၂၀၂၅ သြဂုတ်လ ၇ ရက်နေ့ Radio NUG ညနေခင်းတင်ဆက်မှု

 


၂၀၂၅ သြဂုတ်လ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေနဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာ 

📌၂။ ဆောထိမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့မှ စ၍ ယခုအချိန်အထိ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၄၀)နီးပါး ရေနစ်မြုပ်ရသည့်အပြင် ကျောင်းများကို ယာယီပိတ်ထားရ

📌၃။ အကြမ်းဖက်စစ်အုပ်စုရဲ့မြန်မာစစ်ကော်မရှင်က အမေရိကန်အစိုးရကို လော်ဘီလုပ်ပေးဖို့ ဝါရှင်တန်အခြေစိုက် DCI Groupကို တနှစ် ဒေါ်လာ သန်းနဲ့ ငှါးရမ်း

📌၄။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အကြို ၈၈၈၈ထီးသပိတ်လှုပ်ရှား

📌၅။ ကျပ်သိန်း၂၀၀၀ သတ်မှတ်ထားတဲ့ အောင်ပွဲရဖို့ ဒရုန်းစစ်ချီစို့ ကမ်ပိန်းစတင်


========================




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေနဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာ 


သြဂုတ်လ ()ရက်


ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာရွာတာကြောင့် တောင်ကျချောင်းရေနဲ့ မြေပြိုမှုတွေဖြစ်ခဲ့တာ ကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၁ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူတွေလည်းရှိနေဆဲလို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။ 

ဇူလိုင်လ ၂၉ ရက်နေ့ကဖြစ်ခဲ့တဲ့ မြေပြိုမှုမှာ အိမ်အလုံး ၃ဝ ခန့် ထိခိုက်ပျက်စီးခဲ့ရပြီး အိမ် လုံး လုံးဝပျက်စီးသွားပေမယ့် လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဩဂုတ်လ ရက်နေ့က ရွာသွန်းခဲ့တဲ့မိုးကြောင့် ဩဂုတ် ရက်နေ့မှာတော့ လူသေဆုံးတဲ့အထိ မြေပြိုမှုတွေဖြစ်ခဲ့တာလို့ သိရပါတယ်။ 

ဒီနေ့ ဩဂုတ်လ ရက်နေ မနက်ပိုင်းအထိ မိုးဆက်ရွာနေတာကြောင့် သံတောင်ကြီးမြို့တွင်းနဲ့သံတောင်ကြီး မြို့နယ်က ကျေးရွာတွေဖြစ်တဲ့ လိပ်ပြာလေးရွာ၊ ခိုဝယ်ရွာနဲ့ အခြားကျေးရွာတွေက ဥယျာဥ်ခြံထဲမှာ နေထိုင်သူ စုစုပေါင်း ၁၁ ဦး သေဆုံးပြီး ပျောက်ဆုံးနေသူတွေရှိနေသေးသလို အိမ်တွေဟာလည်း မြေပြိုမှုအလိုက် ဒီနေ့အထိ ရှိနေဆဲလို့ သံတောင် ဒေသနေသူတဦးက ပြောပါတယ်။

ဒီမြေပြိုမှုဖြစ်စဉ်ဟာ သံတောင်ကြီးမြို့နယ်မှာ တကြိမ်မှမဖြစ်ဘူတဲ့ မြေပြိုမှုဖြစ်ပြီး အထင်ကရချောင်းတွေ၊ တံတားတွေ၊ ကျေးရွာချင်းဆက်လမ်းတွေ လုံးဝပျက်စီးသွားသလို နှစ်ရှည်ပင်ဖြစ်တဲ့ တညင်းပင်တွေ၊ ဒူးရင်းနဲ့ ကွမ်းသီးပင်တွေ၊ အသက်မွေးဝမ်းကြောင်းအတွက် စိုက်ပျိုးထားတဲ့ ဖာလာပင်တွေ လုံးဝပျက်စီးသွားတယ်လို့ သိရပါတယ်။  

အခုရရှိထားတဲ့စာရင်းဟာ ဩဂုတ်လ ရက်နေ့မနက်ပိုင်းအထိ ရရှိထားတဲ့စာရင်းဖြစ်ပြီး ဒီနေ့အထိ မိုးရွာနေဆဲဖြစ် တာကြောင့် ဥယျဉ်ခြံတွေမှာနေထိုင်တဲ့သူတွေထဲက အချို့ ပြန်ရောက်မလာကြသေးဘူးလို့ သိရပါတယ်။

ဥယျဉ်ခြံတွေထဲမှာ မြေပြိုပြီး သေဆုံးသွားသူတွေကို သွားရောက်ဖော်ထုတ်ပြီး သယ်ယူရတာဟာ အလွန်ခက်ခဲတဲ့ အနေအထားလို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေဆီကလည်း သိရပါတယ်။


========================


📌📌၂။ ဆောထိမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့မှ စ၍ ယခုအချိန်အထိ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၄၀)နီးပါး ရေနစ်မြုပ်ရသည့်အပြင် ကျောင်းများကို ယာယီပိတ်ထားရ


သြဂုတ်လ ()ရက်


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့မှ စ၍ ယခုအချိန်အထိ ရေကြီးရေလျှံမှုကြောင့် ကျေးရွာပေါင်း(၄၀)နီးပါး ရေနစ်မြုပ်ရသည့်အပြင် ကျောင်းများကို ယာယီပိတ်ထားရတယ်လို့ဖော်ပြပါတယ်။


ထို့အပြင် လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဒေသခံတို့၏ နေအိမ်(၁၁)လုံး ပျက်စီးခဲ့ရပြီးဇူလိုင်လ(၂၄)ရက်နေ့မှ စပြီး ရေကြီးရေလျှံမှုကြောင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းနှင့် အရှေ့ဘက်ကမ်းကျေးရွာများတွင် ကျေးရွာများရေနစ်မြုပ်ခဲ့တယ်လို့ဆိုပါတယ်။


အမှတ်()ဒေသတွင် ()ညောင်သာယာကျေးရွာ၊ ()ဖားဘောင်ကျေးရွာ၊ ()ညောင်ခြေထောက်ကျေးရွာ၊ ()ကျွန်းချောင်းကျေးရွာ စသည့်ကျေးရွာများ ရေနစ်မြုပ်ခဲ့ပြီး လယ်စပါးစိုက်ပျိုးသည့် လယ်ဧကစုစုပေါင်း (,၆၉၅.၃၉)ဧကများလည်း ရေနစ်မြုပ်ခဲ့ရပြီး၎င်းကျေးရွာများတွင် အိမ်ခြေ(၅၀၀)ကျော်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌၃။ အကြမ်းဖက်စစ်အုပ်စုရဲ့မြန်မာစစ်ကော်မရှင်က အမေရိကန်အစိုးရကို လော်ဘီလုပ်ပေးဖို့ ဝါရှင်တန်အခြေစိုက် DCI Groupကို တနှစ် ဒေါ်လာ သန်းနဲ့ ငှါးရမ်း


သြဂုတ်လ ()ရက်


အကြမ်းဖက်စစ်အုပ်စုရဲ့မြန်မာစစ်ကော်မရှင်က အမေရိကန်အစိုးရကို လော်ဘီလုပ်ပေးဖို့ ဝါရှင်တန်အခြေစိုက် DCI Group ကို တနှစ် ဒေါ်လာ သန်းနဲ့ ငှါးရမ်းလိုက်တယ်လို့ သိရှိရပါတယ်။


ကုန်သွယ်ရေး၊ သဘာဝသယံဇာတ ထုတ် လုပ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေး ရေးကိစ္စတွေကို အဓိက ပစ်မှတ်ထားပြီး အမေရိကန်အစိုးရနဲ့ဆက်ဆံရေးအဆင်ပြေစေဖို့ငှားရမ်းကြောင်း ဝါရှင်တန် ဒီစီအခြေစိုက် ဝီလ်ဆင်စင်တာမှ သုတေသီတစ်ဦးဖြစ်တဲ့ ကိုရဲမျိုးဟိန်းက မြန်မာပြည်သူများသိရှိစေဖို့သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ဖော်ပြထားပါတယ်။


"စစ်ကောင်စီက အမေရိကန်မှာ လော်ဘီလုပ်ဖို့ တနှစ် ဒေါ်လာ သန်းနဲ့ လော်ဘီအဖွဲ့ကို ငှါးသတဲ့။မြန်မာစစ်ကောင်စီ [အခု စစ်ကော်မရှင်]ဟာ အမေရိကန်အစိုးရကို လော်ဘီလုပ် ပေးဖို့ ဝါရှင်တန်အခြေစိုက် DCI Group ကို တနှစ် ဒေါ်လာ သန်းနဲ့ ငှါးရမ်းလိုက်တယ်လို့သိရပါတယ်။အဓိကကတော့ ကုန်သွယ်ရေး၊ သဘာဝသယံဇာတ ထုတ် လုပ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေး ရေးကိစ္စတွေကို အဓိက ပစ်မှတ်ထားပြီး အမေရိကန်အစိုးရနဲ့ဆက်ဆံရေးအဆင်ပြေစေဖို့ DCI group က ကူညီပေးသွားမယ်လို့ ဒီဘက်ကို မှတ်ပုံတင်တင်သွင်းတဲ့ အထောက် အထားမှာရေးသားထားပါတယ်။ ၂၀၂၅ ခု ဩဂုတ်လ ရက်နေ့ရက်စွဲနဲ့ မှတ်ပုံတင်ထားတာတွေ့ရပါတယ်။စစ်ကော်မရှင်ဘက်က ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ခံ ငှါးရမ်းတာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအတွင်းဝန် ဝင်းကျော်အောင်က လက်မှတ်ရေးထိုးထားတာတွေ့ရတယ်။ အဓိက ဆက်သွယ်ဆောင်ရွက်မယ့်သူကတော့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုအတွင်းဝန် မြင့်ကျော်ဖြစ်ပါတယ်"လို့ ဖော်ပြထားပါတယ်။


DCI ဘက်ကတော့ Justin Peterson နဲ့ Ryan Grillo တို့က အဓိကဆက်သွယ်ဆောင်ရွက်မှာဖြစ်ပြီးDCI Group ဟာ ရီပတ် ဘလစ်ကန်ပါတီနဲ့ နီးစပ်တဲ့အဖွဲ့လို့သိရပါတယ်။


Peterson ဟာ George W. Bush ရဲ့ သမ္မတရွေကောက်ပွဲမဲဆွယ်ရေးတုန်းက ဝင်အလုပ်လုပ်ပေးခဲ့ဖူးပြီး သမ္မတထရမ့်က သူ့ကို Puerto Rico နိုင်ငံနဲ့ပတ်သက်ပြီး FOMB မှာ ကိုယ်စားလှယ်ခန့်ခဲ့ဖူးကာ Grillo ကတော့ ဆီနိတ်တာ Chuck Hagel ရဲ့ ကိုယ် စားလှယ်လုပ်ခဲ့ဖူးတယ်လို့သိရပါတယ်။


========================


📌📌၄။ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အကြို ၈၈၈၈ထီးသပိတ်လှုပ်ရှား


သြဂုတ်လ ()ရက်


ပြင်သစ်နိုင်ငံ ပါရီမြို့မှာ၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အကြို ၈၈၈၈ထီးသပိတ်လှုပ်ရှားခဲ့ကြပါတယ်။


ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပေးပို့လာသော ၃၇နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အကြို ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုမှတ်တမ်းအား ပြန်လည်မျှဝေပေးလိုက်ပါတယ်လို့သြဂုတ်လ၇ရက်မှာ အသိပေးဆိုထားပါတယ်။


ပြင်သစ်နိုင်ငံရောက်ပြည်သူများ၏ ပါဝင်မှုကို ရန်ကုန်လူထုသပိတ်မှ အထူးပင် လေးစားဂုဏ်ယူပါကြောင်း ဆိုပါတယ်။


၈၈၈၈အထိမ်းအမှတ်အကြို ၈၈၈၈ထီးသပိတ်လှုပ်ရှားမှုကို နိုင်ငံတကာရောက်မြန်မာအင်အားစုများမှ ပါဝင်လျက်ရှိပါတယ်။


========================


📌📌၅။ ကျပ်သိန်း၂၀၀၀ သတ်မှတ်ထားတဲ့ အောင်ပွဲရဖို့ ဒရုန်းစစ်ချီစို့ ကမ်ပိန်းစတင်


သြဂုတ်လ ()ရက်


ကျပ်သိန်း၂၀၀၀ သတ်မှတ်ထားတဲ့ အောင်ပွဲရဖို့ ဒရုန်းစစ်ချီစို့ ကမ်ပိန်းစတင်နေပြီဖြစ်ကြောင်းသိရပါတယ်။


"ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) ကနေမှ တော်လှန်ရေးမှာစိန်ခေါ်မှုတစ်ရပ်ဖြစ်တဲ့ နည်းပညာတော်လှန်ရေးတစ်ရပ်မှာ မဟာမိတ်အဖွဲ့စည်းဖြစ်တဲ့ Federal Wings နဲ့တစ်ကွ ပူးတွဲလုပ်ဆောင်ပြီး Drone တပ်ဖွဲ့တစ်ခု ဖော်ဆောင်ဖို့ရှိပါတယ်။ ဖော်ဆောင်မဲ့ရှေ့လုပ်ငန်းစဉ်မှာဆိုလျှင် တိုက်ခိုက်ရေးDrone များရရှိရေးအတွက် အောင်ပွဲရဖို့ ဒရုန်းစစ်ချီစို့ ကမ်ပိန်းအား လုပ်ဆောင်ပါမည်ဖြစ်ကြောင်း ပြည်တွင်းရှိ ပြည်သူလူထုများနှင့်တကွ နိုင်ငံတကာရောက် ပြည်သူလူထုတစ်ရပ်လုံးကနေမှ တော်လှန်ရေးအောင်မြင်ဖို့အကျိုးကိုကြည့်ပြီး ပါဝင်ပူးပေါင်းပေးဖို့ တိုက်တွန်းအပ်ပါတယ်"လို့ဖော်ပြပါတယ်။


အောင်ပွဲရဖို့ ဒရုန်းစစ်ချီစို့ ကမ်ပိန်းမှာ မျှော်မှန်းသတ်မှတ်ပမာဏအနေဖြင့် ကျပ်သိန်း၂၀၀၀ သတ်မှတ်ထားပြီး ဩဂုတ်လ ၄ရက်ကနေမှ နိုဝင်ဘာလ ၄ရက်နေ့အထိ အချိန်ကာလအနေဖြင့် ၃လ သတ်မှတ်ထားပါတယ်။ 

ယခုလက်ရှိ စစ်အာဏာရှင်ဖြုတ်ချတဲ့ အရေးဟာ ဒီနေ့ခေတ်မှာ ပြီးဆုံးဖို့လိုတဲ့အတွက်ကြောင့်မို့ ပြည်သူလူထုနဲ့တစ်ကွ တော်လှန်အနုပညာရှင်များလဲ ကမ်ပိန်းတွင်ပါဝင်ပူးပေါင်း ကူညီပေးဖို့ တိုက်တွန်းအပ်ပါတယ်လို့ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩⁨⁨⁨⁨ စစ်ကိုင်းငလျင်နောက်ပိုင်း အကြမ်းဖက်စစ်တပ်က ဆေးရုံဆေးခန်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ NUG ပြော


သြဂုတ်လ ()ရက်


အကြမ်းဖက်စစ်တပ်ဟာ ဆေးရုံဆေးခန်းတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အရင်နှစ်တွေထက် အခုနှစ် မှာ အကြိမ်ရေတိုးပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေရာမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်နောက်ပိုင်း ပိုများလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။


စစ်ကိုင်းငလျင်ကြောင့် ပြည်သူလူထု အသက်အိုးအိမ်တွေ ထိခိုက်ဆုံးရှုံးခဲ့ရပြီး နောက်ပိုင်းကာလတွေမှာ အကြမ်းဖက် စစ်တပ်က ဆေးရုံဆေးခန်းတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပိုများလာတာနဲ့ပတ်သက်လို့ NUG ကျန်းမာရေးဝန်ကြီး ဌာနက အခုလို အသိပေး လာတာဖြစ်ပါတယ်။ 


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာရှိတဲ့ ချာဂျင် - Charging ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်တပ်က ဇူလိုင်လ ၂၉ ရက်နေ့ ၁၀ နာရီခွဲခန့်အချိန်က လေကြောင်းကနေ ကြိမ် ဗုံးကြဲတိုက်ခိုက်မှုမှာဆိုရင် ဆေးရုံတက်ကုသနေတဲ့ ကလေးငယ်တဦး၊ သက်ကြီးရွယ်အို တဦး၊ အမျိုးသမီး ဦးအပါအဝင် စုစုပေါင်း အပြစ်မဲ့ပြည်သူ ဦး သေဆုံးခဲ့ရပြီး ဦး ပြင်းထန်ဒဏ်ရာ ရခဲ့သလို လူနာဆောင်၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဆေးဝါးနဲ့ဆေးရုံသုံးပစ္စည်းတွေ ဝန်ထမ်းနားနေဆောင်အပါအဝင် ဆေးရုံ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

 

အခုနှစ် ဧပြီလအတွင်းမှာဆိုရင် စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ ဝက်လက်၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ဒီပဲယင်း၊ စစ်ကိုင်း နဲ့ ထီးချိုင့်မြို့နယ်တို့မှာရှိတဲ့ ဆေးရုံနဲ့ ကျေးလက်ဆေးပေးခန်းတွေကို တိုက်ခိုက်ခဲ့သလို မန္တလေးတိုင်း မတ္တရာမြို့နယ်က ငလျင်ဒဏ်သင့် ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ရွေ့လျားဆေးခန်း၊ စဉ့်ကူးမြို့နယ်အတွင်းမှာရှိတဲ့ ဆေးရုံဆေးခန်းတွေ၊ သပိတ်ကျင်းမြို့နယ်က ဆေးရုံ၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှာရှိတဲ့ ချန်ဂင်တို့စခန်း ဆေးရုံတို့ကို လေ‌ကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

  

 မေလအတွင်းမှာဆိုရင်လည်း စစ်ကိုင်းတိုင်းထဲက ဆားလင်းကြီး၊ပင်လည်ဘူး၊ကောလင်းမြို့နယ်တို့မှာရှိတဲ့ ဆေးရုံတွေ၊

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ - ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖားအံမြို့နယ်ကဆေးရုံ၊ တနင်္သာရီတိုင်း ပုလော မြို့နယ်က ဆေးရုံ၊ မကွေးတိုင်း ပခုက္ကူမြို့နယ် ကမ္မမြို့ မှာရှိတဲ့ ဆေးခန်း၊ မြိုင်မြို့နယ်က ဆေးရုံနဲ့ပေါက်မြို့နယ်ကဆေးရုံတို့ လေကြောင်းတိုက်ခိုကံခံရပြီး ရေစကြိုမြို့နယ်က ဆေးရုံကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ NUG ကျန်းမာရေးဝန်ကြီး ဌာနက အသိပေးပါတယ်။


ဇွန်လအတွင်းမှာတော့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် မတောင့်တကျေးရွာမှာရှိတဲ့ တိုက်နယ်ဆေးရုံဟာ စက်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်တာခံရပြီး တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ကဆေးခန်း၊ မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်က ကျေးလက်ဆေးခန်း၊ စဉ့်ကူးနဲ့ မတ္တရာအစပ်မှာရှိတဲ့ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသရဲ့ မေတ္တာနန္ဒ ဆေးရုံလို့ လူသိများတဲ့ ယက္ကန်းစင်ဆေးရုံ၊ စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာက ဆေးရုံတို့ လေကြောင်းကနေ တိုက်ခိုက်ခာခံရပြီး ဇူလိုင်လအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က ဆေးရုံ၊ ကရင်နီပြည် ဒီးမော့ဆို မြို့နယ်မှာရှိတဲ့ ဆေးခန်း၊ မကွေးတိုင်း၊ ပေါက်မြို့နယ်က ကျေးလက်ဆေးပေးခန်း၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ချာဂျင် - Charging ဆေးရုံ တို့ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရတယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။


ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ လူနာတွေနဲ့ လူနာစောင့်တွေ၊ သံဃာ တော်တွေ ကလေးသူငယ်တွေ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာနဲ့ အသက်သေဆုံးတာတွေရှိခဲ့ပြီး ဆေးရုံဆေးခန်း အဆောက်အအုံတွေ ဆေးနှင့် ဆေးပစ္စည်းတွေ၊ ကျန်းမာရေးဝန်ထမ်းနေအိမ်တွေ ဘာသာရေးအဆောက်အအုံတွေ စာသင်ကျောင်းနဲ့ ပြည်သူပိုင်အိမ်တွေ ထိခိုက်ပျက်စီးခဲ့ရ တယ်လို့ သိရပါတယ်။

 

အကြမ်းဖက်စစ်တပ်ဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ နှစ်ကျော်ကာလအတွင်းမှာ ဆေးရုံဆေးခန်း တွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ်  ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်တွေ လူသာချင်းစာနာထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာပဲလို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

မိမိတို့ရဲ့ အသက်ကို ပဓာနမထားဘဲ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေအတူ ခိုင်မာစွာ လက်တွဲရပ်တည်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

 

အကြမ်းဖက်စစ်တပ်နဲ့ သူတို့လက်ပါးစေ ကြံရာပါတွေကို တရားဥပဒေအတိုင်း ပြင်းပြင်းထန်ထန် အရေးယူသွားမှာ ဖြစ်တဲ့ အတွက် လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နေသူတွေ၊ ထောက်ခံအားပေးနေသူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအလေးအနက် တိုက်တွန်းထားပါတယ်။


ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်စစ်က လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဆက်လုပ်နေတာကို နိုင်ငံတကာအနေနဲ့ လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှ နည်းလမ်းတွေသုံးပြီး မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပေးဖို့နဲ့ ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေဘက်ကနေ စာနာရပ်တည်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။


========================


🚩🚩၂။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို တိုက်ခိုက်မှု စစ်တပ်ဘက်က ၇ဝ ခန့် ထိခိုက်ကျဆုံး


သြဂုတ်လ ()ရက်


တော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတခုကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး လာတဲ့အတွက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေရာ စစ်တပ်ဘက်က ၇ဝ ခန့် ၇ဝ ခန့် ထိခိုက်ကျဆုံးမှုရှိတယ်လို့ သရက်ခရိုင် တပ်ရင်း က ဒီနေ့ ဩဂုတ် ရက်မှာ ထုတ်ပြန်လာပါတယ်။

 

အကြမ်းဖက်စစ်တပ်ဟာ ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ဒီနေ့ထိ အင်အား ၆၀၀ ခန့်နဲ့ တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ နယ်မြေတနေရာကို စစ်ကြောင်းထိုးနေတဲ့အတွက် တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေတယ်လို့ သိရပါတယ်။

 

နေပြည်တော်ကနေစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်တာ၊ သတ်မှတ်ထားတဲ့  သတ်ကွင်းထဲကို ဝင်လာချိန်မှာ နင်းမိုင်းနဲ့ ဆွဲမိုင်းတွေမိတာနဲ့ ထိပ်တိုက်ရင်ဆိုင်ခုခံရတဲ့တိုက်ပွဲတွေကြောင့် ရန်သူစစ်တပ် ဘက်က ၇၀ ဦးဝန်းကျင်ခန့် ထိခိုက်ကျဆုံးသွားတယ်လို့ သရက်ခရိုင် တပ်ရင်း က ဆိုပါတယ်။


အခုလို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို တော်လှန်ရေးတပ်တွေ ခုခံတိုက်ခိုက်ရာမှာ စစ်တပ် ဘက်က ထိခိုက်မှုသေဆုံးမှုတွေရှိသလို တော်လှန်ရေးတပ်တွေဘက်က ရဲဘော် ဦး မစိုးရိမ်ရ ဒဏ်ရာရထားပြီး စခန်းအချို့ လက်လွတ်ခဲ့ရတယ်လို့ အသိပေးထားပါတယ်။


စစ်တပ်ဘက်က စစ်ကြောင်းထိုးနေဆဲဖြစ်တဲ့အတွက် ဘယ်နေရာမှာမဆို တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် စစ်တပ် စစ်ကြောင်းနဲ့ နီးတဲ့နေရာတွေမှာ နေထိုင်တာမျိုးမလုပ်ကြဖို့ တော်လှန်ရေးတပ်တွေက မေတ္တာရပ်ခံထားပါတယ်။


စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၉၀၂ တပ်ရင်း၊ အမှတ် ၈၀၄ တပ်ရင်း၊ သရက်ခရိုင်တပ်ရင်း နဲ့ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - အောင်လံ .က. တို့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေ တာပဲဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨၃။ ငါန်းဇွန်မြို့နယ်အတွင်း တိုက်ပွဲ ကြိမ်ဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ၂၅ ဦးခန့်သေပြီး ၃၅ဦးထက်မနည်း ဒဏ်ရာရ


သြဂုတ်လ ()ရက်


မန္တလေးတိုင်း မြင်းခြံခရိုင်ထဲက ငါန်းဇွန်မြို့နယ်မှာ ဇူလိုင်လအတွင်း တိုက်ပွဲ ကြိမ်ဖြစ်ခဲ့ရာမှာ စစ်တပ်ဘက်က ၂၅ ဦးခန့် သေဆုံးပြီး ၃၅ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ မန္တလေးခရိုင် အမှတ် တပ်ရင်းက ဒီနေ့ ဩဂုတ်လ ရက်မှာ ထုတ်ပြန်လာပါတယ်။ 


မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ဆီးမီးခုံ (ဆမိတ်ခုံလို့ ဖတ်ရပါတယ်) ဆိပ်ကမ်းကနေ ငါန်းမြှာကြီးရဲကင်းစခန်းမှာ အားလာဖြည့် တဲ့ ရဲ၊ စစ်သားနဲ့ ပျူစောထီးတွေ အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် စစ်တပ်စစ်‌ကြောင်းနဲ့ တော်လှန်ရေး တပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ခဲ့တာနဲ့ပတ်သက်လို့ အခုလို အသိပေးလာတာဖြစ်ပါတယ်။ 


၁။ အဲဒီစစ်ကြောင်း ဇူလိုင် ရက်နေ့မှာ ငါန်းမြှားကြီးရဲကင်းစခန်းကနေထွက်လာပြီး မိုးထောင်ရွာဘက်ကနေ ကုန်းလည်ရွာ ဘက် စစ်ကြောင်းထိုးလာချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သလို ဇူလိုင် ၁ဝ ရက်မှာလည်း  ပေါက်တောရွာဘက် စစ်ကြောင်းထိုး လာပြီး နတ်ကြီးရွာဘက်တက်မယ့် ရှေ့ထွက်ကင်းတွေကို တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဇူလိုင် ၁၂ ရက်နေ့မှာမှာလည်း ပေါက်တောရွာကနေ နတ်ကြီးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် တပ်ရင်းက ပါတယ်။

 

အဲဒီ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ကြိမ်တိုင်ဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ ရန်သူစစ်တပ်ဘက်က ၂၅ ဦး ခန့် သေဆုံးကာ ၃၅ ဦးကျော် ထိခိုက်ဒဏ်ရာ ရသွားတာလို့လည်း အသိပေးပါတယ်။ 


ဇူလိုင် ရက်နေ့မှာ စစ်တပ်စစ်ကြောင်းဟာ ကုန်းလည်ရွာက ပြည်သူပိုင်နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဲဒီနေ့က တိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဘက်က ရဲဘော်တဦးကျဆုံးခဲ့ပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ မန္တလေးခရိုင် အမှတ် တပ်ရင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဇူလိုင် ၁၂ ရက်နေ့တိုက်ပွဲမှာ စစ်တပ်က လေကြောင်းကနေ Su30 လို့ ယူဆတဲ့ ဗုံးကျဲတိုက်လေယာဉ်နဲ့ နတ်ကြီးရွာထဲကို ဗုံး သီး လုံး၊ ရွာအနီးကို ဗုံးသီး လုံး ကြဲချခဲ့ပြီး Motor စက်သေနတ်နဲ့ ကြိမ် ပစ်ခတ်တိုက်ခဲ့တယ်လို့ သိရပါတယ်။

 

အင်အား ၂၀၀ ခန့်ရှိ စစ်တပ်စစ်ကြောင်းကို မန္တလေးခရိုင် အမှတ် တပ်ရင်း၊ အမရပူရမြို့နယ် .က.ဖ၊ ဇာမဏီ ပြောက်ကျား တပ်ဖွဲ့ - ငါန်းဇွန်၊ CDMSOM မြောင် - ဗိုလ်စင်္ကြာစစ်ကြောင်း၊ မြင်းခြံ မြောက်ပိုင်းသား ပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် တပ်ရင်း၊ TGYR ပြောက်ကျားတပ်ဖွဲ့ - ငါန်းဇွန်၊ မြင်းခြံခရိုင် အမှတ် တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် တပ်ရင်း၊ငါန်းဇွန်မြို့နယ် .က.ဖ၊ ငါန်းဇွန်မြို့နယ် ..ဖ၊ သစ္စာလနကြီးတပ်ဖွဲ့နဲ့ နယ်မြေခံတော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၄။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်ကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်လို့ ဆို


သြဂုတ်လ ()ရက်


ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်ကို တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်မှုရှိတယ်လို့ Brave Heart Army - B.H.A ဒီနေ့ ဩဂုတ်လ ရက်မှာ ထုတ်ပြန်လာပါတယ်။ 


ဩဂုတ်လ ရက်နေ့က ချင်းတွင်းမြစ်‌ကြောင်းအတိုင်း အထက်ကိုဆန်တတ်လာတဲ့ စစ်သင်္ဘောတစင်းနဲ့ တွဲတွန်း ၁၀ စင်း ကို အဲဒီနေ့ မနက် ၁၁ နာရီ ၁၅ မိနစ်ခန့်အချိန်မှာ Chindwin Fighter Group - CFG Brave Heart Army - B.H.A တို့ ပူး‌ပေါင်းပြီး ရှေ့ထွက်မိုင်း လုံးပွိုင့် တပွိုင့်နဲ့ ဖောက်ခွဲခဲ့ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 


ဒီတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က လက်နက်ငယ်မျိုးစုံနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိခိုက်မရှိ ဘူးလို့ သိရပါတယ်။


စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ပေမယ့် အသေးစိတ်သိရအောင် ဆက်လက်စုံစမ်းနေဆဲလို့ Brave Heart Army - B.H.A တပ်ဖွဲ့ကအသိပေးပါတယ်။


တော်လှန်ရေးရဲဘော်တွေအနေနဲ့ အချင်းချင်း ကူညီ‌ဖေးမဖို့လိုပြီး အချင်းချင်းညီညွတ်စွာနဲ့ အာဏာရူးစစ်အုပ်စုကို တိုက်ထုတ်မှ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို‌ ဖော်ဆောင်နိုင်မှာဖြစ်သလို မိဘပြည်သူဘက်ကလည်း စစ်အာဏာရှင်စနစ်အမြန်ဆုံး နိဂုံးချုပ်နိုင်ရေး မလျော့တဲ့ဇွဲနဲ့ ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့ တော်လှန်ရေးအင်အားစု တွေက တိုက်တွန်းထားပါတယ်။


========================


🚩🚩၅။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်( DPLF/ DPLA) သည်  စစ်အာဏာရှင်တိုက်ထုတ်ရာတွင်  အဆုံးထိပူးပေါင်းပါဝင်တိုက်ခိုက်သွားမည်


သြဂုတ်လ ()ရက်



ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်( DPLF/ DPLA) သည်  စစ်အာဏာရှင်တိုက်ထုတ်ရာတွင်  အဆုံးထိပူးပေါင်းပါဝင်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ပါတယ်။


ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF /DPLA) ၃နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ကြေငြာချက်မှာဖော်ပြပါတယ်။


ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF/DPLA)ကို၂၀၂၂ခုနှစ်၊ သြဂုတ် ၇ရကျနေ့က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး  ယနေ့ ၂၀၂၅ခုနှစ်၊ သြဂုတ်လ ရက်မှာတော့ ၃နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်( DPLF/ DPLA) သည်  စစ်အာဏာရှင်တိုက်ထုတ်ရာတွင်  အဆုံးထိပူးပေါင်းပါဝင်တိုက်ခိုက်သွားမည်ဖြစ်ပြီး ဓနုပြည်နယ်ဖော်ဆောင်ရန်နှင့်ဓနုဒေသအတွင်းရှိ ပြည်သူလူထုများကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းကတိသစ္စာပြုရင်း  ဤထုတ်ပြန်ချက်အား  ထုတ်ပြန်လိုက်တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment