၂၀၂၅ စက်တင်ဘာလ ၃ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးဒေသများတွင် ဖက်ဒရယ်ယူနစ်အလိုက် အစိုးရအဖွဲ့များ ဆက်လက်ပေါ်ထွက်လာရန် NUG ယာယီသမ္မတ မျှော်လင့်

📌 ၂။ ဒေသအဆင့် စုဖွဲ့မှုတွေဟာ နောင်တစ်ချိန်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ခိုင်မာတဲ့ အုတ်မြစ်တွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက် NUG ပူးပေါင်းပါဝင်သွားမယ်ဆိုတဲ့အကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌 ၃။ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှု စင်္ကြံ (ပထမအကြိမ်) အစည်းအဝေး (ပထမနေ့) ကျင်းပပြီးစီး

📌 ၄။ မြန်မာ့လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ICC သို့ လွှဲပြောင်းရန် ကုလမဟာမင်းကြီးက တောင်းဆို

📌 ၅။ SSPC အဖွဲ့ဝင်အားလုံးသည် အနည်းဆုံး နိုင်ငံတစ်ခု၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသော်လည်း၊ အဖွဲ့အစည်းတစ်ခုလုံးအား ဒဏ်ခတ်ပိတ်ဆို့ရန် လိုကြောင်း Justice for Myanmar ထောက်ပြ

📌 ၆။ SUU 80 Birthday Campaign အတွက် Aid to Burma မှ ဩဂုတ်လ ၃၀ရက်နေ့အထိ USD 400,000ကျော် ကူညီထောက်ပံ့ပေးခဲ့


========================


၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထားဝယ်မြို့က တက်လာတဲ့ စစ်ကော်မရှင် တပ်သား ဦးကို KNLA ဖမ်းဆီးရမိ

🚩 ၂။ နတ်မောက်မှာ ပျူခေါင်းဆောင် လိုက်ပါလာတဲ့ ကားကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဦး သေဆုံး

🚩 ၃။ ဖြူးမြို့နယ်တွင် လူငယ်နှစ်ဦးကို စစ်တပ်က ပစ်သတ်

🚩 ၄။ ပုဏ္ဏားကျွန်းမာ DLEPS တပ်ဖွဲ့ဝင် ဦး အပါအဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူး၊ သုံးစွဲသူ ၁၁ ဦးကို ဖမ်းဆီးရမိ

🚩 ၅။ ဗိုလ်မှူးဟောင်းတစ်ဦးမှ အရပ်သားအသွင်ယူကာ အမျိုးသမီးများအား လိင်အမြတ်ထုတ်

🚩 ၆။ နည်းပညာများဖြင့် ရန်သူကို အထိရောက်ဆုံး ရင်ဆိုင်နိုင်ရန် အညာမြေ တပ်ပေါင်းစု Drone team ဖွဲ့စည်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ မန္တလေး၊ စစ်ကိုင်းနှင့် မကွေးဒေသများတွင် ဖက်ဒရယ်ယူနစ်အလိုက် အစိုးရအဖွဲ့များ ဆက်လက်ပေါ်ထွက်လာရန် NUG ယာယီသမ္မတ မျှော်လင့်


စက်တင်ဘာ  

Radio NUG 


မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက မန္တလေး၊ စစ်ကိုင်းနှင့် မကွေးဒေသများတွင် ဖက်ဒရယ်ယူနစ်အလိုက် အစိုးရအဖွဲ့များ အပြိုင်းအရိုင်း ဆက်လက်ပေါ်ထွက်လာရန် မျှော်လင့်ကြောင်း အမှာစကားပြောကြားခဲ့ပါတယ်။


ယာယီသမ္မတ ဒူဝါလရှီးလက "ဒီနေ့ အခမ်းအနားဟာ မန္တလေးဒေသ ကြားကာလနိုင်ငံရေး အစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနဲ့ မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီက ပြင်ဆင်ရေးဆွဲထားတဲ့ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း)ကို ပဏာမအဆင့်အနေနဲ့ အတည်ပြုနိုင်ရေးအတွက် လူထုပါဝင်မှု၊ လူထုကိုယ်စားပြုမှု ခိုင်မာအားကောင်းအောင် ရည်ရွယ်တဲ့ စုဖွဲ့စည်းဝေးမှုလို့ ယူဆပါတယ်။ ဒါ့ကြောင့်လည်း မန္တလေးဒေသပြည်သူ့တော်လှန်ရေး အင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ တည်ဆောက်ပြီး ပထမအကြိမ်အစည်းအဝေးကို အခုလို စုံစုံညီညီ စုဝေးပြီး စည်းဝေးကြ / ဆွေးနွေးကြတယ်လို့ ကျွန်တော် နားလည်ပါတယ်။ ဒါဟာ ကောင်းသောကိစ္စ၊ မှန်သောကိစ္စဖြစ်သလို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စလည်းဖြစ်တာကြောင့်၊ ကျွန်တော့်အနေနဲ့ အထူးလှိုက်လှဲစွာ ကြိုဆိုကြောင်း ထပ်မံ ပြောကြားချင်ပါတယ်" လို့ အမှာစကားပြောကြားခဲ့ပါတယ်။


မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးဆိုတဲ့ ဒီဒေသကြီး () ခုမှာ သက်ဆိုင်ရာ ဖက်ဒရယ်ယူနစ်အလိုက် ပေါ်ထွက်လာတဲ့ အစိုးရအဖွဲ့တွေ အပြိုင်းအရိုင်း ဆက်လက်ပေါ်ပေါက်ဖို့ မျှော်လင့်ကြောင်း၊ သိပ်မကြာခင်ကာလတွင် ထိုဒေသကြီး () ခုမှ သက်ဆိုင်ရာအစိုးရအဖွဲ့တွေဟာ လူထုဆန္ဒနဲ့အညီ ပေါ်ထွက်လာမယ်လို့ လေးနက်စွာ ယုံကြည်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း ဖက်ဒရယ်မူများနဲ့အညီ၊ တော်လှန်ရေးကြီးတစ်ခုလုံး ကျယ်ကျယ်ပြန့်ပြန့် ထွန်းပေါက်အောင်မြင်ရေးကို ရှေးရှုပြီး ပူးပေါင်း ဆောင်ရွက်မှုတွေ မပြတ်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


ယာယီသမ္မတက စစ်ကိုင်းဒေသတွင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးဖြစ်ကြောင်း၊ မကွေးဒေသတွင်လည်း ကြားကာလအစီအမံများအတွက် ဆွေးနွေးအကြံပြုမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဖော်ပြခဲ့ပါတယ်။


အဆုံးသတ်အနေဖြင့် ၎င်းက "အခု မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာ လုပ်ဆောင်နေတဲ့ ကြားကာလအစီအမံတွေဟာ ဒေသန္တရအဆင့် အုပ်ချုပ်ရေးယန္တရားတွေ ခိုင်မာအားကောင်းဖို့၊ ပွင့်လင်းမြင်သာဖို့နဲ့ လူထု တရားဝင်မှု မြင့်မြင့်မားမားရလာဖို့အတွက် ကောင်းမွန်သော လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ ဗဟိုနဲ့ ဒေသတွေအကြား ကောင်းမွန်စွာ ပေါင်းစပ်နိုင်ရေး၊ လူထုကိုယ်စားပြုမှု ကျယ်ပြန့်စွာ ဖြစ်ထွန်းရေးနဲ့ ခိုင်မာအားကောင်းတဲ့ အုပ်ချုပ်ရေးယန္တရားတွေ စနစ်တကျ ပေါ်ထွက်လာရေးတွေကို ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။


နွေဦး တော်လှန်ရေးအတွင်းက သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုအချင်းချင်းကြားမှာလည်း တော်လှန်ရေး အစေးကပ်မှု မြင့်မြင့်မားမားဖြစ်ထွန်းအောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကောင်းကျိုး ပြုကြရန် ယာယီသမ္မတမှ တိုက်တွန်းခဲ့ပါတယ်။


========================


📌📌 ၂။ ဒေသအဆင့် စုဖွဲ့မှုတွေဟာ နောင်တစ်ချိန်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် ခိုင်မာတဲ့ အုတ်မြစ်တွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက် NUG ပူးပေါင်းပါဝင်သွားမယ်ဆိုတဲ့အကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


စက်တင်ဘာ  

Radio NUG 


မန္တလေးဒေသရှိ ပြည်သူ့တော်လှန်ရေးအင်အားစုများ၏ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံပထမဆုံး အစည်းအဝေးကို စက်တင်ဘာလ ၂ရက်နေ့တွင် ကျင်းပခဲ့ပြီး ဒေသအဆင့် စုဖွဲ့မှုများသည် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာသည့် အုတ်မြစ်များ ဖြစ်လာမည်ဖြစ်ကာ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူစွာ ပူးပေါင်းပါဝင်သွားမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မှ စတင်ခဲ့သည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးတွင် မန္တလေးဒေသမှ ပြည်သူများသည် သပိတ်များ၊ နိုင်ငံရေး လှုပ်ရှားမှုများနှင့် ခုခံတော်လှန်မှုများ ပြုလုပ်ခဲ့ကြပြီး ထိုလှုပ်ရှားမှုများကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်ရန်မန္တလေးတိုင်းဆုံဆည်းရာပလက်ဖောင်းကို ဖန်တီးခဲ့ကာ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ပုံမှန်ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။


၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို အခြေခံ၍ ကြားကာလ နိုင်ငံရေး အစီအမံတစ်ရပ် ဖော်ဆောင်ရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ထိုအစီအမံအတွက် အဖွဲ့အစည်းခြောက်ခုမှ ကိုယ်စားလှယ် ၄၀ ဦးပါဝင်သည့် ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး ကော်မတီကို တရားဝင် ဖွဲ့စည်းခဲ့ကာ မူကြမ်းရေးဆွဲရာတွင် ဒေသခံပြည်သူများ၏ သဘောထားများကို မြေပြင်ကွင်းဆင်းနှင့် အွန်လိုင်းမှတစ်ဆင့် ရယူခဲ့ပြီး၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အကြိမ်ကြိမ် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


ထို့အပြင် ဝန်ကြီးချုပ်က ဤအစည်းအဝေးသည် မူကြမ်းအား ပဏာမအတည်ပြုမည့် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး၊ မန္တလေးဒေသ၏ အနာဂတ်အတွက် လက်တွေ့ကျပြီး ပြည်သူများ၏ ဆန္ဒကို ထင်ဟပ်သည့် အစီအမံတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ NUG အနေဖြင့် ဒေသအဆင့် နိုင်ငံရေး အစီအမံများကို အစဉ်အမြဲ ထောက်ခံအားပေးမည်ဖြစ်ပြီး၊ လိုအပ်သည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထပ်လောင်း အလေးပေးပြောကြားခဲ့ပါတယ်။


အစည်းအဝေးသည် နွေဦးတော်လှန်ရေး၏ သမိုင်းဝင်မှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်းတင်ခံရပြီး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှု စင်္ကြံ (ပထမအကြိမ်) အစည်းအဝေး (ပထမနေ့) ကျင်းပပြီးစီး


စက်တင်ဘာ  

Radio NUG 


မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) ကို ပဏာမအဆင့် အတည်ပြုမည့် မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့တွင် ပထမနေ့အစည်းအဝေးအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


မနက်ပိုင်းတွင် အစည်းအဝေးဖွင့်ပွဲအခမ်းအနားအား အစီအစဉ် () ရပ်ဖြင့် ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဒေါ်ဆောင်းနှင်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ခူဦးရယ်၊ တအာင်းပြည်နယ်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ လွေးမိုးခမ်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်ကော်မတီဝင် ဦးဝင်းအောင်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ပအို့ဝ်အမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း တို့က တက်ရောက်၍ အဖွင့်အမှာစကား ချီးမြင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တော်လှန်ရေးအင်အားစုအသီးသီး၏ ခေါင်းဆောင်များ၊ ရဲဘော်ရဲဘက်များနှင့် မန္တလေးဒေသ ရဲဘော်ရဲဘက် (၁၉၀) ဦးခန့်တက်ရောက်၍ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီဘက်မှ အစည်းအဝေးကျင်းပရသည့် ရွယ်ရည်ချက်များနှင့် အစီအမံဖော်ထုတ်မှုဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။


နေ့လယ်ပိုင်းတွင် မန္တလေးဒေသပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှု စင်္ကြံတက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် (၁၀၈) ဦးတက်ရောက်ခဲ့ပြီး သဘာပတိအဆိုပြုရွေးချယ်အတည်ပြုခဲ့ကာ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံဖော်ထုတ်မှုဖြစ်စဉ်အား အကျဉ်းချုပ်တင်ပြပြီး မန္တလေးဒေသကြားကာလနိုင်ငံရေးအစီအမံ (မူကြမ်း) အား ဆွေးနွေးအတည်ပြုရာ အခန်း () ခန်းအား ဆွေးနွေး အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဆက်လက်၍ ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ () ရက် အစည်းအဝေး ဒုတိယမြောက်နေ့တွင် ကျန်ရှိသည့် အခန်းများအား ဆွေးနွေးအတည်ပြုသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ မြန်မာ့လူ့အခွင့်အရေးအခြေအနေ ဆိုးရွားလာမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ICC သို့ လွှဲပြောင်းရန် ကုလမဟာမင်းကြီးက တောင်းဆို


စက်တင်ဘာ  

Radio NUG 


မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားလာနေသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တာ့ခ် (Volker Türk) က စက်တင်ဘာလ ၂ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် တောင်းဆိုခဲ့ပါတယ်။


အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ်ကဲ့သို့ စစ်တပ်၏ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ကျေးရွာများစီးနင်းဖျက်ဆီးမှုနှင့် အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းနှင်ထုတ်မှုများ များပြားလာနေတယ်လို့ ဖော်ပြထားပါတယ်။


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ် ဩဂုတ်လအထိ စစ်တပ်က ပြည်သူ ,၁၀၀ ခန့်ကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံခန့်မှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည့်အပြင် နိုင်ငံရေးအကြောင်းပြချက်ဖြင့် လူ ၂၉,၅၆၀ ကို ဖမ်းဆီးခဲ့ပြီး ၂၂,၀၀၀ ကျော်မှာ အကျဉ်းချခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။


အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်အထိ ၁၄ လတာကာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


မဟာမင်းကြီး ဗိုလ်ကာ တာ့ခ်က နိုင်ငံတကာဥပဒေချိုးဖောက်မှုများသည် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုကြောင့် ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ မြန်မာ့အရေးကို ICC သို့ လွှဲပြောင်းပေးရန် လုံခြုံရေးကောင်စီအား ထပ်မံတောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၅။ SSPC အဖွဲ့ဝင်အားလုံးသည် အနည်းဆုံး နိုင်ငံတစ်ခု၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသော်လည်း၊ အဖွဲ့အစည်းတစ်ခုလုံးအား ဒဏ်ခတ်ပိတ်ဆို့ရန် လိုကြောင်း Justice for Myanmar ထောက်ပြ


စက်တင်ဘာ  

Radio NUG 


SSPC အဖွဲ့ဝင်အားလုံးသည် အနည်းဆုံးနိုင်ငံတစ်ခုခု၏ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရသော်လည်း SSPC အဖွဲ့အစည်းအား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိသည်က စိုးရိမ်ဖွယ်ရာကယ်ပေါက်တစ်ခုကို စစ်အုပ်စုအတွက် ဖန်တီးထားကြောင်း Justice for Myanmar မှ အသိပေးထုတ်ပြန်ထားပါတယ်။


SAC အဖွဲ့အား အမေရိကန်ပြည်ထောင်စုက ၂၀၂၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင်လည်းကောင်း၊ ယူကေနိုင်ငံက ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင်လည်းကောင်း၊ ဥရောပသမဂ္ဂက ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ရက်နေ့တွင်လည်းကောင်း၊ ကနေဒါနိုင်ငံက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင်လည်းကောင်း ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။


နိုင်ငံတကာအစိုးများအနေဖြင့် တရားမဝင်စစ်အုပ်စုအား ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားနိုင်ရေး၊ မိမိတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများအား ကျော်လွှားရှောင်ရှားနိုင်ခြင်း မရှိစေရေးတို့အတွက် SSPC အား ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် အမြန်ဆုံး ထည့်သွင်းရန် လိုအပ်ကြောင်း ထောက်ပြထားပါတယ်။


========================


📌📌 ၆။ SUU 80 Birthday Campaign အတွက် Aid to Burma မှ ဩဂုတ်လ ၃၀ရက်နေ့အထိ USD 400,000ကျော် ကူညီထောက်ပံ့ပေးခဲ့


စက်တင်ဘာ  

Radio NUG 


SUU 80 Birthday Campaign အတွက် Aid to Burma မှ ဩဂုတ်လ ၃၀ရက်နေ့အထိ USD 403,000 ကူညီထောက်ပံ့ပေးခဲ့ကြောင်း စက်တင်ဘာလ ၂ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။


မြန်မာပြည်တွင်း ဖြစ်ပွားခဲ့တဲ့ ငလျင်အတွက် $110000 ကူညီထောက်ပံ့ခဲ့ပြီး မိသားစု ၂၅၀၀၊ CDMER  မိသားစု ၁၇၀၊ စစ်ရှောင်မိသားစု ၆၀ အတွက် ဆန်၊ ဆီ၊ အသင့်စားဟင်းဘူး၊ ခေါက်ဆွဲခြောက်၊ ငါးခြောက်၊ ငါးပိ၊ ဆေးဝါး၊ ကလေးနို့မှုန့်၊ သောက်ရေသန့်၊ အားသွင်းမီးအိမ်၊ ယာယီပလတ်စတစ် အမိုးအကာ၊ ရေစုကန်၊ ရေစုပ်စက်များ၊ အိမ်သာများနှင့် အင်းလေးဒေသအတွက် နေအိမ် လုံး ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ကျန်းမာရေး စောင့်ရှောက်မှုအတွက်  $188000 အသုံးပြုကူညီခဲ့ပြီး မြေအောက်ဆေးရုံ (အောင်ဆန်းဆေးရုံ) တစ်ခု၊ Mobile medical unit တစ်ခု၊ ကျေးရွာ ၁၁ ရွာ ဆေးပေးခန်းများအတွက် solar power unit များ၊ လိုအပ်သည့်ဆေးဝါးများအား ထောက်ပံ့ခြင်းနှင့် 1st aid medical training အတွက် စီစဉ်နေခြင်းများတွင် ကူညီခဲ့တယ်လို့ သိရပါတယ်။


ကလေးသူငယ်များအတွက် $31000 အသုံးပြုခဲ့ပြီး စစ်ရှောင်ဒေသများနှင့် ကျေးရွာများအတွက် child welfare programနှင့် မြေအောက်ကျောင်းဆောင် ဆောက်လုပ်ခြင်းများတွင် ထောက်ပံ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အလားတူ ပညာရေးတွင်လည်း $29000 ကူညီခဲ့ပြီး စစ်ရှောင်ဒေသရှိ သင်တန်းကျောင်းအတွက် computer များ လှူဒါန်းခြင်းနှင့် အခြားအဖွဲ့အစည်းများသို့ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ကျန်းမာရေးဝန်ဆောင်မှုတွင် $ 20000 ထောက်ပံ့ခဲ့ပြီး Counselling လုပ်ငန်းအတွက် လှူဒါန်းခြင်းနှင့် ပြန်လည်သန်စွမ်းရေး အဖွဲ့ထံ စက်ပစ္စည်းများလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အတူ ရေသန့် စီမံကိန်းတွင်  $15000 အသုံးပြုခဲ့ပြီး ကရင်ပြည်နယ်အတွင်း စစ်ရှောင်နေရာ ခုတွင် သောက်ရေသန့်စက်များ တည်ဆောက်ပေးခြင်း ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။


ရေဘေးအတွက် အကူအညီ $10000 အသုံးပြုခဲ့ပြီး ကွာလာထိဒေသအတွင်း မုန်း၊ စောထိ၊ လာဒို ဒေသများအတွက် ရေဘေးအတွက် အစားအသောက်နှင့်အခြေခံလိုအပ်ချက်များ လှူဒါန်းခြင်းများ ကူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အမေစု ၈၀ ပြည့်မွေးနေ့ ကမ်ပိန်း သို့ ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်များနှင့် ပါဝင်ကူညီသူ တစ်ဦးတစ်ယောက်ချင်းစီးအား ကမ်ပိန်းဖြစ်မြောက်ရေး ကော်မတီမှ ကျေးဇူးအထူးတင်ရှိကြောင်း၊  နောက်ထပ် လှူဒါန်းပြီးစီးမှုများကိုလည်း ဆက်လက် တင်ပြပေးသွားမှာဖြစ်ကြောင်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ ထားဝယ်မြို့က တက်လာတဲ့ စစ်ကော်မရှင် တပ်သား ဦးကို KNLA ဖမ်းဆီးရမိ


စက်တင်ဘာ ရက်၊ 

Radio NUG


တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ တက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းမှ တပ်သား ဦးကို ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ဖမ်းဆီးရမိခဲ့တယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားပါတယ်။


ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို မြို့နယ်အတွင်း စက်တင်ဘာလ ရက်နေ့ မနက် နာရီခွဲ အချိန်မှာ KNLA တပ်မဟာ () တပ်ရင်း (၁၂) တပ်ခွဲ () မှ ဝကုန်းကျေးရွာ အနီးတွင် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။


၎င်းစစ်ကော်မရှင် တပ်သား ဦးဟာ ခလရ (၂၈၂) တပ်ရင်းမှ ဖြစ်ကြပြီး ၎င်းတို့နဲ့အတူ MA-1 သေနတ် လက်၊ ကျည်  ,၀၃၀ တောင့်၊ ကျည်ဘောက် ၁၆ ခုကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။


စစ်မြေပြင်မှာ ဖမ်းဆီးရမိခဲ့တဲ့ ၎င်း စစ်သုံ့ပန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ‌တော်ရဲ့ စည်းမျဉ်း စည်းကမ်းနှင့် စစ်မြေပြင် စည်းမျဉ်း စည်းကမ်း များနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အသိပေး ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ နတ်မောက်မှာ ပျူခေါင်းဆောင် လိုက်ပါလာတဲ့ ကားကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဦး သေဆုံး


စက်တင်ဘာ ရက်၊ 

Radio NUG


မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ပိတောက်ငုပ် ပျူရွာက ပျူစောထီး ခေါင်းဆောင် စီးနင်းလိုက်ပါလာတဲ့ ကားကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျူစောထီး ဦး သေဆုံးခဲ့တယ်လို့ People's Defence Force - Yenangyaung က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ရက်နေ့ မနက် နာရီခွဲခန့်မှာ ပျူခေါင်းဆောင် ခင်မောင်ဌေးနဲ့ ပျူစောထီး အင်အား (၁၅) ဦး ခန့် လိုက်ပါလာတဲ့ အံစာတုံး အမျိုးအစားကားကို နတ်မောက်ရွာ၊ မွန်လမ်း တနေရာမှာ အသင့်စောင့်ကြို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း ပျူစောထီး ဦး သေဆုံးပြီး ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကာ မိမိတို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို People's Defence Force - Yenangyaung သရက်ခရိုင် တပ်ရင်း () တပ်ခွဲ () Chauk Revolution Army (CRA) မင်းဘူးမြို့နယ် (ပလဖ) Yenantha Column နတ်မောက် ပကဖ နှင့် အင်တောတိုက်နယ် ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ဖြူးမြို့နယ်တွင် လူငယ်နှစ်ဦးကို စစ်တပ်က ပစ်သတ်


စက်တင်ဘာ  

Radio NUG 


စက်တင်ဘာ ရက် နံနက်ပိုင်းတွင် ဖြူးမြို့နယ်၊ မြို့ချောင်းတံတားပေါ်တွင် အောင်စည်ယွန်းကျေးရွာမှ လူငယ် နှစ်ဦးဖြစ်တဲ့ အသက် ၁၇ နှစ်အရွယ် မောင်ဟိန်းဝေစိုးနှင့် အသက် ၁၈ နှစ်အရွယ် မောင်မျိုးဇော်အောင်တို့ကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


မောင်မျိုးဇော်အောင်မှာ ရင်ဘတ်တွင် ကျည်ထိမှန်ခဲ့ကာ ရွာသို့ ပြန်လည်ရောက်ရှိရန် ထွက်ပြေးနိုင်ခဲ့သော်လည်း ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတစ်ဝက်တွင် သေဆုံးသွားခဲ့သလို မောင်ဟိန်းဝေစိုးမှာ တံတားပေါ်တွင် သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို စစ်တပ်က ကောက်ယူခွင့်မပြုဘဲ အချိန်ကြာမြင့်စွာ ထားခဲ့တယ်လို့ သိရပါတယ်။


အောင်စည်ယွန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က 'အမည်းရောင်နယ်မြေ' အဖြစ် သတ်မှတ်ထားပြီး ဖြူးမြို့နယ်တွင် စစ်တပ်က စစ်ဆေးရေးဂိတ်များ ထားရှိကာ ပြည်သူများကို ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပုဏ္ဏားကျွန်းမာ DLEPS တပ်ဖွဲ့ဝင် ဦး အပါအဝင် မူးယစ်ဆေးဝါး ဖြန့်ဖြူး၊ သုံးစွဲသူ ၁၁ ဦးကို ဖမ်းဆီးရမိ


စက်တင်ဘာ ရက်၊ 

Radio NUG


ရခိုင်ပြည်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်း မြို့နယ်မှာ DLEPS တပ်ဖွဲ့ဝင် ဦး အပါအဝင် မူးယစ်ဆေးဝါး ရောင်းချ၊ ဖြန့်ဖြူး၊ သုံးစွဲသူ ၁၁ ယောက်ကို အာရက္ခတပ်တော် DLEPS ဌာနက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) တပ်ဖွဲ့ အနေဖြင့် အာရက္ခ တပြည်လုံး မူးယစ်ဆေးဝါး ကင်းစင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်နေရာ ဩဂုတ်လ (၃၀) ရက်နေ့က ပုဏ္ဏားကျွန်း မြို့နယ်မှာ DLEPS တပ်ဖွဲ့ဝင် ဦး အပါအဝင် မူးယစ်ဆေး ဖြန့်ဖြူးရောင်းချ သုံးစွဲသူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။


ဖမ်းဆီးခံရသူတွေဟာ ပုဏ္ဏားကျွန်း DLEPS တပ်ဖွဲ့မှ ဒု-တပ်ကြပ် သန်းဟန် (၂၄ နှစ်) တပ်သား ခန့်စိုးလင်း (၂၁ နှစ်) တပ်သား ကျော်စိုးလှိုင် (၃၅ နှစ်) တပ်သား အောင်နိုင်ဖြိုး (၂၀ နှစ်) တပ်သား မြင့်မြတ်အောင်နိုင် (၂၅ နှစ်) တပ်သား ဘိုဆန်းယု () ဇော်လင်းအောင် (၂၂ နှစ်) တပ်သား သန်းတိုးအောင် (၂၄ နှစ်) နဲ့အတူ ယိုးတရုတ်ရွာက ဇော်မျိုးလွင် (၂၂ နှစ်) ဝင်းသန်း (၄၂ နှစ်) မျိုးဇော် (၃၆ နှစ်) နဲ့ အောင်ဖြူပြင်ရွာက ရန်နိုင်စိုးတို့ ဖြစ်ကြပါတယ်။


အလားတူ မင်းပြားမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ တလအတွင်း ကျပ်သိန်း ၆၀၀ ကျော်တန်ဖိုးရှိ WY, Ice, R, 88/1 စတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့ပြီး ရောင်းဝယ် ဖြန့်ဖြူး သုံးစွဲသူတွေကိုပါ လက်ပူးလက်ကြပ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


လက်ရှိမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသူတွေကို ပုဒ်မ ၁၉(က) နဲ့ အမှုဖွင့်ထားပြီး ဝယ်ယူသုံးစွဲ သူတွေကို ပုဒ်မ ၂၁ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ ဆိုပါတယ်။


အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေနဲ့ မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးသုံးစွဲသူတွေကို ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နေပြီး အာရက္ခဒေသအတွင်း မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေးကို အရှိန်ဟုန်မြင့် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ ဗိုလ်မှူးဟောင်းတစ်ဦးမှ အရပ်သားအသွင်ယူကာ အမျိုးသမီးများအား လိင်အမြတ်ထုတ်


စက်တင်ဘာ  

Radio NUG 


စစ်တပ်ဗိုလ်မှူးဟောင်း အေးမင်းထွန်းသည် အရပ်သားအသွင်ယူ၍ အမျိုးသမီးများအား လိင်အမြတ်ထုတ်မှုများ ပြုလုပ်နေကြောင်း AAMIJမှ သတင်းထုတ်ပြန်ထားပါတယ်။


အေးမင်းထွန်းသည် ရန်ကုန်ရှိ တပ်ထိန်းတပ်ခွဲတစ်ခုတွင် တပ်မှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ငွေကြေးအရှုပ်အထွေးများနှင့် တိုင်ကြားစာများကြောင့် တနင်္သာရီတိုင်း၊ ပုလောက်ပလောက်သို့ ပို့ဆောင်ခံရပြီး နောက်ဆုံး စစ်တပ်မှ ထွက်ခွာခဲ့ရသူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် ၎င်းသည် တရားမဝင်ဒေါ်လာလဲလှယ်ရောင်းဝယ်မှု၊ ပေါ်တာဆွဲမှုများအတွက် အခကြေးငွေဖြင့် ပြန်ရွေးပေးခြင်း၊ ဆီမှောင်ခိုတင်သွင်းမှုနှင့် မန္တလေးမြို့ရှိ BOB KTV နှင့် UFO ကာစီနိုလုပ်ငန်းများတွင် ကြားခံပွဲစားအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။


အေးမင်းထွန်းသည် ဗိုလ်မှူးငြိမ်းနှင့် အရပ်သားမှတ်ပုံတင်ကဒ်နှစ်မျိုးကို ကိုင်ဆောင်ထားပြီး ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ နေပြည်တော်၊ ပြင်ဦးလွင်၊ မူဆယ်၊ တောင်ကြီး၊ နမ့်ဆန်နှင့် စစ်ကိုင်းစသည့်နေရာများသို့ အရပ်သားအသွင်ဖြင့် သွားလာနေထိုင်ကာ ပြည်သူများနှင့် ပူးပေါင်းသယောင် ယူထားသူဖြစ်တယ်လို့ အသိပေးထားပါတယ်။


၎င်းသည် ၂၀၂၂ ခုနှစ်အတွင်း စစ်တပ်အသိုင်းအဝိုင်းမှ အမျိုးသမီးတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ခဲ့ပြီး နောက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်တွင် တစ်ကိုယ်တည်း အိမ်ငှားနေထိုင်ကာ မူဆယ်နှင့် နေပြည်တော်တို့တွင် တင်ဒါချိတ်ဆက်ပေးသည့် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သလို  ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် မန္တလေးမြို့ရှိ ဘဏ်ဝန်ထမ်းအမျိုးသမီးငယ်တစ်ဦးနှင့် ၎င်း၏နောက်ကြောင်းကို ဖုံးကွယ်လိမ်လည်ကာ လက်ထပ်ယူမည်ဟု ကတိပေးပြီး သုံးနှစ်ခန့် ပေါင်းသင်းခဲ့တယ်လို့ ဆိုထားပါတယ်။


ထိုအမျိုးသမီးငယ်က ၎င်း၏ နောက်ကြောင်းကို စုံစမ်းသိရှိပြီးနောက် ၎င်း၏လုပ်ရပ်များကို လူအများသိအောင် ဖော်ထုတ်ရန်နှင့် ရဲစခန်းတွင် အမှုဖွင့်မည်ဟု ပြောဆိုခဲ့ရာ အေးမင်းထွန်းသည် ရန်ကုန်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် မန္တလေးရှိ KTV တွင် အလုပ်လုပ်ကိုင်သည့် အမျိုးသမီးငယ်တစ်ဦးကိုလည်း လိင်အမြတ်ထုတ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အေးမင်းထွန်းသည် အဆိုပါဘဏ်ဝန်ထမ်းအမျိုးသမီးငယ်၏ အမှုကို ပိတ်သိမ်းရန် ရှေ့နေ ဦးမျိုးမင်းဦးမှတစ်ဆင့် နစ်နာကြေးအဖြစ် ငွေကျပ်သိန်း ၆၀ ပေးခဲ့သော်လည်း အဆိုပါအမျိုးသမီးက လက်မခံခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်တွင် အဆိုပါအမျိုးသမီး၏ ဓာတ်ပုံများနှင့် ဂုဏ်သိက္ခာထိခိုက်စေမည့် ညစ်ညမ်းစာများ ရေးသားဖြန့်ဝေခဲ့တယ်လို့ အသိပေးထားပါတယ်။


ထို့ပြင် အေးမင်းထွန်းသည် ၎င်းနှင့် ရန်ငြိုးဖြစ်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ထောက်ပံ့သူများအဖြစ် စွပ်စွဲကာ စစ်တပ်အသိုင်းအဝိုင်းမှ လူများကို သတင်းပေးပြီး ဖမ်းဆီးစေခဲ့တယ်လို့ ဆိုထားပါတယ်။


အလားတူ ၎င်းသည် လိင်အမြတ်ထုတ်ခံရသူ အမျိုးသမီးတစ်ဦးကို လုပ်ကြံရန် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးထံ အချက်အလက်များ ပေးပို့ခဲ့သော်လည်း မအောင်မြင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ နည်းပညာများဖြင့် ရန်သူကို အထိရောက်ဆုံး ရင်ဆိုင်နိုင်ရန် အညာမြေ တပ်ပေါင်းစု Drone team ဖွဲ့စည်း


စက်တင်ဘာ ရက်၊ 

Radio NUG


အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော နည်းပညာများဖြင့် ရန်သူကို အထိရောက်ဆုံး ရင်ဆိုင်နိုင်ရန် ရည်ရွယ်ပြီး  အညာမြေ တပ်ပေါင်းစု Drone team ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလ ရက်နေ့မှာ Drone team ဖွဲ့စည်းပြီးကြောင်းကို အညာမြေ တပ်ပေါင်းစုက အသိပေး ထုတ်ပြန်ထားတာပါ။


နည်းပညာဖြင့် ရန်သူကို အထိရောက်ဆုံးရင်ဆိုင်နိုင်ရန်၊ ပြည်သူများအား လုံခြုံမှုပေးစွမ်းနိုင်ရန်၊ မြေပြင်သာမက ဝေဟင်မှာပါ ရန်သူကို တုန့်ပြန်ရင်ဆိုင်နိုင်ရန်၊ နည်းပညာ ကျွမ်းကျင်တဲ့ လူငယ်များကို လူမှန်နေရာမှန်ထားခြင်းဖြင့် တော်လှန်ရေးမှာ ပိုမိုစိတ်အား တက်ကြွစေရန်နဲ့ ပိုမိုစည်းလုံးညီညွတ်စွာဖြင့် တော်လှန်ရေး အရှိန်မြင့်တင်ရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။


ရိုးသားစွာဖြင့်၊ ခံယူချက် မှန်ကန်စွာဖြင့် တော်လှန်ရမည် ဆိုတဲ့ အညာမြေ တပ်ပေါင်းစုရဲ့ မူဝါဒနဲ့အညီ အညာမြေ တပ်ပေါင်းစု drone team မှ ဒရုန်း မစ်ရှင်များကို စွမ်းစွမ်းတမံ ဖော်ဆောင် အောင်ပွဲဆင်သွားမယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment