၂၀၂၅ သြဂုတ်လ ၁၇ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မန္တလေးအိုးဘိုထောင်မှာရှိတဲ့ အမျိုးသားဆောင်ကို Drop Bone နဲ့ ဗုံးကြဲချမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် သေဆုံးသူ ၂၁ ဦးထိ ရှိလာ
📌 ၂။ မော်ချီးဒေသက ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကြဲတာကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ
📌 ၃။ ဆီဆိုင်မြို့နယ်က နောင်ထော်ကယန်းရွာကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ မီးရှို့ဖျက်ဆီး
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဖားကန့်ဒေသက မိုင်းနောင်နဲ့ မမုံကိုင်က စစ်စခန်းကို KIA နဲ့ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်
🚩 ၂။ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် ကလေးငယ်တဦးနဲ့ အရပ်သား ၂ ဦးသေဆုံး
🚩 ၃။ စစ်ကိုင်း-မုံရွာလမ်းပေါ် ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်မှုမှာ စစ်သား ၃ ဦးသေပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ
🚩 ၄။ တနင်္သာရီကနေ ဒဏ်ရာရစစ်သားတွေသယ်လာတဲ့ စစ်ကား ၂စီးကို မိုင်းဆွဲတိုက်ခိုက်မှုမှာ ကားတစီး ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မန္တလေးအိုးဘိုထောင်မှာရှိတဲ့ အမျိုးသားဆောင်ကို Drop Bone နဲ့ ဗုံးကြဲချမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် သေဆုံးသူ ၂၁ ဦးထိ ရှိလာ
သြဂုတ်လ (၁၇)ရက်
မန္တလေးအိုးဘိုထောင်မှာရှိတဲ့ အမျိုးသားဆောင်ကို Drop Bone နဲ့ ဗုံးကြဲချမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် သေဆုံးသူ ၂၁ ဦးထိရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် PPNMက ဒီနေ့ ဩဂုတ်လ ၁၇ မှာ ထပ်ပြီး ထုတ်ပြန်လာပါတယ်။
ဩဂုတ်လ ၈ ရက်နေ့ မနက် ၁၀ နာရီအချိန်မာ မန္တလေးအိုးဘိုအကျဉ်းထောင်မှာရှိတဲ့ အမျိုးသားဆောင်ပေါ် မှာ Drop Bone ၂လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
ဒီဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဥ်းသား ၁၇ ဦးနဲ့ အခြားအကျဉ်းသား ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရှိသူ အနည်းဆုံး ၁၀ ဦးအထိရှိခဲ့တာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က စုံစမ်းအတည်ပြုနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်ဖြစ်တဲ့အတွက် Drop Bone ကြဲချခဲ့တဲ့အဖွဲ့ကို သိရှိနိုင်ဖို့ အခက်အခဲတွေရှိနေတာကြောင့် အတည်ပြုနိုင်အောင် ဆက်လက်ကြိုးစားဆောင်ရွက်နေဆဲဖြစ် တဲ့အတွက် ထူးခြားမှုရှိရင် ဆက်လက် ထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။
PPNM အနေဲ့ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေ လူအခွင့်အရေးချိုးဖောက် ခံရမှုတွေကို ဖော်ထုတ်ခြင်း၊ မှတ်တမ်းထားရှိခြင်း၊ ကျူးလွန်သူတွေကို အရေးယူတာတွေလုပ်နိုင်ဖို့ ဆောင်ရွက်နေတယ် လို့ သိရပါတယ်။
သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေစာရင်းကို ဒီနေ့မှ ထုတ်ပြန်ရတာဟာ PPNM အဖွဲ့ဝင်တွေကိုယ်တိုင် သေချာစိစစ်အတည်ပြုပြီးမှ ထုတ်ပြန်ရတဲ့အကြောင်းလည်း ထပ်ပြီး အသိပေးထားပါတယ်။
Drop Bone ကြဲချမှုကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားတွေရဲအချကအလက်ကို အတည်ပြု နိုင်ခဲ့ပြီဖြစ်ပေမယ့် အခြားအမှုတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၄ ဦး ရဲ့ အချက်အလက်တွေကို စုံစမ်းနေဆဲလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM ကထုတ်ပြန်ထားပါ တယ်။
========================
📌📌 ၂။ မော်ချီးဒေသက ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကြဲတာကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ
သြဂုတ်လ (၁၇)ရက်
ကရင်နီပြည် ဖားဆောင်းမြို့နယ်ထဲက မော်ချီးဒေသမှာရှိတဲ့ ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက် တာကြောင့် ဆေးရုံပျက်စီးပြီး အရပ်သား ၂ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မော်ချီးဒေသ လိုခါးလိုကျေးရွာမှာရှိတဲ့ ပြည်သူ့ဆေးရုံကို စစ်တပ်က ဒီနေ့ သြဂုတ်လ ၁၇ ရက် မနက် ၈ နာရီ ဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကတော့ လုံးဝ ပျက်စီးသွားတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ - IEC အတွင်းရေးမှူး - ၂ ဦးဗညားက အတည်ပြုထားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဆေးရုံမှာရှိတဲ့ အမျိုးသမီးဆောင်၊ မီးဖွားဆောင်နဲ့ လူနာဆောင် အဆောက်အအုံတွေ ပျက်စီးသွားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင်လ၁၄ ရက်နဲ့ ၁၅ ရက်နေ့တုန်းကလည်း မော်ချီးဒေသကို လေကြောင်းက နေ တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၆ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
ကရင်နီပြည်နယ်မှာ အခုနှစ်အတွင်း စစ်တပ်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၃၃ ဦး သေဆုံးခဲ့ရပြီး ၉၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ကလည်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ဆီဆိုင်မြို့နယ်က နောင်ထော်ကယန်းရွာကို စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ မီးရှို့ဖျက်ဆီး
သြဂုတ်လ (၁၇)ရက်
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ထဲက နောင်ထော်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ် လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က ဒီနေ့ ဩဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်တပ် လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNO ပြည်သူ့စစ်တွေက မီးရှို့ဖျက်ဆီးနေတဲ့ရွာဟာ
နောင်ထော်ယန်းပိုင်းကျေးရွာကို မီးရှို့ခဲ့တဲ့ ရုပ်သံမှတ်တမ်းလို့ ဆိုပါတယ်။
PNO ပြည်သူ့စစ်တွေ မီးရှို့ပြီးတဲ့နောက် မီးလောင်နေတဲ့ သက်သေဗီဒီဖိုင်ကို PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းနဲ့ သက်သေရယူနိုင်ခဲ့တာလို့ အသိပေးထားပါတယ်။
ဒီရုပ်သ့မှတ်တမ်းမှာ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်က မီးရှို့ခဲ့တာကြောင့် ကျေးရွာ မီးလောင်နေတာကို တွေ့ရမှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA က ထုတ်ပြန်ထားပါတယ်။
စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်တွေပါတဲ့ပူးပေါင်းအဖွဲ့ ဩဂုတ်လ ၅ ရက်ကတည်းက အင်အား အလုံး အရင်းနဲ့ ဆီဆိုင်မြို့နယ်ထဲကို စစ်ကြောင်းထုးလာတဲ့အတွက် PNLA က တပတ်ကျော်ကြာ ခုခံစစ်ဆင်နွှဲခဲ့ရာမှာ စစ်အုပ်စု ဘက်က တရာခန့် ထိခိုက်သေဆုံးပြီး အထိနာသွားတာကြောင့် ဩဂုတ်လ ၉ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုဟာ နောင်ထော်ကျေးရွာကြီးမှာရှိတဲ့ ကယန်းပိုင်းရပ်ကွက်နဲ့ နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့တဲ့အတွက် အိမ် ၂၄ လုံး ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဖားကန့်ဒေသက မိုင်းနောင်နဲ့ မမုံကိုင်က စစ်စခန်းကို KIA နဲ့ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်
သြဂုတ်လ (၁၇)ရက်
ကချင်ပြည်နယ် ဖားကန်းမြို့နယ်ထဲက မိုင်းနောင်နဲ့ မမုံကိုင်မှာရှိတဲ့ စစ်စခန်းကို ကချင်လွတ်လပ်ရေတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။
စစ်ကောင်စီနဲ့ SNA တပ်တွေ တပ်စွဲနေတဲ့ မိုင်းနောင်နဲ့ မမုံကိုင်က တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက ဩဂုတ်လ ၁၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ အဲဒီနေ့ မနက် ၃ နာရီခဲကစပြီး ထိုးစစ်တင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁ဝ နာရီ ၂ဝ မိနစ်မှာ သိမ်းပိုက်ရရှိခဲ့တာလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
အခုသိမ်းပိုက်ရရှိတဲ့နေရာဟာ KIA တပ်မဟာ ၉ အမှတ် ၂၆ တပ်ရင်းနဲ့ ပူးပေါင်းတပ်တွေ ဇူလိုင်လတုန်းက ဆုတ်ခွာခဲ့ရတဲ့ နေရာလို့ သိရပါတယ်။
========================
🚩🚩 ၂။ မိုးကုတ်မြို့အရှေ့ပိုင်းကို စစ်တပ်က ဗုံးထပ်ကြဲတာကြောင့် ကလေးငယ်တဦးနဲ့ အရပ်သား ၂ ဦးသေဆုံး
သြဂုတ်လ (၁၇)ရက်
တအာင်းတပ်မတော် TNLA က သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်းထဲက မိုးကုတ်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က ဒီနေ့ မနက်ပိုင်းမှာ လေကြေင်းကနေ ဗုံးထပ်ကြဲတာကြောင့် ကလေးငယ်တဦးနဲ့ အရပ်သား ၂ဦး သေဆုံးခဲ့တယ်လို့ TNLA က ပြောပါတယ်။
ဒီနေ့မနက် ၉ နာရီဝန်းကျင်မှာ စစ်တပ်က မိုးကုတ်မြို့အရှေ့ပိုင်း၊ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို လေကြောင်းကနေ ပေါင် ၂၅ဝ ဗုံး ၃ လုံး လာကြဲသွားတာလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တဦးနဲ့ အမျိုးသား ၂ ဦး သေဆုံးပြီး အိမ် ၃ လုံးနဲ့ ၄ ထပ် အဆောက်အအုံတလုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်တပ်ကကြဲချတဲ့ဗုံးတွေဟာ မိုးကုတ်အရှေ့ပိုင်းမှာရှိတဲ့ ဆေးရုံကြီးအနောက်ဘက်မှာတလုံး၊ ပတ္တမြားငမောက်တည်းခိုခန်း ရှေ့တလုံးနဲ့ အစိုးရဘဏ်ရှေ့မှာ တလုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ကပဲ မိုးကုတ်မြိုအရှေ့ပိုင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပြည်သူလူထုရှိတဲ့နေရာကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၁ ဦးသေဆုံးခဲ့ရပြီး ၇ ဦး ဒဏ်ရာရခဲ့ကာ အိမ် ၁၅ လုံး ပျက်စီးခဲ့သေးတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခုလအတွင်း လေကြောင်းကနေ မိုးကုတ်မြို့ကို ၃ ကြိမ်၊ ကျောက်မဲမြို့နယ်မှာ ၂ကြိမ်၊ သီပေါ မြို့ကို ၂ ကြိမ် ဗုံးကြဲခဲ့တာကြောင့် ကလေး ၃ ဦး၊ ရဟန်း ၂ ပါး၊ အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၁၆ ဦး သေးဆုံးခဲ့ရပြီး ရဟန်းတပါး၊ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၁၉ ဦး ဒဏ်ရာရခဲ့ကာ အိမ် ၄၂ လုံး၊ အဆောက်အအုံတလုံး၊ စာသင်ကျောင်း တကျောင်း၊ ကား ၄ စီး၊ ဆိုင်ကယ် ၃ စီး ပျက်စီးခဲ့တယ်လို့ TNLA မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ စစ်ကိုင်း-မုံရွာလမ်းပေါ် ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်မှုမှာ စစ်သား ၃ ဦးသေပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ
သြဂုတ်လ (၁၇)ရက်
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် စစ်ကိုင်း-မုံရွာလမ်းမပေါ် ကင်းပုန်းဝပ်ဖို့ ထွက်လာလာတဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၃ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်တွေက ပြောပါတယ်။
မြင်းမူမြို့နယ်အပိုင်ထဲက စစ်ကိုင်း - မုံရွာလမ်းမပေါ်မှာရှိတဲ့ စစ်တပ်အထိုင် ဂိတ်စခန်းတခုကနေ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဩဂုတ်လ ၁၄ ရက်နေ့ မနက် ၅ နာရီ ၄၀ မိနစ်အချိန်မှာ ပစ် ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ ၂ယောက်က ပွဲချင်းညပီး သေသွားတာဖြစ်ပြီး တယောက်ကတော့ သူတို့စခန်းဘက်ထွက်ပြေးသွားချိန်မှာ လဲကျသေဆုံးသွားတာလို့ သိရပါတယ်။
ကင်းပုန်းဝပ်ဖို့ထွက်လာတဲ့ စစ်သားတွေကို စစ်ကိုင်းခရိုင် စစ်ဌာနကွတ်ကဲရေးမှူးရဲ့ ကွတ်ကဲမှုနဲ့ T.G.R တပ်ဖွဲ့ ၊ 11 Brother တပ်ဖွဲ့၊ ရေနဂါးပြည်သူ့ကာကွယ်တပ်ဖွဲ့ ၊ Black Eagle တပ်ဖွဲ့ ၊ Black Brothers တပ်ဖွဲ့ ၊ Hero တပ်ဖွဲ့နဲ့ ဒီမိုပြောက်ကြား တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့လည်း သိရပါတယ်။
========================
🚩🚩 ၄။ တနင်္သာရီကနေ ဒဏ်ရာရစစ်သားတွေသယ်လာတဲ့ စစ်ကား ၂စီးကို မိုင်းဆွဲတိုက်ခိုက်မှုမှာ ကားတစီး ပျက်စီး
သြဂုတ်လ (၁၇)ရက်
တနင်္သာရီမြို့ကနေ မြိတ်မြို့ဘက်ကို ဒဏ်ရာရစစ်သားတွေ သယ်လာတဲ့ စစ်ကား ၂ စီးကို ပကဖရဲဘော် တွေ မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ကားတစီး ပျက်စီးသွားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ထုတ်ပြန်ပါတယ်။
သိန်ခွန်းနဲ့ တမုတ်ချုံးရွာတိုက်ပွဲမှာ ဒဏ်ရာရသွားတဲ့ စစ်သားတွေကို တင်လာတဲ့ စစ်ကား ၂ စီးကို သြဂုတ်လ ၁၂ ရက်နေ့ညက ကမ်းတိုရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကားတစီး ဆက်မောင်းလို့မရအောင် ပျက်စီးသွားတဲ့အတွက် အခြားတကားတစီးနဲ့ ဇဝဲမှာ အခြေစိုက်တဲ့ ခမရ - ၅၅၆ တပ်ရင်းကို ဆွဲခေါ်သွားရတဲ့အတွက် စစ်အုပ်စုဘက်က ထိခိုက်မှုတွေရှိနိုင်တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment