18th FEB 2022 - Evening Daily News by Radio NUG

၂၀၂၂ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့ ညပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌မိုးဗြဲမှာ တိုက်ပွဲပြန်ဖြစ်နေပြီး ဝါရီဆူးပလှိုင်ရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့
📌မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးလုပ်တာရပ်ဖို့ အာဆီယံကို Justice for Myanmar တိုက်တွန်း
📌ချင်းအမျိုးသားနေ့ကျင်းပ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌မိုးဗြဲမှာ တိုက်ပွဲပြန်ဖြစ်နေပြီး ဝါရီဆူးပလှိုင်ရွာကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့

မိုးဗြဲမြို့တောင်ဘက် ဝါရီဆူးပလှိုင်ရွာကို စစ်ကောင်စီဘက်က မီးရှို့နေပြီး တိုက်ပွဲတွေလည်းပြန်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာနားတွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲတွင် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF ၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်ခဲ့ကြောင်း၊ အထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည် နေ့လယ် ၁ နာရီဝန်းကျင်တွင် သံချပ်ကာအမြှောက်ကား ၂ စီး၊ အကြမ်းဖက်စစ်သား ၁၀၀ ဝန်းကျင် စစ်ကူခေါ်ခဲ့ပြီးနောက် ထပ်မံ အထိနာခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDFက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲပြီးနောက် လက်နက်ကြီး အဆမတန်အသုံးပြုခဲ့သည့်အပြင် ညနေ ၅နာရီ ဝန်းကျင်၌ လေယာဉ်(၂) စီးဖြင့် (၇) ကြိမ်ခန့် ပစ်ခတ်ခဲ့ပြီးနောက် ပြည်သူ့ရဲဘော်များလည်း ထိခိုက်၊ ကျဆုံးမှုများ ရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ကို ရွံ့ရွံ့ချွန်ချွန် ခုခံတိုက်ခိုက်ခဲ့သည့် ပြည်သူရဲဘော်များတွင် မိုးဗြဲ PDF မှ ရဲဘော် (၇)ဦး ကျဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ပါသည်။
"ဒီနေ့မနက်ပိုင်းမှာပဲ ဝါရီဆူးပလှိုင်ရွာ စစ်ခွေးတွေဝင်ပြီး မီးရှို့နေတယ်၊ အဲဒီရွာမှာ အိမ်တွေက ကပ်နေတော့ တော်တော်များများ မီးလောင်မယ်ထင်တယ်။ ကျွန်တော်တို့ သွားကြည့်လို့မရဘူး။ အခုလည်းတိုက်ပွဲတွေပြန်ဖြစ် နေတယ်။ ဒီကောင်တွေက ရွာတွေဘက်ကို ၁၂၀ မမ တွေနဲ့ ဆက်တိုက်ပစ်နေနေတယ်” လို့ Mobye Rescure Team က တာဝန်ရှိသူက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေက ပိတ်ဆို့ထားတာဖြစ်လို့ ပြည်သူတွေ ထွက်လို့မရဘူးလို့လည်းသိရပါတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ ပစ်နေလို့ ပိတ်မိနေတဲ့ပြည်သူတွေကို ထိခိုက်နိုင်တယ်လို့လည်း သိရပါ တယ်။ ဝါရီဆူးပလိုင်ွာဟာ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ကျေးရွာတစ်ရွာလို့လည်း သိရပါတယ်။
အလားတူ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ကံကြီးကုန်းရွာအနီးမှာလည်း မ‌နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့သူတွေထဲမှာ ရွှေဘိုတက္ကသိုလ် ဘူမိဗေဒ တတိယနှစ်ကျောင်းသား မောင်ဇော်လှိုင်မိုးလည်း ပါဝင်တယ်လို့ သိရပါတယ်။
မောင်ဇော်လှိုင်မိုး ကျဆုံးတဲ့အတွက် အထူးဝမ်းနည်းမိကြောင်း၊ အာဇာနည်သူရဲကောင်းအဖြစ် အမြဲအမှတ်ရ ဂုဏ်ယူနေမှာပါလို့ ရွှေဘိုတက္ကသိုလ် ဘူမိဗေဒမိသားစုက ထုတ်ပြန်ထားပါတယ်။
မနေ့ကဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ ခင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲမှာ ကာကွယ်ရေးတပ်ဘက်က ၁၃ ဦးကျဆုံးခဲ့ပြီး အဲ့ဒီကျဆုံးခဲ့သူတွေထဲမှာ မောင်ဇော်မိုးလှိုင်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

========================

📌📌မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးလုပ်တာရပ်ဖို့ အာဆီယံကို Justice for Myanmar တိုက်တွန်း

အာဆီယံအနေနဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ စီးပွားရေးလုပ်နေတာတွေရပ်ဖို့ Justice for Myanmar ကတိုက်တွန်းလိုက်ပါတယ်။
၂၀၂၂ခုနှစ်ရဲ့ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး စတင်ကျင်းပနေတဲ့ ဖေဖော်ဝါရီလ ၁၇ ရက် မှာ Justice for Myanmar က အဲဒီလိုတိုက်တွန်းခဲ့တာပါ။
Justice for Myanmar က စစ်အုပ်စုနဲ့ စီးပွားရေး လုပ်နေတဲ့ အာဆီယံနိုင်ငံတွေထဲက ကုမ္ပဏီ တွေစာရင်းကို လည်း သူ့ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတဲ့အပြင် အာဆီယံနိုင်ငံတွေအနေနဲ့ စစ်အုပ်စုကို
စီးပွားရေး ပိတ်ဆို့အရေးယူဖို့ ပျက်ကွက်နေတယ်လို့ လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာစစ်အုပ်စုကို လက်နက်ပစ္စည်းထောက်ပံ့တာတွေ ရပ်ဖို့နဲ့ အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ အာဆီယံနိုင်ငံ အစိုးရတွေကို ဖိအားပေးဖို့ Justice for Myanmar က တောင်းဆိုပါတယ်။
အလားတူ အရပ်သားအစိုးရကို အာဏာပြန်မလွှဲမချင်း ၁၅ နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်စာချုပ်ပါအတိုင်း မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့ လုပ်ဆောင်ဖို့မရှိဘူးလို့ နယူးဇီလန်က ပြောကြားလိုက်ပါတယ်။
၁၅ နိုင်ငံ ကုန်သွယ်ရေးသဘောတူညီချက်စာချုပ်ဟာ အခုနှစ်ကုန်မှာ စတင်အသက်ဝင်မှာဖြစ်ပြီး နယူးဇီလန်နိုင်ငံအနေနဲ့ တခြားအနောက်နိုင်ငံတွေနည်းတူ စစ်အုပ်စုနဲ့ စစ်ရေးအပါအဝင် တခြားအဆင့်မြင့်ဆက်ဆံရေးတွေကို ရပ်ထားမယ်လို့ AP သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ဖမ်းဆီးထားသူအားလုံးကို ချက်ချင်းပြန်လွှတ်ပြီး အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးဖို့ တောင်းဆိုချက်တွေ မရမချင်း ဆက်ဆံရေးရပ်ထားမှာ ဖြစ်တယ်လို့ နယူးဇီလန်နိုင်ငံခြားရေးဌာနနဲ့ ကုန်သွယ်ရေးဌာန ပြောခွင့်ရက AP သတင်းဌာနကို ပြောပါတယ်။
စာချုပ်ပါ ၁၅ နိုင်ငံထဲက ဂျပန်၊ သြစတေးလျနဲ့ တခြားအာဆီယံ ၁၀ နိုင်ငံက နယူးဇီလန်လို ဆောင်ရွက်မှုရှိ/မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

========================

📌📌အခုဆက်လက်ပြီး ချင်းအမျိုးသားနေ့ကျင်းပမယ်

လာမယ့် ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့တွင် ချင်းအမျိုးသားနေ့ကို အွန်လိုင်းကနေ ကျင်းပမယ်လို့ သိရှိရပါတယ်။ ယင်း ချင်းအမျိုးသားနေ့ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကနေ ဦးစီးကျင်းပတာဖြစ်ပြီး အခြားချင်းအဖွဲ့အစည်းပေါင်းများစွာ ပူးပေါင်းကျင်းပတယ်လို့ သိရှိရပါတယ်။
ချင်းအမျိုးသားနေ့အခမ်းအနားတွင် အမျိုးသားညီညွှတ်ရေးအစိုးရ ယာယီသမ္မတကြီးက တက်ရောက်ချီးမြင့်ကာ မိန့်ခွန်းပြောကြားမယ်လို့ သိရှိရပါတယ်။ တက်ရောက်လာကြသော ချင်းအဖွဲ့အစည်းများ နှင့် အခြားနိုင်ငံရေးအဖွဲ့အစည်းအချို့မှ ကိုယ်စားလှယ်များကလည်း နုတ်ဆက်မိန့်ခွန်းများ ပြောကြားပေးမယ်လို့ သိရှိရပါတယ်။ ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်မယ်လို့ သိရှိပါတယ်။




#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment