၁၃ - ၁၀ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ )
မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။
ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့
၁။ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ
၂။ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုထက်မြတ်အောင်နဲ့ GSCB တို့ နိုင်ငံတကာရဲစွမ်းသတ္တိနှင့် တာဝန်ယူမှုဆိုင်ရာဆု ရရှိ
၃။ငပြီကျွန်း တိုက်ပွဲမှာ စစ်ကော်မရှင် သင်္ဘောတစ်စီး မီးလောင်ခဲ့ပြီး တပ်ဖွဲ့ဝင် ၃၀ ကျော်ကို ဖမ်းဆီးခံရ
၄။ချင်းအမျိုးသား စစ်မှုထမ်း မူဝါဒတချို့ ပြင်ဆင်လိုက်ပြီး အရွယ်ရောက်သူတိုင်း စည်းရုံးရေးပုံစံနဲ့ အန္ဒအလျောက် တပ်သားသစ် စုဆောင်းမယ်ဟုဆိုစတဲ့ သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။
အခုပထမဆုံးအနေနဲ့
၁။။ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ
========================
m.CDM၊ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက ရွာတွေကို အာဏာသိမ်း အကြမ်းဖက်စစ်တပ်က ဒီနေ့ မနက်အစော ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိထားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
အောက်တိုဘာ ၁၂ ရက် မနက် ၃ နာရီဝန်းကျင်ကနေ ၄ နာရီခွဲဝန်းကျင်အထိ တံတားဦးလေတပ်က တက်လာတဲ့ Y-12 လေယာဉ်က ဝက်လက်မြို့နယ်အနောက်ခြမ်းကရွာတွေကို လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်လုပ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရတာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ချိန်ဟာ အများပြည်သူ အိပ်မောကျနေနေချိန်ဖြစ်ပြီး မဲကုန်းနဲ့ ဥယျာဉ်မရွာတို့ကို အဓိကထား ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ Y-12 လေယာဉ်ဟာ အချိန် တနာရီကျော်အတွင်း ဗုံးသီး ၃၅ လုံးကြဲချခဲ့တာကြောင့် မဲကုန်းရွာက ပြည်သူ ၄ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရခဲ့သလို ရေထွက်ရွာက ၄ ဦး၊ ဥယျာဥ်ရွာနဲ့ ကျီးကန်းမြောက်ရွာ တဦးစီ ဒဏ်ရာရထားပြီး နေအိမ်အချို့ ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေကို အသိပေးနေတဲ့ Wetlet Information Network က ထုတ်ပြန်ထားပါတယ်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပြည်သူတွေ အိပ်နေတဲ့အချိန် အလစ်အငိုက် ဗုံးလာကြဲသွား တဲ့အတွက် ထခိုက်သေဆုံးမှုတွေရှိတယ်လို့ အသိပေးထားပြီးထိခိုက်သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ စိစစ်နေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့အတွက် ပြည်သူလူထုအနေနဲ့ လေကြောင်းအန္တရာယ် သတိပြုနေထိုင်ကြ ဖို့ တော်လှန်ရေးတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
———————————

=====================
m.CDM၊ အောက်တိုဘာ ၁၂
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေတဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု - GSCB ၊ ဒီမိုကရေစီရေးလှုပ်ရှားသူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုထက်မြတ်အောင်တို့ Forum 2000 နိုင်ငံတကာရဲစွမ်းသတ္တိနှင့် တာဝန်ယူမှုဆိုင်ရာဆု ရရှိခဲ့ပါတယ်။
ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့မှာရှိတဲ့ Prague Congress Centre မှာ အောက်တိုဘာ ၁၁ ရက် ညနေပိုင်းက ကျင်းပတဲ့ အကြိမ် ၃၀ မြောက် Forum 2000 ညီလာခံဖွင့်ပွဲအခမ်းအနားမှာ ချီးမြှင့်ခဲ့တာပါ။
ဒီဆုကို ဆဋ္ဌမအကြိမ်မြောက် ချီးမြှင့်ခဲ့တာဖြစ်ပြီး နိုင်ငံတကာကလာတဲ့ ဧည့်သည်တော် ရာပေါင်းများရှေ့မှာ ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌက ပေးအပ်ခဲ့တာဖြစ်ပါတယ်။
Forum 2000 ဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ Jakub Klepal က GSCB နဲ့ တက်ကြွလှုပ်ရှားသူသုံးဦးကို ဆုချီးမြှင့်တာဟာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက် သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေအပြင် ပြင်းထန်တဲ့ ဖိနှိပ်မှု တွေကြားက အကြမ်းမဖက် လူထုခုခံလှုပ်ရှားမှုတွေ ဆက်ပြီး ဖော်ဆောင်နေတာတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ချီးမြင့်ခဲ့တာလို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွက် ပထမဆုံးရရှိခဲ့တဲ့ဒီဆုကို ဆုရရှိသူတွေကိုယ်စား GSCB အင်အားစုက အတွင်းရေးမှူးအဖွဲ့ဝင်တွေ တက်ရောက် ရယူခဲ့ကြပါတယ်။
ကိုတေဇာဆန်းဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုကို အစောဆုံးဆန့်ကျင်ဆန္ဒပြခဲ့တဲ့ မန္တလေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး ကိုနန်းလင်းကတော့ ရန်ကုန်မြို့အခြေစိုက် လူထုသပိတ်လှုပ်ရှားမှုတွေကို ဦးဆောင်သူအဖြစ် ထင်ရှားသူပါ။
ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်ဟောင်းဖြစ်တဲ့ ကိုထက်မြက်အောင်ကတော့ အာဏသိမ်းစစ်တပ် ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်မှုနဲ့ မတရားဖမ်းဆီးခံရပြီး အကျဉ်းကျခံနေရဆဲဖြစ်ပါတယ်။
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB ကလည်း နွေဦးတော်လှန်ရေးစတင်ချိန်ကတည်းက စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက်သောလူထုလှုပ်ရှားမှု (Non-violent Movement) နဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု (Civil Disobedience Movement - CDM) နည်းလမ်းတွေနဲ့ ဆန့်ကျင်တွန်းလှန်နေတဲ့အဖွဲ့ဖြစ်ပြီး နိုင်ငံတဝှမ်းက သပိတ်အဖွဲ့အစည်းပေါင်း ၃၀ ကျော်ပါဝင်တဲ့ အင်အားစုတခုပါ။
Forum 2000 Foundation ကို ၁၉၉၆ ခုနှစ်မှာ ချက်သမ္မတဟောင်း ဗားကလပ် ဟာဗဲလ်၊ ဂျပန် ပရဟိတသမား ယိုဟဲအိ စာဆာကာဝါ နဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် အီလီ ဝီဆဲလ်တို့ ပူးတွဲတည်ထောင်ခဲ့ကြတာဖြစ်ပြီး တနှစ်တကြိမ် ကျင်းပတဲ့ ညီလာခံကို ကမ္ဘာ့အရပ်ရပ်က နိုင်ငံရေးခေါင်းဆောင်တွေ ပညာရှင်တွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေ တက်ရောက်လေ့ရှိပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဒီအဖွဲ့ရဲ့ နိုင်ငံတကာအကြံပေးဘုတ်အဖွဲ့မှာပါဝင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ် ညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောခဲ့ဘူးပါတယ်။

====================
m.CDM အောက်တိုဘာ ၁၂ ရက်။
ရခိုင်ပြည်နယ်၊ ဝီရဌာနီ(ပေါက်တော) မြို့နယ်၊ ငပြီကျွန်း တိုက်ပွဲမှာ စစ်ကော်မရှင်ရဲ့ သင်္ဘောတစ်စီး မီးလောင်ပြီး တပ်သား ၃၀ ကျော် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရတယ်လို့ သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ကတည်းက စစ်ကော်မရှင်တပ်ဟာ စစ်တွေမြို့၊ ရွှေမင်းဂံ ရေတပ်စခန်းကနေ စစ်သ င်္ဘောတွေနဲ့ ငပြိကျွန်းကို ကမ်းကပ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
အောက်တိုဘာလ ၈ ရက်နေ့မှာတော့ လာရောက်ကမ်းကပ်တဲ့ သင်္ဘော ၂ စီးထဲက တစ်စီးကို AA ဘက်က ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ကျန်သင်္ဘောတစ်စီးကနေ စပိတ်ဘုတ်တွေနဲ့ ကမ်းတက်ဖို့ ကြိုးစားလာတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေကိုလည်း အသင့်စောင့်ကြို ချေမှုန်းခဲ့တာကြောင့် ၁၀ ဦးကျော် သေဆုံးပြီး၊ ၃၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်အုပ်စုဘက်က ခမရ (၃၅၄) အပါအဝင် ကွန်မန်ဒို တပ်ဖွဲ့တွေနဲ့ လက်နက်ကြီးတွေကို အင်အားဖြည့် ချထားသလို AA ဘက်ကလည်း အင်အားဖြည့်တင်းပြီး တန်ပြန် ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လ က် ပြင်းထန်နေတယ်လို့ ဆိုပါတယ်။
ငပြီကျွန်းဟာ စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ဝီရဌာနီ (ပေါက်တော) မြို့နယ် ၃ ခုကို ချိတ်ဆက်ပေးထားသလို ရွှေမင်းဂံ ရေတပ်စခန်းနဲ့ တစ်မိုင်ကျော်လောက်သာ ဝေးတာကြောင့် စစ်ရေးအရ အရေးပါတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
တိုက်ပွဲတွေမှာ အထိနာနေတဲ့ အကြမ်းဖက် စစ်တပ်ဟာ လေကြောင်းနဲ့ စစ်သင်္ဘောတွေကို ပုံအော အသုံးပြုကာ ဝီရဌာနီ (ပေါက်တော) မြို့နယ်က ကျေးရွာတွေကို အဆက်မပြတ် ရမ်းကား ပစ်ခတ်နေတယ်လို့ သိရှိရပါတယ်။
----------------------
၄။ပုလောမြို့ အဝင်က စစ်အုပ်စုရဲ့ ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေ ဝင်တိုက်၊ စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၁၀ ဦးခန့် သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ
==================
m.CDM အောက်တိုဘာ ၁၂ ရက်။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က အကြမ်းဖက် စစ်ကော်မရှင် တပ်ရဲ့ ကာကင်းစခန်းနဲ့ စစ်ဆေးရေး ဂိတ်တွေကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ၁၀ ဦးခန့် သေဆုံးခဲ့တ ယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၂ ရက် မနက် ၆ နာရီခွဲခန့်မှာ ပုလောအခြေစိုက် ခလရ (၂၈၅) တပ်ရင်းနဲ့ မီတာ ၅၀၀ လောက် အကွာက မကျည်းကုန်းရွာ ကာကင်း စခန်းကို KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့နဲ့ မြိတ်ခရိုင်၊ အမှတ် (၁) PDF တပ်ရင်း (တပ်ခွဲ ၂) တို့က ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။
တပ်အင်အား ၂၅ ဦးခန့်ရှိ အဆိုပါကာကင်းစခန်းကို နာရီဝက်ခန့်အကြာမှာပဲ တော်လှန်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး၊ မီးရှို့ဖျက်ဆီးခဲ့ကာ မနက် ၇ နာရီခွဲခန့်မှာ အောင်မြင်စွာ ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၁၀ ဦးခန့် သေဆုံးပြီး၊ ၅ ဦး ဒဏ်ရာရခဲ့ကာ ကျန်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွား ကြတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါ့အပြင် MA-1 တစ်လက်၊ MA-3 တစ်လက်၊ Uzi တစ်လက်၊ AK တစ်လက်နဲ့ ၆၀ မမ လက်နက်ကြီး တစ်လက် အပါအဝင် ခဲယမ်းတချို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေချိန် မနက် ၆ နာရီခန့်ကနေ ၇ နာရီခန့်အထိ ပုလောမြို့ တောင်ဘက်ဝင်ပေါက်က မကျည်းကုန်း စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းအနီးက ဂိတ်တွေမှာလည်း လက်နက်ကြီး၊ လက်နက်ငယ် အသံတွေ ပြင်းပြင်းထန်ထန် ကြားခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဟာ အောက်တိုဘာလ ၁၁ ရက် (မနေ့က) နေ့လယ်ပိုင်း မှာလည်း ပုလောမြို့ အရှေ့မြောက် ဘက်က မိချောင်းသိုက်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့သေးတယ်လို့ သိရှိရပါတယ်။
--------------------
၅။IPU ညီလာခံမှာ နိုင်ငံ ၉ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ သီးခြားတွေ့ဆုံ၊အကြမ်းဖက် စစ်ကော်မရှင်အပေါ် ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းခဲ့
==================
m.CDM အောက်တိုဘာ ၁၂ ရက်။
တန်ဇန်းနီးယားနိုင်ငံ၊ အာရူးရှားမြို့မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (IPU) ညီလာခံအတွင်း မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံ ၉ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ ကနေ ၉ ရက်နေ့ အထိ ပြုလုပ်ခဲ့တဲ့ (၁၅၃) ကြိမ်မြောက် IPU ညီလာခံမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်၊ ဒေါ်ဇင်မာအောင် ဦးဆောင်တဲ့ မြန်မာအဖွဲ့ဟာ မလေးရှား၊ နော်ဝေး၊ ကနေဒါ၊ ဘာရိန်း၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ ပိုလန်၊ UK နဲ့ အရှေ့တီမော နိုင်ငံတွေက ကိုယ်စားလှယ်အဖွဲ့တွေနဲ့ သီးခြား တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။
ထိုသို့တွေ့ဆုံချိန်မှာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ လွတ်မြောက်နယ်မြေတွေက အုပ်ချုပ်ရေး ယန္တရားတွေ ကို ရှင်းလင်းတင်ပြခဲ့ပြီး၊ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးပို့ရေး အတွက်လည်း ဆွေးနွေးခဲ့ ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဥပဒေမဲ့ဖမ်းဆီးမှုတွေ၊ အဓမ္မ စစ်သားစုဆောင်းမှု တွေနဲ့ အတုအယောင်လွှတ်တော် ဖန်တီးဖို့ ကြိုးစားနေတာတွေကိုလည်း အသိပေးတင်ပြခဲ့တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပူးပေါင်းပြီး ငွေရှာနေတာကြေ ာင့် ဒေသတွင်း လုံခြုံရေးကို ထိခိုက်နေပြီး၊ ဒီရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ စစ်ကော်မရှင် အပေါ် ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ တိုးမြှင့်ဖို့ကိုလည်း တိုက်တွန်းဆွေးနွေး ခဲ့တယ်လို့ သိရှိရပါတယ်။
-----------------------
၆။ချင်းအမျိုးသား စစ်မှုထမ်း မူဝါဒတချို့ ပြင်ဆင်လိုက်ပြီး အရွယ်ရောက်သူတိုင်း စည်းရုံးရေးပုံစံနဲ့ အန္ဒအလျောက် တပ်သားသစ် စုဆောင်းမယ်ဟုဆို
==================
m.CDM အောက်တိုဘာ ၁၂ ရက်။
ချင်းပြည်အစိုးရ၊ Chinland Council က သတ်မှတ်ပြဌာန်းထားတဲ့ အမျိုသားစစ်မှုထမ်း မူဝါဒအချို့ကို ပြန်လည် ပြင်ဆင်လိုက်ပြီး ချင်းပြည်နယ်အတွင်း အရွယ်ရောက်သူတိုင်း စစ်မှုထမ်းနိုင်ရေးကို ပြည်သူ့စည်းရုံးရေး အသွင်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်ကနေ အောက်တိုဘာလ ၂ ရက်အထိ ချင်းလုံမြို့မှာ ပြုလုပ်ခဲ့တဲ့ ချင်းလန်းကော င်စီ၊ ဦးဆောင်အဖွဲ့ ပုံမှန်အစည်းအဝေးမှာ အမျိုးသား စစ်မှုထမ်းမူဝါဒ၊ ချင်း စစ်ဘက်ဆိုင်ရာ တရားရုံးနဲ့ စွန့်လွှတ် ပေးဆပ်ခဲ့သူများဆိုင်ရာ မူဝါဒ အသစ်တွေကို ပြင်ဆင် အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။
ပြင်ဆင်လိုက်တဲ့ စစ်မှုထမ်း မူဝါဒမှာ အသက်ကန့်သတ်ချက်ကို သတ်မှတ်မထားတော့ဘဲ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့အချက်နဲ့ အစားထိုးလိုက်သလို ပြည်နှင်ဒဏ်ပေးမယ်ဆိုတာကိုလည်း ပယ်ဖျက်လိုက်တယ် လို့ သိရပါတယ်။
ဒါ့အပြင် စစ်မှုထမ်းခေါ်ယူရာမှာလည်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာမျိုးမလုပ်ဘဲ မိမိဆန္ဒနဲ့အညီ ပြည်သူ့ စည်းရုံးရေးအသွင်နဲ့ တပ်သားသစ် စုဆောင်းသွားမယ်လို့ ချင်းပြည်ကောင်စီ ရဲ့ ဒု-ဥက္ကဋ္ဌ ဖြစ်သူ Pu Bawi Kung က ဆိုပါတယ်။
ဒီအစည်းအဝေးမှာပဲ ချင်းအမျိုးသား တပ်မတော် (CNA)၊ ချင်းကာကွယ်ရေး တပ်ဖွဲ့ (CDFs) ၁၉ ဖွဲ့နဲ့ ချင်းပြည် အစိုးရတပ်ဖွဲ့ (CGF) တို့အတွက် ကာကွယ်ရေးဥပဒေမပြဋ္ဌာန်းခင် ကျင့်သုံးနိုင်ဖို့ တပ်တွင်းတရားရုံး၊ တိုင်းအဆင့် တရားရုံး၊ စစ်တရားရုံးချုပ် အစရှိတဲ့ စစ်ဘက်တရားရုံး ဖွဲ့စည်းပုံနဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကိုလည်း ချမှတ် အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် မူဝါဒအသစ်တစ်ခု အနေနဲ့ အာဏာရှင် တော်လှန်ရေးမှာ စွန့်လွှတ်အနစ်နာခံ ပါဝင်ခဲ့ကြသူတွေအတွက် ဘဝအာမခံချက် ဖြစ်စေမယ့် “စွန့်လွှတ်ပေးဆပ်ခဲ့သူများဆိုင်ရာ မူဝါဒ” ကိုလည်း ရေးဆွဲ အတည်ပြုနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။
———————————
၇။မြိတ်ခရိုင်၊ တပ်ရင်း (၁) က ကျဆုံးရဲဘော် ၅၃ ဦးအတွက် ၅ နှစ်ပြည့် ဆွမ်းကျွေးလှူဒါန်း၊စစ်အုပ်စုနဲ့ပူးပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ DSNDF သတိပေး
=====================
m.CDM အောက်တိုဘာ ၁၂ ရက်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တပ်ရင်း ၁ က တော်လှန်ရေးကာလ ၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျဆုံးသွားတဲ့ သူရဲကောင်း ရဲဘော်တွေအတွက် ဆွမ်းကျွေး တရားနာပွဲ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီအလှူကို သြစတြေးလျနိုင်ငံရောက် ကိုဝင်းအောင် က ငွေကျပ် သိန်း ၃၀ လှူဒါန်းပေးခဲ့တာဖြစ်ပြီး ကျဆုံးရဲဘော် ၄၉ ဦးနဲ့ အရန်ရဲဘော် ၄ ဦး တို့အတွက် ရည်စူး ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အခမ်းအနားမှာ ကျဆုံးရဲဘော်တွေကို အလေးပြုတာ၊ သံဃာတော်တွေကို ဆွမ်းနဲ့ဝတ္ထုငွေ လှူဒါန်းတာတွေအပြင် တက်ရောက်လာတဲ့ ပြည်သူတွေကိုပါ ကျွေးမွေး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
တဖက်မှာလည်း ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်နဲ့ ပေါင်းပြီး ပြည်သူကို ဒုက္ခပေး နေသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေးတပ်တော် (DSND F) က အောက်တိုဘာလ ၁၂ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ရွာငံမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကနေ ဒီနေ့အထိ အင်အားထောင်ချီပါတဲ့ စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုး နေပြီး ပြည်သူတွေကို ဖမ်းဆီး၊ သတ်ဖြတ်တာ၊ မုဒိန်းကျင့်တာ နဲ့ ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူစားသောက်တာ တွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ သစ်စေးကုန်းရွာကို ဒရုန်းနဲ့ အကြောင်းမဲ့ ဗုံးကြဲခဲ့တာကြောင့် ပြည်သူပိုင် နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေမှာ ပွင့်လင်းရာသီရောက်လာတာကြောင့် စစ်အုပ်စုလက်အောက်ခံတွေက နယ်မြေအေးချမ်းသယေ ာင် ဝါဒမှိုင်းတိုက်ပြီး လုပ်ဆောင်မယ့် ပွဲလမ်းသဘင်တွေကို ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ တိုက်တွ န်း ထားပါတယ်။
ထို့အပြင် အကြမ်းဖက် စစ်တပ်ကို လမ်းပြပေးတာ၊ တော်လှန်ရေး အဖွဲ့တွေကို ထောက်ပံတယ်ဆိုပြီး ပြည်သူကို ချောက်ချ ငွေညှစ်တာတွေ လုပ်နေတဲ့ သတင်းပေးတွေကို အတိအကျသိထားပြီး၊ ပြင်းပြင်းထန်ထန် အရေးယူသွ ားမယ်လို့ ဆိုပါတယ်။
အထူးသဖြင့် သင်္ကန်းခြုံထားပြီး စစ်အရာရှိတွေနဲ့ပေါင်းကာ ပြည်သူကို ငွေညှစ်နေတဲ့၊ တော်လှန်ရေး ရဲဘော်တွေ ကို အလင်းဝင်ဖို့ စည်းရုံးတာတွေ လုပ်နေတဲ့ သူတွေကိုလည်း ရပ်တန်းကရပ်ဖို့ ပြင်းပြင်းထန်ထန် သတိပေးထား ပါတယ်။
------------------------
၈။ရန်ကုန်မှာ အပူချိန် လွန်ကဲပြီး သက်ကြီးပိုင်း ၂ ဦး လမ်းမပေါ် မူးလဲကျ၊ တစ်ဦး သေဆုံး၊မြန်အောင်မှာ ဆည်ဘောင်ပြိုကျပြီး ကျိုးပေါက်နိုင်တဲ့ အန္တရာယ်ကြောင့် ပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းနေရ
======================
m.CDM အောက်တိုဘာ ၁၂ ရက်။
ရန်ကုန်တိုင်း၊ ကျောက်တံတား မြို့နယ်မှာ အပူချိန် လွန်ကဲမှုကြောင့် လမ်းသွားလမ်းလာ သက်ကြီးပိုင်းတွေ မူးလဲ တာမျိုးတွေ ရှိနေပြီး၊ အောက်တိုဘာလ ၁၂ ရက်နေ့က အမျိုသား ၁ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ အမျိုးသားဟာ မနက် ၁၁ နာရီခွဲလောက်က ဆူးလေဘုရားလမ်းနဲ့ အနော်ရထာ လမ်းထောင့်မှာ မူးလဲကျ သွားတာဖြစ်ပြီး၊ အရန်မီးသတ်တပ်ဖွဲ့က သွားရောက်ကူညီချိန်မှာတော့ အသက်မရှိတော့ဘူးလို့ ဆိုပါတယ်။
သေဆုံးသူဟာ တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် အငှားယာဉ်မောင်း ဦးအောင်ဌေး ဖြစ်ပြီး၊ သူ့မှာ သွေးတိုးရောဂါအခံ ရှိတာကြောင့် အပူရှပ်ပြီး အသက်ဆုံးရှုံးခဲ့ရတာလို့ နီးစပ်သူတွေက ပြောပါတယ်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့၊ ညနေပိုင်းကလည်း ကျောက်တံတားမြို့နယ် ၄၈ လမ်းထိမ်မှာ သက်ကြီးပိုင်း အမျိုးသမီး တစ်ဦး အပူရှပ်ပြီး မူးလဲခဲ့ပေမယ့် သတိပြန်လည်လာတာကြောင့် နေအိမ်ကို ပြန်လည် ပို့ဆောင်ပေးခဲ့ရတယ်လို့ သိရပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ စူပါအယ်လ်နီညို ကြောင့် ဆောင်းရာသီ ဝင်လာပေမယ့် အပူရှိန်တွေ မြင့်တက်လာနေပြီး၊ အောက်တိုဘာ ၁၀ ရက်နေ့က ဇောင်းတူနဲ့ ဖျာပုံ ဒေသတွေမှာ ဆယ်စုနှစ်ချီအတွင်း အပူချိန် အမြင့်ဆုံး စံချိန်တင် တဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရှိရပါတယ်။
တစ်ဖက်မှာလည်း ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က မမြရေလှောင်တမံ ဘောင်ဟာ အောက်တိုဘာ ၁၂ ရက်၊ ဒီကနေ့ မနက်ပိုင်းမှာ ထပ်မံ ပြိုကျလာပြီး၊ တမံ ကျိုးပေါက်သွားနိုင်တဲ့ အန္တရာယ်ကြောင့် ပြည်သူတွေ အရေးပေါ် ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
မနက်အစောပိုင်းမှာ မြေသားတွေ ထပ်မံနိမ့်ကျလာတာကြောင့် အရေးပေါ် ရေပိုလွှဲကနေ ရေတွေ ထပ်မံ ထုတ်လွှတ်နေရပြီး ရေပမာဏ လျော့နည်းသွားပေမယ့် အချိန်မရွေး ကျိုးပေါက်နိုင်တဲ့ အခြေအနေမှာ ရှိနေတယ် လို့ ဆိုပါတယ်။
ထို့ကြောင့် တမံ အောက်ဘက်မှာရှိတဲ့ မြန်အောင်နဲ့ အင်္ဂပူ မြို့နယ်တွေက ကျေးရွာပေါင်း ၅၀ ကျော်ဟာ ရေဘေး အန္တရာယ်ကို သတိပြုနေရပြီး၊ ဒေသခံတွေကို ဘေးလွတ်ရာ ကုန်းမြင့်တွေဆီ အရေးပေါ် ရွှေ့ပြောင်းပေးနေရတာ လည်း ဖြစ်ပါတယ်။
မနက်ပိုင်းမှာပဲ ငါးဗျေမအင်းရွာက ပြည်သူ ၅၆ ဦးဟာ မဟာသိဝ ဘုရားကုန်းတော်ပေါ်ကို ထပ်မံရောက် ရှိလာပြီး၊ သူတို့ရဲ့ စားသောက်ရေးအတွက် ဒုလ္လဘရဟန်း ၂၉ ပါးက မြို့ပေါ်မှာ လှည့်လည်ဆွမ်းခံထွက်ဖို့ စီစဉ်နေ တယ်လို့ သိရှိရပါတယ်။
ဒီနေ့အတွက် m.CDM ပြည်တွင်းသတင်း အစီအစဉ် ဒီမှာပဲ ရပ်နားခွင့်ပြုပါရှင်/ခင်ဗျာ၊အခုတင်ပြပေးခဲ့တဲ့သတင်းတွေကို ကိုသစ်နှင့်လူလေးတို့က ပေးပို့ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းတွေအတွက် ကျတော်/ကျမတို့ရဲ့ Channel ကို ကျေးဇူးပြုပြီး Subscribe လုပ်ပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်/ခင်ဗျာ။
--

Send email to - editors@moemaka.net to contact and contribute with us!
MoeMaKa on the Facebook Page from here (For Burma / Myanmar User)
MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible. This organization has been in operation for more than 20 years. EIN - 26-1387654
No comments:
Post a Comment