၂၀၂၅ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း သတင်းလွှာ

၂၀၂၅ စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်း ၃၆ ကျောင်းအား NUG ပညာရေးဝန်ကြီးဌာန ကြေညာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပခုက္ကူ၊ ရွာ ရွာက အဆောက်အအုံ ၃၀ ကျော် အရေးပေါ် ရွေ့ပြောင်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ နမခ အနီး သံတိုသံစဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွား၊ ဦး‌ သေ၊ ဦး ဒဏ်ရာရ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဇီးကုန်းရဲစခန်းက ထိန်းသိမ်းခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအား အောင်မြင်စွာမွေးဖွားပေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မြို့ပြတော်လှန်ရေး တပ်ဦး - URF က စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှု သင်တန်းပြုလုပ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ အတုအယောင်ရွေးကောက်ပွဲအတွက် ပြည်သူများကို လိမ်လည်မဲထည့်ခိုင်းရန် စစ်အုပ်စု ကြံစည်နေကြောင်း PDF INSIGHT သုံးသပ်


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လေးကေ့ကော်မြို့သစ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၊ ထိုင်းနယ်စပ်သို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိုင်း ကန့်ကွက်သတိပေး

🚩 ၂။ ကျောက်မဲမြို့နယ်၊ ပင်တီး‌ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်

🚩 ၃။ လန်ဆယ်ဒေသမှာ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေ ရက်ဆက် တိုက်ပွဲဖြစ်ပွား၊ စစ်ကော်မရှင် တပ်သားများ ထိခိုက်သေဆုံးမှုများခဲ့ပြီး ရုပ်အလောင်းများ သိမ်းဆည်းရရှိ

🚩 ၄။ တလုတ်မြို့က ထွက်လာတဲ့ စစ်သားနှင့်ညပျူစောထီးများကို တိုက်ခိုက်မှု ဦးသေဆုံး၊ သေနတ် လက်သိမ်းဆည်းရရှိ

🚩 ၅။သရက်ကန် ပြည်သူ့စစ်ရွာကို အနီးကပ် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး တဦး သေဆုံး

🚩 ၆။ ဆင်ပေါင်ဝဲမြို့နယ်တွင် ဆိုင်ကယ်စီးလာတဲ့ ရဲနှင့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ဦးသေဆုံး၊ သေနတ် လက်သိမ်းဆည်းရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ် အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်း ၃၆ ကျောင်းအား NUG ပညာရေးဝန်ကြီးဌာန ကြေညာ


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ကြားကာလတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရန်အတွက် မြေပြင် ပြည်သူ့ပညာရေးကျောင်းများ၊ Online ကျောင်းများနှင့် ဆက်သွယ်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ပညာရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြု သက်တမ်းတိုးရန် လျှောက်လွှာတင်ထားသည့် ကျောင်းများအား ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနမှ ကျောင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လေ့လာဆန်းစစ်အကဲဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာန၏ သဘောထားမှတ်ချက်အရ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ (၁၁) ချက်နှင့် Information and Technology Security Guidelines များကို လိုက်နာဆောင်ရွက်ပါမည်ဟု ဝန်ခံကတိပြုထားသည့်အပေါ် ကျေနပ်ဖွယ်ရာ ဆောင်ရွက်ထားကြသည်ကိုတွေ့ရှိရသည့် Online ပြည်သူ့ပညာရေး ကျောင်း ၃၆ကျောင်းကိုကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းအဖြစ် အသိအမှတ်ပြု သက်တမ်း တိုးပေးကြောင်း ဖော်ပြထားပါတယ်

လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းဆောင်ရွက်ဆဲ Online ပြည်သူ့ပညာရေးကျောင်းများကိုလည်း အသိအမှတ်ပြု သက်တမ်းတိုးကြောင်း ဆက်လက်ထုတ်ပြန် ကြေညာ ပေးသွားမယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပခုက္ကူ၊ ရွာ ရွာက အဆောက်အအုံ ၃၀ ကျော် အရေးပေါ် ရွေ့ပြောင်း


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ကျေးရွာနှစ်ခုမှာ ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း အပါအဝင် အဆောက်အုံ ၃၀ ကျော်ကို အရေးပေါ်ဖျက်ပြီး ရွေ့ပြောင်းနေရတယ်လို့ People’s Spring က ဖော်ပြထားပါတယ်။

စက်တင်ဘာလ တတိယပတ်အတွင်း ဧရာဝတီမြစ်ကမ်းပါး ပြိုကျလာတာကြောင့် ပခုက္ကူမြို့နယ်က သိမ်ကုန်း နဲ့ မရိုးကုန်း ရွာနှစ်ရွာရှိ နေအိမ်၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း နဲ့ ဓမ္မာရုံ တွေကို အရေးပေါ်ဖျက်ပြီး ရွေ့ပြောင်း နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်လုံးချမ်းသာ ရှစ်မျက်နှာ စေတီဟာလည်း မြစ်ကမ်းပါးနဲ့ နီးကပ်နေတာကြောင့် ပြိုကျသွားနိုင်တယ် လို့ ဒေသခံတွေက ပြောပါတယ်။

အရေးပေါ်ပြောင်းရွေ့ဖို့ လိုအပ်တဲ့ နေအိမ် ၂၀၀ ခန့်ရှိပြီး လောလောဆယ်မှာ အိမ်ခြေ ၃၀ ခန့်ကိုသာ ဒေသခံတွေ ပူးပေါင်းပြီး ရွေ့ပြောင်းနိုင်သေးတယ်လို့ သိရပါတယ်။

ဧရာဝတီမြစ် ဖြတ်သန်းရာ စဥ့်ကူး၊ မတ္တရာ၊ ပုသိမ်ကြီး၊ မြင်းခြံ၊ ငါန်းဇွန်၊ ညောင်ဦး၊ ရေစကြို၊ ပခုက္ကူ အစရှိတဲ့ ဒေသတွေမှာ မြစ်ကမ်းပါး ပြိုမှုတွေ နှစ်စဉ် ဖြစ်ပွားနေတာပါ။

အာဏာသိမ်းကာလ မတိုင်မီက မြစ်ကမ်းပါး ပြိုကျမှု ကာကွယ်ရေး အစီအမံတွေ ပြုလုပ်လေ့ ရှိခဲ့ပေမယ့် ယခု နောက်ပိုင်းမှာ ဘာအစီအမံမှ မရှိတော့ဘဲ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ကာကွယ်နေရတယ်လို့ သိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ နမခ အနီး သံတိုသံစဆိုင်တွင် ပေါက်ကွဲမှုဖြစ်ပွား၊ ဦး‌ သေ၊ ဦး ဒဏ်ရာရ


စက်တင်ဘာလ ၂၃ရက်နေ့ နေ့လယ်တွင် မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ၊ စစ်အုပ်စုရဲ့ သုံးထောင့်ချွန်းဂိတ်အနီး  သံတိုသံစ ရောင်းတဲ့ ဆိုင်မှာ မိုင်းပေါက်ကွဲခဲ့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ကောင်းကောင်း သံတိုသံစ ဆိုင်ပိုင်ရှင်သည် စစ်သားဟောင်း တစ်ဦးဖြစ်ပြီး  အကြမ်းဖက်စစ်သားများက သိမ်းဆည်းလာတဲ့ မိုင်းလုံးတွေကို အရက်ဖိုးရရန် သံတိုသံစအဖြစ် ပြန်လည်ရောင်းချလာတဲ့အခါ ဝယ်ယူမိတယ်လို့ သိရပါတယ်

ပေါက်ကွဲမှုဖြစ်သည့်နေ့က ကိုထွန်းဇော်လင်းသည် သံတိုသံစတွေကို ထုခွဲရင်း မိုင်းမှန်းမသိဘဲ ထုခွဲလိုက်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်

၎င်း ပေါက်ကွဲမှုကြောင့် ကိုထွန်းဇော်လင်း သေဆုံးခဲ့ပြီး ဆိုင်ပိုင်ရှင် အပါအဝင် အလုပ်သမား ဦးပါ ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကော်မရှင် တပ်သားများသည် မုံရွာ-မန္တလေးလမ်းပေါ်  သွားလာနေတဲ့ ခရီးသည်တင်ကား‌များကို တားဆီးပြီး ပြည်သူများကို မိုင်းရှင်းခိုင်းခြင်း ခရီးသည်ကားတွေပေါ်  မိုင်းများတင်ပေးခါ စစ်တပ်ဂိတ်များဖြစ်တဲ့ မအူဂိတ် စွမ်းရည်ထက်ဂိတ်တွေမှ ချထားခိုင်းခြင်းများ ပြုလုပ်နေတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ဇီးကုန်းရဲစခန်းက ထိန်းသိမ်းခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးအား အောင်မြင်စွာမွေးဖွားပေးခဲ့


ဇီးကုန်းမြို့ရဲစခန်းအား ဝင်ရောက်စီးနင်းတိုက်ခိုက်မှုဖြစ်စဥ်တွင် ထိန်းသိမ်းခဲ့သော ကိုယ်ဝန်ဆောင်အမျိုးသမီးအား စက်တင်ဘာလ ၂၄ရက်နေ့တွင်  အောင်မြင်စွာ မွေးဖွားပေးပြီး ယောက်ျားလေး မွေးဖွားခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီကဲ့သို့ ယုတ်ညံ့သော စိတ်ဓာတ်မရှိသည့် တော်လှန်ရေးရဲဘော်များ၏ လူသားချင်းစာနာစိတ်အား ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ မြို့ပြတော်လှန်ရေး တပ်ဦး - URF က စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှု သင်တန်းပြုလုပ်


ကရင်နီ အခြေစိုက်၊ မြို့ပြတော်လှန်ရေး တပ်ဦး (Urban Revolutionary Front - URF) ရဲ့ စခန်း တနေရာမှာ စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှုနှင့် ပတ်သက်တဲ့ သင်တန်းတခု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါ သင်တန်းကို စက်တင်ဘာလ နောက်ဆုံးအပတ်မှာ () ရက်တာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ကရင်နီ အခြေစိုက် စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှု (ဆရာဖြစ်သင်တန်း ပြီးစီးအောင်မြင်ထားတဲ့) လူငယ်အဖွဲ့ တခုမှ ဦးဆောင် မျှဝေပေးခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ အစီအစဉ်မှာ တက်ရောက်ခဲ့တဲ့ လူငယ်တချို့က စိတ်ဖိစီးမှုနဲ့ စိတ်ဒဏ်ရာများ အကြောင်း အပြုသဘော ဆောင်တဲ့ စိတ်ခံစားမှုနဲ့ မအီမသာဖြစ်စေတဲ့ စိတ်ခံစားမှုများကို သိရှိနားလည်စေခြင်း၊ မိမိကိုယ်ကို ဂရုစိုက်ခြင်း နည်းလမ်းများ၊ သူတပါး ရင်ဖွင့်ခံစားချက်များကို နည်းလမ်းတကျ နားထောင်တက်စေခြင်း စတာတွေကို စာတွေ့ လက်တွေ့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ထို့အပြင် စိတ်ခံစားချက်များအား ဖြေရှင်းနိုင်မယ့် နည်းလမ်းများအား လေ့လာခဲ့ကြပြီး အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် အတိတ်နဲ့ လက်ရှိကာလ အကြောင်းအရာများ၊ အဖြစ်အပျက်များကို ရင်ဖွင့်မျှဝေတဲ့ အုပ်စုလိုက် ကုသမှုများ (Memory Box’s Group Therapy) ကိုလည်း ကျွမ်းကျင်သူများ ရဲ့ လမ်းညွန်ချက်များ နှင့် ပြုလုပ်ခဲ့ တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလ နှစ်တာကာလအတွင်း ထိခိုက်ခံစားခဲ့ရတဲ့ လူငယ်များရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာများကို ပြန်လည်သန်စွမ်း ကျန်းမာလာရေးဟာလည်း စစ်ရေးနဲ့ ထပ်တူအရေးကြီးတဲ့အတွက် ယခုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကူညီစောင့်ရှောက်မှု သင်တန်းမျးကို အလျင်းသင့်သလို့ စီစဉ်ဆောင်ရွက် ပေးလျက်ရှိတယ်လို့ သိရှိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ အတုအယောင်ရွေးကောက်ပွဲအတွက် ပြည်သူများကို လိမ်လည်မဲထည့်ခိုင်းရန် စစ်အုပ်စု ကြံစည်နေကြောင်း PDF INSIGHT သုံးသပ် 


အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေများရှိ ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိအားပေးကာ မဲထည့်ရန် လှည့်ဖျားနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိကြောင်း PDF INSIGHT မှာ ဖော်ပြထားပါတယ်။

မုံရွာမြို့တွင် ဈေးနှုန်းသက်သာစွာဖြင့် ပစ္စည်းများရောင်းချပေးမည်ဟု ကတိပြုကာအစမ်းမဲပေးခိုင်းခြင်းကဲ့သို့သော လုပ်ဆောင်မှုများ ပြုလုပ်နေပြီး ထိုအစမ်းမဲများသည် တရားမဝင်ကြိုတင်မဲအဖြစ်သို့ ပြောင်းလဲသွားနိုင်သည့် အန္တရာယ်ရှိနေတယ်လို့ သတိပေးထားပါတယ်။

ဥပမာအားဖြင့်၊ မုံရွာမြို့တွင် မြေဆီတအိတ်ကို ၅၄,၀၀၀ ကျပ်၊ ဒီဇယ်တဂါလံကို ၉၈,၀၀၀ ကျပ် (တဦးလျှင် ဂါလံ) စားသုံးဆီတပုံကို ,၀၀၀ ကျပ်ဖြင့် သက်သာစွာ ရောင်းချပေးမည်ဟု ကမ်းလှမ်းကာ ပြည်သူများကို စာရင်းပေးရန် လှည့်ဖျားလျက်ရှိပြီး ထိုပစ္စည်းများ ဝယ်ယူလိုသူများကို ရွေးကောက်ပွဲအတွက် အစမ်းမဲပေးရန် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင်၊ ကလေးသူငယ်များအတွက် ကာကွယ်ဆေးထိုးပေးမည်ဟု ကတိပြုကာ မိဘများကို မဲထည့်ရန် ဖိအားပေးနေသည့် လုပ်ရပ်များလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်တပ်၏ အကြမ်းဖက်မီးရှို့မှု၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှု၊ အင်တာနက်ဖြတ်တောက်မှုများကြောင့် အခက်အခဲဖြစ်ပေါ်နေသည့် ပြည်သူများကို ၎င်းတို့၏ နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချနေခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခြေခံစားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုသည် လူ့အခွင့်အရေးဖြစ်ပြီး၊ မည်သူမဆို မည်သည့်အခြေအနေတွင်မဆို ရရှိပိုင်ခွင့်ရှိသည်ဟု နိုင်ငံတကာဥပဒေများတွင် ဖော်ပြထားသော်လည်း စစ်တပ်သည် ထိုအခွင့်အရေးများကို ၎င်းတို့၏ ကိုယ်ကျိုးအတွက် လှည့်ဖျားအသုံးပြုနေတယ်လို့ ထောက်ပြထားပါတယ်။

ထို့ကြောင့် စစ်တပ်ထိန်းချုပ်ထားသည့် မြို့ပေါ်ဒေသများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေများရှိ ပြည်သူများအနေဖြင့် စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးမိသည့် အဖြစ်မျိုး မကြုံရစေရန် သတိထားရန် လိုအပ်ကြောင်း သတိပေးထားပါတယ်။

စစ်တပ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများ၏ စစ်မှန်သောမဲများကို အာဏာသိမ်းရန် အသုံးပြုခဲ့သလို၊ ယခု ၂၀၂၅ ခုနှစ်တွင်လည်း ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအတွက် ပြည်သူများကို လှည့်ဖျား၊ ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ရန် ဝန်မလေးဟု အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ လေးကေ့ကော်မြို့သစ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၊ ထိုင်းနယ်စပ်သို့ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ထိုင်း ကန့်ကွက်သတိပေး


အကြမ်းဖက်စစ်တပ်သည် စက်တင်ဘာ ၂၃ ရက်တွင် လေးကေ့ကော်မြို့သစ်သို့ စစ်ကြောင်း ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ နေရာ ခုတွင် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့‌ပြီး ၅၀ခန့် သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်များမှ သိရပါတယ်။

အကြမ်းဖက်စစ်တပ်သည် စစ်မှုထမ်းဥပဒေဖြင့် အဓမ္မခေါ်ဆောင်ထားသည့် ပြည်သူ့စစ်သားသစ်များကို ရှေ့တန်းသို့ တင်ပို့အသုံးပြုကာ ထိုးစစ်ဆင်နေပြီး၊ အချို့သော စစ်သားသစ်များကို မူးယစ်ဆေးဝါးများ ကျွေးမွေးပြီး တိုက်ပွဲထဲသို့ လွှတ်တင်နေတယ်လို့ သိရပါတယ်။

ကော်ဘရာစစ်ကြောင်း () စစ်ကြောင်းမှူး စောကော်က "ပစလေးတွေကိုပဲ သနားတယ်။ ဘူမသိ၊ကိုးမသိနဲ့ ထိုးကျွေးလာပြီးတော့ ကြောင်တိ ကြောင်တောင်တွေ တက်လာ။ သူတို့ သေလို့ သေမှန်းလည်း သိမှာမဟုတ်ပါဘူး။ မြောက်တက်ကုန်တာ။ အကုန်လုံးနီးပါးပေါ့။ မတက်နိုင်ဘူး။ ကိုယ့်လူတွေက မပစ်ရင်လည်း ကိုယ့်ပစ်နေတော့ ကြောင်တိကြောင်တောင်တက်လာတော့ အကုန်ရှင်းရတာပေါ့"လို့ ပြောပါတယ်။

စစ်တပ်သည် လေးကေ့ကော်မြို့သစ်ကို ပြန်လည်သိမ်းပိုက်ရန် တပ်မ - ၂၂ နှင့် တပ်မ - ၅၅ လက်အောက်ခံတပ်များကို စုစည်းပြီး ထိုးစစ်ဆင်နေပြီး၊ KNU/KNLA တပ်မဟာ () ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက ပြင်းထန်စွာ ခုခံတိုက်ခိုက်နေကာ မြဝတီမြို့စောင့်တပ် ခမရ - ၂၇၅ တပ်ရင်းမှ ၁၂၂ မီလီမီတာ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ်အနီး လေးကေ့ကော်တွင် တိုက်ပွဲများ ပြင်းထန်နေချိန်၊ မြန်မာဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ထိုင်းနယ်မြေအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိုင်းအာဏာပိုင်များက ကန့်ကွက်သတိပေးချက် ထုတ်ပြန်ခဲ့သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြထားပါတယ်။

စက်တင်ဘာ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ထိုဖြစ်ရပ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း၊ ထိုင်းစစ်တပ်နှင့် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီး၊ ပစ်ခတ်သည့် အဖွဲ့အစည်းကို မသိရှိရသေးကြောင်း ထိုင်းဘက်က ပြောကြားထားပါတယ်။

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စသည့် ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီသည် သောင်းရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်စခန်းအချို့သည် လုံခြုံရေးအရ လျှို့ဝှက်နေထိုင်နေရကာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ကျောက်မဲမြို့နယ်၊ ပင်တီး‌ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်


ရှမ်းပြည်နယ် မြောက်ပိုင်း၊ PSLF / TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၄ ရက်၊ နေ့လယ် နာရီ မိနစ် အချိန်မှာ ပေါင် ၂၅၀ ဗုံး လုံးဖြင့် လာရောက်ကြဲချ တိုက်ခိုက် ခဲ့တာဖြစ်ပြီး ပင်တီး‌ကျေးရွာ ဘုန်ကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်း ကျောင်းဆောင်နဲ့ ဆွမ်းစားဆောင်တို့ ထိမှန်ပျက်စီး သွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်က စက်တင်ဘာလအတွင်း လေကြောင်း၊ လက်နက်ကြီး နဲ့ ဒရုန်းများဖြင့် TNLA ထိန်းချုပ်နယ်မြေ၊ကျောက်မဲမြို့နယ်ကို ကြိမ်၊ သီပေါမြို့နယ်ကို ကြိမ်နဲ့ မိုးကုတ်မြို့နယ်ကို ကြိမ် ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ အမျိုးသား ဦး သေဆုံးပြီး၊ အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၃။ လန်ဆယ်ဒေသမှာ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းနဲ့ KIA ပူးပေါင်းတပ်တွေ ရက်ဆက် တိုက်ပွဲဖြစ်ပွား၊ စစ်ကော်မရှင် တပ်သားများ ထိခိုက်သေဆုံးမှုများခဲ့ပြီး ရုပ်အလောင်းများ သိမ်းဆည်းရရှိ


ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်မြို့၊ လာဟီဆင်ဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် ပူးပေါင်းစစ်ကြောင်း KIA ပူးပေါင်းတပ်တွေနဲ့ ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု များခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက် နဲ့ ၂၀ ရက်နေ့တို့မှာ လာဟီဆင်ဒေသကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကော်မရှင် တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို KIA ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု များခဲ့တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့မှာ စစ်ကော်မရှင် စစ်ကြောင်းက အင်အားအလုံးအရင်းဖြင့် လူလှိုင်းသုံး ထိုးစစ်ဆင်လာ တာကြောင့် KIA ပူး‌ပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ စခန်းကုန်း တခုကနေ ယာယီဆုတ်ခွာ ပေးခဲ့ရပါတယ်။

ထို့နောက် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၂၃ ရက်နေ့မှာ အဆိုပါ စခန်းကုန်းကို တော်လှန်ရေး တပ်ဖွဲ့တွေဘက်က ပြန်လည်သိမ်းပိုက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ရက်တာ တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကော်မရှင် နဲ့ ပြည်သူ့စစ်တွေ ပြန်လည်ဆုတ်ခွာ သွားတာကြောင့် လက်ရှိမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲ နယ်မြေရှင်းလင်း ဆောင်ရွက်ရာမှာ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့စစ် အလောင်းများကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က စက်တင်ဘာလ ၂၂ ရက်၊ မွန်းလွဲ နာရီ ၂၅ မိနစ်မှာ လန်ဆယ်မြို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ဦး အပါအဝင် အရပ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိ ခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ လန်ဆယ်မြို့ဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ လာဟီဆင် တောင်ကြားစခန်းနဲ့ မိုင် (၂၀) ကျော်ခန့် ကွာဝေးပြီး ရွှေမှော်အလုပ်သမား (ရွေ့ပြောင်း) တွေနဲ့ ဒေသခံတောင်သူတွေ စုဝေးနေထိုင်ကြတဲ့ မြို့ဖြစ်ပါတယ်။


========================


🚩🚩 ၄။ တလုတ်မြို့က ထွက်လာတဲ့ စစ်သားနှင့်ညပျူစောထီးများကို တိုက်ခိုက်မှု ဦးသေဆုံး၊ သေနတ် လက်သိမ်းဆည်းရရှိ


စက်တင်ဘာ ၂၂ ရက်၊ နံနက် နာရီ ၅၀ မိနစ်ခန့်တွင် မြင်းခြံမြို့နယ်၊ တလုတ်မြို့မှ အနိမ့်ကျေးရွာဘက်သို့ ဆိုင်ကယ်များဖြင့် သွားနေတဲ့ စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း MGN-35 ပြောက်ကျားတပ်ဖွဲ့ထံမှ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း G3 အမျိုးအစား သေနတ် တစ်လက်နှင့် .၆၂ မီလီမီတာ ကျည် ၄၅ တောင့်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုတွင် ကျေးရွာပြည်သူ့စစ်အဖွဲ့ (ကပစ ၂၀) မှ ဗိုလ်အဆင့်ရှိသူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ တလုတ်မြို့နှင့် မြင်းခြံမြို့မှ အင်အား ၁၂၀ ခန့်ရှိသော စစ်ကူတပ်ဖွဲ့များ ရောက်ရှိလာခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။သရက်ကန် ပြည်သူ့စစ်ရွာကို အနီးကပ် စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ပျူစောထီး တဦး သေဆုံး


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်း၊ သရက်ကန် ပြည်သူ့စစ်ရွာကို အနီးကပ်စောင့်ဆိုင်း တိုက်ခိုက် ခဲ့ရာ ပျူစောထီး တဦး နေရာမှာပဲ လဲကျသေဆုံးခဲ့တယ်လို့ TYK ပြောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၂၄ ရက်နေ့ မနက် နာရီခန့်မှာ သရက်ကန် ရွာနဲ့ မီတာ (၁၀၀ - ၁၅၀) ကြားရှိ ဘန်ကာ အနီးကို ချဉ်းကပ်ချိန်မှာ ဘန်ကာရဲ့ ရှေ့မှာ ပျူစောထီးတဦး ကင်းပတ်ဖို့ ထွက်လာတာကြောင့် စတင်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။

အနီးကပ် ပစ်ခတ်ခံခဲ့ရတာကြောင့် မျိုးနိုင်အေး ဆိုသူ ပျူစောထီး (ကင်းမှူး) နေရာမှာပဲ လဲကျသေဆုံး သွားခဲ့ပြီး လက်နက်ငယ်များ၊ ၄၀ မမ များဖြင့် အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို TYK ပြောက်ကြားတပ်ဖွဲ့ - မြိုင် .က. တပ်ရင်း () တပ်ခွဲ () မြိုင် .က. တပ်ရင်း () တပ်ခွဲ () စက်ြာအဖွဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု - PLC အညာမြေ တပ်ပေါင်းစု Union Brothers - Ub Kamma Underground Pdf - ကမ္မ တပ်ပေါင်းစု ဒေါင်းညီနောင် တပ်ဖွဲ့ ဒေါင်းမာန် တပ်ဖွဲ့နဲ့ နွေဦးညီနောင် တပ်ဖွဲ့တို့ ပူ‌ပေါင်းဆောင်ရွက်ခဲ့ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ဆင်ပေါင်ဝဲမြို့နယ်တွင် ဆိုင်ကယ်စီးလာတဲ့ ရဲနှင့် စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု ဦးသေဆုံး၊ သေနတ် လက်သိမ်းဆည်းရရှိ


စက်တင်ဘာ ၂၃ ရက်၊ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ လမ်းတစ်နေရာမှာ ဆိုင်ကယ်စီးသွားနေတဲ့ ရဲနှင့် စစ်သားများကို စောင့်ကြိုပစ်ခတ်ခဲ့ကြောင်း သရက်ခရိုင်၊ အမှတ်- တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအတွင်း ရဲ တစ်ဦး သေဆုံးခဲ့ပြီး MA-13 အမျိုးအစား သေနတ်တစ်လက်ကို သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment