ့နေအိမ်တွေကို ပြုပြင်ဖို့နဲ့ ဖြိုချဖျက်ဆီးပစ်ဖို့  UNDP ကအကြံဉာဏ်တွေ ပေးနေတယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဆိုးလ်မြို့ စစ်ကောင်စီ၏စစ်သံရုံးရှေ့တွင် ရှစ်လေးလုံး ၃၇-နှစ်မြောက် အထိမ်းအမှတ် ဆန္ဒပြချီတက်ပွဲကျင်းပ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ၈၈၈၈ထီးတွေကို stock အနေနဲ့ ၄၅၀သာထုတ်ထားတာဖြစ်တဲ့အတွက် အမြန်ဝယ်ယူထားပေးကြဖို့နှိုးဆော်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ သြဂုတ်လ၆ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းလုပ်သားများကို မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား CI စာအုပ်အဟောင်းမှအသစ်သို့လဲလှယ်ပေးမှုစတင်မည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ VPN သုံးသူတွေ ခရီးသွားပါက VPNဖျက်ထားသင့်တယ်လို့ တော်လှန်ရေးတွင်ပါဝင်သူများအသိပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၈။ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တလတာအတွင်းမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၀၄) ဦး သေဆုံးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၉။ မန္တလေးတိုင်း၊ မိတ္ထီလာမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး .၉အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨ ကျောက်မဲမြို့တွင် သံဃာတော် ()ပါး ခြုံရှင်းနေစဉ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် ညာခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရ

🚩၂။ အကြမ်းဖက်စစ်ကောင်စီဝင်ရောက်တပ်စွဲနေသည့်နေရာများကို အချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်၍ မြိတ်-ပုလောအမှတ်()ပြည်ထောင်စုလမ်းမကြီးနှင့် မြိတ်-ဘုတ်ပြင်းလမ်းမကြီးတို့ကို လမ်းပိုင်းဆိုင်ရာသတိပြုရန်အသိပေးကြေညာ

🚩၃။ အရာတော်မြို့နယ်တွင်း ဗုံးခိုကျင်းတည်ဆောက်ပုံနဲ့လေကြောင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်အစောင်ရေ (၃၀၀)ကိုလည်း ဖြန့်ဝေခဲ့

🚩၄။ဒရုန်းမိုးရွာဖို့ အတူတူရုန်းကြစို့ ဗုံးသီး (၁၀၀၀) "ကမ်ပိန်းတွင် ဝိုင်းဝန်းပါဝင်အားဖြည့်ကြရန် တိုက်တွန်းနှိုးဆော်

🚩၅။ ရန်သူ့စိုးမိုးနယ်မြေ အောင်ပန်း_ရွာငံ_မန္တလေး လမ်းမကြီးပေါ်ရှိ မြသပိတ်ရေပြာအိုင်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များ မူးယစ်ဆေးနဲ့လမ်းပိုင်းဆိုင်ရာများ စစ်ဆေးခဲ့

🚩၆။ တောင်စုတိုက်ပွဲနှင့်တော်ဝိတိုက်ပွဲတွင် ဖမ်းဆီးခံရသည့်စစ်သုံ့ပန်း(၂၆)ဦးအား ထိန်းသိမ်းထားကာ အိမ်ပြန်လိုသူများအား ပြန်လည်ပို့ဆောင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ မြန်မာပြည်သူနဲ့အတူတူ ရပ်တည်ပေးတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တကဲရှိ အီဝရအား ကျေးဇူးတင်ရှိကြောင်း ကိုထိန်လင်းပြောကြား


သြဂုတ်လ ၄ရက်


မြန်မာပြည်သူနဲ့အတူတူ ရပ်တည်ပေးတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တကဲရှိ အီဝရအား ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်းက ပြောကြားလိုက်ပါတယ်။


သြဂုတ်လ၄ရက်နေ့မှာ ရုပ်သံနဲ့တကွ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းက ပြောကြားထားပါတယ်။


"ဂျပန် နိုင်ငံခြားရေးဝန်ကြီး တကဲရှိ အီဝရ ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြန်လည်ရရှိရေး၊ မေမေ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်လွှတ်ပေးရေးနဲ့ အကြမ်းဖက်လုပ်ရပ်များ ရပ်တန့်ပေးရေးကို အစည်းအဝေးမှာ အလေးပေး ပြောဆိုသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ဝန်ကြီးပြောသွားသလိုပဲ စစ်မှန်တဲ့ နိုင်ငံရေးတိုးတက်မှုမပါဘဲ ရွေးကောက်ပွဲ ပြုလုပ်တာဟာ နိုင်ငံကို မငြိမ်မသက် ပိုဖြစ်စေပါတယ်။ဂျပန်ရဲ့ ရပ်တည်ချက်သဘောထားကို အလေးထားပြီး ဒီမူဝါဒ ရပ်တည်ချက်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီပြန်လည်ရရှိဖို့ အရေးကြီးတယ်ဆိုတာ ကမ္ဘာအနှံ့က သိရှိပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့ မျှော်လင့်တယ်"လို့ ကိုထိန်လင်းကပြောပါတယ်။


"၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် လေးနှစ်ခွဲကျော် ကြာမြင့်သည့်တိုင်အောင်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပုဂ္ဂိုလ်များစွာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရပြီး၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားအကြမ်းဖက်လုပ်ရပ်များ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အခြေအနေမှာ တိုးတက်မှုလက္ခဏာ မပြဘဲ ရှိနေသည့်အတွက် အလွန်အမင်း စိုးရိမ်မိပါကြောင်းနှင့် ရှုတ်ချကြောင်း"ဂျပန်နိုင်ငံခြားရေးဝန်ကြီးအိဝါယ တာကဲရှိက သြဂုတ်လ၁ရက်နေ့ထုတ်ပြန်ပါတယ်။


ဒါ့အပြင် ဂျပန်နိုင်ငံသည်မြန်မာစစ်တပ်အားအကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများအား လွှတ်ပေးရန်၊ နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးစနစ်ကို လျင်မြန်စွာ ပြန်လည်ထူထောင်ရန်အတွက် ခိုင်မာသောလုပ်ဆောင်ချက်များ လုပ်ဆောင်ရန် နောက်တစ်ကြိမ် ထပ်မံ၍ အလေးအနက် တိုက်တွန်းအပ်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ လုကာဆေးရုံကြီးရဲ့  ဆေးဖိုး၊ ဆေးကုသရေးကုန်ကျစားရိတ် နှင့် ဆေးရုံအထွေထွေလည်ပတ်ရေးတို့အတွက် ရန်ပုံငွေရှာဖွေတဲ့ projectမှာပြည်သူများပါဝင်နိုင်


သြဂုတ်လ ၄ရက်


လုကာဆေးရုံကြီးရဲ့  ဆေးဖိုး၊ ဆေးကုသရေးကုန်ကျစားရိတ် နှင့် ဆေးရုံအထွေထွေလည်ပတ်ရေးတို့အတွက် ရန်ပုံငွေရှာဖွေတဲ့ projectမှာပြည်သူများပါဝင်နိုင်တယ်လို့ သိရပါတယ်။


"ပြည်သူလူထုအတွက်၊ တော်၊လှန်ရေးရဲဘော်တွေအတွက် လုကာဆေးရုံတည်ရှိလာတာ သုံးနှစ်ကျော်ကြာခဲ့ပါပြီ။အသက်တွေများစွာ၊ ဘဝတွေများစွာကို ပြည်သူတွေရဲ့ထောက်ပံ့ပေးမှုတွေနဲ့ ကယ်တင်နိုင်ခဲ့သလို မွေးဖွားပေးနိုင်ခဲ့ပါတယ်။လုကာဆေးရုံကြီးရဲ့ တစ်နှစ်လုံးနေမှ တစ်ကြိမ်သာပြုလုပ်သော ဆေးဖိုး၊ ဆေးကုသရေးကုန်ကျစားရိတ် နှင့် ဆေးရုံအထွေထွေလည်ပတ်ရေးတို့အတွက် ရန်ပုံငွေရှာဖွေတဲ့ project လေး ပြုလုပ်ချင်ပါတယ်။အသက်တွေများစွာကယ်တင်ဖို့၊ ဘဝတွေများစွာ မွေးဖွားပေးဖို့."လာကု၊ လာကူ၊ လုကာကိုလှူ" ပေးကြပါ။Campaign ကာလကိုတော့ တစ်လတိတိသတ်မှတ်ထားပါတယ်"လို့ဆိုပါတယ်။


ကမ်ပိန်းကာလကို စက်တင်ဘာ၃ရက်နေ့အထိသတ်မှတ်ထားပြီးတော့ သိန်း(၃၆၀၀) ရည်မှန်းထားတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ကြောင့်ထိခိုက်သွားတဲ့နေအိမ်တွေကို ပြုပြင်ဖို့နဲ့ ဖြိုချဖျက်ဆီးပစ်ဖို့  UNDP ကအကြံဉာဏ်တွေ ပေးနေတယ်လို့ဆို


သြဂုတ်လ၄ရက်


ငလျင်ကြောင့်ထိခိုက်သွားတဲ့နေအိမ်တွေကို ပြုပြင်ဖို့နဲ့ ဖြိုချဖျက်ဆီးပစ်ဖို့ ကုလသမဂ္ဂဖွံ့ဖြိုးရေး အေဂျင်စီ UNDP ကအကြံဉာဏ်တွေ ပေးနေတယ်လို့ဆိုပါတယ်။


၂၀၂၅ ခုနှစ်မတ်လ၂၈ရက်မွန်းလွဲပိုင်း စစ်ကိုင်းငလျင်ကြောင့် လူပေါင်းသုံးထောင်ကျော်သေဆုံးကာ နေအိမ်များထိခိုက်ပျက်စီးခဲ့ပါတယ်။


"မြန်မာနိုင်ငံမှာ ငလျင်ကြီးတွေ လှုပ်ခတ်ပြီး ရက်ပေါင်း ၁၀၀ ကျော်လာခဲ့ပေမယ့် မိသားစုအများအပြားကတော့ သူတို့နေအိမ်တွေဟာ ဘေးကင်းရဲ့လားဆိုတာ မသိကြသေးပါဘူး။ဒီအတွက် ကုလသမဂ္ဂဖွံ့ဖြိုးရေး အေဂျင်စီ UNDP ကနေ ငလျင်ကြောင့် ထိခိုက်ပျက်ဆီးသွားတဲ့ နေအိမ်တွေရဲ့ အခြေအနေတွေကို စိစစ်အကဲဖြတ်မှုတွေမှာ ကူညီဆောင်ရွက်ပေးနေပါတယ်။ အဲဒီမှာ အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာတွေက အိမ်အခြေအနေကို စစ်ဆေးပြီး မိသားစုတွေကို ဘေးကင်းအောင် ပြုပြင်ဖို့  ဒါမှမဟုတ် ဖြိုချဖျက်ဆီးပစ်ဖို့ အကြံဉာဏ်တွေ ပေးနေပါတယ်။ အပြာရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်နဲ့ အနီရောင်အဆင့် ဆိုပြီး အဆင့် ဆင့် သတ်မှတ်ကာ နေအိမ်တွေမှာ ဆက်လက် နေထိုင်ဖို့ သင့်မသင့် စိစစ် အကဲဖြတ်ပေးနေတာလည်း ဖြစ်ပါတယ်"လို့ဆိုပါတယ်။  


 အနည်းငယ်ပျက်စီးတာ ၊အကြီးစားပြုပြင်ရန်လိုအပ်တာ၊  နေထိုင်ဖို့ မသင့်တော်တာစတာတွေအတွက်  ကနဦး ပြန်လည်ထူထောင်ရေး ရန်ပုံငွေ ကနေ လူဦးရေ . သန်းအထိ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့UN Myanmarကဖော်ပြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဆိုးလ်မြို့ စစ်ကောင်စီ၏စစ်သံရုံးရှေ့တွင် ရှစ်လေးလုံး ၃၇-နှစ်မြောက် အထိမ်းအမှတ် ဆန္ဒပြချီတက်ပွဲကျင်းပ


သြဂုတ်လ ၄ရက်


ကိုရီးယားနိုင်ငံဆိုးလ်မြို့၏ စစ်ကောင်စီစစ်သံရုံးရှေ့တွင် ရှစ်လေးလုံး ၃၇-နှစ်မြောက် အထိမ်းအမှတ် ဆန္ဒပြချီတက်ပွဲကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းမှ တက်ရောက် အားပေးစကား ပြောကြားခဲ့ပါတယ်။ 


ထို့နောက် မြန်မာ့ ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေး ၃၇-နှစ်မြောက် အထိမ်းအမှတ် ဓာတ်ပုံပြပွဲသို့  အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်း သွားရောက် အားပေးခဲ့ပါတယ်။


မြန်မာ့အရေး အားပေးကူညီသော ကိုရီးယားအဖွဲ့အစည်းများ စုပေါင်းလုပ်ဆောင်သည့် အဆိုပါ ပြပွဲကို ယနေ့မှစ၍ သြဂုတ်လ ရက်နေ့အထိ ဆိုးလ်မြို့ ဟုန်းဒဲလမ်းဆုံတွင် ညနေတိုင်း ပြသသွားမယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ၈၈၈၈ထီးတွေကို stock အနေနဲ့ ၄၅၀သာထုတ်ထားတာဖြစ်တဲ့အတွက် အမြန်ဝယ်ယူထားပေးကြဖို့နှိုးဆော်


သြဂုတ်လ၄ရက်


၈၈၈၈ထီးတွေကို stock အနေနဲ့ ၄၅၀သာထုတ်ထားတာဖြစ်တဲ့အတွက် အမြန်ဝယ်ယူထားပေးကြဖို့ Strikemarket ကနှိုးဆော်ထားပါတယ်။


"၃၇နှစ်မြောက်၈၈၈၈နေ့အထိမ်းအမှတ်အနေနဲ့ရည်ရွယ်ထုတ်လုပ်ထားတဲ့ ၈၈၈၈ထီးလေးတွေရဲ့ နိုင်ငံအလိုက်ရောင်းချပေးနေတဲ့စျေးနှုန်းလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ ၈၈၈၈ထီးလေးတွေကို stock အနေနဲ့ ၄၅၀သာထုတ်ထားတာဖြစ်တဲ့အတွက် အမြန်ဝယ်ယူထားပေးကြပါ။ Limited Edition ဖြစ်တာကြောင့် stock ကုန်ပါကသြဂုတ်လ ၁၅ရက်ထိ ရက်အကန့်အသက်ဖြင့်သာ preorder အနေနဲ့ နောက်ဆုံးထားလက်ခံပေးသွားမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ပဲရောင်းချပေးမှာဖြစ်လို့ အမှတ်တရအနေနဲ့ ဝယ်ယူထားသင့်တဲ့ ထီးလေးတွေပါ"လို့အသိပေးဆိုထားပါတယ်။


ဒီထီးတွေမှာ ကိုယ်ပိုင်နံပါတ်တစ်ခုချင်းစီနဲ့ www.strikemarket.app websiteမှာလည်း Digital Ownership အနေနဲ့ မှတ်တမ်းတင်ထားပေးမှာဖြစ်ပါတယ်။


ရရှိလာသောအကျိုးအမြတ်များကို ကျောင်းသားလက်ရုံးတပ်တော် SAF life protective equipment များအတွက် ၅၀% ရန်ကုန်လူထုသပိတ်ရဲ့ လူထုလှုံ့ဆော်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားများကူညီပံပိုးရေးအတွက် ၂၅% တော်လှန်ရေး marketplace တစ်ခုဖြစ်လာမယ့် Strike Market ရဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်များအတွက် ၂၅%ခွဲဝေစီးဆင်းမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ သြဂုတ်လ၆ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းလုပ်သားများကို မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား CI စာအုပ်အဟောင်းမှအသစ်သို့လဲလှယ်ပေးမှုစတင်မည်


သြဂုတ်လ၄ရက်


သြဂုတ်လ၆ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံရှိမြန်မာရွှေ့ပြောင်းလုပ်သားများကို မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား CI စာအုပ်အဟောင်းမှအသစ်သို့ လဲလှယ်ပေးမှုစတင်မည်

ဖြစ်ကြောင်း ထိုင်းအလုပ်သမားညွန်ကြားရေးမှူးချုပ်က ကြေညာပါတယ်။


အဆိုပါ CI စာအုပ်များကို မြန်မာဘက်ကစင်တာရုံးများဖွင့်လှစ်ကာ လုပ်ဆောင်ပေးမှာဖြစ်ပြီး လူသစ်ဘတ်ရိုက်ထားသူများ မပါဝင်သေးကြောင်းသိရှိရပါတယ်။


လက်ရှိမှာ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား CI စာအုပ်အဟောင်းမှအသစ်သို့လဲလှယ်ပေးမှု စုစုပေါင်းကုန်ကျစရိတ် ဘတ်ငါးထောင်မှခြောက်ထောင် ရှိနိူင်ပြီး ပွဲစားအယောင်ဆောင်၍ လိမ်လည်သူများကိုလည်း သတိထားဖို့ အသိပေးနှိုးဆော်ထားမှုတွေရှိနေပါတယ်။


အဆိုပါCI စာအုပ်အဟောင်းမှ အသစ်သို့လဲလှယ်ခြင်းလုပ်ငန်းစဥ်ပြီးစီးပါက လူသစ်အလုပ်သမား ကတ်ပြုလုပ်ထားပြီး အထောက်အထား CIစာအုပ်မရှိသူများကို ဆက်လက်ပြုလုပ်ပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။ VPN သုံးသူတွေ ခရီးသွားပါက VPNဖျက်ထားသင့်တယ်လို့ တော်လှန်ရေးတွင်ပါဝင်သူများအသိပေး


သြဂုတ်လ၄ရက်


VPN သုံးသူတွေကို  စစ်ကောင်စီ၏လမ်းပိုင်းစစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးလာ၍  ခရီးသွားပါက VPNဖျက်ထားသင့်တယ်လို့ တော်လှန်ရေးတွင်ပါဝင်သူများမှ အသိပေးဆိုထားပါတယ်။


"နွေဦးဘဏ်အောင်မြင်လာလေ မင်းအောင်လှိုင်တိုက်ခိုက်မှုတွေတိုးမြင့်လာလေဖြစ်လို့ သတိထားကြပါ။အစပထမတုန်းက ဂရုမစိုက်လွှတ်ထားပေးတယ်။အောင်မြင်စပြုလာတော့ ဘဏ်နဲ့ Bee IP တွေကိုကန့်သတ်မှုပိတ်ပင်မှုတွေလုပ်တယ်။ ပြည်သူတွေက VPN နဲ့သူတို့ကန့်သတ်ချက်တွေကိုကျော်လွှားကြတော့ အခု VPN သုံးသူတွေကို စစ်ဆေးရေးဂိတ်တွေမှာစဖမ်းလာပြီ။ ဂိတ်တွေဖြတ်ဖို့လိုရင် vpn တွေဖျက်ထားကြပါ"လို့ တော်လှန်ရေးတွင် ပါဝင်သူတဦးကလည်းဆိုထားပါတယ်။


ရန်ကုန်နဲ့ ဧရာဝတီတိုင်းရဲ့ ဂိတ်တခုဖြစ်တဲ့ ပန်တိုင်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေ၊ ပြည်သူ့စစ်တွေနဲ့ ပျူစောထီးတွေက စမတ်ဖုန်းတွေကို စစ်ဆေးရင်း VPN တွေ့ရှိတာကြောင့် သြဂုတ် ရက် မနေ့ညနေပိုင်းက ခရီးသည် ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၈။ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တလတာအတွင်းမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၀၄) ဦး သေဆုံးခဲ့


သြဂုတ်လ၄ရက်


အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တလတာအတွင်းမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၀၄) ဦး သေဆုံးခဲ့ပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားသော သတင်းအချက်အလက်များအရ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ တလတာအတွင်း နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံရသူ စုစုပေါင်း () ဦးရှိခဲ့ပါတယ်။


ထို့အပြင် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း (၁၀၄) ဦး သေဆုံးခဲ့ပြီး အဆိုပါအရေအတွက်ထဲတွင် ဖမ်းဆီးခံရပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း (၁၀) ဦး ပါဝင်တယ်လို့သိရပါတယ်။


ဖော်ပြပါကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီက လက်လှမ်းမီသမျှကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အမည်နှင့်တကွ အတည်ပြုထားနိုင်သော အချက်အလက်များကို ထည့်သွင်းထားခြင်းဖြစ်ကာ မြေပြင်တွင် ဖြစ် ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့ဆိုပါတယ်။


 အတည်ပြုရန်လိုအပ်နေသည့် တလအတွင်း သေဆုံးခဲ့သူ (၁၄၀) ဝန်းကျင်ခန့် အရေအတွက်ကိုလည်း သီးခြားကောက်ယူထားပြီး အတည်ပြုနိုင်ရန် လုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။


"စစ်အုပ်စုက မတရားသဖြင့် အာဏာသိမ်းပြီးကတည်း နှစ်ခွဲတွင်းမှာ တစိုက်မတ်မတ် လုပ်ဆောင်နေတာက အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့၊ ပေါ်တာဆွဲတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ မတရားသဖြင့် ထောင်ဒဏ်ချမှတ်တာ၊ လူငယ်တွေကို မတရားသဖြင့် စစ်ထဲသွတ်သွင်းနေတာ အစရှိသဖြင့် စစ်ရာဇဝတ်မှုနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာဖြစ်တယ်။ စစ်တပ်က နိုင်ငံရေးမှာပါနေလို့ တိုင်းပြည်တိုးတက်စရာ မရှိဘူး၊ အခြေအနေက ဒီထက်ဆိုးဖို့ပဲ ရှိတယ်။ စစ်အုပ်စုအနေနဲ့ နာမည်အမျိုးမျိုးပြောင်းပြီး မတရားအာဏာယူပေမဲ့ ပြည်သူထောက်ခံမှုက ရမှာမဟုတ်ပါဘူး။ စစ်တပ်က ရွေးကောက်ပွဲ လုပ်မယ်လို့ ဆိုနေပေမဲ့ တသက်လုံးလိမ်နေတဲ့ ဒီစစ်အုပ်စုကတိဆိုတာ ယုံကြည်စရာမရှိပါ"လို့ (အေအေပီပီ)မှတွဲဖက်အတွင်းရေးမှူးကိုဘိုကြည်ကပြောပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၉။ မန္တလေးတိုင်း၊ မိတ္ထီလာမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး .၉အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့


သြဂုတ်လ၄ရက်


မန္တလေးတိုင်း၊ မိတ္ထီလာမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး .၉အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့NUGလူသားစာနာဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။


၂၀၂၅ ခုနှစ်၊ သြဂုတ်လ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၃း၄၂ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး .၉အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။


ဆက်လက်ပြီး  သြဂုတ်လ ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၁၂:၅၃ မိနစ်အချိန်ခန့်တွင် ရှမ်းပြည်နယ်၊ မောက်မယ်မြို့တောင်ဘက်၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး .၁အဆင့်နှင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။ 


ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြရန် အသိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================




🚩🚩⁨⁨ ကျောက်မဲမြို့တွင် သံဃာတော် ()ပါး ခြုံရှင်းနေစဉ်မိုင်းနင်းမိပြီး ပေါက်ကွဲမှုကြောင့် ညာခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရ


ဩဂုတ်လ ၄ရက်


တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက်()ရှိ နတ်စစ်လင်းဘုန်းကြီးကျောင်းတွင် သံဃာတော် ()ပါးသည် ခြုံရှင်းနေစဉ် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLAကထုတ်ပြန်ပါတယ်။

 

 သြဂုတ်လ () ရက်နေ့ နေ့လယ် (၂း၃၀)နာရီအချိန်၌ သံဃာတော်ဦးနန္ဒမှ ဘုန်းကြီးကျောင်းဝန်းအတွင်း ခြုံရှင်းနေချိန် မိုင်းကိုနင်းမိပြီး ပေါက်ကွဲမှုကြောင့် ညာခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြပါတယ်။

 

အဆိုပါထိခိုက်ဒဏ်ရာရရှိသည့် သံဃာ တော်ကို ဆေးကုသရန် ပရဟိတအဖွဲ့တို့မှ  လားရှိုးဆေးရုံတွင် ပို့ဆောင်ပေးခဲ့ပါတယ်။

 

ပြီးခဲ့သည့် ဇူလိုင်လ (၁၅)ရက်နေ့လည်း မိုင်းငေါ့မြို့နယ်၊ ဟူးဆွန်ကျေးရွာတွင် ဒေါ်အေးဝင်းသည် လက်ဖက်ခြံသို့သွားနေစဥ် ညောင်ပင်အနီးတွင် မိုင်းကိုနင်းမိ၍ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါတယ်။


========================


🚩🚩၂။ အကြမ်းဖက်စစ်ကောင်စီဝင်ရောက်တပ်စွဲနေသည့်နေရာများကို အချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်၍ မြိတ်-ပုလောအမှတ်()ပြည်ထောင်စုလမ်းမကြီးနှင့် မြိတ်-ဘုတ်ပြင်းလမ်းမကြီးတို့ကို လမ်းပိုင်းဆိုင်ရာသတိပြုရန်အသိပေးကြေညာ


သြဂုတ်လ ၄ရက်


အကြမ်းဖက်စစ်ကောင်စီဝင်ရောက်တပ်စွဲနေသည့်နေရာများကို အချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်၍ မြိတ်-ပုလောအမှတ်()ပြည်ထောင်စုလမ်းမကြီးနှင့် မြိတ်-ဘုတ်ပြင်းလမ်းမကြီးတို့ကို လမ်းပိုင်းဆိုင်ရာသတိပြုရန် သြဂုတ်လ၃ရက်မှာ တနင်္သါရီမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က အသိပေးကြေညာထားပါတယ်။


တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ(၃၅)နယ်မြေဖြစ်သည့် ပုလော မြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးဝင်ရောက် လာခြင်းကြောင့် မိမိတို့ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း/တပ်ဖွဲ့၊ စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲများ နေရာအနှံ့ဖြစ်ပေါ်လျက်ရှိတယ်လို့ ဆိုပါတယ်။


ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာ၌ စစ်ဘေးရှောင်နေသည့် ခရီးသွား ပြည်သူ ၁၀ ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကာ တနင်္သာရီမြို့နယ်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ စစ်ကြောင်းထိုးလာသည့်နေရာများရှိကျေးရွာများမှ ပြည်သူ ၁၀ ဦးကို အဓမ္မစစ်မှုထမ်းစေခိုင်းရန်အတွက်ဖမ်းဆီးခဲ့တယ်လို့ဖော်ပြပါတယ်။


 သို့ဖြစ်ပါ၍ မိမိတို့တနင်္သာရီတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ရင်း/တပ်ဖွဲ့၊ စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီဝင်ရောက်တပ်စွဲနေသည့်နေရာ များကို အချိန်မရွေးတိုက်ခိုက်သွားမည်ဖြစ်၍ မြိတ်-ပုလောအမှတ်()ပြည်ထောင်စုလမ်းမကြီးနှင့် မြိတ်-ဘုတ်ပြင်းလမ်းမကြီးတို့တွင်သော်လည်းကောင်း၊ ၎င်းလမ်းပိုင်းများတလျှောက်နှင့် ဆက်စပ် နေရာများရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများတွင်သော်လည်းကောင်း ခရီးသွားပြည်သူများ၊ ကျေးရွာပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုပဲ ကြိုတင်ရွေ့ပြောင်းထားကြပါရန် အသိပေးကြေညာထားပါတယ်။


========================


🚩🚩၃။ အရာတော်မြို့နယ်တွင်း ဗုံးခိုကျင်းတည်ဆောက်ပုံနဲ့လေကြောင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်အစောင်ရေ (၃၀၀)ကိုလည်း ဖြန့်ဝေခဲ့


သြဂုတ်လ ၄ရက်


စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်တွင်း ဗုံးခိုကျင်းတည်ဆောက်ပုံနဲ့လေကြောင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်အစောင်ရေ (၃၀၀)ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်နှင့် ဒေသတွင်းရှိလက်နက်ကိုင်တော်လှန်ရေးအင်အားစုတရပ်တို့ ပူးပေါင်း၍ အရာတော်မြို့နယ်တွင် လေကြောင်း၊မိုင်းနှင့်လက်နက်ကြီးအန္တရယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နိုင်ငံရေးဆွေးနွေးပွဲကိုကျင်းပခဲ့ပါတယ်။


ကျောင်းသားထု နှင့် ပြည်သူလူထုအား လေကြောင်း၊မိုင်းနှင့်လက်နက်ကြီးအန္တရယ် အသိပညာပေးဗွီဒီယိုများ ပြသခဲ့ပြီး ကာကွယ်ရေးနည်းလမ်းများအားဆွေးနွေးတင်ပြခြင်း၊နိုင်ငံရေးသဘောတရားများကိုဆွေးနွေးခြင်းများကို ဩဂုတ်လ() ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။


========================


🚩🚩၄။ဒရုန်းမိုးရွာဖို့ အတူတူရုန်းကြစို့ ဗုံးသီး (၁၀၀၀) "ကမ်ပိန်းတွင် ဝိုင်းဝန်းပါဝင်အားဖြည့်ကြရန် တိုက်တွန်းနှိုးဆော်


သြဂုတ်လ ၄ရက်


"ဒရုန်းမိုးရွာဖို့ အတူတူရုန်းကြစို့ ဗုံးသီး (၁၀၀၀) "ကမ်ပိန်းတွင် ဝိုင်းဝန်းပါဝင်အားဖြည့်ကြရန် သထုံTPDFက တိုက်တွန်းနှိုးဆော်ထားပါတယ်။


"စစ်အာဏာရှင် စနစ် အမြစ်ပြတ်တိုက်ဖျတ်ရေး ဒရုန်းစစ်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုရန်  ဒရုန်းမိုးရွာဖို့ အတူတူရုန်းကြစို့ ဗုံးသီး (၁၀၀၀) ကမ်ပိန်းတွင် ဝိုင်းဝန်းပါဝင်အားဖြင့်ကြရန် တိုက်တွန်းနိုးဆော်အပ်ပါတယ်"လို့ သြဂုတ်လအတွင်းအသိပေးဆိုထားပါတယ်။


ရရှိငွေကြေးများကို 2 kg Drop ဗုံးများ ထုတ်လုပ်မည်ဖြစ်ပြီး တစ်လုံးလျှင် မြန်မာငွေကျပ်-  ၃၀၀၀၀ ကျပ်၊ ထိုင်းဘတ်  ၃၀၀ ဘတ် ဖြင့်ပါဝင်ထောက်ပို့နိုင်တယ်လို့သိရပါတယ်။


ကမ်ပိန်းကာလမှာ (သြဂုတ်လ၃ရက်မှစက်တင်ဘာ၃ရက်နေ့)အထိဖြစ်ပြီးတော့ ပါဝင်လိုသူများအနေနဲ့ အသေးစိတ်ကိုသထုံTPDF Pagတွင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


========================


🚩🚩၅။ ရန်သူ့စိုးမိုးနယ်မြေ အောင်ပန်း_ရွာငံ_မန္တလေး လမ်းမကြီးပေါ်ရှိ မြသပိတ်ရေပြာအိုင်အနီးတွင် တော်လှန်ရေးတပ်ဖွဲ့များ မူးယစ်ဆေးနဲ့လမ်းပိုင်းဆိုင်ရာများ စစ်ဆေးခဲ့


သြဂုတ်လ ၄ရက်


ရန်သူ့စိုးမိုးနယ်မြေ အောင်ပန်း-ရွာငံ-မန္တလေး လမ်းမကြီးပေါ်ရှိ မြသပိတ်ရေပြာအိုင်အနီးတွင်တော်လှန်ရေးတပ်ဖွဲ့များမူးယစ်ဆေးနဲ့လမ်းပိုင်းဆိုင်ရာများ စစ်ဆေးခဲ့ပါတယ်။


"သြဂုတ်လ၃ရက်တွင် ရန်သူ့စိုးမိုးနယ်မြေ အောင်ပန်း-ရွာငံ-မန္တလေး လမ်းမကြီးပေါ်ရှိ မြသပိတ်ရေပြာအိုင်အနီး၌ ကျွန်တော်တို့ ၁၀၀၃တပ်ရင်းမှ လုံခြုံရေးယူ ဆောင်ရွက်ခဲ့မှုလေးပါ"လို့ ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်-၁၀၀၃တပ်ရင်းကအသိပေးဆိုပါတယ်။


ရှောင်တခင်စစ်ဆေးခြင်းနဲ့ပြည်သူလူထုအားတွေ့ဆုံခြင်းလုပ်ဆောင်တဲ့အခါ လူထု ထိခိုက်နစ်နာမှုများမရှိအောင် အစဥ်ဂရုစိုက်လျက်ရှိတယ်လို့ဆိုပါတယ်။


========================


🚩🚩၆။ တောင်စုတိုက်ပွဲနှင့်တော်ဝိတိုက်ပွဲတွင် ဖမ်းဆီးခံရသည့်စစ်သုံ့ပန်း(၂၆)ဦးအား ထိန်းသိမ်းထားကာ အိမ်ပြန်လိုသူများအား ပြန်လည်ပို့ဆောင်


သြဂုတ်လ ၄ရက်


တောင်စုတိုက်ပွဲနှင့်တော်ဝိတိုက်ပွဲတွင်ဖမ်းဆီးခံရသည့်စစ်သုံ့ပန်း(၂၆)ဦးအား ထိန်းသိမ်းထားကာ အိမ်ပြန်လိုသူများအားပြန်လည်ပို့ဆောင်ခြင်းနှင့် လုံခြုံရေးအရပြန်၍မရသူများ ၊မပြန်လိုသူများအားအလုပ်အကိုင်ရှာဖွေပေးကာ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ သြဂုတ်လ၄ရက်မှာ KNUဗဟိုကထုတ်ပြန်ပါတယ်။


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ခလယ်လွီထူခရိုင်မူးမြို့နယ်တောင်စုကျေးရွာတွင် စစ်ကြောင်းထိုးအထိုင်ချခဲ့သည့် စစ်ကောင်စီတပ်များကို ၂၀၂၅ ခုနှစ်၊ဇွန်လ (၂၅) ရက်နေ့၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့်ပူးပေါင်းတပ်တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းအများအပြားနှင့်စစ်သုံ့ပန်း(၂၃)ဦးအားဖမ်းဆီးရမိခဲ့ပြီး တပြိုင်တည်းမှာ လယ်ဒိုမြို့နယ်စီမံအုပ်ချုပ်နယ်မြေတော်ဝိကျေးရွာတွင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် လက်နက်ခဲယမ်းအများအပြားနှင့် စစ်သုံ့ပန်း()ဦးကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါတယ်။


 ထိုတိုက်ပွဲများတွင်းဖမ်းဆီရမည့်ခဲ့သည့်စစ်သုံ့ပန်းများသည် တိုက်ပွဲ()ပွဲပေါင်းမှ(၂၆)ဦးအား စစ်စည်းကမ်းဥပဒေနှင့်အညီတပ်ရင်း()ထံတွင်ထိန်းသိမ်းထားကာ အိမ်ပြန်လိုသူများအားပြန်လည်ပို့ဆောင်ခြင်းနှင့် လုံခြုံရေးအရပြန်၍မရသူများ ၊မပြန်လိုသူများအားအလုပ်အကိုင်ရှာဖွေပေးကာ ကောင်းမွန်စွာထိန်းသိမ်းထားလျက်ရှိတယ်လို့ KNUဗဟိုက ဆိုထားပါတယ်။


ဖမ်းဆီးခံရသည့်စစ်သုံ့ပန်းများသည် အများအားဖြင့်မတရားစစ်မူထမ်း ခံရသည့်သူများဖြစ်ကြပြီး အချို့မှာမူ စစ်မှုမထမ်းလိုတော့သည့်စစ်မှုထမ်းသက်တမ်းပြည့် စစ်သားများလဲပါဝင်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက်  သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment