22th Dec 2021 - Evening Daily News by Radio NUG


ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များနဲ့ နောက်ဆုံး ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌ရှမ်းမြောက် တအောင်း(ပလောင်)ဒေသ မန်တုံမြို့နယ် ကျမ်ကားကျေးရွာမှာ ကိုယ်ထူကိုယ်ထ သောက်သုံးရေနဲ့ ရေအားလျှပ်စစ်မီး ရရှိဖို့အတွက် ငွေကြေး အခက်အခဲဖြစ်ပြီး အကူအညီလိုအပ်နေ
📌လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားပီး ပြည်သူများကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြ
📌KNU တပ်မဟာ ၂ မှာလည်း တိုက်ပွဲဖြစ်ပွားနေပီး စစ်ကောင်စီဘက်က အထိနာသေဆုံးနေ
📌ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌ရှမ်းမြောက် တအောင်း(ပလောင်)ဒေသ မန်တုံမြို့နယ် ကျမ်ကားကျေးရွာမှာ ကိုယ်ထူကိုယ်ထ သောက်သုံးရေနဲ့ ရေအားလျှပ်စစ်မီး ရရှိဖို့အတွက် ငွေကြေး အခက်အခဲဖြစ်ပြီး အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

ကျေးရွာအတွင်း သောက်သုံးရေ ရရှိနိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်မှာ ရွာသားတွေက စတင် လုပ်ဆောင်နေကြတာပဲ ဖြစ်ပါတယ်။ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ပညာနန္ဒက “ရေပိုက်တော့ အကုန်ဝယ်ထားပြီးပြီ။ ရေက တောင်အောက်မှာ ရှိနေတယ်ဆိုတော့ မတက်လာနိုင်ဘူး။ လျှပ်စစ်မီးနဲ့ စွဲတင်မှရမယ်။ မော်တာလည်း ဝယ်ပြီးပြီ။ လက်ခ ပေးဖို့က ငွေ မလောက်ဘူး” လို့ ရွှေဖီမြေကို မိန့်ပါတယ်။ ရေနဲ့ လျှပ်စစ်မီး ရရှိဖို့အတွက် ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတာဖြစ်ပြီး သိန်း (၂၀၀)နီးပါး ကုန်ကျမှာဖြစ်ပြီးတော့ လက်ရှိမှာ ကုန်ကျစရိတ် သိန်း (၉၀)နီးပါး လိုအပ်နေသေးတယ်လို့ ဆရာတော်က မိန့်ပါတယ်။ကျမ်ကားကျေးရွာမှာ အိမ်ခြေ (၅၀)ရှိပြီးတော့ လူဦးရေ (၃၉၀)ဦးရှိကြောင်း သိရပါတယ်။

========================

📌📌လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားပီး ပြည်သူများကို စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြပါတယ်

ဒီပဲယင်းမြို့နယ် နှောဒေသရှိကျေးရွာများအား စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းပြီးနောက် လူသားဒိုင်းပမာ အသုံးပြုရန် ဖမ်းသွားသည့် ပြည်သူသုံးဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း နှောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Hnaw PDF) မှ သတင်းထုတ်ပြန်ခဲ့ပါတယ်
ဒီဇင်ဘာလ ၂၁ ရက်နေ့ အသိပေးထုတ်ပြန်ချက်တွင် သင်ခန်းစာယူပီးကြိုတင်ရှောင်ရှားနိုင်ကြရန်ရည်ရွယ်ပီးအသိပေးခြင်းဖြစ်ကြောင်း ပါရှိပါတယ်
"အပြစ်မဲ့ပြည်သူသုံးဦးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတာဖြစ်ပီး ဒီဇင်ဘာ ၂၀ ရက် ညနေ ၂ နာရီခန့်အချိန်တွင် ရဟတ်ယာဥ်ဆင်းသက်ရာအနီးတွင် ရက်စက်စွာသတ်ဖြတ်ထားခဲ့တာ ဖြစ်တယ်လို့ Hnaw PDF က ပြောပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ နှောဒေသ ဆယ်တောအုပ်စု ဆုံကုန်းကျေးရွာမှဖြစ်ပါတယ်။ အဆိုပါ ဆုံကုန်းရွာခံသုံးဦးမှာ ဦးမြတ်သင်း (၅၀ နှစ်ခန့်)၊ ဦးမျိုးနိုင်(ခ)ငမျို့(၄၀ နှစ်ခန့်)နှင့် မောင်အောင်ဌေး(၁၂ နှစ်)တို့​ဖြစ်ပြီး မောင်ဌေးအောင်မှာ စိတ်ပေါ့သွပ်သူတစ်ဦးဖြစ်ကြောင်း ​Hnaw PDF က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရက်စက်စွာအသတ်ခံရသူများအတွက်မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါတယ်။ဘဝဆက်တိုင်းအခုလိုအာဏာရှင်စနစ်ဆိုးနှင့်ကင်းဝေးပါစေ။
ယခုအဖြစ်ကိုသင်ခန်းစာယူ၍ အများပြည်သူအအနေနှင့် စစ်ကောင်စီတပ်များရဲ့ အန္တရာယ်ကို အထူးသတိပြုရှောင်ရှားကြပါဟုတိုက်တွန်းပါကြောင်း ရေးသားထားတာတွေ့ရပါတယ် အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်အာဏာရှင်ကို ပြင်းထန်စွာ ဆန့်ကျင်တော်လှန်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးရွာများတွင် ဖမ်းဆီးမိတဲ့လူတိုင်းကို PDF ဟု စွပ်စွဲသတ်ဖြတ်ခြင်း ရွာကို မီးရှို့ဖျက်စီးခြင်း၊ ရွာသားများကို လူသားဒိုင်းသဖွယ်အသုံးပြုခြင်း
စတဲ့ စစ်ရာဇဝတ်မှုများကို နေ့စဉ်နီးပါးကျူးလွန်လျက်ရှိပါတယ်။

========================

📌📌KNU တပ်မဟာ ၂ မှာလည်း တိုက်ပွဲဖြစ်ပွားနေပီး စစ်ကောင်စီဘက်က အထိနာသေဆုံးနေကြပါတယ်

ပဲခူးတိုင်း တောင်ငူခရိုင်အတွင်းက KNU - KNLA နှင့် စစ်ကောင်စီတို့ နှစ်ရက်ဆက်တိုက်ပွဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဘက်က ရှစ်ဦးသေတယ်လို့ သိရပါတယ် စစ်ကောင်စီဟာ ကေအန်ယူနယ်မြေတွေဖြစ်တဲ့ ဖာပွန်ခရိုင် တပ်မဟာ ၅ ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ စတဲ့ စစ်မျက်နှာတွေမှာ ဝင်ရောက်ကျူးကျော်မှုကြောင့်ပြင်းထန်တဲ့ခုခံစစ်ကိုရင်ဆိုင်နေရပီး နေ့စဉ် အထိနာနေဆဲဖြစ်ပါတယ်။ စစ်ကောင်စီဘက်က အထိနာတိုင်းမှာလည်း ဒေသခံရွာသူရွာသားတွေဟာ ဗုံးကြဲလေယာဉ်တွေဘယ်ချိန်ရောက်လာမလဲဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ စစ်ဘေးလုံခြုံရာ အရပ်တွေဆီသာမက ထိုင်းနိုင်ငံကဲ့သို့ တဖက်နိုင်ငံကို ပြေးဝင်ခိုလှုံနေကြသူတွေ တိုးပွားနေဆဲဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူခရိုင်အတွင်း KNU/KNLA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်နဲ့ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ခဲ့ပီး ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတပ်မဟာ(၂) တပ်ရင်း(၆) လေးလုံးပင်ဒေသကို စစ်ကောင်စီနယ်ကျွံလာတဲ့အတွက် တနာရီနီးပါး ခုခံတိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ရှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိတဲ့အပြင် လက်နက် ကိုးလက် သိမ်းဆည်းရမိခဲ့တယ်လို့ KNU/KNLA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တခုက အသိပေးထားပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၂၁ ရက်မှာလဲ တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ ထန်းတပင်မြို့နယ် က ဆယ်ဒိုတောင်ကြီးအရှေ့ဘက်မှာစစ်ကောင်စီတပ် နှင့် KNU/KNLA နဲ့ PDF ပူးပေါင်းတပ်များ ထပ်မံတိုက်ပွဲဖြစ်ခဲ့ပါတယ် ။ စစ်ကောင်စီရဲ့ ကျူးကျော်မှုကြောင့်
ပူးပေါင်းတပ်တွေနဲ့ အခုလို ခုခံတိုက်ပွဲဖြစ်ပွားနေတဲ့အပေါ် PDF တာဝန်ရှိသူတဦးက ခုလိုပြောပါတယ်
"တပ်မဟာ(၂)ထဲတော့ မှန်တယ်။ ဒီနေ့ဖြစ်တာက တောင်ကြီးဘက် ဆွဲမိုင်းကွဲတာ ၉ လုံးရှိပြီအခု"လို့ သူက ပြောပါတယ်။
ဒီဇင်ဘာလ ၂၁ ရက် တိုက်ပွဲနဲ့ ပတ်သက်ပြီး တိုက်ပွဲအခြေနေအသးစိတ်နဲ့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ မသိရသေးပါဘူး။
လက်ရှိအချိန်ထိတော့ KNU တပ်မဟာ(၂) ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းထက်မနည်း ထိုးစစ်ဆင်ဖို့ပြင်ဆင်နေပါတယ်။ ဒီဇင်ဘာ ၂၁ ရက်နေ့မှာပဲ အထိနာနေဆဲ စစ်ကောင်စီဟာ အင်အား ၁၀၀ ခန့် ထပ်မံအင်အားဖြည့်တင်းနေကြောင်း သိရပါတယ်။

========================

📌📌ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ ကို ပြန်လည်ဖတ်ကြားပေးပ့ါမယ်
သတင်းခေါင်းစဉ်တွေကတော့ -
- အမျိုးသားညီညွတ်ရေးအစိုးရ၏ ပုံမှန်အစည်းအဝေး (၃၆/၂၀၂၁) ကိုကျင်းပခဲ့တဲ့သတင်း
- တိုက်ပွဲရှောင်မြန်မာဒုက္ခသည်တွေကို အရေးပေါ်အကူအညီပေးရန် ထိုင်းအစိုးရက ကုလသမဂ္ဂထံတောင်းဆိုလိုက်တဲ့သတင်း
- H&M ၊ Zara အပြင် ထိပ်တန်းအမှတ်တံဆိပ်များ ပါဝင်သည့် ACT အဖွဲ့က မြန်မာနိုင်ငံရှိ လုပ်ဆောင်ချက်များ ရပ်နားရန် ဆုံးဖြတ်တဲ့သတင်း
- အာဏာသိမ်းအုပ်စုလူကြီးလမ်းကြောင်းကိုပေါ်ပေါ်ထင်ထင်ကြိုဆိုဖို့ ဖိအားပေးခံနေရပီး စစ်တပ်ထုတ်ကုန်အားပေးသူအချို့ရပ်တန့်ကုန်ကြတဲ့သတင်း
- တရုတ်ဘက်က တင်းကြပ်မှုတွေကြောင့် သစ်သီးတင်ပို့ရောင်းချမှု အရှုံးများနေတဲ့သတင်း
- မြစ်ကြီးနားမြို့ မနောကွင်းတွင် အကြမ်းဖက်စစ်တပ်ဦးဆောင်ကျင်းပခဲ့သော ခရစ္စမတ်ပွဲအား ကချင်လူမှုအဖွဲ့အစည်းတွေက ရှုံ့ချလိုက်တဲ့သတင်း
- လေးကေ့ကော်တိုက်ပွဲ ၇ ရက်မြောက်ငြိမ်သက်နေသော်လည်း စစ်ဘေးရှောင်များထပ်မံပြောင်းရွေ့နေဆဲသတင်း
- လူသားဒိုင်းအဖြစ်ဖမ်းဆီးသွားပြီး ပြည်သူများကို စစ်ကောင်းစီက သတ်ဖြတ်ခဲ့ကြတဲ့သတင်း
- KNU တပ်မဟာ ၂ မှာလည်း တိုက်ပွဲဖြစ်ပွားနေပီး စစ်ကောင်စီဘက်က အထိနာသေဆုံးနေတဲ့သတင်း
- ရှမ်းမြောက် တအောင်း(ပလောင်)ဒေသ မန်တုံမြို့နယ် ကျမ်ကားကျေးရွာမှာ ကိုယ်ထူကိုယ်ထ သောက်သုံးရေနဲ့ ရေအားလျှပ်စစ်မီး ရရှိဖို့အတွက် ငွေကြေး အခက်အခဲဖြစ်ပြီး အကူအညီလိုအပ်နေတဲ့သတင်း စသည်တို့ဖြစ်ပါတယ်။





#RadioNUGLocalNews
#SpringRevolution

Share:

No comments:

Post a Comment