မိဘပြည်သူများအား ဖိတ်ခေါ်ခြင်း
=====================
အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍
၁။ သတင်းနှင့် ဆောင်းပါးများ ပေးပို့ခြင်း။
၂။ တော်လှန်ရေး တေးသီချင်းများ ပေးပို့ခြင်း။
၃။ ရေဒီယို ဖမ်းယူရရှိမှု သတင်းပေးပို့ခြင်း။
၄။ ရေဒီယိုအား ငွေကြေးထောက်ပံ့ခြင်း။
စသော လုပ်ငန်းများတွင် တော်လှန်သော နားသောတရှင်များနှင့် မိဘပြည်သူများမှ ပါဝင်ကူညီဆောင်ရွက်နိုင်ပါသည်။
၁။ သတင်းနှင့် ဆောင်းပါးများ ပေးပို့ခြင်း။
**************************************
မြန်မာနိုင်ငံတစ်ဝှမ်းလုံးနှင့် ကမ္ဘာတစ်လွှားက နားဆင်နေကြတဲ့ ပရိတ်သတ်များထဲက မိမိအားသန်ရာ
ကိုယ်ပိုင်ဆောင်းပါး၊ ကဗျာ ၊ သရော်စာ များကို စာမူများ အနေနဲ့သော်လည်းကောင်း အသံဖြင့် ရွတ်ဖတ်၍သော်လည်းကောင်း radionug@mocitmyanmar.org သို့ပေးပို့နိုင်ပါသည်။
မှန်ကန်သော မြေပြင်သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တပြေးညီ ပေးပို့နိုင်မည်ဖြစ်ပြီး Radio NUG ၏ သတင်းနှင့် အစီအစဉ်တာဝန်ခံများမှ ပေးပို့လာသော သတင်းနှင့် ဆောင်းပါးများကို စီစစ် တည်းဖြတ်ပြီး အသံထွက် ထုတ်လွှင့်ပေးလျက်ရှိပါသည်။
၂။ တော်လှန်ရေး တေးသီချင်းများ ပေးပို့ခြင်း။
******************************************
နွေဦးတော်လှန်ရေး၏ အားကောင်းသောကဏ္ဍများထဲတွင် တေးသီချင်းများနှင့် ကဗျာများလည်း အပါအဝင်ဖြစ်သည်။
အနုပညာအားကောင်းသော တော်လှန်ရေး တေးသီချင်းများစွာ ထွက်ပေါ်လျက်ရှိရာ အများစုမှာ ရေဒီယိုတွင် ထုတ်လွှင့်ပြီး ဖြစ်ပါသည်။ တော်လှန်သော အနုပညာရှင် ဂီတပညာရှင်များအနေဖြင့် မိမိတို့၏ တေးသီချင်းနှင့် ကဗျာများကို အောက်ပါ လင့်မှတဆင့် Google form ကို ရယူပြီး ပေးပို့ရန် မေတ္တာရပ်ခံအပ်ပါသည်။
https://forms.gle/9terydp1SV3Armcg6
၃။ ရေဒီယို ဖမ်းယူရရှိမှု သတင်းပေးပို့ခြင်း။
****************************************
မြန်မာပြည်နှင့် ကမ္ဘာတစ်လွှားရှိ ရေဒီယိုဝါသနာရှင်များနှင့် နားသောတရှင်များအနေဖြင့် မိမိတို့ အရပ်ဒေသအလိုက် Radio NUG ၏ လှိုင်းတိုမီတာ ဖမ်းယူရရှိမှုအခြေအနေများအား အောက်ပါ လင့်မှ တဆင့် Google form ရယူပြီး သတင်းပေးပို့နိုင်ပါသည်။

https://forms.gle/vLj4pdNC5Bw3tqDF6
၄။ ရေဒီယိုအား ငွေကြေးထောက်ပံ့ခြင်း။
**************************************
Radio NUG ၏ ဆက်စပ်လုပ်ငန်းများနှင့် လိုအပ်သော ငွေကြေးများထောက်ပံ့နိုင်ရန် Zelle, Paypal တို့မှ
DonateRadioNUG@MoCITMyanmar.org သို့ လည်းကောင်း လှူဒါန်းနိုင်မည်ဖြစ်ပါသည်။

Youtube Channel မှ Video များကို နားဆင်ပေးခြင်းအားဖြင့် ရရှိလာမည် Video View များမှ ရရှိသော ကြော်ငြာငွေများဖြင့်လည်း ပါဝင် ကူညီ ထောက်ပံ့နိုင်ပါသည်။
https://www.paypal.com/donate/...
တတတ်တအား ပါဝင်လိုသော မိဘပြည်သူများနှင့် တော်လှန်သော သောတရှင်များအနေဖြင့်
မိမိတို့ကူညီနိုင်သော အပိုင်းများမှ ဝင်ရောက် ကူညီနိုင်ပါရန် Radio NUG အဖွဲ့သားများမှ ဖိတ်ခေါ်လိုက်ရပါသည်။
တတတ်တအား ပါဝင်လိုသော မိဘပြည်သူများနှင့် တော်လှန်သော သောတရှင်များအနေဖြင့်
မိမိတို့ကူညီနိုင်သော အပိုင်းများမှ ဝင်ရောက် ကူညီနိုင်ပါရန် Radio NUG အဖွဲ့သားများမှ ဖိတ်ခေါ်လိုက်ရပါသည်။
Radio NUG နေ့စဉ် လေလှိုင်းနှင့် အွန်လိုင်းမှ ထုတ်လွှင့်နိုင်အောင် Public Voice Television က အားဖြည့်ကူညီကြပါတယ်။
No comments:
Post a Comment