၂၀၂၅ သြဂုတ်လ ၂၉ ရက်နေ့ မနက်ခင်း သတင်းလွှာ

 


၂၀၂၅ သြဂုတ်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်တပ်မှ ဗုံးခွဲဖျက်ဆီးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ရှုတ်ချ

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကျင်းပ

📌 ၃။ အလုပ်မှ ရပ်နားခံရသော မြန်မာလုပ်သား ၁၇ ဦး နစ်နာကြေး၊ ဘိုင်ကျန့်အော့ခအပါအဝင် စုစုပေါင်း ထိုင်းဘတ်ငွေ ၁၃၀,၀၀၀ ရရှိစေရန် MHAC မဟာမိတ်အဖွဲ့နှင့် NUG မှ ကူညီပေးနိုင်ခဲ့

📌 ၄။ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေဒဏ်ခတ်ပိတ်ဆို့မှု ချိုးဖောက်ခြင်းအတွက် တယ်လီနောကို Justice For Myanmar နဲ့ ICJ Norway တို့ နော်ဝေနိုင်ငံမှာ အမှုဖွင့် 

📌 ၅။ နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ဦး သေဆုံး

📌 ၆။ ပြည်သူ့ပန်းတိုင်က ကရင်ရိုးရာ ဂျပ်ခုတ်နဲ့ ပန်းထိုး အလှဆင် သင်တန်းသား ခေါ်ယူနေ


========================


၂၀၂၅ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်မှူးကြီးများ အစည်းအဝေး ကျင်းပ၊ တိုင်းစစ်ဌာန (၁၀) ခုကို ဖွဲ့စည်းထားပြီး တပ်ရင်း၊ တပ်ဖွဲ့များကို ကွပ်ကဲ တိုက်ပွဲဝင်လျက်ရှိ

🚩 ၂။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် အရာရှိ ဦးနဲ့ စစ်သည် ဦး သေဆုံးဟုဆို

🚩 ၃။ ဗန်းမော်တိုက်ပွဲတွင် စစ်ကြောင်းမှူး ဗိုလ်ကြီး ခန့်ထက်နောင်နှင့် စစ်သားအများအပြား သေဆုံး

🚩 ၄။ သရက်ချောင်းမှာ စစ်ကော်မရှင် စစ်ကြောင်းက နေအိမ် ၅၁ လုံးကို မီးရှို့ဖျက်ဆီး၊ ပြည်သူ ဦးကို သတ်ဖြတ်ခဲ့

🚩 ၅။ ခမရ (၅၉၁) တပ်ရင်းမှ တပ်သား တစ်ဦး ရေးပြောက်ကျားတပ်ထံ လက်နက်နဲ့ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ဂုတ်ထိပ်တံတားကို အကြမ်းဖက်စစ်တပ်မှ ဗုံးခွဲဖျက်ဆီးမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ရှုတ်ချ


ဩဂုတ် ၂၈ 

Radio NUG 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး-လားရှိုးရထားလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားအား တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ထိုတံတားအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့က ရှမ်းပြည်မြောက်ပိုင်း၏ ကြားကာလအမွေအနှစ်စာရင်း- တွင် စက်မှုနှင့် သဘာဝအမွေအနှစ်အဖြစ် ကြေညာချက်အမှတ် /၂၀၂၄ ဖြင့် ထုတ်ပြန်သတ်မှတ်ထားတယ်လို့ ဖော်ပြထားပါတယ်။


၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ဂုတ်ထိပ်တံတားအား ဗုံးခွဲဖျက်ဆီးခံရသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် TNLA တာဝန်ရှိသူများက ၎င်းတို့အနေဖြင့် အမွေအနှစ်နယ်မြေအား ချစ်ခင်မြတ်နိုးပြီး ပြုပြင်ထိန်းသိမ်းရန်သာ ရည်ရွယ်ထားကြောင်း၊ ကြေညာချက်အမှတ် /၂၀၂၄ ပါ တားမြစ်ချက်များကို ချိုးဖောက်ခြင်းမရှိကြောင်း၊ ထိုဖျက်ဆီးမှုမှာ အကြမ်းဖက်စစ်တပ်၏ စစ်ရေးနှင့် နိုင်ငံရေးရည်ရွယ်ချက်များဖြင့် ကျူးလွန်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ရှမ်းပြည်မြောက်ပိုင်းရှိ ခိုလိတ်ရထားလမ်းတံတား၊ မန်စံရေကျကြိုးတံတား၊ မန်ပွဲတံတားနှင့် စွတ်လန်းတံတားများကို ဗုံးခွဲဖျက်ဆီးခဲ့သလို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်မှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်အတွင်း တိုက်ခိုက်မှု ၂၃၁ ကြိမ်တွင် ရှေးဟောင်းအမွေအနှစ်နှင့် သာသနိကအဆောက်အဦ ၂၃၁ ခု ပျက်စီးခဲ့သည့်အပြင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပျူမြို့ဟောင်းများရှိ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း လေကြောင်းပစ်ခတ်မှုများ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မွန်ပြည်နယ်ရှိ ဘုန်းကြီးကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်တွင် မြောက်ဦးဒေသ၏ အမွေအနှစ်နယ်မြေကို ဗုံးကြဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ (IBHA) က ဂုတ်ထိပ်တံတား ပျက်စီးမှုအပေါ် နှမြောဝမ်းနည်းကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ဖျက်ဆီးမှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ကြေညာချက်အမှတ် /၂၀၂၄ ပါ အရေးယူမှုများကို ဆောင်ရွက်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များနှင့် ပူးပေါင်းကာ အမွေအနှစ်များကို ကာကွယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကျင်းပ


ဩဂုတ် ၂၈ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၀/၂၀၂၅) ကို ဩဂုတ်လ ၂၈ရက် မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။


ထို့နောက် တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၉/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ်  (၁၂:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ အလုပ်မှ ရပ်နားခံရသော မြန်မာလုပ်သား ၁၇ ဦး နစ်နာကြေး၊ ဘိုင်ကျန့်အော့ခအပါအဝင် စုစုပေါင်း ထိုင်းဘတ်ငွေ ၁၃၀,၀၀၀ ရရှိစေရန် MHAC မဟာမိတ်အဖွဲ့နှင့် NUG မှ ကူညီပေးနိုင်ခဲ့


ဩဂုတ် ၂၈ 

Radio NUG 


ထိုင်းနိုင်ငံ နခွန်ပထုံခရိုင်ရှိ အလုပ်ရုံတစ်ခုတွင် စာရေးမဖြစ်သူ ထိုင်းအမျိုးသမီးမှ သူ‌ဌေးပြောင်းပေးမယ်ဟု ဆိုကာ တစ်ဦးလျှင် ဘတ်ငွေ ထောင်နှင့် စာရွက်စာတန်းများအား အလုပ်ဝင်စဉ်ကပင် သိမ်းဆည်းထားခဲ့ကြောင်း၊ ထိုသို့ ငွေပေးချေထားသော်လည်း ဇူလိုင်လ ၁၅ရက်နေ့တွင် အလုပ်ရုံဘက်မှ သူဌေး မပြောင်းထားခြင်းကြောင့် work permit (ဝါ့ပါမစ်)များ သက်တမ်းကုန်သွားသဖြင့် အလုပ်သမား ၁၇ ဦးမှာ လပြည့်ခါနီး၌ အလုပ်မှ ထုတ်ပယ်ခံလိုက်ရကြောင်း အေအေစီ ကိုရဲမင်းမှ အသိပေးဖော်ပြထားပါတယ်။


ထို့ကြောင့် အေအေစီ ကိုရဲမင်းဦးဆောင်သော 𝐌.𝐇.𝐀.𝐂 မဟာမိတ်အဖွဲ့ ထံ အကူအညီတောင်းခံလာတာကြောင့် 𝐍𝐔𝐆 အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

 

အလုပ်သမား ၁၇ ဦးအတွက် သက်ဆိုင်ရာ နယ်မြေခံအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးများ၌ အမှုဖွင့်ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် သြဂုတ်လ၂၆ ရက်နေ့တွင် သိမ်းဆည်းခံထားရသော သူဌေးပြောင်းရန် ပေးဆောင်ထားသည့် ငွေအပြင် နစ်နာကြေးအဖြစ် ထိုင်းဘတ်ငွေ ၁၃၀,၀၀၀ ဘတ်နှင့် အထောက်အထားများ ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေဒဏ်ခတ်ပိတ်ဆို့မှု ချိုးဖောက်ခြင်းအတွက် တယ်လီနောကို Justice For Myanmar နဲ့ ICJ Norway တို့ နော်ဝေနိုင်ငံမှာ အမှုဖွင့် 


ဩဂုတ်လ ၂၈ ရက်၊ 

Radio NUG


၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေ ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်ခြင်းအတွက် တယ်လီနောနဲ့ တယ်လီနောမြန်မာ စီမံခန့်ခွဲမှုအဖွဲ့အား ICJ Norway နှင့်အတူ တိုက်ကြားချက် ဖွင့်လှစ်ခဲ့ကြောင်း  Justice For Myanmar က အသိပေးထားပါတယ်။


တိုက်ကြားချက်များကို နော်ဝေ ရဲတပ်ဖွဲ့ထံ ၂၀၂၄ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး တယ်လီနော (Telenor) အနေဖြင့် နော်ဝေရဲ့ မြန်မာနိုင်ငံဆိုင်ရာ စည်းမျဉ်း (‘Myanmar for skriften’) ကို ချိုးဖောက်ခဲ့ပါက တရားရုံး ရှေ့မှောက်မှာ တာဝန်ခံရမယ်လို့ ဆိုပါတယ်။


နော်ဝေ ရုပ်သံလိုင်း NRK က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ကြိုးပမ်းမှုအပြီး စစ်အုပ်စုကို အန္တရာယ်ကြီးသော ကွန်ရက် အချက်အလက် ဒေတာများ မျှဝေခဲ့ခြင်းဆောင်းပါး အပါအဝင် တယ်လီနောရဲ့ အခန်းကဏ္ဍကို nrk.no Podcasts တီဗွီ နှင့် ရေဒီယိုတို့မှာ ကျယ်ကျယ်ပြန့်ပြန် ထုတ်ပြန်ခဲ့ပါတယ်။


NRK အစီအစဉ်မှာ JFM နဲ့ ICJ Norway တို့ရဲ့ တိုင်ကြားချက်နဲ့ ပတ်သက်ပြီး သတင်းဆောင်းပါးနဲ့ အင်တာဗျူး တခုကိုလည်း ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။


တိုင်ကြားချက်ထဲမှာ တယ်လီနောအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများကို အောက်ပါ ပုံစံများဖြင့် ချိုးဖောက်ခဲ့ကြောင်း အသေးစိတ် ဖော်ပြထားတယ်လို့ ဆိုပါတယ်။


(က) ၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ တယ်လီနောသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့တွင်  စစ်အုပ်စုထိန်းချုပ်မှုအောက် ရောက်ရှိသွားသည့် မြန်မာအစိုးရ စောင့်ကြည့် ထောက်လှမ်းရေးစင်တာနှင့် ဆက်နွှယ်သည့် ဒဏ်ခတ်ပိတ်ဆို့ထားသော စောင့်ကြည့်ထောက်လှမ်းရေးစက်ပစ္စည်းကို တပ်ဆင်ခြင်း၊ ထိန်းသိမ်းပြုပြင်ခြင်းနှင့် တည်ဆောက်ခြင်းတို့တွင် ပါဝင်ကူညီ ပေးခဲ့သည်။


() ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့မှ စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တယ်လီနောသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ၎င်းတို့၏ မြန်မာနိုင်ငံလုပ်ငန်းအား ရောင်းချမှု၏ အစိတ်အပိုင်းအနေဖြင့် M1 Group ကုမ္ပဏီခွဲတစ်ခုထံ စောင့်ကြည့်ထောက်လှမ်းရေး ပစ္စည်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။


() တယ်လီနောသည် သုံးစွဲသူများ၏ အန္တရာယ်ကျရောက်လွယ်သည့် အချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့သည်။


တယ်လီနော ဟာ ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရမှုမှာ တရားမ၀င် အကြမ်းဖက် စစ်အုပ်စုဆီ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို သိသိကြီးနဲ့ ပေးအပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ လုပ်ရပ်တွေ အပါအဝင် လူသား မျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ကိစ္စတွေမှာလည်း ပြည့်ပြည့်စုံစုံ စုံစမ်း စစ်ဆေးဖို့လိုပါတယ်" Justice For Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုထားပါတယ်။


========================


📌📌 ၅။ နေပြည်တော်နှင့် ရှမ်းတောင်အစပ် ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူ ဦး သေဆုံး


ဩဂုတ်လ ၂၈ရက် 

Radio NUG 


နေပြည်တော်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအစပ်ရှိ ပင်လောင်းမြို့နယ်၊ ပေါင်းလောင်းမြို့သစ်၊ သပြေကုန်းအုပ်စု၊ ဧဒင်ကျေးရွာတွင် ဩဂုတ်လ ၂၆ ရက်ညပိုင်းမှ စတင်ကာ မိုးအဆက်မပြတ် သည်းကြီးမဲကြီး ရွာသွန်းခဲ့ပြီး၊ နောက်တစ်ရက် ဩဂုတ်လ ၂၇ ရက် နံနက် နာရီခန့်တွင် တောင်စောင်းပေါ်ရှိ နေအိမ်များထံ တောင်ကျရေများ စီးဆင်းဝင်ရောက်လာခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အိမ်များအတွင်း အိပ်မောကျနေသူများမှာ ရုတ်တရက် ရေစီးကြမ်းမှုကြောင့် ထွက်ပြေးရန် အခွင့်မသာခဲ့ဘဲ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် ၂၀ ကျော်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။


တောင်ကျရေတွေက ရုတ်တရက် အလုံးအရင်းနဲ့ ဆင်းလာတာ။ အိမ်တွေက တောင်စောင်းမှာ ဆောက်ထားတာဆိုတော့ ရေစီးကြမ်းရင် မလွတ်နိုင်ဘူး။ အပေါ်က အိမ်တစ်လုံး ပြိုကျပြီး အောက်က အိမ်ကို ထပ်ပိသွားတာ။ သားအမိ နှစ်ဦးထဲက သားဖြစ်သူရဲ့ အလောင်းကိုတော့ ပြန်ဆယ်ယူနိုင်ခဲ့တယ်။ အမေဖြစ်သူကတော့ ဆေးရုံမှာ ကုသမှု ခံယူနေရတယ်လို့ ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်သူတစ်ဦးက ပြောဆိုထားပါတယ်။


ကယ်ဆယ်ရေးအဖွဲ့များက ရေဘေးသင့်ပြည်သူများကို ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ကာ အကူအညီပေးနေပြီး၊ လက်ရှိတွင် ရေများ ပြန်လည်လျော့ကျသွားသဖြင့် နေရပ်သို့ ပြန်လည်ရောက်ရှိသူများလည်း ရှိနေတယ်လို့ သိရပါတယ်။


အလားတူ၊ နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ အနိမ့်ပိုင်းဒေသများတွင် နေထိုင်သူ ရာပေါင်းများစွာမှာ ရေဘေးဒုက္ခသို့ ရောက်ရှိနေတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ ပြည်သူ့ပန်းတိုင်က ကရင်ရိုးရာ ဂျပ်ခုတ်နဲ့ ပန်းထိုး အလှဆင် သင်တန်းသား ခေါ်ယူနေ


ဩဂုတ်လ ၂၈ ရက်၊ 

Radio NUG


ပြည်သူ့ပန်းတိုင် ပေါင်းစည်းလမ်း အသက်မွေးသင်တန်းဌာနက ကရင်ရိုးရာဂျပ်ခုတ်နဲ့ ပန်းထိုးအလှဆင်သင်တန်း (Traditional Karen Weaving & Handmade Embroidery Training) ကို မကြာမှီ ဖွင့်လှစ်သွားဖို့ စီစဉ်နေပြီး သင်တန်းသား ခေါ်ယူနေပါတယ်။


နွေဦးတော်လှန်ရေးမှာ ပါဝင်ပြီး စစ်ကော်မရှင်ရဲ့ ဖိနှိပ်မှုကြောင့် နေရပ်စွန့်ခွာခဲ့ကြရတဲ့ အမျိုးသမီးများအတွက် သက်မွေး လက်မှုပညာတရပ် တက်မြောက်စေဖို့ ရည်ရွယ်ပြီး ယခုသင်တန်းကို ဖွင့်လှစ်ရတာလို့ ဆိုပါတယ်။


ထိုင်း-မြန်မာနယ်စပ်ရှိ CDM စစ်သား/ရဲ မိသားစုဝင်များ၊ အရပ်ဘက် CDM များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးများ ပါဝင်လျှောက်ထားနိုင်တယ်လို့ သိရပြီး ကိုယ်အင်္ဂါ အစိတ်အပိုင်းများ ထိခိုက်ဆုံးရှုံးခဲ့ရသူများရဲ့ မိသားစုဝင် အမျိုးသမီးများကို ပါဝင်လျှောက်ထားဖို့ အထူးအားပေးထားပါတယ်။


သင်တန်းမှာ ဂျက်ခုတ်ထည် ရက်လုပ်ခြင်းနှင့် ပန်းထိုး အလှဆင်ခြင်းများကို ကိုယ်တိုင် လုပ်ကိုင်သွားနိုင်တဲ့အထိ သင်ကြားပေးသွားမှာဖြစ်ပြီး ပါတ်ကို ရက်နှုန်းဖြင့် သင်တန်းကာလ ၁၆ ပတ် တက်ရောက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးက ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်မှူးကြီးများ အစည်းအဝေး ကျင်းပ၊ တိုင်းစစ်ဌာန (၁၀) ခုကို ဖွဲ့စည်းထားပြီး တပ်ရင်း၊ တပ်ဖွဲ့များကို ကွပ်ကဲ တိုက်ပွဲဝင်လျက်ရှိ


သြဂုတ် ၂၈ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်မှူးကြီးများအစည်းအဝေး (/၂၀၂၅) ကို ၂၀၂၅ ခုနှစ်၊ သြဂုတ်လ (၂၃၊ ၂၄၊ ၂၅) ရက်များတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း NUG စစ်ရုံးချုပ်မှ သတင်းထုတ်ပြန်ပါတယ်။


တပ်မှူးကြီးများ အစည်းအဝေးကို စစ်ဦးစီးချုပ် အမှူးပြု၍ ဒုစစ်ဦးစီးချုပ်နှင့် စစ်ရုံးချုပ်တာဝန်ရှိသူများ၊ အမှတ်()စစ်ဒေသ စစ်ဒေသမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်မှူးကြီးများဖြစ်ကြသည့် တိုင်းစစ်ဌာန (၁၀) ခုမှ တိုင်းကွပ်ကဲရေးမှူးနှင့် ဒုတိယတိုင်းကွပ်ကဲရေးမှူးများ၊ ကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိများ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


ပြည်သူ့ခုခံတော်လှန်စစ်၏ စစ်ရေးအောင်ပွဲများ ဆက်လက် ရရှိနေစေရေး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များကို အမိန့်ပေးကွပ်ကဲမှု ကောင်းမွန်ပြီး ကျင့်ဝတ် လိုက်နာသည့် တပ်မတော်တရပ်အဖြစ် စနစ်တကျ ဆက်လက်တည်ဆောက်ရေး၊ အကြမ်းဖက်စစ်တပ်ကို အပြီးသတ် အနိုင်ယူနိုင်ရေးတို့အတွက် တပ်မှူးကြီးများ အစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။


လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်၏ ကွပ်ကဲမှု‌အောက်တွင် စစ်ကိုင်းတိုင်းစစ်ဌာန၊ မန္တလေးတိုင်းစစ်ဌာန၊ မကွေးတိုင်းစစ်ဌာန၊ ရှမ်းတောင်-ကယား (ကရင်နီ) တိုင်းစစ်ဌာန၊  နေပြည်တော်တိုင်းစစ်ဌာန၊ ပဲခူးတိုင်းစစ်ဌာန၊  ရန်ကုန်တိုင်းစစ်ဌာန၊ ဧရာဝတီတိုင်းစစ်ဌာန၊ တနင်္သာရီတိုင်းစစ်ဌာန၊ အထူးတိုင်းစစ်ဌာနစတဲ့ စစ်ဌာန (၁၀) ခုကို ဖွဲ့စည်းဆောင်ရွက်လျက် တပ်ရင်း၊ တပ်ဖွဲ့များကို ကွပ်ကဲ တိုက်ပွဲဝင်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။


အစည်းအဝေးတွင် တပ်မှူးကြီးများက တိုင်းစစ်ဌာနအလိုက် စစ်ရေးသုံးသပ်ချက် စာတမ်းများ တင်သွင်းခဲ့ကြပြီး လက်ရှိ တော်လှန်ရေးအခြေအနေအပေါ် သုံးသပ်‌ဆွေးနွေးခဲ့ကြကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်ချမှတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင် အရာရှိ ဦးနဲ့ စစ်သည် ဦး သေဆုံးဟုဆို


ဩဂုတ်လ ၂၈ ရက်၊ 

Radio NUG


တောင်ငူမြို့ အခြေစိုက်၊ စစ်ကော်မရှင်ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုအတွင်း အရာရှိ ဦးနဲ့ စစ်သည် ဦး သေဆုံးခဲ့တယ်လို့ Black Warrior for Myanmar - BWM က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၆ ရက်နေ့က BWM ရဲ့ ဦးဆောင်မှုဖြင့် Mountain Knight Civilian Defense Forces (MKCDF), Anti-Coup People's Liberation Force (ACPLF) နဲ့ KNLA တပ်မဟာ တပ်ရင်း တို့က တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး လုံးဖြင့် ပစ်ခတ်ခဲ့တာပါ။


တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်က အရာရှိ ဦးနဲ့ အခြားအဆင့် စစ်သည် ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ စုံစမ်းသိရှိရကြောင်း ဖော်ပြထားပါတယ်။


ထို့အပြင် အရာရှိ နေအိမ် တလုံး ထိမှန် မီးလောင်ပျက်စီးခဲ့ပြီး၊ လူပျိုဘားတိုက် တခြမ်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ ဗန်းမော်တိုက်ပွဲတွင် စစ်ကြောင်းမှူး ဗိုလ်ကြီး ခန့်ထက်နောင်နှင့် စစ်သားအများအပြား သေဆုံး


ဩဂုတ် ၂၈

Radio NUG

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များ၏ မြို့သိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ခမရ ၃၁၉ တပ်ရင်း၏ စစ်ကြောင်းမှူး ဗိုလ်ကြီး ခန့်ထက်နောင်နှင့် စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။


ဩဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ဒရုန်းဖြင့် ပစ်ခတ်ခဲ့သည့် ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် စစ်တက္ကသိုလ် အပတ်စဉ် ၆၁ မှ စစ်ကြောင်းမှူး ဗိုလ်ကြီး ခန့်ထက်နောင် သေဆုံးခဲ့ရပြီး ၎င်းမှာ ဗန်းမော်ဇာတိဖြစ်ကာ လွန်ခဲ့သည့် လခန့်ကမှ ဗန်းမော်ဒေသသို့ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်တယ်လို့ သိရပါတယ်။


ဩဂုတ်လ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဗန်းမော်မြို့အတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး လက်ရှိအချိန်တွင် စစ်သားအလောင်းများမှာ ဗန်းမော်မြို့ စစ်ဌာနချုပ် ၂၁ အနီးတဝိုက်တွင် စုပုံလျက်ရှိနေကာ လက်နက်ခဲယမ်းများစွာကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ သရက်ချောင်းမှာ စစ်ကော်မရှင် စစ်ကြောင်းက နေအိမ် ၅၁ လုံးကို မီးရှို့ဖျက်ဆီး၊ ပြည်သူ ဦးကို သတ်ဖြတ်ခဲ့


ဩဂုတ်လ ၂၈ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ သရက်ချောင်း မြို့နယ်မှာ စစ်ကော်မရှင် စစ်ကြောင်းက ပြည်သူ့နေအိမ် ၅၁ လုံးကို မီးရှို့ဖျက်ဆီး‌ခဲ့ပြီး အရပ်သားပြည်သူ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ PDF Dawei District Battalion 2 - P23302 နဲ့ KNU က သတင်း ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၂ ရက် မှ ၂၅ ရက်နေ့အထိ ၁၄ ရက်ကြာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကော်မရှင်တပ်က ဥတ္တူ၊ စော်ဖျားနဲ့ မိုးရွှေကုန်း ကျေးရွာတို့ကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ထားဝယ်ခရိုင် တပ်ရင်း () က ဆိုပါတယ်။


စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဥတ္တူရွာက နေအိမ် လုံး၊ စော်ဖျားရွာက ၃၅ လုံးနဲ့ မိုးရွှေကုန်းရွာက ၁၅ လုံး စုစုပေါင်း ပြည်သူ့နေအိမ် ၅၁ လုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ၎င်းစစ်ကြောင်းဟာ မိုးရွှေကုန်းရွာ မှ အရပ်သား ပြည်သူ ဦး ကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


စစ်ကော်မရှင် စစ်ကြောင်းဟာ ဥတ္တူရွာက နေအိမ် အလုံး ၂၀ စော်ဖျားနဲ့ မိုးရွှေကုန်းရွာတို့က နေအိမ်၊ ဈေးဆိုင် အားလုံးကို ဖောက်ထွင်းခဲ့ကာ ရွှေ၊ ငွေနဲ့ တန်ဖိုးကြီး ပစ္စည်းများကို ခိုးယူသွားခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် စော်ဖျားရွာနဲ့ မိုးရွှေကုန်းရွာက နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့သေးတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ခမရ (၅၉၁) တပ်ရင်းမှ တပ်သား တစ်ဦး ရေးပြောက်ကျားတပ်ထံ လက်နက်နဲ့ အလင်းဝင်


ဩဂုတ်လ ၂၈ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ စံပြကျေးရွာရှိ စစ်ကော်မရှင်ရဲ့ ခမရ (၅၉၁) တပ်ရင်းမှ တပ်သား တစ်ဦး လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ရေးပြောက်ကျားတပ် (YGF) က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၂၈ ရက်နေ့မှာ ခမရ (၅၉၁) တပ်ရင်းကတပ်သား စအောင်ဖြိုးသန့်ဆိုသူဟာ MA-4 လက်၊ ကျည် ၂၅ တောင့်၊ ကျည်ဘောက် ခုကို ယူဆောင်လာပြီး ဆက်သွယ်အလင်းဝင်လာတယ်လို့ ဆိုပါတယ်။


၎င်းဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် () ဆင်းဖြစ်ပြီး ကားဂိတ်မှာ ညအိပ်ရရင်း ပေါ်တာဆွဲခံရကာ တပ်သားသစ် စုဆောင်းခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။


နည်းဗျူဟာ (၃၃) ဒေါနစစ်ကြောင်း () ရေးပြောက်ကျားတပ်မှ စစ်ကြောင်းမှူး ဗိုလ်ကျန်ရစ်က ပြည်သူ့ဘက်ကို အချိန်မှီ ကူးပြောင်းလာခဲ့သူကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး စစ်ကောင်စီဘက်မှာ ကျန်ရှိနေတဲ့ သူများလည်း အချိန်မှီ ပြည်သူ့ဘက်ကို ကူးပြောင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment