၂၀၂၅ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ဆိုက်ဘာလိမ်လည်မှုစင်တာတွေကို စစ်အုပ်စုအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ထောက်ပြ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။စစ်အုပ်စုဘက်က အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်နေတာဟာ စိုးရိမ် ရတဲ့အခြေအနေလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေကို စစ်တပ်က ပံ့ပိုးနေတာ ထင်ရှားတဲ့အတွက် အရေးယူပေးကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို NUG တိုက်တွန်း


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ သီတာယုမွန် ပျူအဖွဲ့ပိုင်တဲ့ ဒရုန်းတစင်း နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ဆိပ်ဖြူမြို့နယ်က စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေပြီး သေနတ်တလက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိ 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ မိုးမိတ်နဲ့နမ္မတူမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်၂လုံး ပျက်စီး 

🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။နမ္မတူဘက်ကနေ စစ်ဘေးရှောင်လာသူတွေကို မုန်ဘမြို့နယ်အုပ်ချုပ်ရေးကော်မတီက စားသောက်ကုန်တွေထောက်ပံ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨ ဆိုက်ဘာလိမ်လည်မှုစင်တာတွေကို စစ်အုပ်စုအနေနဲ့ ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ထောက်ပြ


 အောက်တိုဘာလ (၂၈)ရက်


ဆိုက်ဘာလိမ်လည်မှုစင်တာတွေဟာ စစ်အုပ်စုကိုယ်တိုင်ပါဝင်ပတ်သက်နေတဲ့အတွက် စစ်အုပ်စုအနေနဲ့ ထိထိရောက် ရောက် ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြ ပြောဆိုလိုက် ပါတယ်။ 

အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီကလုပ်တဲ့အခြားလက်နက်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံတကာလုံခြုံရေးခေါင်းစဉ်နဲ့ဆွေးနွေးပွဲအစီအစဉ်မှာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ 

တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုနဲ့ သူတို့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ - BGF တို့ဟာ သတင်း အချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ - ICT ကို အသုံးပြုပြီး ဘေးဖြစ်စေမယ့် လုပ်ငန်းတွေကို ကျူးလွန်နေတယ် လို့လည်း အသိပေးခဲ့ပါတယ်။

ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေရဲ့ရင်းမြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်ခဲ့တာနဲ့ သက်ဆိုင်သူတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု မရှိတာတွေကြောင့် မြန်မာနိုင်ငံ အရှေ့ မြောက်ဘက်နယ်စပ်က ကျားဖြန့်စင်တာတွေဟာ အရှေ့တောင်ဘက်နယ်စပ်ဘက် ရွှေ့ပြောင်းလာတဲ့အတွက် အရှေ့မြောက်ဒေသဟာ ခေတ္တသက်သာရာရနေတယ်လို့လည်း ရှင်းပြခဲ့ပါတယ်။ 

စစ်အုပ်စုကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ဒီဆိုက်ဘာလိမ်လည်မှုစင်တာတွေရဲ့ ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်း နိုင်ဖို့ စစ်အုပ်စုအနေနဲ့ ဆောင်ရွက်နိုင်ခြင်းမရှိတာ ထင်ရှားနေပြီး ဒေသတွင်းနဲ့ နိုင်ငံတကာငြိမ်းချမ်းရေး၊ လုံခြုံရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေရှိနေတယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စစ်အုပ်စုဘက်က ဒီဂျစ်တယ်အာဏာရှင်စနစ် တည်ဆောက်လာတာဟာလည်း စိုးရိမ်ရတဲ့ အခြေအနေလို့ ကုလ ဆိုင်ရာ မြန်မာသံအမတ်ကြီးက ထပ်ပြီး ရှင်းပြခဲ့ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဒီဂျစ်တယ်နဲ့ ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ထိန်းချုပ်ထားပြီး အင်တာနက်နဲ့ ဖုန်းဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားသလို လူမှုကွန်ယက်တွေကို ပိတ်ဆို့တာ၊ သူတို့နဲ့ အမြင်မတူသူ တဦးချင်း စီရဲ့ ကိုယ်ရေးအချက်အလက်တွေပေးအပ်ဖို့ ICT ဝန်ဆောင်မှုလုပ်ငန်းရှင်တွေအပေါ် အဓမ္မ ဖိအားပေးတာတွေ ပြုလုပ်ခဲ့တာ တွေနဲ့ပတ်သက်လို့ အစည်းအဝေးတက်ရောက်လာသူတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။ 

စစ်အုပ်စုရဲ့ ဒီဂျစ်တယ်စောင့်ကြည့်ရေးလုပ်ငန်း တစိတ်တပိုင်းအဖြစ် အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ကြသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေကို ခြေရာခံ ဖမ်းဆီးနိုင်ဖို့အတွက် Personal Scrutinization and Monitoring System ကို အသုံးပြုနေတယ်လို့လည်း အသိပေးခဲ့ပါတယ်။ 

ဆိုက်ဘာရပ်ဝန်းဟာ စောင့်ကြည့်ရေး စုစည်းတဲ့နေရာအဖြစ် ပြောင်းလဲသွားတဲ့ အခုလိုအခြေအနေမျိုးမှာ စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ အကြမ်းဖက်မှုတွေကို ပိုပြီးကြာရှည်စေမှာဖြစ်သလို ဆိုက်ဘာမှုခင်းတွေ ပိုများလာပြီး ဒေသတွင်းမတည်ငြိမ်မှုတွေ ဆိုးဆိုးရွားရွားဖြစ်လာနိုင်တာကြောင့် စစ်အုပ်စုရဲ့ လှည့်ဖြားတဲ့လုပ်ငန်းစဉ်တွေကို ပြတ်ပြတ်သားသားပယ်ချဖို့ နိုင်ငံတကာအသိုက်အဝန်းကို ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက တိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။စစ်အုပ်စုဘက်က အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်နေတာဟာ စိုးရိမ် ရတဲ့အခြေအနေလို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး သတိပေး


 အောက်တိုဘာလ (၂၈)ရက်


စစ်အုပ်စုဘက်က အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လုပ်ဆောင်လာတာဟာ စိုးရိမ်ရတဲ့အခြေအနေ လို့ ကုလဆိုင်ရာ မြန်မာသံအမတ်ကြီးက သတိပေး ပြောကြားလိုက်ပါတယ်။ 

အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေး ကော်မတီကအာကာသဟင်းလင်းပြင်ဆိုင်ရာခေါင်းစဉ်နဲ့ပြုလုပ်တဲ့ ဆွေးနွေးမှုအစီအစဉ်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို သတိပေး ပြောကြားလိုက်တာဖြစ်ပါတယ်။ 

အာကာသကိုသွားလာနိုင်တဲ့ နည်းပညာပိုင်ဆိုင်ထားတဲ့ အဖွဲ့ဝင်နိုင်ငံအချို့က ငြိမ်းချမ်းသော ရည်ရွယ်ချက်လို့ အကြောင်းပြ ပြီး ဂြိုဟ်တုပုံရိပ် ခွဲခြမ်းစိတ်ဖြာရေးစင်တာတခု တည်ထောင်နေတာ၊ စစ်အုပ်စုနဲ့ အာကာသဆိုင်ရာနည်းပညာ ပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်နေတဲ့အပေါ် အထူးစိုးရိမ်မိတဲ့အကြောင်း မြန်မာသံအမတ်ကြီးက ထုတ်ဖော်ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာသံအမတ်ကြီးအနေနဲ့ အာကာသကိုသွားလာနိုင်တဲ့ နည်းပညာပိုင်ဆိုင်ထားတဲ့ အဖွဲ့ဝင်နိုင်ငံအချို့လို့ သံတမန်နည်းအရ သုံးနှုန်းပြောဆိုခဲ့တာဖြစ်ပေမယ့် ရုရှားနိုင်ငံကို ပြောလိုရင်းလို့ နားလည်ရပါတယ်။

အဲဒီအဖွဲ့ဝင်နိုင်ငံဟာ စစ်ဘက်ဆိုင်ရာရည်ရွယ်ချက်တွေအတွက် သူတို့ရဲ့ ထောက်လှမ်းရေးဂြိုဟ်တုတွေကနေ ရရှိလာတဲ့ အချက်အလက်တွေကို စစ်အုပ်စုနဲ့ မျှဝေဖို့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းရထားတဲ့အကြောင်းလည်း မြန်မာသံအမတ်ကြီးက ရှင်းပြခဲ့ပါတယ်။ 

အာကာသနည်းပညာ၊ ဂြိုဟ်တုများနှင့် အာကာသအခြေပြု ဆက်သွယ်ရေးအပါအဝင် အာကာသဟင်းလင်းပြင်နှင့် အာကာသစနစ်တွေကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဟာ လူသားမျိုးနွယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်ပေမယ့် တဖက်မှာလည်း ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ထောက်ပြထားပါတယ်။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးလုပ်ငန်း တွေကို စောင့်ကြည့်နိုင်ဖို့ မြန်မာနိုင်ငံ လေကြောင်းနှင့်အာကာပညာတက္ကသိုလ် - MAEU နဲ့ ဟော့ကိုင်းဒိုး တက္ကသိုလ်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုက်ခရိုဂြိုဟ်တုဖြစ်တဲ့ MMSAT-1 ကို ဒီဇိုင်းထုတ် ဖန်တီးနိုင်ခဲ့တယ်လို့ မြန်မာသံအမတ်ကြီးက အသိပေးပါတယ်။ 

ဒါပေမဲ့ စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ဘက်ဆိုင်ရာ အသုံးပြုမှုတွေ အပေါ် စိုးရိမ်ပူပန်မှုတွေ တိုးပွားလာတာကြောင့် ဂြိုဟ်တုလွှတ်တင်ရေးအစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ရတယ်လို့လည်း အစည်းအဝေး တက်ရောက်လာသူတွေကို ရှင်းပြခဲ့ပါတယ်။ 


ဒါဟာ စစ်အုပ်စုအနေနဲ့ အာကာသနည်းပညာကိုအသုံးပြုပြီး အရပ်သားပြည်သူတွေကို ဖိနှိပ်ခြင်းကနေ တားဆီးနိုင်ဖို့ ဂျပန်အစိုးရက ကြိုတင်ကာကွယ်ပေးခဲ့တာဖြစ်တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အာကာသဟင်းလင်းပြင်မှာ လက်နက်ပြိုင်ဆိုင်တပ်ဆင်မှုကို တားဆီးရေး တရားဝင်စာချုပ် - PAROS နဲ့ ပိုပြီး လက်တွေ့ ကျတဲ့ အစီအမံတွေနဲ့ ရှေ့ဆက်ဆောင်ရွက်ဖို့ ရည်ရွယ်ထားတဲ့ ဘာသာရပ်ဆိုင်ရာ အစိုးရ ကျွမ်းကျင်သူများအဖွဲ့  - GGE အစီရင်ခံစာပါ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေနဲ့ ကြိုဆိုလိုက်ပြီး မြန်မာပြည်သူတွေရဲ့အသက်ကို ကယ်တင်နိုင်ရေး စစ်လက်နက်များ၊ တိုက်လေယာဉ်ဆီအပါအဝင် စစ်ဘက် အရပ်ဘက် နှစ်မျိုးသုံးနိုင်တဲ့အရာတွေနဲ့ ဆက်စပ်နည်းပညာတွေ အကြမ်းဖက်စစ်အုပ်စုထံ စီးဆင်းမှုမရှိအောင် ဖြတ်တောက်ပေးကြဖို့ အဖွဲ့ဝင်နိုင်ငံအားလုံးကို ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေကို စစ်တပ်က ပံ့ပိုးနေတာ ထင်ရှားတဲ့အတွက် အရေးယူပေးကြဖို့ နိုင်ငံတကာအသိုက်အဝန်းကို NUG တိုက်တွန်း 


 အောက်တိုဘာလ (၂၈)ရက်


တကမ္ဘာလုံးကို ဒုက္ခပေးနေတဲ့ အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေကို အကြမ်းဖက်စစ်တပ်က တိုက်ရိုက် သို့မဟုတ် သွယ်၀ိုက်ပံ့ပိုးနေတာတွေ သက်သေထင်ရှားနေတဲ့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရေးယူပေးဖို့ အမျိုးသား ညီညွတ်ရေးအစိုးရ - NUG က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

 

ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၁၈/၂၀၂၅ အစီအစဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

 

မြန်မာနိုင်ငံတင်မဟုတ်ဘဲ အာဆီယံအသိုင်းအဝိုင်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ပြည်သူတွေကို ဒုက္ခပေးနေတဲ့ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းတွေဟာ အကြမ်းဖက်စစ်တပ် ထပ်ပိုင်းဆောင်တွေကြား ဆက်နွယ်မှုတွေရှိနေတယ်လို့ အသိပေးထား ပါတယ်။


တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ စစ်တပ်လက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင် ဝေဆန်းရဲ့ ထွက်ဆိုချက် တွေမှာ စစ်အုပ်စု၏ ကာကွယ်မှု၊ ခွင့်ပြုချက်ရခဲ့ပြီး အွန်လိုင်းလိမ်လည်စင်တာတွေကိုကာကွယ်ဖို့ လိမ်လည်ရရှိတဲ့ ငွေထဲက တစိတ်တပိုင်းကို စစ်အုပ်စုကို ပေးဆောင်ခဲ့ရတယ်လို့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားတွေထွက်ဆိုထားတာကိုကြည့်ရင် စစ်တပ်ဟာ ဒီလုပ်ငန်းတွေနဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်၀ိုက်တဲ့ပံ့ပိုးမှုတွေရှိနေတယ်ဆိုတာ သက်သေထင်ရှားနေတာ ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီ ရာဇဝတ်လုပ်ရပ်တွေ ရပ်တန့်စေဖို့ စစ်အုပ်စုအပေါ် အခုထက်ပိုတဲ့ ပိတ်ဆို့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ လိုတယ်လို့ ဦးနေဘုန်းလတ်က တိုက်တွန်းပြောကြားသွားပါတယ်။

 

မြန်မာနိုင်ငံသားတွေ ကမ္ဘာဒီယားနိုင်ငံမှာ လူကုန်ကူးခံရတာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရမှုတွေ အါန်းလိုင်းကျားဖြန့် လုပ်ငန်းတွေမှာ ကျူးလွန်ခံနေရတယ်လို့ အကူအညီတောင်းတဲ့စာတွေ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC က ဆက်တိုက် လက်ခံရရှိနေတယ်လို့လည်း ထပ်ပြီး အသိပေးထားပါတယ်။ 


ဒါကြောင့် Online ကခေါ်တဲ့ အလုပ်တုတွေကို သေခြာစိစစ်ပြီးမှ အလုပ်သွားလုပ်ကြဖို့နဲ့ ကျားဖြန့်နဲပတ်သက်တာတွေ အထူးသတိရှိကြဖို့ ပြည်သူလူထုတွေကိုလည်း ဦးနေဘုန်းလတ်က သတိပေးပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံအနှံ့ အထူးသဖြင့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသ တွေမှာ အများဆုံးအခြေစိုက်တဲ့ အွန်လိုင်းကျားဖြန့်လိမ်လည်မှု လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်း တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက ဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်နေတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုသလို ပူးပေါင်းဆောင်ရွက်ဖို့လည်း အမြဲအသင့်ရှိနေတယ်လို့လည်း ပြောထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့ မှုခင်းတွေ တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းစဉ်တွေ ထိထိ ရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ နိုင်ငံဖြတ်ကျော်အုပ်စုဖွဲ့မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ ဖွဲ့စည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


⁨⁨⁨အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩


========================


========================



🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ သီတာယုမွန် ပျူအဖွဲ့ပိုင်တဲ့ ဒရုန်းတစင်း နွားထိုးကြီး ပကဖ သိမ်းဆည်းရရှိ

 

 အောက်တိုဘာလ (၂၈)ရက်


မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်မှာ စစ်တပ်လက်အောက်ခံ သီတာယုမွန် ပျူအဖွဲ့ပိုင်တဲ့ ဒရုန်းတစင်းကို နယ်မြေရှင်းလင်း ရေးလုပ်ချိန်မှာ သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေဖြစ်ခဲ့တာရှိပြီး အောက်တိုဘာ ၂၇ ရက်နေ့က နွားထိုးကြီး မြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်တပ်လက်အောက်ခံ သီတာယုမွန် ပျူစောထီးအဖွဲ့ရဲ့ ဒရုန်းတစင်းကို သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။

သီတာယုမွန် ဦးဆောင်တဲ့ စစ်တပ်လက်ပါးစေ ပျူစောထီးအဖွဲ့ဘက်က ချို့ယွင်းမှုဖြစ်ပြီး ပျက်ကျခဲ့တဲ့ ဒီဒရုန်းဟာ ပြန်လည်အသုံးပြုလို့ရတဲ့ အနေအထားလို့ သိရပါတယ်။

စက်တင်ဘာလကုန်ပိုင်းကနေ အခုအောက်တိုဘာလလယ်အထိ နွားထိုးကြီးနဲ့ မလှိုင်မြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းတွေ ကို တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပကဖ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဗိုလ်မှူး၊ ဗိုလ်ကြီးတွေ အပါအဝင် စစ်သား ၄၀ နီးပါးသေဆုံးခဲ့ပြီး ဒရုန်းဂျမ်မာ၊ ဒရုန်းတွေနဲ့ ကား စီးအပါအဝင် လက်နက်မျိုးစုံ ၅၀ နီးပါး သိမ်းဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF က ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ဆိပ်ဖြူမြို့နယ်က စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေပြီး သေနတ်တလက်နဲ့ ခဲယမ်းတွေသိမ်းဆည်းရရှိ 


 အောက်တိုဘာလ (၂၈)ရက်


မကွေးတိုင်း ပခုက္ကူခရိုင် ဆိပ်ဖြူမြို့နယ်ထဲက စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေပြီး သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းက ဒီနေ့ အောက်တိုဘာ ၂၈ မှာ ထုတ်ပြန်လာပါတယ်  

ဆိပ်ဖြူမြို့နယ် ဂွေးပင်ချောင်းရွာနဲ့ တောင်ငယ်လုံးကျေးရွာကြားမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မနေ့ အောက်တိုဘာ ၂၇ ရက် မနက် နာရီခွဲမှာ ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အသိပေးထုတ်ပြန် လာတာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကနေ အကြမ်းဖက်စစ်သားတွေကိုင်တဲ့ သေနတ်တလက်၊ ကျည်ဘောက် ခု၊ 5 ပွိုင့် 56 ကျည် ၁၁၀ တောင့် နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပြီး မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar column က စစ်ကြောင်း မှူး ရဲဘော်ဆိပ်ဖြူ () ရဲဘော် ဟိန်းမင်းသူ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ပခုက္ကူခရိုင် တပ်ရင်း ၁၉ နဲ့ မကွေးတိုင်း ပကဖ ရွေ့ လျားစစ်ကြောင်း Yenanthar column တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီပူးပေါင်းအဖွဲ့ဟာ ပခုက္ကူခရိုင် အမှတ် တပ်ရင်းနဲ့အတူ အောက်တိုဘာ ၂၅ တုန်းကလည်း ဆိပ်ဖြူမြို့ ဘောလုံးကွင်းကနေ စစ်ကား ၁၅ စီးနဲ့ထွက်လာတဲ့ အင်အား ၂ဝဝ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာရှိပြီး စစ်သား ဦး သေဆုံးကာ ၁ဝ ဦးနဲ့ အထက်ဒဏ်ရာရသွားအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အပြင် စစ်ကား ၂စီးကိုလည်း ပျက်စီးသွားအောင် စွမ်းဆောင်နိုင်ခဲ့ ပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ မိုးမိတ်နဲ့နမ္မတူမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်၂လုံး ပျက်စီး 


 အောက်တိုဘာလ (၂၈)ရက်


ရှမ်းမြောက်ဒေသက TNLA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မိုးမိတ်နဲ့နမ္မတူမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း  တိုက်ခိုက်မှုကြောင့် ပြည်သူပိုင်အိမ် လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသနေပြည်သူတွေ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင် နေရတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


တအာင်း တပ်မဟာ နယ်မြေဖြစ်တဲ့ မိုးမိတ်မြို့နယ်ထဲက မန်ကျည်းပင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က မနေ့ အောက်တိုဘာ ၂၇ ရက် နေ့လည် ၁၂ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးတလုံး၊ ပေါင် ၂၅၀ ဗုံးတလုံး ကြဲချ တိက်ခိုက်ခဲ့တာကြောင့် ပြည်သူပိုင်အိမ် တလုံးထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အတူ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ နာရီခန့်အချိန်တုန်းကလည်း တအာင်း တပ်မဟာ နယ်မြေ နမ့်ဆန်ခရိုင် နမ္မတူမြို့နယ်ထဲက မန်လီကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အိမ်တလုံး မီးလောင် ဆုံးရှုံးခဲ့ပြီး နေအိမ်အချို့ ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။ 


အခုလို အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဒရုံးနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသနေပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


TNLA ထိန်းချုပ်နယ်မြေတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတာကြောင့် အောက်တိုဘာ ရက်ကနေ ၂၆ ရက်နေ့အထိ သံဃာ၂ ပါး၊ ကလေး ၁၀ ဦး၊ အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး ၂၁ ဦး သေဆုံးခဲ့ပြီး သံဃာ ပါး၊ ကလေး ၂၆ ဦး၊ အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၉ ဦး ဒဏ်ရာရခဲ့ကာ အိမ် ၁၇၃ လုံး၊ စာသင်ကျောင်း ကျောင်း၊ ဘုန်းကြီးကျောင်း ကျောင်း၊ ကျောင်းဆောင် ဆောင်၊ အဆောက်အအုံ ခု၊ ကြက်မွေးမြူးရေးခြံ ခြံ၊ ဆိုင်ခန်း ခန်း၊ လက်ဖက်စက်ရုံတရုံ၊ ဆိုင်ကယ် စီးနဲ့ ကား ၁၀ စီး ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိ အမြဲရှိ နေဖို့၊ လေကြောင်းရန်ကကာကွယ်နိုင်အောင် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက် ကြဖို့ TNLA က အသိပေးတိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။နမ္မတူဘက်ကနေ စစ်ဘေးရှောင်လာသူတွေကို မုန်ဘမြို့နယ်အုပ်ချုပ်ရေးကော်မတီက စားသောက်ကုန်တွေထောက်ပံ့


 အောက်တိုဘာလ (၂၈)ရက်


ရှမ်းမြောက်ဒေသ သိန္နီခရိုင် မုန်ဘမြို့နယ်အုပ်ချုပ်ရေးကော်မတီအဖွဲ့က နမ္မတူဒေသကနေ စစ်ဘေးရှောင်လာတဲ့သူတွေကို အားပေးစကားပြောကြားခဲ့ပြီး စားသောက်ငုန်ပစ္စည်းတွေထောက်ပံ့ ပေးခဲ့တယ်လို့ ကိုးကန့်သတင်းဌာနမှာ ဖော်ပြထားပါ တယ်။

MNTJP ဗဟိုကော်မတီနဲ့ အထူးဒေသအုပ်ချုပ်ရေးကော်မတီတို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းညွှန်ချက်နဲ့ အညီ သိန္နီခရိုင် မုန်ဘမြို့နယ်အုပ်ချုပ်ရေးကော်မတီက အားပေးကူညီရေးအထူးအဖွဲ့ကို အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး နမ္မတူဒေသကနေ စစ်ဘေးရှောင်လာကြသူကို ကူညီထောက်ပံ့ ပေးခဲ့တာလို့ သိရပါတယ်။ 

စစ်ဘေးရှောင်တွေဟာ မုန်ဘမြို့နယ်အတွင်းမျာရှိတဲ့ ဟိုပိတ်ကျေးရွာ၊ကွမ်အိုက်ကျေးရွာ၊ မုန်လီကျေးရွာနဲ့ တာပုံကျေးရွာတို့ မှာ ခိုလှုံနေကြပြီး အိမ်ထောင်စု ၂၈ စု လူဦးရေ ၁၁၅ ဦး ရှိတယ်လို့ ဆိုပါတယ်။ 

ဒီစစ်ဘေးရှောင်တွေ အရေးတကြီးလိုအပ်နေတဲ့ အခြေခံနေ့စဉ်သုံးပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ရာမှာ ဆန် ၁၂ အိတ်၊ ဆား ၂၈ ထုပ်၊ စားသုံးဆီ ၂၈ ပုလင်းနဲ့ ကြက်သားမှုန့် ၂၈ ထုပ် ထောက်ပံ့ပေးခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒီစစ်ဘေးရှောင်ပြည်သူတွေဟာ နမ္မတူဒေသမှာ အခုလထဲမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် မုန်ဘမြို့နယ်ဘက်ကို ရွှေ့ပြောင်းလာခဲ့ကြသူတွေလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment