၂၀၂၅ သြဂုတ်လ ၁၅ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ သြဂုတ်လ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပ

📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ယူနစ်အတွင်းရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ၍ ယူနစ်အတွင်း နိုင်ငံရေး၊တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး

📌 ၃။ လုပ်ခလစာမပေးဘဲ အလုပ်မှ ထုတ်ပယ်ခံခဲ့ရသော အလုပ်သမား (၂၀၂)ဦးရဲ့ လုပ်ခလစာ ထိုင်းဘတ် ငွေ()သန်းကျော် ပြန်လည်ရရှိအောင် MHAC နဲ့ NUG ဆောင်ရွက်ပေးခဲ့

📌 ၄။ အိန္ဒိယအစိုးရအား မြန်မာစစ်အုပ်စုနှင့် ပတ်သက်သည့် စစ်လက်နက်ရောင်းချမှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအားလုံး ရပ်နားရန် တိုက်တွန်း

📌 ၅။ နယ်စပ်ကုန်သွယ်မှု ပိတ်ပင်မှုကြောင့် မြန်မာတွင်း ကုန်ဈေးနှုန်းများ တက်နေ

📌 ၆။ နွေဦးဘဏ်မှာ ရက်ပေါင်း ၃၆၀ အတွက် မြန်မာကျပ်ငွေ စာရင်းသေအပ်နှံထားခြင်းဖြင့် အတိုးနှုန်း ၁၃ရာခိုင်နှုန်းအထိ အမြင့်ဆုံး ရယူနိုင်

📌 ၇။ ၂၀၂၅ ပညာသင်နှစ်အတွက် Intensive Program (အချိန်ပိုင်း-ရက်တို) သင်တန်းလျှောက်လွှာများ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ခေါ်ယူ


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားများကို လူသားဒိုင်းအသုံးပြုသည့်ဗီဒီယို ထွက်ပေါ်

🚩 ၂။ စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့၊ စစ်သုံ့ပန်းတစ်ဦး အရှင်ဖမ်းဆီးရမိ

🚩 ၃။ ကော့လှိုင်ရွာ အနီးမှာ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

🚩 ၄။ မုံရွာ-ကျောက္ကာ လမ်းပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းကို ရက်ဆက် တိုက်ခိုက်ခဲ့ပြီး ၄၀ ခန့် သေဆုံး

🚩 ၅။ ဖားကန့်တွင် ဒရုန်းဗုံးကြောင့် ဒေသခံ ဦး ဒဏ်ရာရ

🚩 ၆။ ဩဂုတ်လ ပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ဦး တော်လှန်ရေး တပ်ဖွဲ့တွေထံ အလင်းဝင်

🚩 ၇။ ယင်းမာပင်ခရိုင် တပ်ရင်း (၃၀) က ၆၀ မမ စိန်ပြောင်းနဲ့ ဗုံးသီးများကို ကိုယ်တိုင်ထုတ်လုပ် အသုံးပြုနေ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပ


ဩဂုတ်လ ၁၄ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂၈/၂၀၂၅) ကို သြဂုတ်လ၁၄ရက် မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၇/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ယူနစ်အတွင်းရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံ၍ ယူနစ်အတွင်း နိုင်ငံရေး၊တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ ဆွေးနွေး


သြဂုတ်လ၁၄ရက်

Radio NUG

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် ယူနစ်အတွင်းရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့၊ ၁၀:၀၀နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။


အစည်းအဝေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌက ယူနစ်လွှတ်တော်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏  ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ယူနစ်အတွင်း နိုင်ငံရေး၊တော်လှန်ရေးအင်အားစုများအကြား ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အကြံပြု ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးသို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖက်ဒရယ်ယူနစ်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ လုပ်ခလစာမပေးဘဲ အလုပ်မှ ထုတ်ပယ်ခံခဲ့ရသော အလုပ်သမား (၂၀၂)ဦးရဲ့ လုပ်ခလစာ ထိုင်းဘတ် ငွေ()သန်းကျော် ပြန်လည်ရရှိအောင် MHAC နဲ့ NUG ဆောင်ရွက်ပေးခဲ့


ဩဂုတ်လ ၁၄ရက် 

Radio NUG 


ထိုင်းနိုင်ငံ စာမွတ်ပကန်ခရိုင်ရှိ ဆိုင်ကယ်အပိုပစ္စည်းစက်ရုံ တစ်ခုတွင် လုပ်အားခအပြည့်မပေးဘဲ ရုတ်တရက် အလုပ်မှ အဖြုတ်ခံလိုက်ရသောကြောင့် မေလ ၂၃ ရက်နေ့၌ နယ်မြေခံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးတွင် MHAC မဟာမိတ်အဖွဲ့ 𝐍𝐔𝐆 အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းတိုင်ကြားခြင်းဖြင့် ကူညီမှုစတင်ခဲ့ကြောင်း သတင်းရရှိပါတယ်။


ထိုကဲ့သို့ ကူညီဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံသား အပါအဝင် စုစုပေါင်း ၂၀၂ ဦးမှာ ထိုင်းဘတ်ငွေ ()သန်းကျော်အား နယ်မြေခံအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှ တစ်ဆင့် သြဂုတ်လ ရက်နေ့၌ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။


၎င်းတို့ ၂၀၂ ဦးအနက် ၁၅ ဦးမှာ ပြန်လည်ရရှိသည့် နစ်နာကြေးအပေါ် အလုပ်ပြုတ်နစ်နာကြေးများ အပြည့်အဝလိုချင်သောကြောင့် အလုပ်သမားတရားရုံး၌ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ပြီး 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ အနေဖြင့်လည်း အမှုပြီးဆုံးသည် အထိ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။


========================


📌📌 ၄။ အိန္ဒိယအစိုးရအား မြန်မာစစ်အုပ်စုနှင့် ပတ်သက်သည့် စစ်လက်နက်ရောင်းချမှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအားလုံး ရပ်နားရန် တိုက်တွန်း


ဩဂုတ်လ၁၄ရက် 

Radio NUG 


အိန္ဒိယအစိုးရအား မြန်မာစစ်အုပ်စုနှင့် ပတ်သက်သည့် စစ်လက်နက်ရောင်းချမှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအားလုံး ရပ်နားရန် တိုက်တွန်းသည့်အပြင် Light Head Group ကွန်ရက်၊ ၎င်း၏ ဒါရိုက်တာများ၊ ရှယ်ယာရှင်များနှင့် စစ်အုပ်စုလက်နက်ပွဲစားများအားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်လည်း Justice for Myanmar မှ တောင်းဆိုထားပါတယ်။


၂၀၂၁ ခုနှစ်နောက်ပိုင်း အိန္ဒိယလေတပ်၊ အိန္ဒိယနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများနှင့် ပုဂ္ဂလိကကုမ္ပဏီများမှတဆင့် မြန်မာစစ်အုပ်စုသို့ စစ်လက်နက်၊ စစ်-အရပ်နှစ်မျိုးသုံးပစ္စည်းများ၊ နည်းပညာများနှင့် လောင်စာဆီများ ရောင်းချပေးခဲ့ကြောင်း သုတေသနတစ်ရပ်တွင် ဖော်ပြထားပါတယ်။


JFM အဆိုအရ အိန္ဒိယအစိုးရသည် မြန်မာစစ်တပ်အရာရှိများကို အိန္ဒိယနိုင်ငံတွင် လေ့ကျင့်သင်ကြားပေးခဲ့ပြီး၊ ဓာတ်ပုံအထောက်အထားများတွင် ၂၀၂၄ ခုနှစ်တွင် ပရာဒတ်ရှ်မြို့ရှိ Indian Army Educational Corps Training College and Centre နှင့် ၂၀၂၂ ခုနှစ်တွင် ဟိုက်ဒရပ်မြို့ရှိ Indian Military College of Electronics and Mechanical Engineering တို့၌ လေ့ကျင့်မှုခံယူနေသည့် မြန်မာစစ်တပ်အရာရှိများကို တွေ့ရတယ်လို့ အသိပေးထားပါတယ်။


၂၀၂၃ ခုနှစ်တွင် အိန္ဒိယကာကွယ်ရေးဝန်ကြီး Shri Giridhar Aramane သည် မြန်မာနိုင်ငံသို့ လာရောက်ကာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ကြောင်းလည်း JFM က ဖော်ပြထားပါတယ်။


ထို့ပြင် မကွေးတိုင်းရှိ စစ်အုပ်စုထိန်းချုပ်ထားသည့် မန်းသံပုရာကန်ရေနံချက်စက်ရုံကို အိန္ဒိယပညာရှင်များက အဆင့်မြှင့်တင်ကူညီခဲ့ကြောင်း၊ ထိုစက်ရုံတွင် ထုတ်လုပ်သည့် လေယာဉ်ဆီများကို စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုကြောင်း သိရပါတယ်။


========================


📌📌 ၅။ နယ်စပ်ကုန်သွယ်မှု ပိတ်ပင်မှုကြောင့် မြန်မာတွင်း ကုန်ဈေးနှုန်းများ တက်နေ


ဩဂုတ်လ ၁၄ရက် 

Radio NUG 


အာဏာသိမ်း စစ်ကောင်စီက ဆေးဝါးအပါအဝင် လူသုံးကုန်ပစ္စည်း ၃၅ မျိုးကို နယ်စပ်မှ တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် မြန်မာတွင်း၌ ကုန်ဈေးနှုန်းများ တဖြည်းဖြည်း တက်လာနေကြောင်း သတင်းရရှိပါတယ်။


ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ထားသည့် စစ်ကောင်စီ ကြေညာချက်အရ တင်သွင်းမှု ပိတ်ပင်ခံရသည့်ပစ္စည်းများတွင် ခေါက်ဆွဲ၊ ကြာဇံ၊ ပဲငံပြာရည်၊ သွားတိုက်ဆေးနှင့် သွားတိုက်တံ၊ ဆပ်ပြာ၊ တစ်ရှူး၊ လူကြီးဒိုက်ဘာ၊ အသင့်သောက်နို့၊ ဒိန်ချဥ်၊ လက်ကိုင်ဖုန်း၊ ကော်ဖီစေ့နှင့် ကော်ဖီမှုန့်၊ လက်ဖက်ခြောက်၊ လျှပ်စစ်စက်ပစ္စည်းများ၊ မော်တော်ယာဉ်အပိုပစ္စည်းများ၊ သစ်သီးနှင့် အခြားလူသုံးကုန်ပစ္စည်းအမျိုးစုံ ပါဝင်ပါတယ်။


မြဝတီ၊ ဘားအံနှင့် မော်လမြိုင်ကဲ့သို့ အဓိက နယ်စပ်ကုန်သွယ်မြို့များတွင် ဈေးနှုန်းတက်လာမှု ရှိနေပြီဟု ဒေသခံများက ဆိုထားပြီး ဆေးဝါးပိတ်ပင်ထားတာက အဆိုးဆုံးလို့ ဆိုပါတယ်။


ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှတ် () တံတားတွင် မြန်မာဘက်သို့ ဝင်ရန် စောင့်နေသည့် ကုန်တင်ယာဉ်များ ၅၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။


========================


📌📌 ၆။ နွေဦးဘဏ်မှာ ရက်ပေါင်း ၃၆၀ အတွက် မြန်မာကျပ်ငွေ စာရင်းသေအပ်နှံထားခြင်းဖြင့် အတိုးနှုန်း ၁၃ရာခိုင်နှုန်းအထိ အမြင့်ဆုံး ရယူနိုင်


သြဂုတ်လ ၁၄ရက်

Radio NUG

နွေဦးဘဏ်မှာ ရက်ပေါင်း ၃၆၀ အတွက် မြန်မာကျပ်ငွေ စာရင်းသေအပ်နှံထားခြင်းဖြင့် အတိုးနှုန်း ၁၃ရာခိုင်နှုန်း အထိ အမြင့်ဆုံး ရယူနိုင်တယ်လို့ နွေဦးဖွံဖြိုးရေး ဘဏ် SDBက ကြေညာပါတယ်။


ထို့အပြင် SDB အကောင့်တစ်ခုရှိရုံနဲ့ နိုင်ငံတကာ ငွေကြေး ၁၀ မျိုးနဲ့ ကမ္ဘာ့ရွှေ (digital gold) တို့ကို အပ်နှံကာ လအလိုက် သတ်မှတ်ထားသော နှုန်းထားများဖြင့် စုဆောင်းပွားများနိုင်ပြီလည်း ဖြစ်ပါတယ်။


========================


📌📌 ၇။ ၂၀၂၅ ပညာသင်နှစ်အတွက် Intensive Program (အချိန်ပိုင်း-ရက်တို) သင်တန်းလျှောက်လွှာများ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်မှ ခေါ်ယူ


သြဂုတ်လ ၁၄ရက် 

Radio NUG 


ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ဝိဇ္ဇာ-သိပ္ပံ တက္ကသိုလ်မှ ဝိဇ္ဇာဘာသာရပ်အထူးပြုကျောင်းသား၊ ကျောင်းသူများနှင့် ဥပဒေပညာအထူးပြုကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ဖွင့်လှစ်သည့် Intensive Program အချိန်ပိုင်း(ရက်တို)သင်တန်းအတွက် သင်တန်းလျှောက်လွှာများကို (၁၈--၂၀၂၅) ရက်နေ့မှစတင်၍ (၁၅--၂၀၂၅) ရက်နေ့ထိ  လက်ခံသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ပါတယ်။


အချိန်ပိုင်း(ရက်တို)သင်တန်း ဝိဇ္ဇာဘာသာရပ်အထူးပြုများအတွက် လျှောက်ထားနိုင်သည့် ဘာသာရပ်များမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ပညာ၊ ဒဿနိကဗေဒတို့ဖြစ်ပြီး ပထမနှစ်မှစတင်၍ စတုတ္ထနှစ်ထိ တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။


ထို့အတူ အချိန်ပိုင်းရက်တိုသင်တန်း ဥပဒေပညာအထူးပြုများအနေဖြင့် တတိယနှစ်မှ ပဥ္စမနှစ်အထိ တက်ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။


သင်တန်းများအား မြန်မာနိုင်ငံစာစစ်ဌာနမှ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများ (၂၀၂၁ ခုနှစ်နှင့် နောက်ပိုင်း ခုနှစ်အောင်မြင်သူများ မပါဝင်ပါ) ကေအိုင်အို ပညာရေးဌာနမှ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ (နှစ်အကန့်အသတ်မရှိ) နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ဝင်တန်း (GED) စာမေးပွဲအောင်မြင်သူများနှင့် ၂၀၂၁ ခုနှစ်မှစတင်၍ CDM ပြုလုပ်ထားသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်တယ်လို့ ဖော်ပြပါတယ်။


သင်တန်းလျှောက်လွှာပုံစံများကို ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ရုံးဖွင့်ချိန် နံနက် (၉း၀၀) နာရီမှ ညနေ (၄း၀၀) နာရီအတွင်း ထုတ်ယူနိုင်ကြောင်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အရပ်သားများကို လူသားဒိုင်းအသုံးပြုသည့်ဗီဒီယို ထွက်ပေါ်


သြဂုတ်လ ၁၄ရက် 

Radio NUG 


မိတ္ထီလာအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People's Defence Force – Meikhtila) က ထုတ်ပြန်သည့် ဗီဒီယိုမှတ်တမ်းတစ်ခုတွင် စစ်ကောင်စီတပ်သားများက အရပ်သားများကို ဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ဖော်ပြထားပါတယ်။


ဗီဒီယိုကို ဒရုန်းနှင့် ကင်းထောက်ကင်မရာများ အသုံးပြုပြီး ရိုက်ကူးထားပြီး၊ စစ်ကောင်စီစစ်ကြောင်းက လက်ကိုကြိုးတုပ်ထားသော လူအချို့ကို ရှေ့မှ ပြေးခိုင်းကာ၊ နောက်မှ သေနတ်ကိုင်ထားသည့် စစ်သားများက ကာကွယ်လိုက်နေသည်ကို မြင်တွေ့ရပါတယ်။


ထိုအဖြစ်အပျက်မှာ ရန်ကုန်မန္တလေး အမြန်လမ်းမ မိုင်တိုင် ၃၁၇ အနီး တိုက်ပွဲတစ်ခုအတွင်း ဖြစ်ပွားခဲ့ပြီး၊ အနီးရှိရွာများမှ အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဆီးခံရသူများ၏ အမည်နာမနှင့် ကိုယ်ရေးအချက်အလက်များကို မသိရသေးသော်လည်း၊ အရပ်သားများ ပါဝင်နေကြောင်း သိရှိပြီးနောက် တိုက်ပွဲကို ရပ်နားခဲ့ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီနဲ့ PNO ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့၊ စစ်သုံ့ပန်းတစ်ဦး အရှင်ဖမ်းဆီးရမိ


ဩဂုတ်လ ၁၄ ရက်၊ 

Radio NUG


ရှမ်းပြည်နယ် တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့ ထိန်းချုပ်နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၊ PNO ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ (၁၀၀၅) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က အင်အား အလုံးအရင်းဖြင့် (၁၀၀၅) တပ်ရင်း၊ ရှမ်းတောင်နဲ့ မဟာမိတ် ပူးပေါင်းတပ်ရင်းများ လှုပ်ရှားနေတဲ့ ကျေးရွာများကို စစ်ကြောင်းထိုးလာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးခဲ့ပြီး၊ စစ်သုံ့ပန်း တစ်ဦးကို လက်နက်နှင့်တကွ အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီ စစ်ကြောင်းဘက်က လက်နက်ကြီးနဲ့ ဒရုန်းများ အဆမတန် အသုံးပြုပြီး ထိုးစစ်ဆင်ခဲ့တာ‌ကြောင့် (၁၀၀၅) တပ်ရင်းမှ ရဲဘော် ဦးနဲ့ မဟာမိတ် တပ်ဖွဲ့များမှ ရဲဘော် ဦး၊ စုစုပေါင်း ဦး မစိုးရိမ်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ကော့လှိုင်ရွာ အနီးမှာ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်


ဩဂုတ်လ ၁၄ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကော့လှိုင်‌ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက် ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။


ကော့လှိုင်ရွာအနီး စစ်ကြောင်းထိုးလာတဲ့ အင်အား (၁၅၀) ပါ စစ်ကောင်စီ စစ်ကြောင်းကို ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၁၁ နာရီနဲ့ ညနေ နာရီ တို့မှာ တိုက်ပွဲ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ကာ ၁၅ ဦး ထက်မနည်း ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မွန်ပြည် တော်လှန်ရေးတပ် (MSRF) ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA တပ်မဟာ ) တပ်ရင်း (၂၇) ရာမညမွန်တပ်တော် (RMA) ဒေါနစစ်ကြောင်း (YGF) ဒေါနစစ်ကြောင်း - (KBDF) ဗျူဟာ (၃၃) ဒေါနစစ်‌ကြောင်း အထူးစစ်ဆင်ရေးအဖွဲ့နှင့် ကြယ်လင်းရောင် (ဆာကပေါ) တပ်ရင်း (KTLA) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ မုံရွာ-ကျောက္ကာ လမ်းပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းကို ရက်ဆက် တိုက်ခိုက်ခဲ့ပြီး ၄၀ ခန့် သေဆုံး


ဩဂုတ်လ ၁၄ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ - ကျောက္ကာ လမ်းပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ရက်ဆက်တိုက်၊ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့မှာ မုံရွာစီးပွားရေးတက္ကသိုလ်မှ ထွက်လာတဲ့ အင်အား ၁၅၀ ပါ စစ်ကောင်စီ စစ်ကြောင်းကို အသင့်ထောင်ထားတဲ့ တိုက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။


တစ်ဆက်တည်းမှာ ကျောက္ကာတောင်ရွာရှိ စာသင်ကျောင်းက ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ ဦးခန့် ထိခိုက်သေဆုံး ခဲ့တယ်လို့ သိရပါတယ်။


ဩဂုတ်လ ရက် နေ့လယ် နာရီခန့်မှာ စစ်ကောင်စီတပ်များ ဖြန့်ထားတဲ့ ရေနံကုန်း လမ်းဆုံနဲ့ ရွှေဂူဖြူ ဘုရား အနီးတို့ကို Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။


ညနေ နာရီခန့်မှာ ထနောင်းဝင်းရွာ အရှေ့ဘက် ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး နာရီခန့်မှာလည်း ရွာတုံရွာနဲ့ ထနောင်းဝင်းရွာအနီးမှာ ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း မုံရွာ စီးပွားရေးတက္ကသိုလ်ရှိ စစ်ကောင်စီ တပ်ဖွဲ့နဲ့ အမတ (၅၀၈) တပ်ရင်းတို့က လက်နက်ကြီး ပစ်ကူပေးခဲ့ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ Paramotor နဲ့ လေကြောင်းပစ်ကူ ပေးခဲ့တယ်လို့ ဆိုပါတယ်။


ဩဂုတ်လ ၁၀ ရက်၊ နေ့လယ် ၁၂ နာရီမှာ ရွှေဂူနီဘုရား အနီး တပ်ဖြန့်ထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Drone ဖြင့် Drop Bomb ချ တိုက်ခိုက်ခဲ့ပြီး ညနေ နာရီမှာ ကျောက္ကာမြောက်ရွာ အရှေ့ကန်ကြီးကွေ့အထိ ဖြန့်ဆင်းလာတဲ့ စစ်ကောင်စိ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


ညနေ နာရီခန့်မှာပဲ ကျောက္ကာရွှေဂူနီဘုရား အနီးက စစ်ကောင်စီ တပ်ဖွဲ့နဲ့  မီးသတ်ရုံးအနားရှိ စစ်ကြောင်းတို့ကို Multiroter စီး၊ Fixwing စီးဖြင့် ကြဲချ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး၊ Scout Drone တစ်စီး ဂျန်ပါ ထိမှန်ကာ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။


၁၁ ရက်‌နေ့ မနက် နာရီခန့်မှာ စစ်ကောင်စီ တပ်အင်အား ၁၂၀၊ အပေါ့စား သံချပ်ကာယာဉ် စီး၊ Double Cab စီးပါ ယာဉ်တန်းအား တိုက်မိုင်းဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီ စစ်ကြောင်းဟာ ကျောက္ကာ ရေနံကုန်း တစ်နေရာကို မီးရှို့ဖျက်စီးခဲ့ပြီး ခရိုင်ချင်းဆက် လမ်းအတွင်းရှိ လမ်းဘေးဝဲယာ အိမ်တန်းများ စစ်ကောင်စီ လက်နက်ကြီးကြောင့် မီးလောင်ပျက်စီး ခဲ့ရတယ်လို့ သိရပါတယ်။


ဩဂုတ်လ ၁၄ ရက်နေ့ထိ စစ်ကောင်စီစစ်ကြောင်းဟာ မုံရွာမြို့မှ ကျောက္ကာ ရွှေဂူဖြူဘုရား အနီးပတ်ဝန်းကျင်ထိ အင်အား ၄၀၀ ခန့်ဖြင့် တပ်ဖြန့်ပြီး မီးရှို့ဖျက်စီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းများ လုပ်ဆောင်နေခဲ့ကာ လက်နက်ကြီးများ၊ Paramotor များဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ စစ်ကြောင်းမှ ဗိုလ်မှူး ဦးနဲ့ ဗိုလ်ကြီး ဦး အပါအဝင် ၂၀ ခန့် ဒဏ်ရာ ရရှိခဲ့ပြီး ၄၀ ခန့် သေဆုံးထားကာ သေဆုံးသူ အများစုမှ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်များ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ဖားကန့်တွင် ဒရုန်းဗုံးကြောင့် ဒေသခံ ဦး ဒဏ်ရာရ


ဩဂုတ်လ ၁၄ရက် 

Radio NUG 


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှရော်ခကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။


တိုက်ပွဲမရှိသော်လည်း ဩဂုတ် ၁၄ ရက် မွန်းလွဲ နာရီခန့်တွင် ရွာအတွင်း ရဝမ်ကုန်းနားသို့ ဒရုန်းမှ ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အသက် ၁၆ နှစ်အရွယ် Grade-10 ကျောင်းသား ထန်ရှမ်းခိုင်၊ အသက် ၅၂ နှစ် ဝင်းနိုင်၊ အသက် ၅၆ နှစ် ရဲနိုင်၊ အသက် ၅၇ နှစ် ထူးကျော်နှင့် အသက် ၅၀ နှစ် တင်ထွဋ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ထိခိုက်ဒဏ်ရာရသူများကို ပရဟိတအသင်းများမှ ဖားကန့်မြို့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ဩဂုတ်လ ပထမပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ဦး တော်လှန်ရေး တပ်ဖွဲ့တွေထံ အလင်းဝင်


ဩဂုတ်လ ၁၄ ရက်၊ 

Radio NUG


ဩဂုတ်လ ပထမအပတ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်သားနဲ့ ပြည်သူ့စစ် ၄၆ ဦး အလင်းဝင် ပူးပေါင်းလာခဲ့တယ်လို့ ပြည်သူ့ရင်ခွင်ရဲ့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" မှာ ဖော်ပြထားပါတယ်။


တနင်္သာရီတိုင်းမှာ စစ်သား ဦး၊ စစ်ကိုင်းတိုင်းမှာ ၂၂ ဦး၊ မကွေးတိုင်းမှာ ၂၀ ဦးနဲ့ စစ်ကိုင်းတိုင်း မှာပဲ  ပြည်သူ့စစ် ဦး စုစုပေါင်း ၄၆ ဦး အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။


အလင်းဝင် စစ်သား ၄၅ ဦးအနက် ၃၉ ဦးမှာ ပြည်သူ့စစ်မှုထမ်း တပ်သားသစ်တွေ ဖြစ်ကြတယ်လို့ သိရပါတယ်။


ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ပထမပတ်အထိ အလင်းဝင် ပူးပေါင်း၊ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ,၇၈၁ ဦးထိ ရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ ယင်းမာပင်ခရိုင် တပ်ရင်း (၃၀) က ၆၀ မမ စိန်ပြောင်းနဲ့ ဗုံးသီးများကို ကိုယ်တိုင်ထုတ်လုပ် အသုံးပြုနေ


ဩဂုတ်လ ၁၄ ရက်၊ 

Radio NUG


ပေါ့ပါးပြီး အသုံးပြုရ လွယ်ကူတဲ့ (၆၀ မမ) စိန်ပြောင်း လက်နက်ကြီးတွေကို ကိုယ်တိုင်ထုတ်လုပ်ပြီး လက်နက် ထောက်ကူအဖြစ် အသုံးပြုနေတယ်လို့ ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ် (၃၀) က အသိပေးထားပါတယ်။


ထုတ်လုပ်မှု လွယ်ကူရိုးရှင်းပြီး၊ ကုန်ကျစားရိတ် သင့်တင့်တာကြောင့် (၆၀ မမ) စိန်ပြောင်း လက်နက်ကြီတွေဟာ လက်ရှိ နွေဦးတော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် အရေးပါတဲ့ လက်နက်တစ်ခု ဖြစ်လာနေတယ်လို့ ဆိုပါတယ်။


တပ်ရင်းအနေဖြင့် နွေဦးတော်လှန်ရေး အစထဲက လက်နက်ခဲယမ်း လိုအပ်ချက်များကို တစ်နိုင်တစ်ပိုင် ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး ဆန်းသစ် ကွန့်မြူးသော ထုတ်လုပ်ရေး ကဏ္ဍများကို အားပေးကာ တပ်တွင်း ပေါ်လစီ တစ်ခုအဖြစ် ကျင့်သုံးခဲ့တယ်လို့ သိရပါတယ်။


လက်ရှိမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ အနေဖြင့် စိန်ပြောင်းများအပြင် ၆၀ မမ ဗုံးသီးများကိုလည်း ကိုယ်တိုင် ထုတ်လုပ်လျက်ရှိကာ တိုက်ပွဲများမှာလည်း ဘေးအန္တရာယ်ကင်းစွာဖြင့် အသုံးပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ထုတ်လုပ်ရေး ကဏ္ဍမှာ လုပ်ကိုင်ရင်း အသက် ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်များ၊ ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ရဲဘော်များလည်း ရှိခဲ့ပေမယ့် ထုတ်လုပ်ရေး ကဏ္ဍများကို ဆက်လက်ကြိုးစား လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။


ထုတ်လုပ်ရေး ကဏ္ဍမှာ အသုံးပြုဖို့ လိုအပ်တဲ့ ကုန်ကြမ်းများ ဝယ်ယူ စုဆောင်းနိုင်ရေး အတွက်ကို ပြည်သူလူထု အနေဖြင့် ပါဝင်အားဖြည်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment