၂၁ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ပလက်ဝဒေသကို စစ်ကော်မရှင်က ဗုံးအလုံး ၁၁၀ ကျော် ကြဲချ၊ နို့စို့အရွယ် ကလေး အပါအဝင် ၉ ဦး သေဆုံး၊မင်းတပ်နဲ့ ကန်ပက်လက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေ၊
၂။ဘုတလင်မှာ စစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် အမျိုးသမီး ၆ ဦး သေဆုံး၊ကျိန္တလီမှာလည်း ဗုံးကြဲခံရပြီး နေအိမ် ၇ လုံး ပျက်စီး
၃။ဟုမ္မလင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်စခန်းတခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်
၄။ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း စာရင်းစစ်လုပ်ငန်းစု PwC မြန်မာနိုင်ငံကနေ လူမွဲခံယူပြီး ထွက်ခွာတော့မည် စတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့

==================
m.CDM အောက်တိုဘာ ၂၀ ရက်။
ချင်းပြည်သူ့အစည်းအရုံး (CPU) ထိန်းချုပ်နယ်မြေ၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေမှာ စစ်ကော်မရှင်တပ် နဲ့ ချင်းပြည်သူ့တပ်မတော် တို့ကြား ပြီးခဲ့တဲ့ မေလလယ်ပိုင်းကစတင်ပြီး ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်အုပ်စုဟာ အင်အားဖြည့်တင်းပြီး စက်တင်ဘာလ ၂၆ ရက်က စတင်ကာ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ဘက်ကို ဦးတည်စစ်ကြောင်းထိုးလာတာကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုဟာ တိုက်လေယာဉ်တွေ၊ Y-12 လေယာဉ်တွေ အသုံးပြုပြီး အရပ်သားတွေရဲ့ နေအိမ်တွေ၊ စာ -သင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေး အဆောက်အအုံတွေ နဲ့ ဈေးဆိုင်ခန်းတွေကို လေကြောင်းကနေ အကြိမ်ကြိမ် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသက ပီချောင်းဆုံကို စစ်ကော်မရှင်က ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံးအပြင် Y-12 လေယာဉ်နဲ့ ဗုံးသီး ၆၄ လုံးအထိ ကြဲချခဲ့တယ်လို့ ဆိုပါ တယ်။
အောက်တိုဘာလ ၁၉ ရက်နေ့မှာလည်း ပလက်ဝမြို့နယ်က လုံးတူ-တွီစပ်လမ်းခွဲကို ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၂ လုံး၊ ပီချောင်းဆုံကို Y-12 လေယာဉ်နဲ့ ဗုံးသီး ၄၈ လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နှစ်ရက်ဆက်တိုင် လေကြောင်းတိုက်ခိုက်မှုတွေအတွင်း နို့စို့အရွယ်ကလေးငယ် ၁ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၉ ဦး သေဆုံးခဲ့ရပြီး၊ ၅ ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေပါ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချ က်မှာ ဖော်ပြထားပါတယ်။
မြေပြင် တိုက်ပွဲတွေမှာ ရှုံးမဲမဲပြီး အပြစ်မဲ့ ပြည်သူတွေအပေါ် သူရဲဘောကြောင်စွာ ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ လေကြောင်းရန်ကို ပြည်သူတွေအနေနဲ့ အထူး ဂရုစိုက်ကြဖို့ကိုလည်း ချင်းပြည်သူ့အစ ည်းအရုံးက ထပ်မံ သတိပေး တိုက်တွန်းထားပါတယ်။
----------------------------

====================
m.CDM အောက်တိုဘာ ၂၀ ရက်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံရွာကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသမီး ၆ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၂၀ ရက်၊ နေ့လယ် ၂ နာရီခွဲခန့်မှာ မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ဗုံး ၁ လုံး ကြဲချခဲ့ပြီး၊ ဆူဆိုက်ဒရုန်း တစ်စီးနဲ့ပါ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၄၁ နှစ်၊ ၁၇ နှစ်၊ ၁၅ နှစ်နဲ့ ၁၃ နှစ် အရွယ် သားအမိ ၄ ဦး၊ ၂၂ နှစ်နဲ့ ၁၇ နှစ်အရွယ် ညီအစ်မ ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီး၊ နောက်ထပ် အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာ ရခဲ့တယ် လို့ သိရပါတယ်။
သေဆုံးသူတွေထဲက အမျိုးသမီး ၄ ဦးဟာ နေရာမှာတင် သေဆုံးခဲ့တာဖြစ်ပြီး၊ ကျန် ၂ ဦးဟာ ဆေးကုသဖို့ သွား- နေတဲ့လမ်းမှာ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။
အလားတူ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကိုလည်း အောက်တိုဘာလ ၁၉ ရက် ည ၁၀ နာရီခွဲခန့်မှာ အကြမ် းဖက် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြို့လယ်ခေါင်က လမ်းဆုံအဝိုင်းကြီး အနီးကို ပေါင် ၃၀၀ ဗုံး ၂ လုံးနဲ့ ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပေမယ့် မြို့ပေါ်မှာ လူသိပ်မရှိနေတာကြောင့် လူအထိအခိုက် မရှိခဲ့ဘဲ နေအိမ် ၇ လုံးလောက် ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျိန္တလီမြို့ဟာ တိုက်ပွဲ ဖြစ်ပွားနေခြင်း မရှိပေမယ့် ဆက်တိုက်ဆိုသလို လေ ကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခံနေရပြီး၊ အသက်အန္တရာယ် လုံခြုံမှု ကင်းမဲ့နေရတယ်လို့ ဒေသခံတွေက ပြောပြ ပါတယ်။
--------------------------------
၃။ဟုမ္မလင်း ကောလိပ်မှာ SNA တပ်ဖွဲ့ဝင် ကျောင်းသားက သေနတ်နဲ့ပစ်လို့ ကျောင်းသား ၁ ဦး ပြင်းထန် ဒဏ်ရာရ
===================
m.CDM အောက်တိုဘာ ၂၀ ရက်။
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က ဟုမ္မလင်း ဒီဂရီကောလိပ် ကျောင်းဝင်းထဲမှာ ကျောင်းသားအချင်းချင်း သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းသား ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့၊ မနက်ပိုင်းက ရှမ်းနီ အမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင် တတိယနှစ် အဝေးသင် ကျောင်းသားနဲ့ စေတီဆိပ်ရွာကနေ လာတက်တဲ့ ပထမနှစ် အဝေးသင် ကျောင်းသား တို့ကြား ခိုက်ရန် ဖြစ်ပွားခဲ့ကြတာလို့ ဆိုပါတယ်။
မြို့ခံတွေရဲ့ အဆိုအရ SNA တပ်ဖွဲ့ဝင် ကျောင်းသားက စတင်ရန်စ ထိုးကြိတ်ခဲ့တဲ့အပြင်၊ လွယ်အိတ်ထဲက ပစ္စတို သေနတ်နဲ့ ထုတ်ပစ်ခဲ့တာကြောင့် ပထမနှစ် ကျောင်းသားရဲ့ ဦးခေါင်း နဲ့ ခြေထောက် တို့မှာ ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒါဏ်ရာပြင်းထန်တဲ့အတွက် ဟုမ္မလင်းဆေးရုံက လက်မခံနိုင်ဘဲ မန္တလေးဆေးရုံကို အရေးပေါ် ပို့ဆောင်ထားရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟုမ္မလင်းမြို့ကို အကြမ်းဖက်စစ်တပ်နဲ့ SNA တပ်ဖွဲ့က အပြည့်အဝထိန်းချုပ်ထားတာဖြစ်ပြီး၊ ဒီဖြစ်စဉ် ကျူးလွန် ခဲ့သူကို အရေးယူထားခြင်း ရှိ/မရှိ ကိုတော့ တိတိကျကျ မသိရှိရသေးပါဘူး။
--------------------------------
၄။ဟုမ္မလင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်စခန်းတခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်
=====================
m.CDM၊ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာအုပ်စုမှာ ခြေကုတ်ယူထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA စခန်းတခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
တောင်ဦးကျေးရွာအုပ်စု တာမယ်ပုတ်ရွာမှာရှိတဲ့ ရှမ်းနီတပ်စခန်းကို အောက်တိုဘာ ၁၈ ရက်မှာ KIA နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ ဟုမ္မလင်းနဲ့ ကချင်ပြည်နယ် နယ်စပ်ဘက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ခဲ့တာရှိပြီး ရွှေပြည်အေးမြို့နယ်မှာလည်း လေကြောင်းပျံသန်းမှုတွေရှိနေတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွှေလုပ်ကွက်တွေရှိတဲ့နေရာကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတာဖြစ်ပြီး အရင်က လည်း ဒေသနေပြည်သူတွေရဲ့ ရွှေတူးဖော်တဲ့နေရာတွေကို တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ဘူးပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ဟုမ္မလင်းမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာရှိပြီး စစ်တပ်က တိုက်ပွဲနေရာနဲ့ ဝေးတဲ့နေရာက ရွှေမှော်ပတ်ဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၈ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ရှိခဲ့တယ်လို့ စစ်ရေးသတင်း မှတ်တမ်းတွေအရ သိရပါတယ်။
ဒါကြောင့် အခုလို စစ်ရေးတင်းမာနေတဲ့ကာလမှာ ဒေသနေပြည်သူတွေအနေနဲ့ ဘေးကင်းအောင် နေထိုင်ကြ ဖို့ လိုအပ်ပါတယ်။
—————————
၅။မူးယစ်ဆေးနဲ့ အမှုဆင် ပေါ်တာဆွဲခံရတဲ့ ဒဂုံဆိပ်ကမ်းနဲ့ မန္တလေးက စစ်မှုထမ်းတပ်သား ၂ ဦး AA ထံ အလင်းဝင်
====================
m.CDM အောက်တိုဘာ ၂၀ ရက်။
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန် မြို့နယ်တွေကနေ အတင်းအကျပ် စစ်သား စုဆောင်း ခံရပြီး၊ ရှေ့တန်း ပို့ခံခဲ့ရတဲ့ စစ်မှုထမ်း တပ်သား ၂ ဦး အလင်းဝင်ရောက်လာတယ်လို့ အာရက္ခတပ်တော် (AA) က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်လာပါတယ်။
အလင်းဝင်လာသူ တစ်ဦးဖြစ်တဲ့ တပ်သား စိုးမင်းသိန်း ဟာ ဒဂုံဆိပ်ကမ်းမှာ နေထိုင်သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့က အလုပ်ကအပြန် လမ်းမှာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရချိန်မှာ မူးယစ်ဆေးတွေလက်ပေါ်တင် ဓါတ်ပုံရိုက် အမှုဆင်ကာ “စစ်ထဲဝင်မလား၊ ထောင်ကျခံမလား” လို့ ခြိမ်းခြောက် အကျပ်ကိုင်ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပြပါတယ်။
နောက်ထပ် အလင်းဝင် တပ်သား တစ်ဦးဖြစ်တဲ့ အောင်ကျော်နိုင် ဟာ ပြည်ကြီးတံခွန်မှာ ဆိုင်ကယ် ကယ်ရီဆွဲသူ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့ မနက် ၅ နာရီခန့်မှာ အဓမ္မပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ထွေအုပ်ရုံးနဲ့ ၉၁၀ တပ်ရင်းတို့မှာ ၁၇ ရက်ခန့် ချုပ်နှောင်ခံခဲ့ရသလို၊ လားရှိုး လကရ (၈) မှာ စစ်မှုထမ်းသင်တန်း တက်ရောက်ရချိန်မှာလဲ ထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် လက်ထိပ်ခတ်၊ သံဒေါက်ထည့်ပြီး ရက်ရက်စက်စက် ရိုက်နှက်ခံခဲ့ရတယ်လို့ သိရပါတယ်။
သူတို့ ၂ ဦးဟာ ခမရ (၂၁၈) တပ်ရင်းကနေတဆင့် ကျောက်ဖြူမြို့နယ်၊ စနဲကုန်းဘက်ကို ပို့ဆောင်ခံခဲ့ရတာဖြစ်ပြီး အဲ့ဒီ အတွေ့အကြုံနဲ့ ပတ်သက်လို့ တပ်သား စိုးမင်းသိန်းက ဗီဒီယိုထဲမှာ အခုလို ပြောပြထားပါတယ်။
"ကျွန်တော်တို့ ကျွန်းတုံးတွ ထမ်းရတယ်၊ မြောင်းတွေတူးရတယ်၊ မလုပ်နိုင်ရင် ကျွန်တော်တို့ကို ရိုက်တယ်၊ ဆဲဆို ကြိမ်းမောင်းတယ်၊ တော်တော်လေးလည်း ဒုက္ခရောက်ပါတယ်။ ကင်းဆိုရင်လည်း ကျွန်တော်တို့ ပစ တွေချည်းပဲ ထွက်ရတာပါ၊ ရှေ့တန်းမှာ ဒဏ်ရာရလာသူတွေကို ထမ်းစင်တွေနဲ့ ထမ်းသွားတာလည်း နေ့တိုင်းလိုလိုပါပဲ။"
ရှေ့တန်းက အခြေအနေတွေကြောင့် စိတ်ဓါတ်ကျလာတဲ့ သူတို့နှစ်ဦးဟာ ထွက်ပြေးလာခဲ့ရမှာ စစ်အုပ်စုဘက်က သေနတ်နဲ့ လှမ်းပစ်ခဲ့ပေမယ့် ထိခိုက်မှုမရှိဘဲ အာရက္ခတပ်တော် ထံကို အလင်းဝင်ရောက်လာနိုင်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။
၎င်းတို့ နှစ်ဦးကို အာရက္ခတပ်တော်က လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားကြောင်း ကိုလည်း တပ်သား အောင်ကျော်နိုင် က "ကျနော်တို့ကို အေအေက ကောင်းကောင်းမွန်မွန်ထားပါတယ်။ ကျနော်ဒီလို ကျန်း ကျန်းမာမာရှိနေတာကို ကျနော့်မိသားစုတွေကို သိစေချင်ပါတယ်။" လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် တပ်သား စိုးမင်းသိန်း ကလည်း ရှေ့တန်းရောက်နေတဲ့ တခြား စစ်မှုထမ်းတွေအနေနဲ့ "ကိုယ့်အသက်ကို မသေစေချင်ဘူး မိသားစုနဲ့ တွေ့ချင်တယ်ဆိုရင် AA ဘက်ကို အလင်းဝင်ကြပါ" လို့ တိုက်တွန်းထားပါတယ်။
------------------------
၆။ပုဂံရှေးဟောင်းနယ်မြေမှာ စစ်တပ်က လက်နက်ကြီးတွေချထားပြီး အနီးပတ်ဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်
======================
m.CDM၊ အောက်တိုဘာ ၂၀
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ အာဏာသိမ်းစစ်တပ်က လေတပ်ဆွယ်နဲ့ အမြောက်လက်နက်ကြီးတွေ တပ်စွဲ ချထားပြီး မကွေးတိုင်းနဲ့ ဧရာဝတီမြစ်ကြောင်းတလျောက်က မြို့နယ်တွေနဲ့ ကျေးရွာတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခုနှစ် မေလဝန်းကျင်ကစပြီး ညောင်ဦးလေဆိပ်ကိုအခြေပြုထားတဲ့ လေတပ်ဆွယ်ကနေ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျိုင်ရိုကော်ပတာ (Gyrocopter) နဲ့ စက်တပ်လေထီး (Paramotor) တွေနဲ့ မြင်းခြံ၊ ငါးဇွန်၊ မြစ်ခြေ၊ ရေစကြို၊ ပခုက္ကူနဲ့ မကွေးတိုင်းတကြောကို လေကြောင်းတိုက်ခိုက် မှုတွေ လုပ်နေတာလို့ ဆိုပါတယ်။
ထို့အတူ အာနန္ဒာဘုရားအနောက်မုခ်နဲ့ မြို့ဟောင်းနယ်မြေ ပုဂံအိမ်တော်တို့မှာ တပ်စွဲအခြေချနေတဲ့ စစ်တပ်ကလည်း ၁၀၂ မမ မော်တာစိန်ပြောင်း၊ ၁၀၅ မမ ဟောင်ဝစ်ဇာအမြောက်တွေ တပ်ဆင်ပြီး ဧရာဝတီမြစ် အနောက်ဘမ်းခြမ်းမှာရှိ တဲ့ မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ အားကောင်းရာ မြို့နယ်နဲ့ ကျေးရွာတွေကို နေ့စဉ်နဲ့အမျှ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပုဂံရှေးဟောင်းနယ်မြေလို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်နယ်မြေကို စစ်ရေးအတွက်အသုံးပြု နေပြီး စစ်ရာဇဝတ်တွေ ကျူးလွန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။
——————————
၇။တာဝန်ကျေပြီး သစ္စာရှိတဲ့ စစ်သုံ့ပန်း ၁၆ ဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာနက PDF အဖြစ် ထမ်းဆောင် ခွင့်ပြု
===================
m.CDM၊ အောက်တိုဘာ ၂၀
တာဝန်ကျေပြီး သစ္စာရှိတဲ့ အထူးတိုင်းစစ်ဌာနက စစ်သုံ့ပန်း ၁၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်သား PDF အဖြစ် ထမ်းဆောင်ခွင့်ပြုလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန က အောက်တိုဘာ ၁၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ သစ္စာရှိစွာနဲ့ တာဝန်ထမ်းဆောင်ခဲ့သူ ၁၆ ဦးကို စစ်သုံ့ပန်းစာရင်းကနေ ပယ်ဖျက် လိုက်ပြီး သူတို့ရဲ့ ဆန္ဒအတိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် ထမ်းဆောင်ခွင့် ပြုလိုက်တာလို့ ဝန်ကြီးဌာနက အသိပေးပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နဲ့အညီ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၆ ဦးဟာ ပေးအပ်တဲ့တာဝန်တွေကို သစ္စာရှိရှိ ထမ်းဆောင်တာ၊ တာဝန်ကျေပွန်တာ၊ တော်လှန်ရေးတိုက်ပွဲတွေမှာ ပါဝင်တာ၊ စစ်ရာဇဝတ်မှု ကင်းရှင်းတာတွေကြောင့် စစ်သုံ့ပန်းဘဝကနေ PDF ဖြစ်လာကြတာပါ။
စစ်သုံ့ပန်းစာရင်းကပယ်ဖျက်ခံရတဲ့သူတွေဟာ သူတို့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားအဖြစ် ခံယူဖို့ လျှောက်ထားခဲ့ကြတာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်းထောက်ခံတဲ့အတွက် ခွင့်ပြုလိုက်တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်သုံ့ပန်းတွေကို စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့အညီ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
—————————
၈။စစ်အုပ်စု လက်အောက်ခံ လူ့အခွင့်အရေး ကော်မရှင်ကို SEANF အဖွဲ့ဝင် အဖြစ်ကနေ ပယ်ဖျက်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း NUG ထုတ်ပြန်
===================
m.CDM အောက်တိုဘာ ၂၀ ရက်။
အကြမ်းဖက်စစ်ကော်မရှင်တပ် လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) က အဖွဲ့ဝင် အဖြစ်ကနေ ပယ်ဖျက်လိုက်တဲ့ အပေါ် ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်လိုက်ပါတယ်။
MNHRC ဟာ အာဏာသိမ်းချိန်ကစပြီး ပြည်သူတွေအပေါ် အကြမ်းဖက်စစ်တပ်က ကျူးလွန်နေတဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မကာကွယ်ပေးတဲ့အပြင် ဖုံးကွယ်ပေးထားခဲ့တယ်လို့ NUG က ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းဖြစ်တဲ့ ပါရီအခြေခံမူတွေကို လိုက်နာဖို့ ပျက်ကွက်ခဲ့တာကြောင့် ကမ္ဘာ လုံးဆိုင်ရာ လူ့အခွင့်အရေး မဟာမိတ်အဖွဲ့က ၂၀၂၄ ခုနှစ်မှာ အသိအမှတ်ပြုမှု ရုပ်သိမ်းခဲ့ပြီး၊ အာရှ-ပစိဖိတ် ဖိုရမ် ကလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာ အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို ထုတ်ပယ်နိုင်ဖို့အတွက် အချက်အလက်တွေ စနစ်တကျ ပေးပို့ခဲ့တဲ့ လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့် အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများ၊ အလုပ်အဖွဲ့ အပါအဝင် ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အ စည်းတွေကိုလည်း NUG က အထူးကျေးဇူးတင် ဂုဏ်ပြုထားပါတယ်။
အလားတူ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အသံတွေကို နားထောင်ပြီး အမှန်တရားဘက်က ရပ်တည်ပေးခဲ့ကြတဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း နဲ့ တီမော-လက်စတီ စတဲ့ SEANF အုပ်ချုပ်မှု ဘုတ်အဖွဲ့ဝင် နိုင်ငံတွေ ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ စစ်မှန်တဲ့ ပြည်သူ့ လူ့အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးနိုင်မယ့် ပြည်ထောင်စု လူ့အခွင့် -အရေးကော်မရှင် (UHRC) အမြန်ဆုံး ပေါ်ပေါက်လာစေဖို့အတွက် အရပ်ဘက် အဖွဲ့အစည်းတွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း အသိပေးထားပါတယ်။
------------------------
၉။ဗြိတိန်အခြေစိုက် ကမ္ဘာ့ထိပ်တန်း စာရင်းစစ်လုပ်ငန်းစု PwC မြန်မာနိုင်ငံကနေ လူမွဲခံယူပြီး ထွက်ခွာတော့မည်
===================
m.CDM အောက်တိုဘာ ၂၀ ရက်။
ကမ္ဘာ့ထိပ်တန်း စာရင်းကိုင်နဲ့ စီးပွားရေးအကြံပေး လုပ်ငန်းစုကြီး တစ်ခုဖြစ်တဲ့ PwC ကုမ္ပဏီဟာ မြန်မာနိုင်ငံက နေ လူမွဲခံယူပြီး အပြီးတိုင် ထွက်ခွာတော့မယ်လို့ ကြေညာလိုက်ပါတယ်။
အောက်တိုဘာ ၂၀ ရက်နေ့ထုတ် သတင်းစာကနေတဆင့် ဒေဝါလီခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၅၆) နဲ့ နည်းဥပ ဒေတွေအရ ကုမ္ပဏီရဲ့ လုပ်ငန်းတွေကို စာရင်းရှင်းလင်း ဖျက်သိမ်းသွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါ့ကြောင့် ပိုင်ဆိုင်မှုတွေကို ရှင်းလင်းခွဲဝေဖို့၊ စာရင်းရှင်းလင်းရေး အရာရှိ ခန့်အပ်ဖို့နဲ့ ကြွေးရှင်များ ကော်မတီကို ဖွဲ့စည်းဖို့အတွက် လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့၊ မနက် ၁၀ နာရီမှာ အစည်းအဝေး ပြုလုပ်သွားမယ် လို့ ဆိုပါတယ်။
လန်ဒန်မြို့အခြေစိုက် PwC ကုမ္ပဏီဟာ ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး၊ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေအတွက် စီးပွားရေး၊ အခွန်နဲ့ စာရင်းစစ် ဝန်ဆောင်မှုတွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ထွက်ခွာရတဲ့အကြောင်းအရင်း အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံခြား ကုမ္ပဏီတွေ ထွက်ခွာသွားတဲ့ အကျိုးဆက် ဖြစ်နိုင်တယ် လို့ စီးပွားရေး အသိုင်းအဝိုင်းက သုံးသပ်ထားပါတယ်။
စစ်အုပ်စုရဲ့ နိုင်ငံခြားငွေထိန်းချုပ်မှုနဲ့ သွင်းကုန်ထုတ်ကုန် ကန့်သတ်ချက်တွေအပြင် ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေနဲ့ အဓမ္မ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးလာတာ တွေဟာလည်း စီးပွားရေး လုပ်ငန်းတွေအတွက် အဓိက အခက်အခဲ ဖြစ်နေတယ်လို့ ထောက်ပြကြပါတယ်။
“PwC လုပ်ငန်းစုကြီး” ဟာ ကမ္ဘာတစ်ဝန်းမှာ ပညာရှင်နဲ့ ဝန်ထမ်းပေါင်း ၃ သိန်း ၆ သောင်းကျော် လုပ်ကိုင်နေပြီး၊ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံကျော် ရှိတဲ့ ကမ္ဘာ့ထိပ်တန်း လုပ်ငန်းကြီးတစ်ခု ဖြစ်ပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။

No comments:
Post a Comment