၂၀၂၅ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ၁၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨⁨⁨ NCA လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေက NCA လက်မှတ်ရေးထိုးခဲ့ခြင်း ၁၀ နှစ်အခမ်းအနားကိုမတက်ဖို့ UN ASEAN နဲ့ နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းကို တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ သဘာဝဘေးအတွက် ကျပ်သန်း ထောင်နီးပါးသုံးထားပြီး စစ်တပ်ကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေ လျော့ပါးသက်သာစေဖို့ ကျပ်သန်း ၂သောင်းနီးပါး သုံးစွဲထားတယ်လို့ NUG ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF အမှတ် ခြေလျင်တပ်ရင်းရဲ့ အကြပ်လောင်း သင်တန်းဆင်းပွဲကျင်းပ


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨⁨⁨⁨ ဝက်လက်မြို့နယ် အနောက်ခြမ်းကို စစ်တပ်က Gyrocopter စင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲနေတာကြောင့် ဒေသနေပြည်သူ တွေ တိမ်းရှောင်နေရ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ တော်လှန်ရေးအင်အားစုတွေ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ စစ်ကိုင်း PDF ပြော

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ပေါက်ခေါင်းမှာ ဘော်ဒါအထိုင်စခန်းကနေ ပြန်လာတဲ့ စစ်သားတွေနဲ့ စစ်တပ်စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူများပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ သာယာဝတီခရိုင် အမှတ် တပ်ရင်း မျှဝေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨⁨⁨ NCA လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေက NCA လက်မှတ်ရေးထိုးခဲ့ခြင်း ၁၀ နှစ်အခမ်းအနားကိုမတက်ဖို့ UN ASEAN နဲ့ နိုင်ငံတကာသံတမန်အသိုင်းအဝိုင်းကို တိုက်တွန်း


အောက်တိုဘာလ (၁၃)ရက်


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ခြင်း ၁၀ နှစ် ပြည့် အခမ်းအနားကို မတက်ခြင်းဖြင့် ပြည်သူလူထုနဲ့အတူ ရပ်တည်ကြောင်း ပြသကြဖို့ UN နဲ့ ASEAN အပါအဝင် နိုင်ငံတကာသံတမန်အသိုက် အဝန်းကို အဲဒီစာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။


ပြည်သူလူထုကို နေ့စဥ် ဗုံးကြဲသတ်ဖြတ်နေပြီး လူငယ်တွေကို အဓမ္မ စစ်မှုထမ်းခိုင်းနေတဲ့ စစ်အုပ်စုရဲ့ ဟန်ပြလုပ်ငန်းစဉ် တွေမှာ ပါဝင်ခြင်းဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်း မတည်ငြိမ်မှုကို ဖန်တီးနေတဲ့ စစ်အုပ်စုကို ထောက်ခံရာကျတဲ့အတွက် NCA စာချုပ်မှာ လက်မှတ်ထိုးခဲ့တဲ့အဖွဲ့တွေက တိုက်တွန်းလိုက်တာဖြစ်ပါတယ်။


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သဘောထားကြေညာချက် တစောင်ကို KNU CNF ABSDF PNLO NMSP -AD နဲ့ LDU တို့က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ပူးတွဲ ထုတ်ပြန်ရာ မှာ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

 

မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ရန်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ KNU CNF ABSDF နဲ့ PNLO တို့ ဟာ အခြား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၄ဖွဲ့နဲ့အတူ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး NMSP နဲ့ LDU တို့က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


NCA လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်စဉ်ကာလမှာ မြန်မာစစ်တပ်ဟာ လုပ်ငန်းစဉ်ကို လွှမ်းမိုးထိန်းချုပ်တာ၊ စစ်တပ် ကြီးစိုးရေး မူဝါဒတွေနဲ့ တဖက်သတ် ပိတ်ဆို့ပြီး NCA သဘောတူညီချက်တွေ အကောင်အထည်မဖော်နိုင်အောင် တားဆီး တာတွေ လုပ်ခဲ့သလို စာချုပ်ပါ သဘောတူညီချက်တွေကို အကြိမ်ကြိမ် ချိုးဖောက်တာတွေရှိခဲ့ပေမယ့် မိမိတို့အနေနဲ့ ငြိမ်းချမ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ရည်မှန်းချက်တွေကြောင့် စိတ်ရှည် သည်းခံပြီး နည်းလမ်းရှာဖွေကာ တစိုက်မတ်မတ် ကြိုးစားခဲ့တာကြောင့် သဘောတူညီချက်အချို့ ရအောင် ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့ကြတယ်လို့ ပူးတွဲကြေညာချက်မှာပါတဲ့အဖွဲ့တွေက ပြောပါတယ်။


ဒါပေမဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာဖြစ်တဲ့တဲ့ စစ်အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့ အနှစ်သာရ၊ အခြေခံမူတွေနဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်တာဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားတာကြောင့် စက္ကူစုတ်တခုအဖြစ် ရောက်ရှိသွားစေခဲ့တယ်လို့ အသိပေးပါတယ်။


NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ အကြိမ်ကြိမ်ချိုးဖောက်ခဲ့တဲ့ စစ်အုပ်စုဟာ ပြည်သူလူထုကို အင်အား သုံးပြီး ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လာခဲ့ယုံတင်မက လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် ပြည်သူလူထု ကို အကြမ်းဖက်သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေချိန်မှာပဲ NCA ၁ဝ နှစ်ပြည့် နှစ်ပတ်လည်ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 


စစ်အုပ်စုက NCA အမည်ခံပြီးလုပ်တဲ့ ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ သူတို့ကိုယ်တိုင် ချိုးဖောက်ခဲ့တာကြောင့် ပျက်ပြယ်သွားပြီ ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်ကနေ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ စစ်အာဏာရှင်တွေအနေနဲ့ နိုင်ငံကို တသက်လုံး တရားဝင်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတာပဲလို့ ပူးတွဲကြေညာချက်မှာပါတဲ့ အဖွဲ့တွေက ထောက်ပြထားပါတယ်။


စစ်အုပ်စုကလုပ်ဆောင်နေတဲ့အချက်တွေဟာ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပြည်သူလူထုခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ပဋိပက္ခတွေကို ပိုပြီး ရှည်ကြာစေမယ်လို့လည်း သတိပေးထားပါတယ်။

 

ဒါကြောင့်လည်း NCA လက်မှတ်ရေးထိုးခဲ့ခြင်း ၁၀ နှစ် ပြည့် အခမ်းအနားကို မတက်ဘဲ ပြည်သူလူထုနဲ့အတူ ရပ်တည် ကြောင်း ပြသကြရန် UN ASEAN နဲ့ နိုင်ငံတကာသံတမန်တွေကို NCA မှာ ကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့အစည်းတွေ က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။


NCA မှာ ကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့ အဖွဲ့အစည်းတွေအနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေး လမ်းစဖြစ်တဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်မှုမရှိစေဖို့၊ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရား မျှတမှုရရှိဖို့၊ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ တော်လှန်တိုက်ပွဲဝင် နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်တဲ့အထိ တစိုက်မတ်မတ် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ သဘာဝဘေးအတွက် ကျပ်သန်း ထောင်နီးပါးသုံးထားပြီး စစ်တပ်ကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေ လျော့ပါးသက်သာစေဖို့ ကျပ်သန်း ၂သောင်းနီးပါး သုံးစွဲထားတယ်လို့ NUG ပြော


အောက်တိုဘာလ (၁၃)ရက်


အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ လက်ရှိအချိန်အထိ ပြည်သူ့အစိုးရရန်ပုံငွေထဲကနေ သဘာဝဘေးတွေအတွက် ကျပ်သန်း ၇ထောင်နီးပါးသုံးစွဲထားသလို စစ်တပ်ကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေလျော့ပါးသက်သာစေဖို့ ကျပ်သန်း ၂သောင်း နီးပါး သုံးစွဲထားတယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဒီနေ့ အောက်တိုဘာ ၁၃ မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။


အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ ဖြစ်တဲ့ ဒီနေ့ အောက်တိုဘာ ၁၃ မှာ ထုတ်ပြန်လာတာ ဖြစ်ပါတယ်။


မြန်မာနိုင်ငံဟာ ရှည်လျားတဲ့ကမ်းရိုးတန်းတွေရှိပြီး ရေနဲ့ဆက်စပ်တဲ့ အန္တရာယ်တွေကို နှစ်စဥ် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသလို ဘူမိဆိုင်ရာ အန္တရာယ်တွေ၊ ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင် ဆိုင်ရာအန္တရာယ်တွေ၊ ဇီဝဆိုင်ရာ၊ မိုးလေဝသဆိုင်ရာ အန္တရာယ်တွေနဲ့ လူတို့ပေါ့ဆမှုကြောင့်ဖြစ်တဲ့ မီးဘေးအပါအဝင် စက်မှုနဲ့နည်းပညာဆိုင်ရာအန္တရာယ်တွေပါ ဖြစ်ပွားလေ့ရှိတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ ဆိုထားပါတယ်။


စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူတွေဟာ သဘာဝဘေးထက် စစ်တပ်ရဲ့ အကြမ်းဖက်မှုဘေးဒုက္ခတွေကို နေ့စဉ် ကြုံတွေ့ခံစားနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံနဲ့တဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်ဟာ ခုဆိုရင် ဒသမ သန်းခန့်ရှိနေပြီး အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်နေ့အထိ ပြုစုထားတဲ့ မှတ်တမ်းများအရ သိရပါတယ်။


စစ်ကော်မရှင်က အာဏာသိမ်းဖို့ကြိုးပမ်းနေတဲ့ ဒီ ၄နှစ်ကျော်ကာလအတွင်းမှာ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လူ ဦးနဲ့အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်ပေါင်း ၄၅၂ ကြိမ် ရှိခဲ့ပြီး သတ်ဖြတ်ခံရသူဦးရေ စုစုပေါင်း ထောင် ရာ ၆၃ ဦးရှိခဲ့ပြီလို့လည်း သိရပါတယ်။

 

နိုင်ငံတကာစစ်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတဲ့ တိုက်လေယာဥ်တွေအပါအဝင် လေကြောင်းကနေ စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာ အခုဆိုရင် ထောင့် ရာ ၇၅ ကြိမ် အထိရှိခဲ့ပြီ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံအဝှမ်း သေဆုံးခဲ့သူ ထောင့် ၁ရာ ၃၅ ဦးနဲ့ ထိခိုက် ဒဏ်ရာရသူ ထောင် ရာ ၆၆ ဦး ရှိခဲ့ပြီလို့ အသိပေးထားပါတယ်။ 


ဒီလို အကြမ်းဖက်မှုတွေရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေဟာ ရေကြီးရေလျှံမှု၊ မိုခါဆိုင်ကလုန်းမုန်တိုင်း၊ ရာဂီတိုင်ဖွန်း မုန်တိုင်း၊ အဖျက်စွမ်းအားကြီးမားတဲ့ စစ်ကိုင်းငလျင် စတဲ့ သဘာဝဘေးအန္တရာယ်တွေကိုလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။

တော်လှန်ရေးအစိုးရအနေနဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်ချိန်တိုင်းမှာ ဘေးသင့်ပြည်သူတွေကို ခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လက်လှမ်းမီရရှိဖို့ရာ ကြိုးပမ်းဆောင်ရွက်ပေးခဲ့တယ်လို့ မှတ်တမ်း တွေအရ သိရပါတယ်။ 


လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားဟာ သဘာဝဘေးက ရေတိုရောဂါဖြစ်ပြီး အာဏာရှင်ဘေးက နာတာရှည်ရောဂါလိုမျိုး ဖြစ်နေတာကြောင့် အမျိုးသား ညီညွတ်ရေးအစိုးရဟာ ပြည်သူ့အစိုးရရန်ပုံငွေထဲကနေ သဘာဝဘေးတွေအတွက် ထောက် ပံ့ကူညီနိုင်ဖို့ ငွေကျပ် , ၉၆၉ ဒသမ ၈၃ သန်းကိုသုံးစွဲခဲ့သလို စစ်တပ်ကြောင့်ဖြစ်တဲ့ ဘေးဒုက္ခတွေလျော့ပါးသက်သာစေဖို့ ငွေကျပ် ၁၉, ၈၉၄ ဒသမ ၈၅ သန်း ထောက်ပံ့ပေးခဲ့တယ်လို့ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။

 

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ဒေသတွေမှာ ရေဒီယိုကွန်ရက်တွေကနေတဆင့် လေကြောင်းအန္တရာယ် စောင့်ကြည့်စနစ်တွေ၊ ကြိုတင် သတိပေးချက် ဖြန့်ချိပေးတဲ့အစီအစဉ်တွေ၊ မြေအောက် စာသင်ကျောင်းတွေနဲ့ ဆေးရုံ၊ဆေးပေးခန်းတွေ၊ ကတုတ်ကျင်း၊ ဗုံးခိုကျင်း တူးဖော်ပေးတဲ့လုပ်ငန်းတွေမှာ ရန်ပုံငွေတွေထဲကမျှဝေပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပေးနေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ဘေးအန္တရာယ်ကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေဖို့ လိုအပ်တဲ့ အသိပညာနဲ့ နည်းပညာပံ့ပိုးပေးတာနဲ့ ဇာတ်တိုက်လေ့ကျင့်လုပ်ဆောင်တာတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။

 

စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဘေးဒုက္ခမျိုးစုံကြုံတွေ့နေရတဲ့ ပြည်သူတွေ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည်ရှိဖို့ ရင်းနှီးမြှုပ်နှံရာမှာ အမျိုးသားညီညွတ်ရေးအစိုးရတခုတည်းနဲ့ မလုံလောက်တာကြောင့် အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စိတ်ပါဝင်စားမှုနဲ့ လက်တွေ့ကျတဲ့ ရင်းနှီးထောက်ပံ့ပေးမှုတွေ လိုအပ်နေတယ်လို့လည်း အသိပေးထားပါတယ်။ 

 

ဒီနှစ်ဆောင်ပုဒ်ရဲ့အနှစ်သာရကို ပြည့်မီဖို့ဆိုရင် ရေတို လူသားချင်းစာနာမှု အကူအညီတွေသာမက ဘေးဒဏ်ခံနိုင်ရည်ရှိစေဖို့ ရင်းနှီးမြှုပ်နှံမှုတွေမှာပါ နိုင်ငံတကာက ထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးဖို့လိုအပ်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ လူသားဆန်တဲ့စိတ်နဲ့ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားမှုကို ပြသတဲ့ အနေနဲ့ ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်လုပ်ဆောင်ပေးကြဖို့ NUG လူသားစာနာ ဝန်ကြီးဌာနက သတင်းစကား ပါးထားပါတယ်။


စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ်ပြစ်မှုပေါင်းမြောက်များစွာ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ရင်းနှီးလုပ်ဆောင်ခြင်းက မြန်မာပြည်သူများရဲ့ အနာဂတ်ဘဝလုံခြုံ အေးချမ်းခြင်း၊ သာယာဝပြောခြင်းနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် ရှိခြင်းတို့ကို ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့လည်း အသိပေးထားပါတယ်။

အခုနှစ် အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ရဲ့ ဆောင်ပုဒ်ဟာဘေးဒဏ်ကြောင့် ကုန်ကျစရိတ်ကို ချွေတာဖို့၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်အောင်ရင်းနှီးမြှုပ်နှံစို့” (Funding Resilience, Not Disasters) ဖြစ်တယ် လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF အမှတ် ခြေလျင်တပ်ရင်းရဲ့ အကြပ်လောင်း သင်တန်းဆင်းပွဲကျင်းပ


အောက်တိုဘာလ (၁၃)ရက်


ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - CNDF အမှတ် - ခြေလျင်တပ်ရင်းရဲ့ အကြပ်လောင်းသင်တန်း အမှတ်စဉ် - သင်တန်းဆင်းပွဲနဲ့ စစ်ရေးပြအခမ်းအခမ်းအနား ကျင်းပတဲ့ ရုပ်သံမှတ်တမ်း ဒီနေ့မှာ လာပါတယ်။


သင်တန်းဆင်းပွဲအခမ်းအနားမှာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အမြဲကြိုးစားနေဖို့၊ ချင်းအမျိုးသားအဖွဲ့ချုပ် ရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ တန်းတူအခွင့်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရတဲ့ အထိ အသက်ကိုပဓာနမထားဘဲ ရဲရဲဝင့်ဝင့်တိုက်ပွဲဝင်ကြဖို့ CNDF ရဲ့ Chief Of Staff - CS ကပြောကြားခဲ့တယ်လို့ သိရပါတယ်။


ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ CNDF ဟာ ချင်းပြည်မြောက်ပိုင်းမှာရှိတဲ့ ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ဖို့ ချင်းညီနောင်မြို့သိမ်း စစ်ဆင်ရေးအဖြစ်  ၂၀၂၄ ခုနှစ် နိုဝင်ဘာ ရက်နေ့မှာ ကြေညာခဲ့ပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ခဲ့ရာ မြို့သိမ်း စစ်ဆင်ရေးကာလ လကျော်ကြာခဲ့ပြီး အခုနှစ် ဧပြီလဆန်းပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨⁨⁨⁨⁨ ဝက်လက်မြို့နယ် အနောက်ခြမ်းကို စစ်တပ်က Gyrocopter စင်းနဲ့ အကြိမ်ကြိမ် ဗုံးကြဲနေတာကြောင့် ဒေသနေပြည်သူ တွေ တိမ်းရှောင်နေရ


အောက်တိုဘာလ (၁၃)ရက်


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အနောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က gyrocopter စင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ အတွက် ဒေသနေပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒီနေ့ အောက်တိုဘာလ ၁၃ ရက် မနက် ၁၀ နာရီခန့်ကစပြီး အကြမ်းဖက်စစ်တပ်က ဝက်လက်မြို့နယ် ရွာသာကြီးရွာ အနီးတဝိုက်ကို gyrocopter စင်းနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရွာသာကြီးရွာက ဒေသနေပြည်သူတွေအပါအဝင် အနီးအနားမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေပါ ဘေးလွတ်ရာတိမ်းရှောင်နေရတဲ့တွက် ထိခိုက်မှုရှိမရှိ အတည်မပြုနိုင်သေးဘူးလို့ ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဝက်လက်မြိုနယ် အနောက်ခြမ်းတနေရာကို မုံရွာ နမခကနေ တက်လာတဲ့ Gyrocopter စင်းနဲ့ ဒီနေ့မနက် နာရီ ၄၈ မှာ  လေကြောင်းတိုက်ခိုက်မှု ကြိမ်ပြုလုပ်ခဲ့သလို နေ့လည် ၁၂ နာရီ ၂၆ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှု ကြိမ် ထပ်လုပ်ခဲ့ တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Wetlet Information Network က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ တော်လှန်ရေးအင်အားစုတွေ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ စစ်ကိုင်း PDF ပြော


အောက်တိုဘာလ (၁၃)ရက်


 လက်ရှိအချိန်ဟာ တော်လှန်ရေးအင်အားစုတွေအတွက် အရေးကြီးတဲ့ အချိန်ကာလဖြစ်တာကြောင့် လက်တွေ့ကျတဲ့ အလုပ်တွေကို စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမယ့်အချိန်လို့ စစ်ကိုင်း PDF က ထုတ်ပြန် ပြောဆိုထားပါတယ်။


အကြမ်းဖက်စစ်ကော်မရှင်ဟာ မကြာခင်ကာလမှာ အတုအယောင် ရွေးကောက်ပွဲ ကျင်းပတော့မှာဖြစ်တဲ့အတွက် သူတို့ ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြင်းထန်တဲ့ ထိုးစစ်တွေနဲ့ ကြိုပမ်းလာတာတွေ့နေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ အရပ်သားပြည်သူလူထုနေထိုင်ရာ နေရာတွေကို နေ့စဥ် လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ရေးသတိနဲ့ အထူးဂရုစိုက်နေထိုင်ကြဖို့လည်း စစ်ကိုင်း PDF က အသိပေး တိုက်တွန်းထားပါတယ်။


လက်ရှိအချိန်ဟာ တော်လှန်ရေးအင်အားစုတွေအားလုံးအတွက် အရေးကြီးတဲ့ အချိန်ကာလဖြစ်တယ်လို့ စစ်ကိုင်း PDF က မှတ်ယူထားတဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ လက်တွေ့ကျတဲ့အလုပ်တွေကို စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်း အကောင်အထည်ဖော်ဖို့ စစ်ကိုင်း PDF က တိုက်တွန်း ပြောဆိုလိုက်တာဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ပေါက်ခေါင်းမှာ ဘော်ဒါအထိုင်စခန်းကနေ ပြန်လာတဲ့ စစ်သားတွေနဲ့ စစ်တပ်စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူများပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိ


အောက်တိုဘာလ (၁၃)ရက်


ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်ထဲက ဘော်ဒါအထိုင်စခန်းကနေ အချိန်အပြောင်းလုပ်ပြီး ပြန်လာတဲ့စစ်သားတွေနဲ့ စစ်တပ် စစ်ကြောင်းတွေကို မိုင်းဆွဲတိုက်ခိုက်မငတွေမှာ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူများပြီး ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ က ဒီနေ့ အောက်တိုဘာ ၁၃ မှာ ထုတ်ပြန်လာပါတယ်။ 

ပေါက်ခေါင်းမြို့နယ် ဘော်ဒါအထိုင်စခန်းကနေ အချိန်းအပြောင်းလုပ်ပြီး ပြန်လာတဲ့ အင်အား ၄၄ ဦးပါ စစ်ကြောင်းကို  ပဲခူးတိုင်း ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်ခရိုင်တပ်ရင်း အမှတ် ၃၆၀၂ တပ်ရင်း တပ်ခွဲ က ရဲဘော်များတွေ တောင်လည်ကျေးရွာအနီးက ဂွေးပင်ကုန်းနေရာမှာ အောက်တိုဘာ ၁၁ ရက်နေ့ နာရီခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူများပြီး ဒဏ်ရာရစစ်သားများတာကြောင့် ထမ်းစင်တွေနဲ့ သယ်ထုတ်သွားရတယ်လို့ အသိပေးပါတယ်။

မိုင်းဆွဲ တိုက်ခိုက်ပြီး နောက်ရက် အောက်တိုဘာ ၁၂ ရက် မနက်ပိုင်းမှာ တော်လှန်ရေးရဲဘော်တွေ နယ်မြေရှင်းလင်းရေး လုပ်ခဲ့ရာမှာတော့ စစ်သုံးကျောပိုးအိတ်တလုံး၊ MA ကျည်ဘောက်တခု BA 100 ဗုံးသီးတလုံး၊ 5 ပွိုင် 56 ကျည် ၇၀ တောင့်၊ power ban တလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်ခရိုင်တပ်ရင်း အမှတ် ၃၆၀၂ တပ်ရင်း တပ်ခွဲ တပ်ခွဲ နဲ့ ရွှေတောင် ပကဖ တို့ဟာ အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းတုန်းကလည်း ပေါက်ခေါင်းမြို့နယ် တောင်လည်ကျေးရွာ အထိုင်စခန်းက အင်အား ၅၀ ခန့်ပါတဲ့ စစ်တပ် ခြေလျင်စစ်ကြောင်းကို အုတ်ဖိုကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာရှိပြီး စစ်တပ်ဘက်က ထိခိုက်မှုရှိပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း ထပ်ပြီး အသိပေးပါတယ်။

ဒါ့ပြင် အောက်တိုဘာလ ရက်နေ့ကလည်း ပေါက်ခေါင်းမြို့နယ် ချင်းလည်ဂိတ်ကနေ ကင်းပုန်းဝပ်ဖို့ ထွက်လာတဲ့ အင်အား ၂၀ ခန့်ပါ‌‌စစ်ကြောင်းနဲ့ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်ခရိုင်တပ်ရင်း အမှတ် ၃၆၀၂ တပ်ရင်း တပ်ခွဲ ၃၊ ရွှေတောင် - ပကဖ ရဲဘော်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာရှိတယ်လို့ သိရပါတယ်။ 

ပဲခူးတိုင်းထဲက ပေါက်ခေါင်းမြို့နယ်မှာ စစ်သားတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပေမယ့် ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ စက်တပ်လေထီး Paramotor နဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ သာယာဝတီခရိုင် အမှတ် တပ်ရင်း မျှဝေ


အောက်တိုဘာလ (၁၃)ရက်


စက်တပ်လေထီး Paramotor အသုံးပြု ဗုံးကြဲတိုက်ခိုက်ခံရမှုတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ သာယာဝတီခရိုင် အမှတ် တပ်ရင်းက ဒီနေ့ အောက်တိုဘာ ၁၃ ရက်နေ့မှာ မျှဝေလာပါတယ်။


စက်တပ်လေထီးတွေကို တုန့်ပြန် တိုက်ခိုက်နိုင်တဲ့ လက်နက်အင်အား အားနည်းတဲ့ အညာဒေသ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲက ပြည်သူလူကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့အတွက် အခုလို မျှဝေလိုက်တာလည်း ဖြစ်ပါတယ်

 

စက်တပ်လေထီး Paramotor ဆိုတာ လေထီးနဲ့ စက်အင်ဂျင်ကို ပေါင်းစပ်ပြီး ရွေ့လျားပျံသန်းနိုင်အောင် ပြုလုပ်ထားတဲ့ ယာဉ်အမျိုးအစားဖြစ်ပြီး အလွယ်တကူ စီးနင်းပျံသန်းနိုင်တဲ့အပြင် အချိန်အနည်းငယ်အတွင်း လေ့ကျင့်သင်ကြားနိုင်တယ် ဆိုတဲ့ အားသာချက်တွေ ရှိတယ်လို့ သိရပါတယ်။


စက်တပ်လေထီးရဲ့ ပုံသဏ္ဌာန်ဟာ အဝေးကကြည့်ရင် ရိုးရိုးလေထီးနဲ့ ဆင်တူပြီး စီးနင်းသူရဲ့ ကျောကုန်းမှာ ကျောပိုးအိတ် ပုံစံ စက်အင်ဂျင် တပ်ဆင်ထားပေမယ့် စက်တပ်လေထီးဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ တသောင်း ၈ထောင်အထိ ပျံသန်းနိုင်သလို မြန်နှုန်းအားဖြင့် တနာရီ မိုင် ၆၀ နီးပါးအထိ ပျံသန်းနိုင်တာကြောင့် မျှော်လင့်မထားတဲ့ နေရာတွေကနေ ရုတ်တရက် ပေါ်ထွက်လာပြီး တိုက်ခိုက်နိုင်တယ်လို့ သတိပေးထားပါတယ်။


လေထီး အရွယ်အစားပေါ်မူတည်ပြီး ၂၄၀ ကီလိုဂရမ်အထိ သယ်ဆောင်နိုင်တာကြောင့် လက်ပစ်ဗုံးငယ်တွေတင်မဟုတ်ဘဲ အမြောက်ဆံတွေအထိ သယ်ဆောင်နိုင်ပြီး ကျေးရွာတွေ၊ လူထူထပ်တဲ့နေရာတွေနဲ့ စစ်ရေးအခြေစိုက် စခန်းတွေကို ဦးတည် တိုက်ခိုက်နိုင်တာကြောင့် အဲ့ဒီလိုနေရာတွေကို သတိပြုရှောင်ရှားဖို့ အရပ်သားပြည်သူတွေကို အသိပေးထားပါတယ်။

 

စက်တပ်လေထီးရဲ့ အင်ဂျင်အသံဟာ ကျယ်လောင်တာကြောင့် မြင်နိုင်တဲ့ အကွာအဝေး မရောက်ခင်မှာပဲ စက်သံကို သတိထားမိနိုင်တဲ့အတွက် အင်ဂျင်စက်သံ၊ ပန်ကာ ဒလက်လည်သံကြားရင်၊ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ သတိပေးချက် ရရင် ချက်ချင်း အခိုင်အမာ တည်ဆောက်ထားတဲ့ ဗုံးခိုကျင်းထဲ ပုန်းခိုနေထိုင်ကြဖို့ သာယာဝတီခရိုင် အမှတ် တပ်ရင်းက သတိပေးထားပါ။ 

 

စက်တပ်လေထီးတွေဟာ တနာရီကို မိုင် ၆၀ နီးပါးအထိ မြန်ဆန်တာကြောင့် ထင်မှတ်မထားတဲ့ နေရာတွေကို ရုတ်တရက် အလျင်အမြန် တိုက်ခိုက်လာနိုင်တာကြောင့် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်အနီးအနားမှာ ပျံသန်းနေရင် ထွက်ကြည့်တာ၊ စူးစမ်းတာတွေမလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။


အာဏာသိမ်း စစ်အုပ်စုဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကစပြီး မြန်မာနိုင်ငံ နေရာအနှံ့ Paramotor  - စက်တပ်လေထီးတွေ အသုံးပြု ပြီး ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment