၂၀၂၅ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ခင်း သတင်းလွှာ

 

၂၀၂၅ အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အရှိကို အရှိအတိုင်း မြင်ဖို့နဲ့ လက်ခံနိုင်မှသာ အရှိတရားတွေကို အကောင်းဆုံး ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာ စဥ်းစားလို့ရမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကျန်းမာရေးဌာန မှ () လအတွင်း လူနာ (,၈၇၂) ဦးအား ကျန်းမာရေး ဝန်ဆောင်မှု ပေးခဲ့


========================


၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လက်ပံတန်းမှာ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ ၁၅ ဦး သေဆုံးပြီး စစ်သုံ့ပန်းများနဲ့ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၂။ ဟားခါး မြို့မရဲစခန်းကို ချင်းပူးပေါင်းတပ် စီးနင်းတိုက်ခိုက်၊ တော်လှန်ရေး ရဲဘော် ဦး အပါအဝင် အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့

🚩 ၃။ သီပေါမြို့အနီး တိုက်ပွဲပြင်းထန်ပြီး မြို့တွင်း ဌာနဆိုင်ရာရုံးအချို့ မီးလောင်နေ

🚩 ၄။ ဘီးလင်းမှာ တော်လှန်ရေး တပ်တွေက ထောင်ထားတဲ့ မိုင်းထိမှန်ပြီး စစ်သား ဦး ဒဏ်ရာရ

🚩 ၅။ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်

🚩 ၆။ မင်းပြားမှာ စစ်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ဦးဒဏ်ရာရ ဦးသေဆုံး၊ ဆေးကုသမှု ခံယူနေရင်း ဦး ထပ်မံ သေဆုံး

🚩 ၇။ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်များက နေအိမ်၊ စပါးကျီ၊ စစ်ဘေးရှောင်စခန်းနှင့် တောင်ယာတဲများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား ဖမ်းဆီး

🚩 ၈။ ဂန့်ဂေါနှင့် ကလေးမြို့တို့တွင် စစ်ကောင်စီ အင်အားဖြည့်တင်းနေတာကြောင့် ပြည်သူများ သတိထားရန် အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။





========================



📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး


အောက်တိုဘာ ၁၆ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၁၆ရက် (၁၅၀၀)နာရီတွင် video conferencing meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


တွေ့ဆုံပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်နှီးမြှပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်မှ လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ ဒုတိယလွှတ်တော် ဥက္ကဋ္ဌနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲ၌ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ရေးဆိုင်ရာနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး အပြန်အလှန် မေးမြန်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကာ ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို သဘောတူညီခဲ့ကြကြောင်း အသိပေးထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အရှိကို အရှိအတိုင်း မြင်ဖို့နဲ့ လက်ခံနိုင်မှသာ အရှိတရားတွေကို အကောင်းဆုံး ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာ စဥ်းစားလို့ရမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


အောက်တိုဘာ ၁၆ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၇/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၆) ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ်ကအုပ်ချုပ်ရေးကဏ္ဍနဲ့ ပတ်သက်ရင် လက်ရှိဆောင်ရွက်နေကြရတဲ့ အပိုင်း ခု ရှိတယ် ဆိုတာ အားလုံးသိပြီးသား ဖြစ်ပါကြောင်း၊ ပထမတစ်ပိုင်းကတော့ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးထိန်းချုပ်ထားတဲ့ နေရာဒေသတွေမှာ အုပ်ချုပ်ရေး အကောင်အထည်ဖော်နေကြရတာနဲ့ အပြည့်အဝ မထိန်းချုပ်ထားနိုင်သေးတဲ့ နေရာဒေသတွေမှာလည်း အုပ်ချုပ်မှု လေဟာနယ် မဖြစ်အောင်ရယ်၊ ဒုတိယအနေနဲ့ စစ်အုပ်စုရဲ့ နည်းမျိုးစုံနဲ့  ဒုက္ခပေးမှုကြောင့် ဒုက္ခပေါင်းစုံ ခံစားနေရတဲ့ ပြည်သူတွေကို တတ်အားသ၍ ဝန်ဆောင်မှုအပိုင်းကနေ စီမံဆောင်ရွက်နေကြရတဲ့ ကဏ္ဍရယ် ဖြစ်ပါကြောင်း၊ အခုဆိုရင် တာဝန်ရှိသူ ဝန်ကြီးတွေ၊ အတွင်းဝန်တွေ မြို့နယ်တွေအထိ ကိုယ်တိုင်သွားပြီး လေ့လာကြ၊ တွေ့ဆုံကြတဲ့ အခါမှာ မျက်မြင်ကိုယ်တွေ့ တွေ့ကြုံ လာရတာတွေလည်း ရှိပါကြောင်း၊ ဒါကြောင့် အရှိကို အရှိအတိုင်း မြင်ဖို့နဲ့ လက်ခံနိုင်ကြဖို့ ပထမအဆင့် လိုပါကြောင်းနှင့် ဒါမှသာ အရှိတရားတွေကို အကောင်းဆုံး ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာကို ဒုတိယအဆင့် စဥ်းစားလို့ရမှာ ဖြစ်ပါကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ အမှတ်စဉ် (၃၆/၂၀၂၅) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို မွန်းလွဲ (၁၂:၃၀) နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကျန်းမာရေးဌာန မှ () လအတွင်း လူနာ (,၈၇၂) ဦးအား ကျန်းမာရေး ဝန်ဆောင်မှု ပေးခဲ့


အောက်တိုဘာ ၁၆ ရက်၊ 

Radio NUG


မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကျန်းမာ‌ရေးဌာနရဲ့ မွန်ပြည်နယ်၊ မြောက်ပိုင်းဆေးရုံ နဲ့ တောင်ပိုင်း ဆေးခန်းများတွင် ၂၀၂၅ ဇူလိုင်လမှ စက်တင်ဘာလအတွင်း လူနာ (,၈၇၂) ဦးကို အခြေခံကျန်းမာရေးနဲ့ အရေးပေါ် ဆေးကုသခြင်း ဝန်ဆောင်မှုများ ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


အဆိုပါ ဆေးရုံ၊ ဆေးခန်းများတွင် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု၊ မိခင်နဲ့ ကလေးကျန်းမာရေး၊ ကူးစက် ရောဂါနှင့် မကူးစက်ရောဂါ ကုသမှုများကို ပြုလုပ်ပေးခဲ့ပြီး အဆစ်အရိုးနဲ့ အဆီအနှစ် ပြဿနာ၊ ကူးစက်ရောဂါ (ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ ဗက်တာဖြင့် ဖြစ်ပေါ်သော ရောဂါများ) အစာအိမ် နှင့် အူနာ (Gastroenterology) အရေပြားရောဂါနဲ့ ကူးစက်ရောဂါတို့ကို အများဆုံး တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။


ထို့အပြင် လွှဲပြောင်းကုသရန် လိုအပ်တဲ့ လူနာ ဦးကို သက်ဆိုင်ရာ ဆေးရုံများကို လွှဲပြောင်းကုသမှုများ ပြုလုပ်ပေးခဲ့ပြီး မလွှဲပြောင်းခင်မှာ လိုအပ်တဲ့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု အားလုံးကို ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဆေးရုံ၊ ဆေးခန်း () ခုအား နေ့စဉ် ဖွင့်လှစ်ထားပြီး အရေးပေါ် ဆေးကုသမှုများကို ၂၄ နာရီ ဝန်ဆောင်မှု ပေးနေကာ ဆေးနဲ့ ဆေးပစ္စည်းအထောက်အပံ့များ၊ လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်နေတယ်လို့ ဖော်ပြထား ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ လက်ပံတန်းမှာ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်၊ ၁၅ ဦး သေဆုံးပြီး စစ်သုံ့ပန်းများနဲ့ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ


အောက်တိုဘာ ၁၆ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာကို လာရောက်မီးရှို့တဲ့ စစ်ကော်မရှင် ပူးပေါင်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁၅ ဦး သေဆုံးပြီး စစ်သုံ့ပန်းများနဲ့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၁၅ ရက်၊ မနက် ၁၀ နာရီခန့်မှာ ဗိုလ်မှူး တဦးနဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးဆောင်တဲ့ အင်အား (၆၀) ခန့်ပါ တမခ (၆၆) လက်အောက်ခံ စစ်သား၊ လက်ပံတန်း ပြည်သူ့စစ်၊ ရဲနဲ့ ဒရုန်းအဖွဲ့ ပူ‌ပေါင်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကော်မရှင် စစ်ကြောင်းဘက်က ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကာ ဖရိုဖရဲ ထွက်ပြေးသွားခဲ့ပြီး စစ်သုံ့ပန်း ၁၂ ဦးကို ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် G-4 စက်ကလေး လက်၊ G-3 လက်၊ G2 လက်၊ MA-12 စက်ကလေး လက်၊ MA-3 လက်၊ ကာဘိုင် လက်၊ MAS Sniper လက် နဲ့ ကျည်ဘောက်၊ ခဲယမ်း၊ Equipment များ သိမ်းဆည်းရမိ ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ် () စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ (၂၂) လက်အောက်က သာယာဝတီခရိုင် (၃၈၀၃) တပ်ရင်း၊ သာယာဝတီခရိုင် (၃၈၀၂) တပ်ရင်း၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေတန်းမြေ) နဲ့ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဟားခါး မြို့မရဲစခန်းကို ချင်းပူးပေါင်းတပ် စီးနင်းတိုက်ခိုက်၊ တော်လှန်ရေး ရဲဘော် ဦး အပါအဝင် အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့


အောက်တိုဘာ ၁၆ ရက်၊

Radio NUG


ချင်းပြည်နယ်၊ ဟားခါးမြို့ မြို့မရဲစခန်းကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး ရဲဘော် ဦး အပါအဝင် အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၁၆ ရက် မနက် နာရီခန့်မှာ ဟားခါးမြို့ပေါ်ရှိ ရဲစခန်းနဲ့ အကျဉ်းထောင်တို့ကို CDF - Hakha နဲ့ CNA ပူးပေါင်းတပ်က စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ကာ ၁၅ ဦးခန့် ဒဏ်ရာရခဲ့ပြီး ချင်းတော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်က ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


စစ်ဆင်ရေးအတွင်း မတရား ဖမ်းဆီးခံထားရတဲ့ CDF - Hakha မှ ရဲဘော် ဦးနဲ့ ချင်းအမျိုးသားတပ်ဦး - CNA မှ ရဲဘော် ဦး အပါအဝင် အကျဉ်းသား ၁၅ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်တပ်က မြို့တွင်းလုံခြုံရေးကို တင်းကြပ်ထားကာ ဟားခါးမြို့ပြင်ဘက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့တယ်လို့ သိရှိရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လကလည်း ဟားခါး မြို့မရဲစခန်းကို CDF - Hakha က ဝင်ရောက်စီးနင်းခဲ့ပြီး အကျဉ်းသား ၆၂ ဦးကို ကယ်ထုတ်ခဲ့ ပါသေးတယ်။


========================


🚩🚩 ၃။ သီပေါမြို့အနီး တိုက်ပွဲပြင်းထန်ပြီး မြို့တွင်း ဌာနဆိုင်ရာရုံးအချို့ မီးလောင်နေ


အောက်တိုဘာ ၁၆ 

Radio NUG 


အောက်တိုဘာလ (၁၆) ရက် နံနက် (၁၁:၂၀) နာရီအချိန်တွင် သီပေါမြို့၏ မြောက်ဘက်အရပ် မြို့နှင့် တစ်ဖာလုံကျော် အကွာအဝေးခန့်ရှိသည့် ဖာဖိတ် ကျေးရွာ နားလွယ် ကျေးရွာအနီး  နေရာများတွင် စစ်ကော်မရှင်တပ်နှင့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်ဖွဲ့(TNLA) တို့ နှစ်ဖွဲ့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း SSPP Infoမှ သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ပွဲပြင်းထန်နေချိန်တွင် သီပေါမြို့တွင်းရှိ ယခင်စစ်ကော်မရှင် ဌာနဆိုင်ရာ ရုံးများအချို့ မီး လောင်နေတယ်လို့ ဖော်ပြထားပါတယ်။


ဌာနဆိုင်ရာရုံးများ မီးလောင်သည့် ကိစ္စနှင့် ပတ်သက်ပြီး ပျက်စီးဆုံးရှူံးမှု အသေးစိတ် အချက်အလက်များကို အတည်မပြုနိုင်သေးဘဲ သီပေါမြို့အစပ်နေရာများတွင် ညနေပိုင်း အချိန်ထိ လက်နက် ကြီးငယ်သံများ မကြာခဏ ကြားနေရသေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဘီးလင်းမှာ တော်လှန်ရေး တပ်တွေက ထောင်ထားတဲ့ မိုင်းထိမှန်ပြီး စစ်သား ဦး ဒဏ်ရာရ


အောက်တိုဘာ ၁၆ ရက်၊ 

Radio NUG


မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေး ကျေးရွာမှာ တော်လှန်ရေး တပ်တွေက ကြိုတင် ထောင်ထားတဲ့ မိုင်း ထိမှန်ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းဌာန တစ်ခုဖြစ်တဲ့ လဂွန်းအိမ်က ဖော်ပြထားပါတယ်။


အောက်တိုဘာလ ၁၆ ရက် မနက် နာရီခန့်မှာ အင်အား ၂၅ ဦးခန့်ပါ စစ်ကော်မရှင် စစ်ကြောင်းဟာ အထပ်သား စက်ရုံဘက်ကနေ အလူးလေး ကျေးရွာအတွင်း ဝင်ရောက်လာချိန် မိုင်းထိမှန်ခဲ့တာလို့ သိရပါတယ်။

 

ခြေလျင်ဝင်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ မိုင်းကွင်းအတွင်းကို ရောက်ရှိလာချိန်မှာ လုံးမိုင်း တပွိုင့်ဖြင့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဦး ဒဏ်ရာရခဲ့ကာ ၎င်းတို့ထဲက ဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှု ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရှိရ ပါတယ်။


========================


🚩🚩 ၅။ မိုးကုတ်မြို့နယ်၊ ညောင်ကုန်း(ထက်) ကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ ၁၆ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ PSLF/TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ ညောင်ကုန်း (ထက်) ကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၁၆ ရက်၊ မနက် နာရီခွဲ အချိန်မှာ ပေါင် ၂၅၀ ဗုံး () လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူလူထုပိုင် ကြက်မွေးမြူရေး ခြံပေါ် ကျရောက် ပေါက်ကွဲခဲ့ကာ ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်ကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ဦး သေဆုံးခဲ့ပြီး ကလေးငယ် အပါအဝင် ဦး ထိမှန်ဒဏ်ရာ ရခဲ့ကာ မူကြိုကျောင်းနဲ့ နေအိမ် လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။


========================


🚩🚩 ၆။ မင်းပြားမှာ စစ်ကျန်ဗုံးသီး ပေါက်ကွဲမှုကြောင့် ဦးဒဏ်ရာရ ဦးသေဆုံး၊ ဆေးကုသမှု ခံယူနေရင်း ဦး ထပ်မံ သေဆုံး


အောက်တိုဘာ ၁၆ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ မင်းပြားမြို့မှာ စစ်ကျန်ဗုံးသီး တလုံး ပေါက်ကွဲမှုကြောင့် အရပ်သား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရင်း ဦး သေဆုံးသွားခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထားပါတယ်။


အောက်တိုဘာလ ၁၅ ရက်၊ နေ့လယ် နာရီခွဲ ခန့်မှာ သူငယ်ချင်း () ဦး ငါးရှာနေရင်း စစ်ကျန်ဗုံးသီး တစ်လုံးကို ကောက်ရခဲ့ရာ အိမ်သို့ယူလာပြီး ထုကြည့်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


ဗုံးသီးပေါက်ကွဲမှုကြောင့် ကိုမောင်ကြီး၊ မောင်ထွန်းထွန်းမြင့် နဲ့ ဒေါ်သိန်းချေ (ကိုမောင်ကြီး၏ မိခင်) တို့ ဒဏ်ရာရ ခဲ့ကြပြီး မောင်ညီညီဇော် ဆိုသူမှာ ဒဏ်ရာပြင်းထန်တာကြောင့် ဆေးရုံကို ပို့ဆောင်နေစဉ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် အောက်တိုဘာလ ၁၆ ရက်၊ မနက် ၁၀ နာရီခန့်မှာလည်းဆေးကုသမှု ခံယူနေရင်း ကိုမောင်ကြီး ဆိုသူ ထပ်မံသေဆုံး သွားခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်များက နေအိမ်၊ စပါးကျီ၊ စစ်ဘေးရှောင်စခန်းနှင့် တောင်ယာတဲများကို မီးရှို့ဖျက်ဆီးပြီး ပြည်သူများအား ဖမ်းဆီး


အောက်တိုဘာ ၁၆ 

Radio NUG 


၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးအပတ်မှစတင်၍ ကလောအခြေစိုက် ခြေမြန်တပ်မ (၅၅) နှင့် မိတ္ထီလာအခြေစိုက် ခြေမြန်တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီတပ်သား ၅၀၀ ခန့်သည် ရွာငံမြို့နယ်အနောက်ပိုင်း၊ ရွာငံ-မိတ္ထီလာ နယ်စပ်ရှိ ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကိုနယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများ ပြုလုပ်ခဲ့တာ‌ကြောင့် ဇူလိုင်လ နောက်ဆုံးအပတ်မှ ဩဂုတ်လ ဒုတိယအပတ်အထိ PDF တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ သတင်းထုတ်ပြန်ပါတယ်။


ဩဂုတ်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်များက ရဟတ်ယာဉ်ဖြင့် ကျောက်တောကျေးရွာကို ဗုံးနှစ် လုံး၊ ညောင်ပင်သာကျေးရွာကို ဗုံးတစ်လုံး ကြဲချခဲ့ရာ အရပ်သားနေအိမ်အချို့ ပျက်စီးခဲ့ပြီး ဩဂုတ်လ ၁၉ ရက်မှ ၂၁ ရက်နေ့အထိ မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ပြည်ညောင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက ကျောက်တောနှင့် ညောင်ပင်သာကျေးရွာမှ ရွာသားများ ခိုလှုံနေသည့် တောတောင်များအတွင်းသို့ ၁၅၅ မမ ဟောင်ဝစ်ဇာအမြောက်များဖြင့် ပစ်ခတ်ခဲ့ကာ ဩဂုတ်လ ၂၁ ရက်နေ့တွင် စစ်ကောင်စီလေယာဉ်များက ကျောက်တောနှင့် ညောင်ပင်သာကျေးရွာများပေါ်သို့ နောက်ထပ်ဗုံးသုံးလုံး ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာလ ပထမအပတ်အတွင်း ခြေမြန်တပ်မ (၅၅) မှ စစ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့ စစ်များအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ခန့်သည် မင်းပလောင်ကျေးရွာမှ ဒေသခံများ ခိုလှုံနေသည့် တောထဲသို့ ချီတက်လာခဲ့တာကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက နေအိမ်များ မီးရှို့ခံရပြီးနောက် တောထဲတွင် တဲထိုးနေထိုင်နေ ရသော ရွာသားများသည် နောက်တစ်ကြိမ် ထပ်မံထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာလ ၁၃ ရက်နေ့တွင် ခြေမြန်တပ်မ (၉၉) လက်အောက်ခံ စစ်ကောင်စီတပ်သား ၁၂၀ ခန့်သည် ကျောက်တောကျေးရွာသို့ ထပ်မံဝင်ရောက်လာပြီး ရွာပြင်ရှိ တောင်ယာတဲများကို မီးရှို့ခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင်  မီးရှို့မှုများကို ဆက်လက်ပြုလုပ်ခဲ့ရာ ကျောက်တောကျေးရွာမှ နောက်ထပ် နေ အိမ် ၂၃ လုံးနှင့် စပါးကျီ ၉၀ ကို ဖျက်ဆီးခဲ့ကာ ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၅၀၀ ခန့် ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။


စက်တင်ဘာလ ၁၅ ရက်နေ့တွင် အဆိုပါစစ်ကြောင်းသည် ကျောက်တောကျေးရွာအနီးရှိ တောင်ကုန်းများနှင့် တောများအတွင်းသို့ ချီတက်ခဲ့ပြီး  အရပ်သားများ ပုန်းခိုနေသည့် ဂူတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကာ လူ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများအားလုံးကို မိတ္ထီလာသို့ ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလ နောက်ဆုံးအပတ်တွင် စစ်ကောင်စီတပ်များသည် တောထဲရှိ နေရပ် စွန့် ခွာနေရသော ကျောက်တောရွာသားများ၏ ယာယီတဲ လုံးကို ထပ်မံဖျက်ဆီးခဲ့တယ်လို့ အသိပေးထားပါတယ်။


လက်ရှိတွင် စစ်ကောင်စီတပ်များသည် ကျောက်တောနှင့် ညောင်ပင်သာကျေးရွာများတွင် တပ်စွဲထားပြီး နေရပ်စွန့်ခွာနေရသော အရပ်သား ၅၀၀ နီးပါးသည် ၎င်းတို့၏နေအိမ်များသို့ ပြန်ရန် ကြောက်ရွံ့နေကြဆဲဖြစ်ကာ အနီးဝန်းကျင်ရှိ တောများထဲတွင် ဆက်လက်နေထိုင်နေကြရတာကြောင့် ၎င်းတို့အတွက် အစားအသောက်နှင့် အမိုးအကာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၈။ ဂန့်ဂေါနှင့် ကလေးမြို့တို့တွင် စစ်ကောင်စီ အင်အားဖြည့်တင်းနေတာကြောင့် ပြည်သူများ သတိထားရန် အသိပေး


အောက်တိုဘာ ၁၆

Radio NUG

ဂန့်ဂေါမြို့နယ်ရှိ ခလရ ၅၀ တပ်နှင့် မြို့နယ်မြောက်ပိုင်းရှိ ပျူစောထီးရွာအုပ်စုများတွင် စစ်ကောင်စီက လေကြောင်းမှတစ်ဆင့် စစ်သည်နှင့် လက်နက်အင်အားများ ဖြည့်တင်းထား‌ကြောင်း ဂန့်ဂေါမီဒီယာမှာ သတင်းဖော်ပြထားပါတယ်။


အောက်တိုဘာလအတွင်း အင်အားဖြည့်တင်းမှုများသည် မမျှော်လင့်ထားသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုးစစ်များ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို တိုးမြှင့်လျက်ရှိတယ်လို့ သိရပါတယ်။


အလားတူ ကလေးမြို့တွင်လည်း စစ်ကောင်စီက အောက်တိုဘာ ၁၆ ရက်နေ့တွင် လေယာဉ်တစ်စီး ဆင်းသက်ခဲ့ပြီး၊ ယခုရက်ပိုင်းအတွင်း အနည်းဆုံး ကြိမ်ထက်မနည်း ဆင်းသက်ခဲ့ကာ စစ်သည်များကို ချပေးနေကြောင်း ယောအလင်းတန်းမှ အသိပေးထားပါတယ်။


စစ်သည်များကို စစ်ကားကြီး ၁၁ စီးဖြင့် ကလေးမြို့ မြောက်ပိုင်းသို့ အောက်တိုဘာလ ၁၆ရက်နေ့ မနက်ပိုင်းတွင် ပို့ဆောင်ခဲ့ပြီး စစ်ကောင်စီသည် ကလေးမြို့မြောက်ပိုင်းရှိ တမူးမြို့၊ ကမ်းပါးနီ၊ ကြံသာရွာ စသည့်နေရာများကို အခိုင်အမာ ထိန်းချုပ်ရန်နှင့် ကလေး-ဂန့်ဂေါလမ်းမကြီးကို ထိန်းသိမ်းရန် ရည်ရွယ်နေတယ်လို့ ဖော်ပြထားပါတယ်။


 ကလေးမြို့မှ တောင်ပိုင်းသို့ စစ်ရေးလှုပ်ရှားမှုများ တိုးလာနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်တယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment