၂၀၂၅ စက်တင်ဘာလ ၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ထိုင်းနယ်စပ်မှာနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့်ပေးတဲ့ ထိုင်းအစိုးရ ဆုံးဖြတ်ချက်ကို KNPP  ကြိုဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) အစည်းအဝေးစက်တင်ဘာ၂ရက်ကျင်းပမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။စည်းလုံးစစ်ချီ မွန်၊တနင်္သာရီဘတ်၁၀သိန်းကမ်ပိန်း"ပါဝင်မှုရာခိုင်နှုန်းနည်းပါးနေ၍ လူထုပါဝင်ရန်ဖိတ်ခေါ်

📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့်ရောင်နီဖျော်ဖြေပွဲ လက်မှတ်အနည်းငယ်သာကျန်ရှိတော့


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩⁨⁨⁨⁨ ကန့်ဘလူမှာ စစ်တပ်က  စစ်ဘေးရှောင်လင်မယား ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီး

🚩၂။ ၂၇ ကြိမ်မြောက် နာဂိုယာသင်္ကြန်ပွဲတော်ကရတဲ့ ထောက်ပို့ငွေပေးအပ်ပွဲနဲ့ မျက်မှောက်ကာလ နိုင်ငံရေး အခြေအနေများ အမြင်ဖလှယ်ဆွေးနွေးပွဲ ကျင်းပ

🚩၃။ အခုနှစ်မှာ စစ်တပ်ဘက်က ၂၂၉ ဦးထက်မနည်းသေဆုံးပြီး ၅၇ ဦး ထက်မနည်းဒဏ်ရာသွားအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ MSRF ဆို

🚩၄။ ပခုက္ကူ (၁၀၁)မှ ထွက်လာသော စစ်ကော်မရှင်စစ်ကြောင်းအားတိုက်ခိုက်ရင်း တော်လှန်ရေးရဲဘော်တဦးကျဆုံး

🚩၅။ စစ်အုပ်စုနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်၇၀၀၀ ကျော်ရှိခဲ့ပြီး ဖမ်းဆီးပြီးနောက်အသတ်ခံရသူ၂၀၀၀ ကျော်ပါဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ ထိုင်းနယ်စပ်မှာနေထိုင်ကြတဲ့ မြန်မာဒုက္ခသည်တွေကို တရားဝင် အလုပ်လုပ်ခွင့်ပေးတဲ့ ထိုင်းအစိုးရ ဆုံးဖြတ်ချက်ကို KNPP  ကြိုဆို


စက်တင်ဘာလ ()ရက်


ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံနေထိုင်နေကြတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေကို ထိုင်းအစိုးရက တရားဝင် အလုပ်လုပ်ခွင့် ပြုလိုက်တဲ့ ဆုံးဖြတ်ချက်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတဲ့အကြောင်း ကရင်နီအမျိုးသား တိုးတက် ရေးပါတီ - KNPP က ထုတ်ပြန်ထားပါတယ်။

ထိုင်းအစိုးရက ထိုင်း-မြန်မာနယ်စပ်တလျောက်မှာရှိတဲ့ ယာယီခိုလှုံရေးစခန်းတွေမှာ နှစ်ရှည်လများ ခိုလှုံနေထိုင်နေကြတဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပေးမယ်လို့ ဩဂုတ်လ ၂၅ ရက်မှာ အတည်ပြုခဲ့တာနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

၁၉၈၈၊ ၁၉၉၅ နဲ့ ၁၉၉၆ ခုနှစ်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ လူထုအုံကြွမှုတွေနဲ့ စစ်တပ်က အပစ်ခတ်ရပ်စဲရေးစာချုပ်တွေကို ချိုးဖောက်ခဲ့တာတွေကြောင့် တိုက်ပွဲတွေ ဖြစ်ခဲ့ရပြီး စစ်အစိုးရရဲ့ အဓမ္မ နေရာ‌ရွှေ့ပြောင်းမှု‌ကြောင့် ကရင်နီပြည်သူတွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့အကြောင်းကို သမိုင်းကြောင်းနဲ့တကွ အသိပေးထားပါတယ်။

UNHCR နဲ့ ထိုင်းအာဏာပိုင်တွေက ရွှေ့ပြောင်းဒုက္ခသည်တွေ တတိယနိုင်ငံ ကူးပြောင်းနိုင်ရေး ၂၀၀၁ ခုနှစ်ကစပြီး လုပ်ဆောင်ခဲ့တာကြောင့် ကရင်နီပြည်သူတွေ အများအပြား သွားရောက်ခိုလှုံနေထိုင်ခဲ့တာတွေရှိခဲ့တယ်လို့ KNPP ထုတ်ပြန် ချက်အရ သိရပါတယ်။ 

၂၀၁၂ ခုနှစ်မှာ UNHCR က မိမိတို့ဆန္ဒအ‌လျောက် နေရပ်ပြန်ရေးအစီအစဉ်ပြုလုပ်ခဲ့ပေမယ့် မြန်မာအစိုးရက ပူးပေါင်း ပါဝင်မှု မရှိခဲ့ဘူးလို့လည်း ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်တလျောက် ကရင်နီဒုက္ခသည်စခန်း ခုမှာ နေထိုင်ကြတဲ့ လူဦးရေ တသောင်း ၂ထောင့် ၈၀၀ အပါအဝင် ဒုက္ခသည် ၈သောင်း တထောင်ခန့်ဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို နှစ်ကာလရှည် မှီခိုခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်မှာ နောက်ပိုင်း မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် စစ်ဘေးရှောင် ဒုက္ခသည်ဦးရေဟာ ဒသမ ၅၃ သန်းအထိ ရှိလာခဲ့တယ်လို့ UNHCR က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာဆိုရင် စစ်ဘေးရှောင်ဦးရေ တသိန်းခွဲနီးပါးရှိနေပြီး တောတောင်တွေ၊ နယ်စပ်နဲ့ နီးစပ်ရွာမြို့ရွာတွေမှာ ခိုလှုံနေထိုင်ကြရတဲ့အတွက် လူသားချင်းဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ KNPP က ပြောပါတယ်။

၂၀၂၅ နှစ်ဆန်းပိုင်းမှာ ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေတွေ ဖြတ်တောက်ခဲ့တာကြောင့် မြန်မာနိုင်ငံသားတွေ အပါအဝင် ကမ္ဘာတဝှမ်းက သန်းနဲ့ချီတဲ့ အဓမ္မရွှေ့ပြောင်းခံရသူတွေဟာ အသက်ကယ်အကူအညီတွေ ဆုံးရှုံးခဲ့ရတယ်လို့ လည်း KNPP ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုအချိန်မှာ ထိုင်းအစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ကရင်နီလူထုအတွက် အလွန်စွာအရေးပါတဲ့အတွက် ထိုင်းဘုရင်မိသားစု၊ ထိုင်းအစိုးရနဲ့ထိုင်းပြည်သူတွေကို ကျေးဇူးတင်တဲ့အကြောင်း KNPP က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) အစည်းအဝေးစက်တင်ဘာ၂ရက်ကျင်းပမည်


စက်တင်ဘာလ ()ရက်


မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) ကို ပဏာမအဆင့် အတည်ပြုမည့် မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) အစည်းအဝေးကို  လာမယ့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့တွင် ကျင်းပသွားမယ်လို့သိရပါတယ်။


ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံဖွင့်ပွဲအခမ်းအနားကို သတင်း မီဒီယာများမှတဆင့် တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) ကို မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ရေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းမူကြမ်းကို မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံက ပဏာမအဆင့် အတည်ပြုရမည်ဖြစ်ပြီး ၎င်းပမာဏာအဆင့်အတည်ပြုထားသော ကြားကာလနိုင်ငံရေးအစီအမံကို မန္တလေးဒေသလွှတ်တော်က လွှတ်တော်လုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုပြဌာန်းထုတ်ပြန်မှာဖြစ်ပါတယ်။


မန္တလေးဒေသအတွင်းရှိ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ (CRMH) အပါအဝင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးဒေသကိုယ်စားပြု ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် မန္တလေးဒေသတော်လှန်ရေးအင်အားစုများသည် ကြားကာလ နိုင်ငံရေးအစီအမံတစ်ရပ် ဖော်ထုတ်နိုင်ရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများကို ၂၀၂၃ ခုနှစ်၊ သြဂုတ်လမှ စတင်၍ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။စည်းလုံးစစ်ချီ မွန်၊တနင်္သာရီဘတ်၁၀သိန်းကမ်ပိန်း"ပါဝင်မှုရာခိုင်နှုန်းနည်းပါးနေ၍ လူထုပါဝင်ရန်ဖိတ်ခေါ်


စက်တင်ဘာလ ()ရက်


"စည်းလုံးစစ်ချီ မွန်၊တနင်္သာရီ"ဘတ်၁၀သိန်းကမ်ပိန်း"ပါဝင်မှုရာခိုင်နှုန်းနည်းပါးနေ၍ လူထုပါဝင်ရန်ဖိတ်ခေါ်လိုက်ပါတယ်။


"စည်းလုံးစစ်ချီ မွန်၊တနင်္သာရီ"ဘတ်(10)သိန်းကမ်ပိန်းပြုလုပ်တာ (31)ရက်မြောက်နေ့ရှိပြီးဖြစ်သည်၊ယနေ့အထိ ကမ်ပိန်းတားဂတ်၏(21)%ကိုသာ ရရှိထားပါတယ်၊ကမ်ပိန်းတားဂတ်ပြည့်မှီဖို့ (79)%တောင် အများကြီးလိုအပ်နေပါသေးတယ်။တားဂတ်(21)%အတွက်ဝိုင်းဝန်းကူညီပေးကြသည့် တော်လှန်ပြည်သူအားလုံးကို ကျေးဇူးအထူးတင်သလို ကျန်ရှိနေသေးသည့်တားဂတ်(79)%အတွက် ကမ်ပိန်းကာလမပြီးဆုံးခင် ရေးပြောက်ကျားတပ်(YGF)ရဲဘော်များအတွက် တတ်နိူင်သမျှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြဖို့ မေတ္တာရပ်ခံထပ်မံတိုက်တွန်းလိုက်ပါတယ်"လို့အသိပေးဆိုထားပါတယ်။


ရေးပြောက်ကျားတပ်(YGF)မှရဲဘော်များဟာ ရှေ့တန်းစစ်မြေပြင်မှာ ပူးပေါင်းမဟာမိတ်တပ်များနှင့်အတူ ရွံရွံချွန်ချွန် တိုက်ပွဲဝင်နေကြပြီးရဲဘော်များအတွက် လိုအပ်နေတဲ့ ပစ္စည်းများအတွက် "စည်းလုံးစစ်ချီ မွန်၊တနင်္သာရီ"ကမ်ပိန်းကို တော်လှန်ပြည်သူများအားလုံး ပါဝင်ကူညီပေးကြဖို့ ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့်ရောင်နီဖျော်ဖြေပွဲ လက်မှတ်အနည်းငယ်သာကျန်ရှိတော့


စက်တင်ဘာလ ()ရက်


စက်တင်ဘာ၁၃ရက်အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာကျင်းပမယ့်ရောင်နီဖျော်ဖြေပွဲ လက်မှတ်အနည်းငယ်သာကျန်ရှိတော့တယ်လို့သိရှိရပါတယ်။

New York City ဆိုတာ ကမ္ဘာမှာရော အမေရိကန်ပြည်ထောင်စုထဲမှာရော The Big Apple (or)The City that Never Sleeps ဆိုပြီးကျော်ကြားခမ်းနားပါတယ်။ ၂၄ နာရီပတ်လုံသက်ဝင်လှုပ်ရှားနေတဲ့ မြို့တော်ကြီးဆိုပါတော့ဗျာ။ 

တော်လှန်ရေး စိတ်ဓါတ်တွေ ဘယ်တော့မှသွေးမအေးပဲ အမြဲတမ်းသက်ဝင်လှုပ်ရှားနေတဲ့ ရောင်နီအဖွဲ့သားတွေကလဲ Never Sleeps မြို့တော်ကြီးမှာ အခုလာမည့် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၄နာရီမှာ ခမ်းနားသိုက်မြိုက်စွာ ကျင်းပဖျော်ဖြေတော့မှာပါ။ Myanmar New Yorker တွေအနေနဲ့လဲ တလရမှာ သွေးမအေးဘဲ . အမြဲတမ်းသက်ဝင်လှုပ်ရှားနေတယ်ဆိုတာ ပြသကြဖို့ New Yorker တွေနဲ့  ရောင်နီ Live in NYC အဖွဲ့သားတွေဆုံချင်ပါတယ်။

Myanmar New Yorker တို့ရဲ့ ဘယ်တော့မှသွေးမအေးဘဲ အမြဲတမ်းသက်ဝင်လှုပ်ရှားနေကြတဲ့ တလရစိတ်ဓါတ်တွေကြောင့် ကျနော်တို့ရဲ့ ရောင်နီ Live in NYC ပွဲကြီးကလဲ အောင်မြင်မယ်လို့ယုံကြည်ပါတယ်။$200-$250-$300-$500 လက်မှတ်တွေ အနည်းငယ် ကျန်နေပါသေးတယ်။ ဆက်လက်အားဖြည့်ပေးကြလိမ့်မယ်လို့လဲ မျှော်လင့်ပါတယ်"လို့အသိပေးဆိုထားပါတယ်။


ဒီပွဲကနေ ရရှိလာမယ့် အကျိုးအမြတ် ၁၀၀% က မြေပြင်ကို ဘယ်လိုစီးဆင်းမလဲဆိုတာ အားလုံးသိရဖို့ ဆက်လက်ကြေငြာပေးသွားမယ်လို့လည်းဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================


🚩🚩⁨⁨⁨⁨ ကန့်ဘလူမှာ စစ်တပ်က  စစ်ဘေးရှောင်လင်မယား ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီး


စက်တင်ဘာလ ()ရက်


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်သားတွေက စစ်ဘေးရှောင် လင်မယား ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဒီနေ့ စက်တင်ဘာ ရက်မှာ ထုတ်ပြန်လာပါတယ်။ 

ကန့်ဘလူမြို့နယ် ချပ်သင်းအထိုင်စခန်းက စစ်သားနဲ့ပျူစောထီးတွေ မနေ့ ဩဂုတ်လ ၃၁ ရက် မနက် ၈နာရီခွဲမှာ ပုဏ္ဏားကြီး ရွာဘက် စစ်ကြောင်းထိုးထွက်ခဲ့ရာမှာ ဦးကင်းကြည်ရွာနဲ့ နှောကုန်းရွာကို ဒရုန်းနဲ့ ဗုံးသီး လုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အင်အား ၁၀၀ ခန့်ပါတဲ့ အဲဒီစစ်ကြောင်းဟာ ပုဏ္ဏားကြီးရွာကနေ စစ်ဘေးဘရှောင်တဲ့ အသက် ၄၅ နှစ်အရွယ် ဦးဇော်မျိုးလှိုင်နဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်မာမာသင်းတို့ လင်မယာကို ပစ်ခတ်သတ်ဖြတ်ပြီး စစ်ရှောင်တဲ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ အသိပေးပါတယ်။

အပြစ်မဲ့ ပြည်သူ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ် စစ်ကြောင်း ပုဏ္ဏားကြီးကျေးရွာ အရှေ့ဘက်ရောက်ချိန် မနက် ၁၀ နာရီခန့် မှာ ကန့်ဘူလူခရိုင်တပ်ရင်း က ရဲဘော်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်သား ဦးထက်မနည်း ပြင်းထန်ဒဏ်ရာသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေထဲက ဦးကို နွားလှည်း၊ ကျန် ဦးကို ထမ်းစင်တွေနဲ့ သယ်ဆောင်သွားတယ်လို့လည်း ပြောပါတယ်။ 

စစ်တပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နာရီခွဲခန့်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က အထိနာသွားတဲ့အတွက် ရှေ့ဆက်မတိုးတော့ဘဲ မနက် ၁၁ နာရီခွခြန့်မှာ ချပ်သင်းအထိုင်စခန်းကို ပြန်ဆုတ်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၂။ ၂၇ ကြိမ်မြောက် နာဂိုယာသင်္ကြန်ပွဲတော်ကရတဲ့ ထောက်ပို့ငွေပေးအပ်ပွဲနဲ့ မျက်မှောက်ကာလ နိုင်ငံရေး အခြေအနေများ အမြင်ဖလှယ်ဆွေးနွေးပွဲ ကျင်းပ


စက်တင်ဘာလ ()ရက်


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတကို ၂၇ ကြိမ်မြောက် နာဂိုယာ သင်္ကြန်ပွဲတော် ကနေ ရရှိလာတဲ့ ထောက်ပို့ငွေပေးအပ်ပွဲနဲ့ မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေများ အမြင်ဖလှယ်ဆွေးနွေးပွဲ အခမ်းအနားကို မနေ့ ဩဂုတ်လ ၃၁ရက်နေ့က အွန်လိုင်းကနေ ကျင်းပခဲ့တယ်လို့ ABSDF က ထုတ်ပြန်ထားပါတယ်။ 

 

ဒီအခမ်းအနားမှာ နာယကဆရာတော် အရှင်ထာဝရ၊ မကဒတ ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုဥက္ကဋ္ဌ ရဲဘော်လဆိုင်း၊ အထွေထွေ အတွင်းရေးမှူး ရဲဘော်ဆန်နီနဲ့ နာဂိုယာ သင်္ကြန်ဖြစ်မြောက်ရေး ကော်မတီဝင် ကိုအောင်အေးဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် နာဂိုယာ သင်္ကြန်ဖြစ်မြောက်ရေး ကော်မတီဝင်များ၊ မကဒတက ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များ၊ ဗဟို ကော်မတီဝင်များ၊ စစ်ကြောင်းမှူးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့လည်း အသိပေးပါတယ်။

 

အခမ်းအနားမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး - မကဒတရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ၊ စစ်ရေးလုပ်ငန်းစဉ်တွေနဲ့ လက်ရှိ စစ်ရေး အခြေအနေတွေကိုလည်း ရင်းနှီးပွင့်လင်းစွာနဲ့ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးရဲ့ ရှေ့လုပ်ငန်းစဉ်တွေ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ဖို့ ကူညီပံ့ပိုးပေးတဲ့ နာဂိုယာသင်္ကြန် ဖြစ်မြောက်ရေး ကော်မတီဝင်တွေနဲ့ တော်လှန်ညီအစ်ကို မောင်နှမများကို ကျောင်းသား တပ်ဦးနဲ့ ကျောင်းသားတပ်မတော်က ကျေးဇူးတင်တဲ့အကြောင်းလည်း အသိပေးထားပါတယ်။


========================


🚩🚩၃။ အခုနှစ်မှာ စစ်တပ်ဘက်က ၂၂၉ ဦးထက်မနည်းသေဆုံးပြီး ၅၇ ဦး ထက်မနည်းဒဏ်ရာသွားအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ MSRF ဆို


စက်တင်ဘာလ ()ရက်


အခုနှစ် လအတွင်း အကြမ်းဖက်စစ်သား ၂၂၉ ဦးထက်မနည်းသေဆုံးပြီး ၅၇ ဦး ထက်မနည်းဒဏ်ရာသွားအောင် တိုက်ခိုက် နိုင်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ထုတ်ပြန်လာပါတယ်။


မွန်ပြည်တော်လှန်ရေးတပ် - MSRF စစ်ဆင်ရေး နှစ်ပြည့် အစီရင်ခံစာကနေ အခုလို အသိပေးထုတ်ပြန်လာတာ ဖြစ်ပါတယ်။


ဒီနေ့ စက်တင်ဘာလ ရက်နေ့ဟာ မွန်ပြည်တော်လှန်ရေးတပ် – MSRF စစ်ရေးဖော်ဆောင်မှု နှစ်ပြည့်မြောက်တဲ့ နေ့လို့ သိရပါတယ်။ 


အခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအထိလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ စစ်သား ၂၂၉ ဦးထက်မနည်း သေဆုံးပြီး ၅၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တာကို စုဆောင်းထားတဲ့ အချက်အလက်တွေကနေ အတည်ပြုနိုင်ခဲ့တာလို့ MSRF က ပြောပါတယ်။ 


မွန်ပြည်တော်လှန်ရေးတပ်အနေနဲ့ နှစ်တာကာလအတွင်း မွန်ပြည်နယ်ထဲက မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်း၊ တနင်္သာရီတိုင်းထဲက ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲနဲ့ သရက်ချောင်းမြို့နယ်တို့အထိ ဖြန့်ကျက်ပြီး တော်လှန်ရေးပူးပေါင်း မဟာမိတ်တပ်တွေနဲ့အတူ စစ်ဆင်ရေးတွေ အရှိန်မြင့်ဖော်ဆောင်နေတယ်လို့ သိရပါတယ်။


အခုလို စစ်ရေးအရှိန် မြှင်တင်လာနိုင်တာနဲ့အတူ ၂၀၂၄ နှစ် မတ်လကနေ အခုနှစ် သြဂုတ်လအထိ အမှတ် - ပြည်ထောင်စု လမ်းမကြီးရဲ့ သံဖြူဇရပ် - ရေး - ထားဝယ်လမ်းပိုင်းကို ထိန်းချုပ် စိုးမိုးလာနိုင်တယ်လို့လည်း MSRF က ပြောပါတယ်။


MSRF အနေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ရဲ့ နိုင်ငံရေး ဦးဆောင်မှုကိုခံယူပြီး ကောင်စီရဲ့ ကာကွယ်ရေးဌာနအောက်မှာ မွန်ပြည်အတွင်း စစ်ဒေသတွေ ဖြန့်ကျက်ကာ စစ်ရေးလှုပ်ရှားမှုတွေ ပိုလုပ်နိုင်ခဲ့ တယ်လို့လည်း ဆိုပါတယ်။ 


ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃၃ နဲ့ မွန်ပြည်တော်လှန်ရေးတပ် တို့ဟာ တော်လှန်ရေး ပူးပေါင်းမဟာမိတ်အဖြစ် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၄ ရက်မှာ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြရာကနေ အခုနှစ် သြဂုတ်လ ၂၇ ရက်မှာ ညီနောင်တပ်ဖွဲ့အဖြစ် ဖွဲ့စည်းနိုင်ခဲ့တယ်လို့လည်း အစီရင်ခံစာက အသိပေးထားပါတယ်။


မွန်ပြည်တော်လှန်ရေးတပ်နဲ့ နည်းဗျူဟာ ၃၃ တို့ပါတဲ့ ညီနောင်တပ်ဖွဲ့ အနေနဲ့ စစ်အာဏာရှင်အပါအဝင် ဘယ် အာဏာရှင် စနစ်ကိုမဆို အဆုံးတိုင် တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းနိုင်တဲ့အထိ အတူတကွ တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၄။ ပခုက္ကူ (၁၀၁)မှ ထွက်လာသော စစ်ကော်မရှင်စစ်ကြောင်းအားတိုက်ခိုက်ရင်း တော်လှန်ရေးရဲဘော်တဦးကျဆုံး


စက်တင်ဘာလ ()ရက်

ပခုက္ကူ (၁၀၁)မှ ထွက်လာသော စစ်ကော်မရှင်စစ်ကြောင်းအားတိုက်ခိုက်ရင်း တော်လှန်ရေးရဲဘော်တဦး ကျဆုံးခဲ့ပါတယ်။


ပခုက္ကူ (၁၀၁)မှ ထွက်လာသော ခွေးစစ်ကြောင်းအား လကျော် တိုက်ခိုက်ရင်း သြဂုတ်လ ၂၅ ရက်  ညနေ နာရီ ၂၀မိနစ်တွင် ရဲဘော် Flash သည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် အသက်ပေးလှူသွားခဲ့တယ်လို့ အမှတ်၁၄တပ်ရင်း ပခုက္ကူခရိုင်က အတည်ပြုထားပါတယ်။


အကြမ်းဖက်စစ်ကော်မရှင်တပ်များဟာအတုအယောင်ရွေးကောက်ပွဲအတွက်နယ်မြေစိုးမိုးမှုများပြန်လည်ရရှိရေးနယ်မြို့များကိုစစ်ကြောင်းများထိုးလျက်ရှိပါတယ်။


========================


🚩🚩၅။ စစ်အုပ်စုနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်၇၀၀၀ ကျော်ရှိခဲ့ပြီး ဖမ်းဆီးပြီးနောက်အသတ်ခံရသူ၂၀၀၀ ကျော်ပါဝင်


စက်တင်ဘာလ ()ရက်


စစ်အုပ်စုနှင့် လက်ပါးစေများကြောင့် သေဆုံးခဲ့ရသည့် ပြည်သူအရေအတွက်(,၀၀၀) ကျော်ရှိခဲ့ပြီး ဖမ်းဆီးပြီးနောက်အသတ်ခံရသူ၂၀၀၀ ကျော်ပါဝင်တယ်လို့ AAPPက  ယနေ့ထုတ်ပြန်ပါတယ်။


အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းချိန်မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူမှတ်တမ်းတင်ထားသည့် အဖမ်းအဆီးနှင့် သေဆုံးအချက်အလက်များ ဖော်ပြချက်အရသေဆုံးသူ( ,၁၅၉)ဦးရှိခဲ့ပြီး ဖမ်းဆီးပြီးနောက် သတ်ခံရသူ (,၁၇၁)ဦးရှိခဲ့တယ်လို့သိရပါတယ်။


ဒါ့အပြင်အတည်ပြုရန်လိုအပ်ဆဲအရေအတွက်(,၉၀၀ )ဝန်းကျင်ကိုလည်း သီးခြားပြုစုထားတယ်လို့ဆိုပါတယ်။


လက်ရှိအချိန်ထိ စစ်အုပ်စု၏ ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသားအရေအတွက်(၂၂,၃၅၆) ဦးရှိတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment