၂၀၂၅ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေခင်း သတင်းလွှာ

 


၂၀၂၅ အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကို ပံ့ပိုးပေးဖို့အပါအဝင် အချက် ချက် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် တောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။အာဏာရှင်စနစ်ကို တိုက်ထုတ်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအင်အားစုတွေကို ခိုင်ခိုင်မာမာ ပံ့ပိုးကူညီပေးကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးတိုက်တွန်း 

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားရဲ့ အရေးပါမှုနဲ့ လိုအပ်ချက် တွေ သက်သေပြနေ


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။စစ်အုပ်စုဟာ ပြည်သူလူထု အကြောက်တရားကြီးစိုးစေဖို့ တရားလက်လွတ် ကွပ်မျက်တာတွေလုပ်ခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ခေါင်လန်ဖူးမြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း ခုကို KIA တိုက်ခိုက်သိမ်းပိုက် 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ဓနုပြည်သူတွေအနေနဲ့ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံတာမျိုးမလုပ်ဖို့ ဓနုတပ် မေတ္တာရပ်ခံ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ မန္တလေးမြို့ မြစ်ငယ်အထက်တန်းကျောင်းတွင် ကျောင်းသားသုံးဦး ဓားထိုးခံရပြီး ဆေးရုံတင်ထားရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကို ပံ့ပိုးပေးဖို့အပါအဝင် အချက် ချက် မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် တောင်းဆို


အောက်တိုဘာလ (၂၃)ရက်


မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အစုအဖွဲ့တွေကို ပံ့ပိုးပေးဖို့အပါအဝင် အချက် ချက်ကို မြန်မာ လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဒေါ်ဇင်မာအောင် နိုင်ငံတကာပါလီမန်များညီလာခံမှာ တောင်းဆို လိုက်ပါတယ်။


၁၅၁ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ - IPU ညီလာခံမှာ "အကျပ်အတည်းကာလများ၌ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ စံနှုန်းများကို မြှင့်တင်ခြင်းနှင့် လူသားချင်းစာနာမှု လုပ်ငန်းများကို ပံ့ပိုးကူညီခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ General Debate အစီအစဉ်မှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်ဇင်မာအောင် မိန့်ခွန်းကြားခဲ့ ရာမှာ ထည့်သွင်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။ 


မြန်မာနိုင်ငံဟာ ခေတ်တလျှောက် အဆိုးရွားဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခတွေထဲက အခြေအနေ တရပ်ကို ရင်ဆိုင်နေရတယ်လို့ တက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။ 


 ဒါဟာ သဘာဝကြောင့်ဖြစ်တဲ့ ပဋိပက္ခမဟုတ်ဘဲ လူတဦးရဲ့ ရက်စက်ကြုမ်းကြုတ်မှုကြောင့်ဖြစ်တဲ့ ပဋိပက္ခလို့လည်း ပြောခဲ့ပါတယ်။ 


 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာဖြစ်ခဲ့တဲ့ စစ်တပ်အာဏာသိမ်းမှုကတည်းက အာဏာသိမ်းစစ်တပ်ဟာ ပြည်သူတွေအပေါ်  စစ်ပြန်တိုက်နေတာကြောင့် ဒီနေ့ထိဆိုရင် ပြည်သူ ထောင် ရာကျော် အသတ်ခံထားရပြီး လူပေါင်း ၂သောင်း၂ထောင်ကို အကြောင်းပြချက်မရှိ ဖမ်းဆီးထားသလို ပြည်သူ သန်းကျော်ဟာ နေရပ်စွန့်ခွာနေရတယ်လို့ ထပ်ပြီး ရှင်းပြခဲ့ပါတယ်။


ဒါ့အပြင် ကျေးရွာအမြောက်အမြား ဖျက်ဆီးခံထားရပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေ ဟာ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခံထားရတယ်လို့လည်း အသိပေးခဲ့ပါတယ်။


မြန်မာနိုင်ငံဟာ တိုင်ဖုန်းယာဂီနဲ့ အခုနှစ် မတ်လ‌မှာဖြစ်ခဲ့တဲ့ ငလျင်အပါအဝင် ထိခိုက်ပျက်စီးစေတဲ့ သဘာဝဘေးတွေကို လည်း ခံစားခဲ့ရပြီး ငလျင်ကြောင့် အသက်ပေါင်း ၅ထောင် ၃ရာသေဆုံးခဲ့ရတဲ့ အဖြစ်ဆိုးတွေရှိနေပေမယ့် စစ်တပ်ဟာ အပစ်ခတ်ရပ်စဲရေးကာလမှာပဲ တိုက်ခိုက်မှု ၆၀၀ ကျော်ကို လုပ်ဆောင်ခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။ 


ဒီလိုအခြေအနေမှာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲတွေဟာ စစ်အုပ်ချုပ်ရေးကို တရားဝင်မှုရအောင် ကြိုးပမ်းတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပဋိပက္ခတွေကို ပိုပြီး ဆိုးရွားစေမှာဖြစ်တာကြောင့် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲတွေကို ဆန့်ကျင်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီနဲ့ မြန်မာ့ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကို IPU အနေနဲ့ တရားဝင် ဆက်လက်အတည်ပြုပေးဖို့၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းဆီးခံ လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်း ချွင်းချက်မရှိ လွှတ်ပေးဖို့၊ နယ်မြေဒေသအားလုံး လူသားချင်းစာနာထောက်ထားရေးအကူအညီတွေ ချက်ချင်း အတားအဆီးမရှိ ရရှိနိုင်ဖို့၊

လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့မှုပိတ်ဆို့ခြင်းအပါအဝင် အလုံးစုံ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကို ချမှတ်ပေးဖို့နဲ့ လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခတွေကို လက်တွေ့ကျတဲ့ ဖြေရှင်းမှုတွေအတွက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအစုအဖွဲ့ တွေကို ပံ့ပိုးပေးဖို့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။အာဏာရှင်စနစ်ကို တိုက်ထုတ်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအင်အားစုတွေကို ခိုင်ခိုင်မာမာ ပံ့ပိုးကူညီပေးကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးတိုက်တွန်း 


အောက်တိုဘာလ (၂၃)ရက်


အာဏာရှင်စနစ်ကို တိုက်ထုတ်နေတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအင်အားစုတွေကို ခိုင်ခိုင်မာမာ ပံ့ပိုးကူညီပေးကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း လိုက်ပါတယ်။ 

ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီရဲ့ အလွန်အမင်း ဆင်းရဲနွမ်းပါးမှုနှင့် လူ့အခွင့်အရေး - Extreme Poverty and Human Rights ဆိုတဲ့ ခေါင်းစဉ်နဲ့ကျင်းပတဲ့ အပြန်အလှန်ဆွေးနွေးပြောကြားမှု အစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို တိုက်တွန်း ပြောကြားလိုက်တာဖြစ်ပါတယ်။ 

အထူးအစီရင်ခံစာတင်သွင်းသူရဲ့ အစီရင်ခံစာမှာ ဒီမိုကရေစီ ခြိမ်းခြောက်ခံနေရတဲ့အချက်နဲ့ စီးပွားရေးမလုံခြုံမှုနှင့် ဂုဏ်ပုဒ် ဆိုင်ရာစိုးရိမ်မှုတို့ကြောင့် အစွန်းရောက်လက်ယာယိမ်း လူကြိုက်များဝါဒ မြင့်တက်လာပြီး ဒီမိုကရေစီ နောက်ပြန်ဆုတ်ခြင်း ကို ဖြစ်ပေါ်စေသည်ဆိုတဲ့ ဖော်ပြချက်ဟာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ပကတိအခြေအနေနဲ့ ထပ်တူကျနေတယ်လို့ အစည်းအဝေးတက်ရောက်လာသူတွေကို မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မတရား စစ်အာဏာသိမ်းမှုဖြစ်စဉ်ရဲ့ ရလဒ်နဲ့ စစ်အုပ်စုက အရပ်သား ပြည်သူတွေအပေါ် ဆင့်ကဲကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တရားဥပဒေစိုးမိုးမှု ပျက်သုဉ် သွားတာကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေ အလွန်ဆိုးရွားနေပြီး ပြည်သူတွေကြုံတွေ့နေရတဲ့ ဒုက္ခဆင်းရဲဟာလည်း မြင်ရသူတိုင်း စိတ်နှလုံးကြေကွဲဖွယ် ဖြစ်စေတယ်လို့လည်း သံအမတ်ကြီက တဆက်တည်း ပြောကြားခဲ့ပါတယ်။ 


စစ်အုပ်စုဟာ အကြမ်းဖက်လုပ်ရပ်တွေ ဦးစားပေးလုပ်ဆောင်နေတာကြောင့် မြန်မာပြည်သူ ဒသမ သန်းဟာ နေရပ် စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ၂၂ သန်းခန့်ဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း အသိပေးခဲ့ပါတယ်။

စစ်အုပ်စုရဲ့ လက်ချက်ကြောင့်ဖြစ်ပေါ်လာတဲ့ ငတ်မွတ်ခေါင်းပါးမှုတွေနဲ့ဆာလောင်မှုတွေကြောင့် မြန်မာပြည်သူတွေ အထူး သဖြင့် အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ လူငယ်လူရွယ်တွေဟာ အွန်လိုင်းလိမ်လည်လှည့်ဖြားမှု၊ လူနှင့် မူးယစ် ဆေးဝါးကုန်ကူးမှု စတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေမှာ လူကုန်ကူးခံရနိုင်တဲ့အန္တရာယ်အလွန်မြင့်မားနေတယ်လို့ လည်း ရှင်းပြခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများအနေနဲ့ လက်ရှိ ရင်ဆိုင်နေရတဲ့ ဆိုးရွားသည့် အခြေအနေဆိုးနေ လွတ်မြောက်အောင် ကြိုးစားနေသလို နိုင်ငံတနံတလျား ခွဲခြားမှု မရှိစေဖို့နဲ့ ပြည်နယ်တွေ ကွဲပြားခြား နားမှုမရှိဘဲ စုစည်းမှုရှိစေဖို့ အာမခံပေးမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ 

ဒါကြောင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေး ဝိုင်းဝန်းကူညီပေးကြဖို့၊ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်တဲ့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး ဝိုင်းဝန်းကူညီပေးကြဖို့၊ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်အုပ်စုကလုပ်မယ့် အတု အယောင်ရွေးကောက်ပွဲကို တညီတညွတ်တည်း ကန့်ကွက်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားရဲ့ အရေးပါမှုနဲ့ လိုအပ်ချက် တွေ သက်သေပြနေ


အောက်တိုဘာလ (၂၃)ရက်


လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားရဲ့ အရေးပါမှုနဲ့ လိုအပ်ချက်တွေကို သက်သေပြနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြား လိုက်ပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားဆိုတာ ပြည်တွင်းတရားစီရင်ရေးယန္တရားတွေ ထိထိ ရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်စွမ်း ကင်းမဲ့နေတဲ့အခြေအနေ သို့မဟုတ် တရားမျှတမှု ဖော်ဆောင်ပေးနိုင်စွမ်း မရှိတဲ့ အခြေအနေမျိုးတွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုကြီးတွေအတွက် တာဝန်ခံမှုရှိစေရေး အားပေးမြှင့်တင်ရာမှာ အရေးပါတဲ့ နည်းလမ်းတရပ်အဖြစ် ဆက်ရှိနေဆဲလို ဆိုပါတယ်။

ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်ဟာ တရားစီရင်ရေးအာဏာကို နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန် ကျင့်သုံးနိုင်တယ်ဆိုတဲ့ အယူအဆကို ဖော်ကျူးထားတာဖြစ်တဲ့အတွက် တရားမျှတမှုကို အကာအကွယ်ပေးဖို့နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရစေဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ စုပေါင်းတာဝန်ရှိမှုကို ထင်ဟပ်စေတယ်လို့ ထောက်ပြထားပါတယ်။ 

နိုင်ငံတကာဥပဒေနဲ့အညီ သဘောရိုးနဲ့ မှန်မှန်ကန်ကန် ကျင့်သုံးမယ်ဆိုရင် ကမ္ဘာ့တရားဥပဒေစိုးမိုးရေးကို အားဖြည့်ပေးနိုင် သလို နိုင်ငံတကာအသိုက်အဝန်း တခုလုံးက စိုးရိမ်ပူပန်နေရတဲ့ အလွန်ဆိုးရွားတဲ့ ပြစ်မှုကြီးတွေကို တရားစွဲဆို အရေးယူ ရာမှာ နိုင်ငံတွေ ကြားပူးပေါင်းဆောင်ရွက်နိုင်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတဝန်း စစ်ရာဇဝတ်မှုများနှင့်တွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မကြာခဏဆိုသလို ဆက်လက်ကျူးလွန်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားရဲ့ အစီရင်ခံစာက ဆိုထားပါတယ်။

မြန်မာပြည်သူတွေဟာ တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှုပြိုလဲသွားပြီး မြန်မာပြည်သူအများစုအတွက် ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေဟာ ဘေးကင်းလုံခြုံရေးနဲ့ တရားမျှတမှု ဖော်ဆောင်ပေးနိုင်တဲ့နေရာတွေ မဟုတ်ဘူး လို့ ရှု့မြင်နေကြတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ရဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုအောက်မှာရှိတဲ့ ပြည်တွင်းတရားစီရင်ရေး ယန္တရားတွေဟာ တရားမျှတမှု ဖော်ဆောင်ပေးဖို့ ဆန္ဒမရှိ တာ ဒါမှမဟုတ် စွမ်းဆောင်နိုင်စွမ်းမရှိဖြစ်နေတဲ့ အခုလို အခြေအနေမျိုးမှာ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာ ပြည်သူတွေရဲ့ အသက်တွေနဲ့ သူတို့ရဲ့ အနာဂတ်ကိုကယ်တင်ဖို့ တာဝန်ရှိတယ်လို့လည်း ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး က ပြောကြားခဲ့ပါတယ်။

တရားမျှတမှု၊ အမှန်တရားနဲ့ ပြန်လည်ကုစားမှုတို့ကသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အုတ်မြစ်တွေဖြစ်တာကြောင့် ရာဇဝတ်မှုတွေကျူးလွန်နေသူတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာတွေ အဆုံးသတ်နိုင်ရေး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ မြန်မာသံအမတ်ကြီးက တိုက်တွန်းထားပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။စစ်အုပ်စုဟာ ပြည်သူလူထု အကြောက်တရားကြီးစိုးစေဖို့ တရားလက်လွတ် ကွပ်မျက်တာတွေလုပ်ခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးပြော 


အောက်တိုဘာလ (၂၃)ရက်


စစ်အုပ်စုဟာ ပြည်သူလူထု အကြောက်တရား ကြီးစိုးစေဖို့နဲ့ သူတို့ကို ဆန့်ကျင်နေတာတွေ ဟန့်တားနိုင်ဖို့ နိုင်ငံရေး အကျဉ်းသားတွေကို တရားလက်လွတ် ကွပ်မျက်စီရင်တာတွေ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။ 

ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီမှာ တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ ကွပ်မျက်ခြင်းနဲ့ဆိုင်တဲ့ အပြန်အလှန် ဆွေးနွေးပြောကြားမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲ တမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကဖြစ်ခဲ့တဲ့ မတရား စစ်အာဏာသိမ်းမှုကြောင့် တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းအခြေအနေဟာ နှစ်ကျော်ကာလတလျောက် ကြေကွဲဖွယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်အုပ်စုအနေနဲ့ အရပ်သားပြည်သူတွေ အကြောက်တရား ကြီးစိုးစေဖို့နဲ့ သူတို့အပေါ် ဆန့်ကျင်နေတာတွေကို ဟန့်တားနိုင် ဖို့ ၂၀၂၂ ခုနှစ် ဇူလိုင်လထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို တရားလက်လွတ် ကွပ်မျက်စီရင်ပြီး အကြမ်းဖက်မှုကို ပြောင်ပြောင်တင်းတင်း ပြသခဲ့တယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြခဲ့ပါတယ်။ 

လူ့အခွင့်အရေးကြေညာစာတမ်း စာပိုဒ် က လူတဦး အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်နဲ့ လုံခြုံရေးတို့ကို အာမခံပေးထား ပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်အုပ်စုက တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ ကွပ်မျက်တာတွေကို စနစ်တကျ ချိုးဖောက်နေတယ်လို့လည်း အသိပေးခဲ့ပါတယ်။ 

အကြမ်းဖက်စစ်တပ်က အခုလို တရားလက်လွတ် ကွပ်မျက်စီရင်တာတွေကို နိုင်ငံတကာက ထိရောက်တဲ့ အရေးယူတာ မရှိ တဲ့အတွက် စစ်အုပ်စုဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာကို အသုံးချပြီး အမျိုးသမီးတွေ၊ ကလေးသူငယ်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာ ဖမ်းဆီးထိန်းသိမ်းခံ ထားရတဲ့ ပြည်သူတွေကို ဥပဒေမဲ့ပစ်ခတ်သတ်ဖြတ်တာ စတဲ့နည်းတွေနဲ့ အပြစ်မဲ့အရပ်သား ပြည်သူတွေ အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ပိုပြီးလုပ်လာတယ်လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက ထောက်ပြ ပြောဆိုခဲ့ပါတယ်။ 

စစ်အုပ်စုက ဥပဒေကိုကျော်လွန်ပြီး ကျင့်ဝတ်သိက္ခာမဲ့တဲ့အပြင် လူသားမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန် နေတာကို ခိုင်လုံတဲ့ အရင်းအမြစ်တွေရဲ့ အစီရင်ခံစာတိုင်းက သက်သေအထောက်အထားတွေနဲ့ ထုတ်ပြန်ထားပါတယ်။

အခုလို ကြီးလေးတဲ့ ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ ရာဇဝတ်သားတွေကလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမည်မဟုတ်တဲ့အတွက် စစ်အုပ်စုက ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်တန့်နိုင်ဖို့ နဲ့ မြန်မာနိုင်ငံတော်သစ် တည်ထောက်ရေး လှုပ်ရှားမှုတွေကို ပံ့ပိုးပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို မြန်မာသံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ခေါင်လန်ဖူးမြို့နယ်က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း ခုကို KIA တိုက်ခိုက်သိမ်းပိုက် 


အောက်တိုဘာလ (၂၃)ရက်


ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်ထဲက အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်း ခုကို KIA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ခေါင်လန်ဖူးမြို့နယ်ထဲက ရှီးလာန်ဒမ်းကျေးရွာမှာရှိတဲ့ စစ်စခန်းနဲ့ မခေါင်ဒမ်းကျေးရွာမှာရှိတဲ့ စစ်စခန်းကို အောက်တိုဘာလ ၂၁ ရက်နေ့မှာ KIA ဘက်က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ 

အခုလို အကြမ်းဖက်စစ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်ဟာ အဲဒီကျေးရွာတွေ အပါအ ဝင် ခေါင်လန်ဖူးမြို့နယ်နဲ့ ဆော့လောမြို့နယ်အတွင်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းမြစ်တွေက အသိပေးပါတယ်။

အာဏာသိမ်းစစ်တပ်က မနေ့ အောက်တိုဘာ ၂၂ မှာ ကချင်လွတ်လပ်ရေးအဖွဲ - KIO/KIA ထိန်းချုပ်နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြု ပြောဆိုထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ဓနုပြည်သူတွေအနေနဲ့ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံတာမျိုးမလုပ်ဖို့ ဓနုတပ် မေတ္တာရပ်ခံ


အောက်တိုဘာလ (၂၃)ရက်


ဓနုပြည်သူတွေအနေနဲ့ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲကို အားပေးထောက်ခံတာမျိုးမလုပ်ဖို့ ဓနုလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်တဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး - DPLF/DPLA က ဒီနေ့ အောက်တိုဘာ ၂၃ ရက်မှာ မေတ္တာရပ်ခံလိုက်ပါတယ်။

စစ်တပ်ကကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်တစောင် ဒီနေ့ ထုတ်ပြန်ရာမှာ ဓနုတပ်က အခုလို မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။

စစ်အုပ်စုဟာ ကိုယ်ကျိုးစီးပွားနဲ့ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အဆိပ်ပင်ကို ရေလောင်း တာမျိုး မလုပ်ဖို့လည်း လေးလေးစားစားနဲ့ အသိပေးလိုက်တာလည်း ဖြစ်ပါတယ်။

ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး/ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် - DPLF/DPLA အနေနဲ့လည်း အာဏာသိမ်း စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲကို အသိမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့လည်း တဆက်တည်း အသိပေးထားပါတယ်။

ဓနုလူမျိုးတွေဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ အားတက်သရော ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တဲ့ အတွက် DPLF အနေနဲ့လည်း ပြည်သူလူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်တာတွေ အရှိန်မြင့် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဟာ Bottom up federalism approach ဆိုတဲ့ ပြည်နယ် အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်းရေးတည်ဆောက်သွားရာမှာလည်း DPLFအနေနဲ့ နိုင်ငံရေး၊ စစ်ရေးကို အရှိန်မြှင့် ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်သလို နိုင်ငံရေးကိုယ်စားပြုမှုတွေကိုလည်း စနစ်တကျ ပူးပေါင်းလုပ်ဆောင်သွား မယ်လို့ အသိပေးထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာလည်း ဓနုလူမျိုးတွေကို ကိုယ်စားပြုပြီး ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ နိုင်ငံတကာအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။

ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး/ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် DPLF/DPLA ဟာ တအာင်းတပ်မတော် - TNLA အပါအဝင် မဟာမိတ်တွေနဲ့ လက်တွဲပြီး ဓနုဒေသနဲ့ ဆက်စပ်ဒေသတွေမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။⁨⁨ မန္တလေးမြို့ မြစ်ငယ်အထက်တန်းကျောင်းတွင် ကျောင်းသားသုံးဦး ဓားထိုးခံရပြီး ဆေးရုံတင်ထားရ


အောက်တိုဘာ ၂၃ RadioNUG 


အမရပူရမြို့နယ်၊ မြစ်ငယ်မြို့ရှိ အထက်တန်းကျောင်းတွင် အောက်တိုဘာ ၂၂ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်က အရပ်သားလူငယ်တစ်ဦးက အထက်တန်း (ဆယ်တန်း) ကျောင်းသား၊ ကျောင်းသူ သုံးဦးကို ဓားဖြင့်ထိုးခြင်းကြောင့် ဒဏ်ရာရရှိပြီး မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသထားရကြောင်း DVB TV Newsမှာ ဖော်ပြထားပါတယ်။


တရားခံလူငယ်သည် သူ၏ညီမအား အအေးဘူးပေးမည်ဟု ဆိုကာ Grade 11 ဘီ ခန်းအတွင်းသို့ ဝင်ရောက်လာပြီး ကျောင်းသူတစ်ဦးကို လည်ပင်းညှစ်ကာ ဓားဖြင့်ထိုးခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ဓားထိုးမှုကို ဟန့်တားရန် ဝင်ရောက်ကာကွယ်သော ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့လည်း ဓားထိုးဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။


မုန့်စားဆင်းချိန်မှာ ဖြစ်သွားတာဖြစ်ပြီး ဓားနှင့်ထိုးသူက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။


ဒဏ်ရာရရှိသူများမှာ Grade 11 ဘီ (ဝိဇ္ဇာတွဲ) အခန်းမှ မစုမြတ်နိုးဦး၊ မရွှေစင်ငြိမ်းနှင့် မောင်ဝင်းထွန်းမျိုး တို့ဖြစ်ပြီး၊ ၎င်းတို့အနက် လည်ပင်းတွင် ဓားထိုးဒဏ်ရာရရှိသူမှာ အခြေအနေ စိုးရိမ်ရကာ ကျန်နှစ်ဦးမှာ လက်တွင် ဒဏ်ရာများရရှိခဲ့တယ်လို့ သိရပါတယ်။


ကျောင်းဝင်းထဲ အပြင်လူဝင်ခွင့်ပြုတဲ့ ဆရာ၊ ဆရာမတွေမှာ တာဝန်ရှိတယ်လို့ ဝေဖန်နေကြပြး ဓားထိုးခဲ့သူ ဝိုင်းဝိုင်းဆိုသူကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။


၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၅ ခုနှစ်အထိ စာသင်ကျောင်းများတွင် အုပ်စုဖွဲ့ အနိုင်ကျင့်မှုနှင့် ရန်ဖြစ်မှုများကြောင့် ကျောင်းသားများ သေဆုံးဒဏ်ရှိမှုများ ဖြစ်ပွားနေပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment