23th Dec 2021 - Evening Daily News by Radio NUG

ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များနဲ့ နောက်ဆုံး ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌CDM ပြုလုပ်လျက်ရှိသော ပုဂ္ဂလိကဘဏ်ဝန်ထမ်း များအပေါ် ခြိမ်းခြောက်မှုမပြုရန် NUG ကသတိပေးကြေညာ
📌ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် စည်ပင်သာယာဝန်ကြီး ဦးအောင်မင်းတို့ကို စစ်ကောင်စီက နောက်ထပ်ပုဒ်မတပ်ပီးတရားစွဲနေပါတယ်
📌ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌CDM ပြုလုပ်လျက်ရှိသော ပုဂ္ဂလိကဘဏ်ဝန်ထမ်း များအပေါ် ခြိမ်းခြောက်မှုမပြုရန် NUG ကသတိပေးကြေညာလိုက်ပါတယ်

ဘဏ်လုပ်ငန်းရှင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်သော တရားစီရင်ရေး ယန္တရားအား အသုံးပြု၍ CDM ပြုလုပ်လျက်ရှိသော ပုဂ္ဂလိကဘဏ်ဝန်ထမ်း များအပေါ် မတရားဖိနှိပ် ခြိမ်းခြောက်မှုများကို အထူးရှောင်ရှားရန် ကြေငြာချက်အမှတ် (၇/၂၀၂၁)ကို တိကျစွာ လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်လိုက်ပါတယ်။ စီမံကိန်းဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန မှ ဒီဇင်ဘာ ၂၂ ရက်နေ့အဆိုပါထုတ်ပြန်ချက်မှာ အကြောင်းအရာအားဖြင့် သိရှိလိုက်နာဆောင်ရွက်ရန်ဟူ၍ ပါရှိပါတယ် CDM ပြုလုပ်လျက်ရှိသော ပုဂ္ဂလိကဝန်ထမ်းများနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရသည် တသားတည်းရပ်တည်လျက်ရှိကြောင်း ဘဏ်လုပ်ငန်းရှင်များသည် အဆိုပါ CDM ဝန်ထမ်းများအပေါ် မတရားသဖြင့် ဖိနှိပ် ခွဲခြားဆက်ဆံမှုများကိုရပ်တန့်ရန် ထုန်ပြန်ခဲ့ပီဖြစ်ကြောင်းရေးသားထားပါတယ်။ ထို့ကြောင့် ဘဏ်လုပ်ငန်းရှင်များသည် အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်သော တရားစီရင်ရေးကိုအသုံးပြုလျက် ပုဂ္ဂလိက CDM ဝန်ထမ်းများအပေါ် ခြိမ်းခြောက်ဖိနှိပ်မှုများကို ရှောင်ရှားရန် တိကျစွာလိုက်နာဆောင်ရွက်ရန် ထုတ်ပြန်လိုက်သည်ဟု ရေးသားပါရှိပါတယ်။

========================

📌📌ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် စည်ပင်သာယာဝန်ကြီး ဦးအောင်မင်းတို့ကို စစ်ကောင်စီက နောက်ထပ်ပုဒ်မတပ်ပီးတရားစွဲနေပါတယ်

အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ခံအစိုးရ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဦးညီပုကို နိုင်ငံတော် အကြည်ညိုပျက်စေမှုဥပဒေပုဒ်မ- ၅၀၅(ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ် ချမှတ်ထားတာပါ။ ထို့ပြင် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်ကိုလည်း ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၅ အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ လစီ ချမှတ်ထားပါတယ် ဒါ့အပြင် ဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်အောင်တို့နှစ်ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၃၀(က)ဖြင့် အာဏာသိမ်းအုပ်စုဘက်က ထပ်တိုးတရားစွဲဆိုထားကြောင်း ရှေ့နေထံမှသိရပါတယ်။ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးသူရိန်ထွဋ်က တရားလိုပြုလုပ်ကာ စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲဆိုထားတယ်လို့ ကြားသိရပီး တရားဆိုစွဲသည့်ကိစ္စနှင့်ပတ်သက်၍ တရားလိုဖြစ်သူ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ် ရွေးကော်အတွင်းရေးမှူး ဦးသူရိန်ထွဋ်က “ပြောလို့မရဘူးခင်ဗျာ။ အဲဒါ နောက်မှတရားဝင်ထုတ်ပြန်မှပြောလို့ရမယ်” လို့ ဒေသခံသတင်းမီဒီယာတခုကိုဖြေကြားခဲ့ပါတယ်
ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်အောင်တို့ကို ယနေ့(ဒီဇင်ဘာ ၂၂ ရက်)တွင် Video Conferencing ဖြင့် ရုံးချိန်းပေးခဲ့ကြောင်း ဝန်ကြီးများထံမှတစ်ဆင့်သိရပါတယ်။ အဆိုပါ ထပ်တိုးတရားစွဲဆိုထားသည့် ရာဇသတ်ကြီးပုဒ်မ-၁၃၀(က)နှင့်ပတ်သက်ပီး လာမည့်ဇန်နဝါရီလ ၅ ရက်နေ့ကို ရုံးချိန်းထားပြီး ယင်းနေ့တွင် ရှေ့နေကိုယ်စားလှယ်လွှဲစာတင်သွားမယ်လို့လည်း သိရပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အဂတိမှုဖြင့်တရားစွဲဆိုခံထားရသူမျးမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဖြစ်ကြပါတယ်။
မြန်မာပြည်တဝန်းမှာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေမှုများ ပြင်းထန်နေစဉ်မှာပဲ မင်းအောင်လှိုင်ရဲ့စစ်ကောင်စီထိန်းချုပ်တဲ့ တရားရုံးများမှာတော့ ရွေးကောက်ခံအစိုးရလက်ထက်က ဝန်ကြီးတွေကို အပြင်းထန်ဆုံးသော ထောင်ဒဏ်တွေ ဆက်လက်ချမှတ်နေဆဲတွေ့ရပါတယ်
အာဏာသိမ်းမှုပြီးနောက်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်ကိုလည်း အပြင်းထန်ဆုံးထောင်ဒဏ် ၇၇ နှစ်ထိ ချမှတ်ထားတဲ့အပြင် ဒီဇင်ဘာလ ၂၂ ရက်နေ့ မှာလည်း စစ်ကောင်စီတရားရုံးက နောက်ထပ် ထောင်ဒဏ်သုံးနှစ်ချမှတ်မှုကြောင်း ထောင်ဒဏ် နှစ် ၈၀ ထိကျခံရဖို့ရှိကြောင်း သိရပါတယ်။

========================

📌📌ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ခင်းနှင့်နေ့လည်ခင်းတွေမှာတင်ဆက်ခဲ့တဲ့သတင်းခေါင်းစဉ်များ ကို ပြန်လည်ဖတ်ကြားပေးပ့ါမယ်
သတင်းခေါင်းစဉ်တွေကတော့ -
- အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးက မြန်မာနိုင်နယ်စပ်တလျောက်မှာရှိတဲ့ လေးကေ့ကော်စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ်ကူညီနေတဲ့သတင်း
- အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးက သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနရှိ ဝန်ထမ်း ၂၈ ဦီးကို အမည်ပျက်စာရင်းသွင်းထုတ်ပယ်လိုက်တဲ့သတင်း
- လေးကေ့ကော်အနီး သေဘော်ပိုးမှာ တိုက်ပွဲဖြစ်ပွားပြီးနောက်ဒေသခံများဟာ သောင်ရင်းမြစ်ကမ်းနေဘးမှာ လာရောက်တိမ်းရှောင်ခဲ့ရတဲ့သတင်း
- ၃ လတက်ပြီး အတန်းတင်ပေးမယ်ဆိုတဲ့ မိုင်းယု‌လေးရွာ စာသင်ကျောင်းက ဆရာမနဲ့ ကျောင်းသူဆီမှာ ကိုဗစ်ပိုး တွေ့တာကြောင့် ပြန်ပိတ်လိုက်ရတဲ့သတင်း
- မန္တလေးမှာ ကျောက်ရောင်းဝယ်သူ (၂၀၀)ကျော်ကို စစ်တပ်က ဖမ်းဆီး၊ လူတစ်ဦးကို ငွေ (၁၀)သိန်းနဲ့ လာရွေးဖို့ သတင်းတွေ ထွက်ပေါ်နေတဲ့သတင်း
- စစ်ရှောင်အတွက် ကူညီနေသည့် အောင်ပန်းမှ လူငယ်များကို စစ်ကောင်စီ လိုက်ဖမ်းနေ တဲ့သတင်း
- KNLA စစ်ဦးစီးချုပ်က စစ်အာဏာရှင်အစိုးရကို လက်မခံဘူးလို့ ပြောဆိုခဲ့သောသတင်း
- ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းများကို နေရပ်ပြန်ကြဖို့ အာဏာသိမ်းအဖွဲ့က ဖိအားပေးနေတဲ့သတင်း
- ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ယင်းမာပင်မြို့နယ်မှာ ကျေးရွာပေါင်း ၈ ရွာကရွာသူရွာသားတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ သတင်းစသည်တို့ဖြစ်ပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment