၂၀၂၅ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပြတ်ပြတ်သားသား အရေးမယူတာကြောင့်ဖြစ်ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ထင်ရှားစွာပြသနေ 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အင်းစိန်ထောင်ထဲက အကျဉ်းသားတေနဲ့ အချုပ်သားတွေ ကြိုတင်မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရတယ်လို့ STUM ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာနိုင်ငံက ကျေးလက်အမျိုးသမီးတွေရဲ့ အင်အားနဲ့ကြံ့ကြံ့ခံနိုင်စွမ်းကို ဩစတြေးလျ ဂုဏ်ပြု


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ချင်းပြည်နယ် ဗန်ဟားကျေးရွာ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်မှု CDF-Hakha ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဦး သေဆုံး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဖားကန့်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံး၊ စနိုက်ပါ တပ်သား တစ်ဦး ဖမ်းမိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ပေါက်မြို့နယ်တွင် ရိက္ခာပြတ်လပ်နေသော ပျူစောထီး ထောက်ခံသူ တစ်ဦး ဖမ်းဆီးခံရ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အကြမ်းဖက်စစ်တပ်မှ မယ်သမီခီး(ထီးခီး)ကျေးရွာ အတွင်းသို့ ဂျက်ဖိုင်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာတွင် စစ်တပ်နှင့် PNO တို့က မီးရှို့ဖျက်ဆီး

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။  မုံရွာမြို့တွင် စတိတ်ရှိုးပွဲ ပြန်လာသူ လူငယ်များကို စစ်ကောင်စီက အိမ်စီးကား စီး ဖြင့် ပေါ်တာ ဆွဲ ဖမ်းဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ပြတ်ပြတ်သားသား အရေးမယူတာကြောင့်ဖြစ်ရတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ထင်ရှားစွာပြသနေ 


အောက်တိုဘာလ (၁၅)ရက်


လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းက ပြတ်ပြတ်သားသား တုန့်ပြန် အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတာကြောင့် ကြောက်မက်ဖွယ်ကောင်းတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ထင်ထင်ရှားရှား လှစ်ဟ ပြသနေတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။ 

အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥပဒေရေးရာကော်မတီရဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဆိုတဲ့ ခေါင်းစဉ်နဲ့ အထွေထွေဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ထောက်ပြ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ 

တရားမဝင် အာဏာသိမ်းထားတဲ့ နှစ်ကျော်ကာလအတွင်းမှာ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ပေါင်း ထောင့် ရာကျော်ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ထောင်ကျော် အသက်ဆုံးရှုံးခဲ့ရကာ ကျောင်း၊ ဆေးခန်းနဲ့ ဘာသာရေးအဆောက်အအုံ တထောင်ကျော်အပါအဝင် ပုဂ္ဂလိကအဆောက်အအုံ တသိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ 

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၅၂ ကြိမ် ကျူးလွန်ခဲ့တာကြောင့် ကလေးငယ်သေဆုံးမှုဟာ ရာဂဏန်းအထက်ရှိခဲ့သလို အကြမ်းဖက်စစ်တပ်ဟာ အရွယ်မရောက်သေးသူတွေအပါအဝင် လူပေါင်း ၃သောင်းကျော်ကို အတင်းအကျပ် စစ်သားသစ် အဖြစ် စုဆောင်းခဲ့တယ်လို့လည်း အစည်းအဝေးတက်ရောက်လာသူတွေကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ 

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်နေ့ဖြစ်တဲ့ အောက်တိုဘာ ရက် သီတင်းကျွတ်လပြည့်နေ့လိုရက်မှာ အကြမ်းဖက် စစ်တပ်ဟာ လူစုလူဝေးရှိတဲ့နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့လည်း အသိပေးခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က လူစုလူဝေးရှိတဲ့နေရာကို လူမဆန်စွာ လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၂၀ ခန့် အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်းများစွာ ဒဏ်ရာရခဲ့တာကို ရည်ညွှန်းပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

အခုနှစ် စက်တင်ဘာလထဲမှာ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေး ရေးယန္တရားရဲ့ အစီရင်ခံစာမှာဆိုရင်လည်း အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဟာ ပိုပြီး ပြင်းထန်လာ တယ်ဆိုပြီး စိုးရိမ်စရာကောင်းတဲ့ အထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှု တွေဖြစ်တယ် ဆိုတာ စုံစမ်းစစ်ဆေးရေးယန္တရားက အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။ 

အခုလို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးအပါအဝင် အခြားသော သက်ဆိုင်ရာ တရားစီရင်ရေးယန္တရားတွေအနေနဲ့ အပြစ်ပေးအရေးယူသင့် တယ်လို့ အစည်းအဝေးတက်ရောက်လာတဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၉၀ ကျော်က ကိုယ်စားလှယ်တွေနဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့က ကိုယ်စားလှယ်တွေကို မြန်မာသံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပြတ်ပြတ်သားသားပယ်ချပြီး စစ်အာဏာရှင် စနစ် အဆုံးသတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ ငြိမ်းချမ်းပြီး မျှတတဲ့အနာဂတ် ရရှိစေရေး စတာတွေအတွက် ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူဘက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးကြဖို့ အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အင်းစိန်ထောင်ထဲက အကျဉ်းသားတေနဲ့ အချုပ်သားတွေ ကြိုတင်မဲပေးဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရတယ်လို့ STUM ပြော


အောက်တိုဘာလ (၁၅)ရက်


အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးဖို့ အင်းစိန်ထောင်မှာ အကျဥ်းကျနေသူတွေနဲ့၊ ထိန်းသိမ်းခံ ထားရသူတွေကို ဖိအားပေး၊ ခြိမ်းခြောက်နေတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် - STUM က ထုတ်ပြန် ထားပါတယ်။

အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရပြီး ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ အမှုနဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေတွေနဲ့ တရားရင်ဆိုင်နေရတဲ့ STUM ရဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို အောက်တိုဘာ ၁၃ ရက်မှာ ရုံးထုတ်ခဲ့ပြီး သူအပါအဝင် အချုပ်သားတွေ ကြိုတင်မဲပေးဖို့ ဖိအားပေး၊ ခြိမ်းခြောက်ခံနေရတယ်ဆိုတာကို အဲဒီ အဖွဲ့ချုပ်က ထုတ်ပြန်လာတာဖြစ်ပါတယ်။

ဒေါ်မျိုးမျိုးအေးအပါအဝင် အဲဒီအကျဉ်းထောင် အချုပ်ခန်းမှာရှိတဲ့ အချုပ်သားတွေကို ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်ဖို့ ဖိအားပေးနေပြီး ကြိုတင်မဲပေးဖို့ ငြင်းဆန်ရင် ကန့်ကွက်မဲအဖြစ် သတ်မှတ်မှာဖြစ်သလို တိုက်ပိတ်တာမျိုးနဲ့ ထောင်တွင်းပြစ်ဒဏ်တွေ ချသွားမယ်ဆိုပြီး ခြိမ်းခြောက်ကြိမ်းမောင်းနေတာလို့ STUM က ဆိုပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်မျိုးမျိုးအေးနဲ့ STUM အဖွဲ့ဝင်တွေ တရားစွဲဆိုခံထားရတဲ့ ခြေချုပ်နှင့် ခံဝန်အမှုအတွက် တရားလိုပြ သက်သေတွေကို အောက်တိုဘာ ၁၃ ရက်က ရွှေပြည်သာမြို့နယ် တရားရုံးမှာ ဆက်လက် စစ်ဆေးကြားနာခဲ့ တယ်လို့ သိရပါတယ်။

ဒါ့အပြင် နောက်ထပ်ဖွင့်ထားတဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာအမှုအတွက် တရားလိုကို ဆက်လက် စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေတွေကို ဆက်စစ်ဆေးဖို့အတွက် အောက်တိုဘာ ၂၃ ရက်ကို ချိန်းဆိုလိုက်တယ်လို့ STUM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်က STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို ဇူလိူင်လ ၂၅ ရက်နေ့ညမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး STUM ဝန်ထမ်း ၁ဝ ဦးကိုတော့ ဇူလိူင်လ ၂၆ ရက်ကနေ ၂၈ ရက်အတွင်း ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာနိုင်ငံက ကျေးလက်အမျိုးသမီးတွေရဲ့ အင်အားနဲ့ကြံ့ကြံ့ခံနိုင်စွမ်းကို ဩစတြေးလျ ဂုဏ်ပြု


အောက်တိုဘာလ (၁၅)ရက်


မြန်မာနိုင်ငံမှာရှိတဲ့ ကျေးလက်ဒေသတွေက အမျိုးသမီးတွေရဲ့ အင်အားနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို လေးစားဂုဏ်ပြုတဲ့အကြောင်း ရန်ကုန်မြို့တော်မှာရှိတဲ့ ဩစတြေးလျ သံရုံးက ဒီနေ့ အောက်တိုဘာ ၁၅ မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။


ဒီနေ့မှာ ကျရောက်တဲ့ ကျေးလက်အမျိုးသမီးများနေ့မှာ မြန်မာနိုင်ငံမှာရှိတဲ့ ကျေးလက်ဒေသနေ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ထုတ်ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။


သြစတြေးလျနိုင်ငံအနေနဲ့ အသက်မွေးဝမ်းကြောင်းမှုတွေနဲ့ စားနပ်ရိက္ခာဖူလုံရေး အားကောင်းစေဖို့အတွက် ဆောင်ရွက် နေပြီး ထိခိုက်လွယ်နဲ့ ဖယ်ကျဥ်ခံအသိုက်အဝန်းတွေရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ်တွေ၊ ဖိအားတွေကို ကြံ့ကြံ့ခံနိုင်စေဖို့ ကူညီပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ကျေးလက်အမျိုးသမီးတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပံ့ပိုးမြှင့်တင်ပေးခြင်းဟာ သြစတြေးလျရဲ့ ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေထဲက အဓိက အစိတ်အပိုင်းတခုလို့လည်း ဆိုထားပါတယ်။


ကျေးလက်ဒေသနေ အမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေ ဒါမှမဟုတ် တောင်သူတွေသာမဟုတ်ဘဲ လူမှုအသိုက် အဝန်းအတွက် အစားအစာတွေ ထုတ်လုပ်ပေးနေပြီး ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုမှာ ပါဝင် ပံ့ပိုးနေကြသူတွေလို့ ဂုဏ်ပြု ပြောဆိုထားပါတယ်။


သူတို့ရဲ့အလုပ်က မိသားစုအတွက် အထောက်အကူဖြစ်စေသလို လူမှုအသိုက်အဝန်း၊ သဘာဝပတ်ဝန်းကျင်နဲ့ မျိုးဆက်သစ် တွေရဲ့အနာဂတ်ကိုပါ ထိန်းသိမ်းစောင့်ရှောက်နေကြသူတွေဖြစ်တာကြောင့် ဩစတြေးလျအနေနဲ့ ကျေးလက်အမျိုးသမီး တွေရဲ့ ပံ့ပိုးပါဝင်မှုတွေကို လေးစားဂုဏ်ပြုထားပြီး သူတို့ရဲ့ စွမ်းရည်တွေ မြှင့်တင်နိုင်ဖို့ ဆက်လက်ရင်းနှီးမြှုပ်နှံထားပါတယ် လို့ ဩစတြေးလျသံရုံးက ထုတ်ပြန်ထားပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ချင်းပြည်နယ် ဗန်ဟားကျေးရွာ စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်မှု CDF-Hakha ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ


အောက်တိုဘာ ၁၄ 

Radio NUG 


ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာရှိ စာသင်ကျောင်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့မှုအပေါ် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Hakha) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာလ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။


အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းသားတစ်ဦး ( နှစ်) နှင့် ကျောင်းသူတစ်ဦး (၁၂ နှစ်) သေဆုံးခဲ့ရပြီး၊ ဒဏ်ရာရသူ ၂၁ ဦးအနက် ဦးမှာ စိုးရိမ်ဖွယ်ရာ ဒဏ်ရာများရရှိခဲ့ကာ  CDF-Hakha က သေဆုံးသူများ၏ မိသားစုဝင်များနှင့် ရွာသူရွာသားများနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


ဗန်ဟားကျေးရွာသည် CDF-Hakha တပ်စခန်းမဟုတ်ဘဲ၊ အရပ်သားကလေးများ ပညာသင်ကြားရာ စာသင်ကျောင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများ၊ အခြေခံလူ့အခွင့်အရေးနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေများကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်ပြီး၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းပင်ဖြစ်ကြောင်း CDF-Hakha က ထောက်ပြထားပါတယ်။


ထို့ပြင်၊ စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲအကြိုကာလတွင် အရပ်သားနေရာများအား ဂျက်တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ချင်းပြည်နယ်အတွင်း ဆက်တိုက်လုပ်ဆောင်နေခြင်းသည် ၎င်းတို့၏ ရွေးကောက်ပွဲ၏ တရားမဝင်မှုကို သက်သေပြနေခြင်းဖြစ်ကြောင်း၊ ပြည်သူများအား အဆိုပါ ရွေးကောက်ပွဲတွင် လုံးဝမပါဝင်ရန်နှင့် ပါဝင်သူများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း သတိပေးထားပါတယ်။


CDF-Hakha က အကြမ်းဖက်စစ်ကောင်စီအား အရပ်သားများ၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများကို တိုက်ခိုက်ခြင်းကို ချက်ချင်းရပ်တန့်ရန်နှင့် ဤတိုက်ခိုက်မှုများကို စီစဉ်သူ၊ ခွင့်ပြုသူများနှင့် အကောင်အထည်ဖော်သူများကို တာဝန်ယူမှုရှိစေရန် နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများက ဖိအားပေးရန် တိုက်တွန်းထားပါတယ်။


စစ်ကောင်စီက ပြည်သူ့အာဏာကို ပြည်သူလူထုထံ ပြန်လည်အပ်နှင်းပြီး စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းသည်အထိ ပြည်သူများနှင့်အတူ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဦး သေဆုံး


အောက်တိုဘာ ၁၄ 

Radio NUG 


အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အမတ် (၃၀၂) မှ လက်နက်ခဲယမ်းများဖြင့် ထွက်လာသော စစ်ကောင်စီအင်အား ၁၀၀ ကျော်ကို ထားဝယ်မြို့နယ်အတွင်း မောင်မယ်ရှောင်ကျေးရွာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းမှ သတင်းထုတ်ပြန်ပါတယ်။


ထိုတိုက်ခိုက်မှုအတွင်း ညီနောင်ရဲဘော်များ ထိခိုက်မှုမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ရေးများ အရှိန်အဟုန်တိုးမြင့်လာနေသည့် အချိန်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် စစ်ရေးဆိုင်ရာ အထူးသတိပြုကာ သွားလာနေထိုင်ရန် တိုက်တွန်းထားသည့်ပြင် တိုင်းဒေသကြီးအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ မည်သည့်အချိန်မဆို ဖြစ်ပေါ်နိုင်သည်ကို သတိပေးကာ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို လိုက်နာကျင့်ကြံရန် တောင်းဆိုထားပါတယ်။


တော်လှန်ရေးနှင့် စစ်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်နှင့် အမှန်တရားဘက် ရပ်တည်လိုသူ စစ်ကောင်စီ၏ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင်ထံ ခိုလှုံစေပြီး အမြန်ဆုံး ပူးပေါင်းရန် ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ဖားကန့်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီ တပ်သား ၃၀ ကျော် သေဆုံး၊ စနိုက်ပါ တပ်သား တစ်ဦး ဖမ်းမိ


အောက်တိုဘာ ၁၄ 

Radio NUG 


ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲများ ပြင်းထန်နေမှုကြောင့် စစ်ကော်မရှင် ဘက်မှ တပ်သား ၃၀ ကျော် သေဆုံးပြီး ဒုတပ်ရင်းမှူး တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်များမှ သတိရပါတယ်။


စစ်ကော်မရှင်ဘက်မှ အထိနာမှုကြောင့် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး၊ ထိုတိုက်ပွဲတွင် တပ်ရင်း ၃၈၄ မှ စနိုက်ပါ ကျွမ်းကျင်တပ်သား တစ်ဦးကို ဖမ်းဆီး ရရှိခဲ့တယ်လို့ သိရပါတယ်။


အလားတူ ဗန်းမော်မြို့တွင်လည်း အောက်တိုဘာလ ၁၃ရက်နေ့ တိုက်ပွဲများကြောင့် စစ်ကောင်စီ ဗိုလ်မှူး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးနိုင်ခြေရှိကာ ပြည်သူများ ထိခိုက်ဒဏ်ရာရမှုများလည်း ဆက်လက်ရှိနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ပေါက်မြို့နယ်တွင် ရိက္ခာပြတ်လပ်နေသော ပျူစောထီး ထောက်ခံသူ တစ်ဦး ဖမ်းဆီးခံရ


အောက်တိုဘာ ၁၄ 

Radio NUG 


အောက်တိုဘာ ၁၂ ရက် နံနက် နာရီ ခန့်တွင် တပ်ကုန်း ပျူစောထီးကျေးရွာ အနီးတွင် နယ်မြေ လုံခြုံရေး ကင်းပတ်နေစဉ် ဦးပွေးဟု ခေါ်သော ပျူစောထီး ထောက်ခံသူ တစ်ဦးကို ဖမ်းဆီး ရရှိခဲ့ပြီး ဓားတစ်လက်လည်း သိမ်းဆည်း ရရှိခဲ့ကြောင်း ပေါက်တောင်ပိုင်း နဂါးပြောက်ကျားတပ်ဖွဲ့ (ပကဖ)ထံ မှ သိရပါတယ်။


ဦးပွေးသည် စစ်တပ် ထောက်ခံသူ ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး၊ လက်နက် မကိုင်ဆောင်ဘဲ ရိက္ခာ ရှာဖွေရန် ထွက်လာခဲ့တယ်လို့ သိရပါတယ်။


ဦးပွေးကို စစ်ဆေးမေးမြန်း လုပ်ဆောင်နေပြီး၊ ပြစ်မှု ကျူးလွန်မှု ရှိပါက ပေါက်မြိုနယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ နှင့် ပြည်သူ့လုံခြုံရေး အဖွဲ့ ထံ ပို့ဆောင်၍ အရေးယူဆောင်ရွက်မှာဖြစ်ပြီး ပကဖ အနေဖြင့် ဦးပွေး အပါအဝင် ပျူစောထီး ဆက်စပ်သူ ခုနစ်ဦး ခန့်ကို ဖမ်းဆီး ရရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ အကြမ်းဖက်စစ်တပ်မှ မယ်သမီခီး(ထီးခီး)ကျေးရွာ အတွင်းသို့ ဂျက်ဖိုင်တာဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ရာ အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိ


အောက်တိုဘာလ ၁၄ 

Radio NUG 


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာနယ်‌မြေ၊ မယ်သမီခီး(ထီးခီး)ကျေးရွာအတွင်းသို့ ၂၀၂၅ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်အချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်မှ ဂျက်ဖိုက်တာ‌လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူလူထုပိုင် အဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူတစ်ချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင်မှ သတင်းထုတ်ပြန်ပါတယ်။


အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှ ၎င်းတို့ အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက် ၎င်းတို့ အုပ်ချုပ်ရာနယ်မြေများတွင် အတုယောင်ရွေးကောက်ပွဲကို အတင်းအဓမ္မပြုလုပ်ရန် အထူးကြိုးပမ်းလျက်ရှိပြီး ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော နယ်မြေများ ဖြစ်သည့် ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်ရာ ဒေသများအတွင်းရှိ ပြည်သူလူထုများအား အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာတွင် စစ်တပ်နှင့် PNO တို့က မီးရှို့ဖျက်ဆီး


အောက်တိုဘာ ၁၄ 

Radio NUG 


 ရှမ်းပြည်နယ်နှင့် ကရင်နီ (ကယားပြည်နယ်) အစပ် ဖယ်ခုံမြို့နယ်၊ ဘောရန်ရွာတွင် အကြမ်းဖက်စစ်တပ်နှင့် PNOတို့က တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ နှစ်ရက်ဆက်တိုက် မီးလောင်နေပြီး ရွာတစ်ရွာလုံးနီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံသတင်းများအရ သိရပါတယ်။


အောက်တိုဘာလ ၁၃ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ခဲ့သော မီးရှို့မှုသည် ၁၄ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး၊ နေအိမ်များ မီးလောင် ပျက်စီးနေကာ အိမ်အရေအတွက်ကို အတိအကျ မသိရသေးသော်လည်း၊ ပြည်သူများ အားလုံး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


အောက်တိုဘာလ နောက်ပိုင်းမှ စတင်ပြီး စစ်တပ်နှင့် PNO တို့၏ ရွာများ လုယက်ယူ၍ ဟိုဝို၊ ဆောင်လန်နှင့် လိုက်ကျိုင်း ရွာများကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။  မုံရွာမြို့တွင် စတိတ်ရှိုးပွဲ ပြန်လာသူ လူငယ်များကို စစ်ကောင်စီက အိမ်စီးကား စီး ဖြင့် ပေါ်တာ ဆွဲ ဖမ်းဆီး


အောက်တိုဘာ ၁၄ 

Radio NUG 


အောက်တိုဘာလ ၁၃ရက်‌ နာရီ ခန့်တွင် မုံရွာ ကမ်းနားလမ်းတွင် အိမ်စီးကား စီ ဖြင့် စစ်ကောင်စီ တပ်ဖွဲ့က ဆုတောင်းပြည့် ဘုရားပွဲ စတိတ်ရှိုး ပွဲက ပြန်လာသော လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း Monywa Roads Informationမှ သတင်းဖော်ပြထားပါတယ်။


လူငယ် ၃၂ ဦး ခန့်  ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပြီး မုံရွာမြို့တွင် ရုံးတက် ရုံးဆင်းချိန်ကလွဲ၍ လူသွားလူလာ ကင်းရှင်းနေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment