သတင်းခေါင်းစဉ်များ -
📌ရန်ကုန်၊ မန္တလေး(အမြန်လမ်း)အတိုင်း မောင်းနှင်လာသော ကောင်စီယာဥ်တန်းအား မိုင်း ၁၀ လုံးဖြင့် KDDF ကဖောက်ခွဲတိုက်ခိုက်၍ စကစတပ်များ ထိခိုက်သေဆုံးနိုင်
📌ကသာမြို့အရှေ့ဘက်ကမ်း သုံးဆယ်ပေ ကျွန်းကမ်းပါးရံမှ စကစရေယာဥ်နှစ်စီးကို ကသာပကဖက ရှော့တိုက် ဒုန်းဖြင့်ပစ်ခတ်ရာ ၃၀ ထက် မနည်းသေဆုံး
📌ရန်ကုန်မြို့ထဲ ခရီးတိုပြေးဆွဲတဲ့ ခရီးသည်တင်ကားပေါ်မှာ အုပ်စုလိုက်ခါးပိုက်နှိုက်အဖွဲ့သောင်းကျန်းနေ
📌နိုင်ငံကူးလတ်မှတ်များကို မတ်လ၂၁ ရက်နေ့မှ စတင်ကာ Online Booking စနစ်ဖြင့်ရက်ချိန်းရယူပြီးမှသာ လျှောက်ထားနိုင်တော့မယ်
📌စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၂ ဦးကို ဆိုင်ကယ်စီးလာတဲ့လူ ၂ ဦးက သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့
📌ထားဝယ်-ထီးခီးလမ်းမှာ KNU တပ်မှူးဟောင်းအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိများအပါအဝင် တပ်သားငါးဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ရန်ကုန်၊ မန္တလေး(အမြန်လမ်း)အတိုင်း မောင်းနှင်လာသော ကောင်စီယာဥ်တန်းအား မိုင်း ၁၀ လုံးဖြင့် KDDF ကဖောက်ခွဲတိုက်ခိုက်၍ စကစတပ်များ ထိခိုက်သေဆုံးနိုင်
ရန်ကုန်၊ မန္တလေး(အမြန်လမ်း)အတိုင်း မောင်းနှင်လာသော ကောင်စီယာဥ်တန်းအား မိုင်း ၁၀ လုံးဖြင့် KDDFကဖောက်ခွဲတိုက်ခိုက်၍ စကစတပ်များ ထိခိုက်သေဆုံးနိုင်ကြောင်းသတင်းရရှိပါတယ်။ မတ်လ ၁၄ ရက် မွန်းလွဲ ၁ နာရီ ၄၅ အချိန် ရန်ကုန်၊ မန္တလေး(အမြန်လမ်း)အတိုင်း မောင်းနှင်လာသော ကောင်စီယာဥ်တန်းအား အမြန်လမ်း မိုင်တိုင် ၃၃၆ မိုင်၊ ၁ ဖာလုံ အရောက်တွင် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ K.D.D.F က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ "ထိခိုက်သေဆုံးများနိူင်တယ်။စစ်ကားကလေးစီးပါ။ မိုင်းဆယ်လုံးနဲ့ဖောက်ခွဲခဲ့ပါတယ်။ ပေါက်ကွဲ ပြီးအချက် ၃၀ လောက် ပြန်ပစ်တာရှိပါတယ်"လို့ ကျောက်ဆည် KDDF ကဆိုပါတယ်။ ကျောက်ဆည် KDDF သည် မကြာခဏ စကစတပ်များကို မိုင်းဆွဲတိုက်ခိုက်၍ စကစတပ်များအထိနာသေဆုံးလျက်ရှိပါတယ်။
========================
📌📌ကသာမြို့အရှေ့ဘက်ကမ်း သုံးဆယ်ပေ ကျွန်းကမ်းပါးရံမှ စကစရေယာဥ်နှစ်စီးကို ကသာပကဖက ရှော့တိုက် ဒုန်းဖြင့်ပစ်ခတ်ရာ ၃၀ ထက် မနည်းသေဆုံး
စစ်ကိုင်းတိုင်း ကသာမြို့အရှေ့ဘက်ကမ်း သုံးဆယ်ပေ ကျွန်းကမ်းပါးရံမှ စကစရေယာဥ်နှစ်စီးကို ကသာပကဖက ရှော့တိုက် ဒုန်းဖြင့်ပစ်ခတ်ရာ ၃၀ထက် မနည်းသေဆုံးတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၄ ရက် ကသာမြို့အရှေ့ဘက်ကမ်း သုံးဆယ်ပေ ကျွန်းကမ်းပါးရံမှ စကစ ရေယာဥ် (၂) စီးမှ တစ်စီးအား ကသာ(ပကဖ)မှ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ကသာမြို့အရှေ့ဘက်ကမ်း သုံးဆယ်ပေ ကျွန်းကမ်းပါးရံမှ စကစ ရေယာဥ် (၂) စီးမှ တစ်စီးအား ကသာ(ပကဖ)မှ ရှော့တိုက်ဒုန်း (၂) လုံးကြွေးရာ (၂) လုံးစလုံး ချက်ကောင်းထိမှန်ပါတယ်။တစ်လုံးမှာ ရေယာဥ်အတွင်း တည့်တည့်ဝင်ကာ ထိမှန်ပေါက်ကွဲခဲ့ပါတယ်။၃၀ထက် မနည်းသေဆုံးတယ်"လို့ဆိုပါတယ်။ စကစတပ်ဘက် မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်သော်လည်း ရဲဘော်များအန္တရယ်ကင်းတယ်လို့သတင်းရရှိပါတယ်။ ကသာပကဖ ပစ်ခတ်တိုက်ခိုက်လို့ သေဆုံးတဲ့စကစတပ်ဖွဲ့ဝင် ရုပ်အလောင်းတွေကို ကုလားသချိုင်း တာဝါတိုင်အနီးမြုပ်နှံတယ်လို့သိရပါတယ်။
========================
📌📌ရန်ကုန်မြို့ထဲ ခရီးတိုပြေးဆွဲတဲ့ ခရီးသည်တင်ကားပေါ်မှာ အုပ်စုလိုက်ခါးပိုက်နှိုက်အဖွဲ့သောင်းကျန်းနေ
ရန်ကုန်မြို့ထဲ ခရီးတိုပြေးဆွဲတဲ့ ခရီးသည်တင်ကားပေါ်မှာ အုပ်စုလိုက်ခါးပိုက်နှိုက်အဖွဲ့သောင်းကျန်းနေတယ်လို့သတင်းရရှိပါတယ်။ မတ်လအတွင်းမှာပဲ ပိုက်ဆံအိတ်ကို အိတ်ခွဲနှိုက်ခံရသူ သုံးလေးဦးရှိတယ်လို့ မြို့ခံတစ်ဦးကအတည်ပြုပြောဆိုပါတယ်။ "မတ်လ ၅ ရက်နေ့က ကောင်လေးတစ်ယောက်ပါသွားတာ ငါးသောင်းကျော်တယ်။ သူ့ကျောပိုးအိတ်ကို ဘေးလွယ်ကိုပိုက်ထားတာ။ အဲဒါကို တစ်ယောက်က ဓါးနဲ့ထိုင်ခုံကထိုင်တဲ့လူကခွဲတယ်။ကျန်တယောက်ကနှိုက်တယ်။ မြင်တဲ့လူမြင်ပေမဲ့မပြောရဲဘူး။ အဲဒီအဖွဲ့ပဲ မြို့ထဲတစ်ဝိုက်လှုပ်ရှားနေတာ။ ရဲသွားတိုင်လည်း ရဲကစခန်းထဲကကိုမထွက်ဘူး"လို့ မျက် မြင်ကြုံတွေ့သူတစ်ဦးကဆိုပါတယ်။ ရန်ကုန်မြို့ထဲက ခရီးသည်တင်ကားတွေမှာ ခါးပိုက်နှိုက်များ ပြန်လည်သောင်းကျန်းလာပြီး ရဲစခန်းကလည်း တိုင်ချက်သာ ယူထားပြီး စုံစမ်းမှု မပြုလုပ်ဘူးလို့ သိရပါတယ်။ ခါးပိုက်နှိုက် များဟာ လက်ရှိမှာ နယ်မြေခွဲလှုပ်ရှားနေကြပြီး အုပ်စုလိုက်လုပ်ဆောင်မှုပိုစိပ်လာတယ်လို့လည်းသိရပါတယ်။
========================
📌📌နိုင်ငံကူးလတ်မှတ်များကို မတ်လ၂၁ ရက်နေ့မှ စတင်ကာ Online Booking စနစ်ဖြင့်ရက်ချိန်းရယူပြီးမှသာ လျှောက်ထားနိုင်တော့မယ်
နိုင်ငံကူးလတ်မှတ်များကို မတ်လ ၂၁ ရက်နေ့မှစတင်ကာ Online Booking စနစ်ဖြင့်ရက်ချိန်းရယူပြီးမှသာ လျှောက်ထားနိုင်တော့မယ်လို့သတင်းရရှိပါတယ်။ နိုင်ငံကူးလတ်မှတ် လျှောက်ထားသူဟာ နေ့စဥ်လူ ၂၅၀၀ ရှိပြီးတော့ အချိန်ကြာမြင့်စွာတန်းစီရတယ်လို့သိရပါတယ်။ ဒါကြောင့် ကိုဗစ်ရောဂါအကြောင်းပြလို့ မြန်မာနိုင်ငံကူးလက် မှတ် (Passport) လျှောက်ထားလိုသူများမတ်လ၂၁ ရက် မှ စတင်၍ Online Booking စနစ်ဖြင့်ရက်ချိန်းရယူပြီးမှသာ Passport လျှောက်ထားနိုင်တော့မှာဖြစ်ပါတယ်။ ပြုလုပ်မဲ့သူများဟာ အွန်လိုင်းမှာ ဘိုကင်လုပ်ပြီးမိုဘိုင်းဖုန်းနဲ့ QR ကုဒ်ပါတဲ့ screen ကို ပြပြီးသာ ရုံးထဲဝင်နိုင်မှာဖြဟ်တယ်လို့သိရပါတယ်။
========================
📌📌စစ်ကောင်စီ လက်အောက်ခံ BGF တပ်ဖွဲ့ဝင် ၂ ဦးကို ဆိုင်ကယ်စီးလာတဲ့လူ ၂ ဦးက သေနတ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (ကိုးတိုင်-ကြာအင်းဆိပ်ကြီးလမ်း) ဝိဇ္ဇာကုန်းကျေးရွာအဝင် ရွာထိပ်ဇရပ်မှာ မတ် ၁၄ ရက် မနက် ၈ နာရီကျော်အချိန်ခန့်က ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်အောက်ခံတပ်အဖြစ် ထင်ရှားတဲ့ နယ်ခြားစောင့်တပ်အမည်ခံ BGF များဟာ စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့ ကျေးရွာအဝင်ရွာထိပ်ဇရပ်မှာ ခရီးသွားယာဥ်တွေကို မတရားဂိတ်ကြေးကောက်ခံနေတာဖြစ်ပြီး ခုလို လာရောက်ပစ်ခတ်မှုကိုခံလိုက်ရတာ ဖြစ်ပါတယ်။
ပစ်ခတ်မှုကိုတော့ အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးလာတဲ့ အမည်မသိလူ ၂ ဦးက ပစ္စတိုနဲ့ အနီးကပ်ပစ်ခတ်နိုင်ခဲ့ပါတယ်။ BGF တပ်ဖွဲ့ဝင်နှစ်ဦးလုံး နေရာမှာတင်ပွဲချင်းပီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သူတို့တွေက စစ်တပ်အားကိုးနဲ့ ကားတွေ၊ ဆိုင်ကယ်တွေဆီက ဂိတ်ကြေးဆိုပြီး ပိုက်ဆံတောင်းတယ်။ အဆင်မပြေလို့မပေးရင် ဆဲဆိုကြိမ်းမောင်းပြီး အတင်းအဓမ္မတောင်းတယ်။ ဒီလမ်းကြောမှာ BGF ဂိတ်တွေအများကြီးဖွင့်ထားတယ်။ ခရီးသွားတွေအတွက် နေ့စဉ် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ အခုတော့ သူတို့လမ်း သူတို့ ရွေးသွားတာ”လို့ ဝိဇ္ဇာကုန်းကျေးရွာသားတဦးက ပြောပါတယ်။ ပစ်ခတ်မှုဖြစ်တဲ့ လမ်းမကြီးဟာ နယ်စပ်ဘုရားသုံးဆူမြို့အထိ သွားရောက်နိုင်သလို ဒေသထွက်ကုန်တွေကို ပို့ဆောင်ရာမှာ အဓိကအသုံးပြုနေတဲ့လမ်းဖြစ်ပါတယ်။ ပြည်သူများလုပ်ကိုင်စားသောက်သွားလာနေမှုကိုအခွင့်အရေးယူပြီး ခရီးသွားတွေနဲ့ကုန်တင်ယာဉ်တွေဆီကနေ ငွေကြေးတောင်းခံနေကြတာပါ။ ဒါ့အပြင် BGF တပ်များဟာ လောင်းကစားဝိုင်းစောင့်တပ်ဖွဲ့အဖြစ် လူသိများပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကရင်ပြည်နယ်တွင်း ကျေးရွာတွေမှာ တရားမဝင် လောင်ကစားဝိုင်းတွေကို မဘသ ဘုန်းကြီးများနဲ့ပူးပေါင်းပြီး လစဉ်ဖွင့်လှစ်နေကြပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေကိုလည်း ငွေကြေးရယူပြီး လုပ်ကိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ “BGF က အခုမှမဟုတ်ဘူး။ လမ်းကြီးမဖွင့်ခင် ချောင်းကိုဝါးဖောင်နဲ့ ဖြတ်သန်းပြီး သွားလာနေရတဲ့အချိန်တည်းက ဒူးရင်းသီးသွားဝယ်တဲ့သူတွေကို အခွန်ပုံစံငွေကောက်တယ်။ ငွေပေးမှ ဖြတ်သန်းသွားလာလို့ရတယ်။ BGF တွေက ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးကြီးလို့ ဖြစ်နေတာကြာပြီ” လို့ ကော့ကရိတ်မြို့ ဒူးရင်းသီးအရောင်းအဝယ်ပြုလုပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နှင့် ပူးပေါင်း BGF တပ်ဖွဲ့များဟာ အဆိုပါ လမ်းမတလျှောက် နယ်မြေစိုးမိုးမှုရယူထားပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အပြင် ဒေသခံတွေအပေါ် လူအခွင့်အရေးချိုးဖောက်တာတွေ မကြာခဏပြုလုပ်နေတာဖြစ်ပါတယ်။
========================
📌📌ထားဝယ်-ထီးခီးလမ်းမှာ KNU တပ်မှူးဟောင်းအဖွဲ့ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိများအပါအဝင် တပ်သားငါးဦးသေဆုံးပြီး လက်နက်တွေသိမ်းဆည်းရမိခဲ့ပါတယ်
တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း ထိုင်းနိုင်ငံနယ်စပ် ထိခီးကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ မတ်လ ၁၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။ ထိုင်းနိုင်ငံနယ်စပ်အနီး ဝါးတောရွာနဲ့ ဆင်ဖြူတိုင်ရွာအကြား မတ်လ ၁၃ ရက် နံနက်ပိုင်း၊ နေလည်ပိုင်းနဲ့ ညပိုင်းအထိတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ကြောင်း လမ်းအသုံးပြုသွားလာနေသူတွေက ပြောပါတယ်။ တိုက်ပွဲမှာ စစ်ကောင်စီတပ် ခလရ ၂၆၇ ဘက်က က ၅ ဦးသေဆုံး၊ သုံးဦးဒဏ်ရာရခဲ့ပြီး စစ်လက်နက်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်တိုင်းသားဒေသ သတင်းတွေကိုဖော်ပြနေတဲ့ Kwe Ka Lu News မှာရေးသားဖော်ပြထားပါတယ်။ သိမ်းဆည်းရမိသော စစ်ပစ္စည်းများကတော့ RPG ၁ လက်၊ ၆၀ မမ ၂ လက်၊ MA 2 ၄ လက်နဲ့ တခြားစစ်သုံးပစ္စည်းတွေသိမ်းဆည်းရမိခဲ့တယ်လိုဆိုပါတယ်။ သေဆုံးသူတွေထဲမှာ ဒုတပ်ရင်းမှူးလည်းပါဝင်နိုင်တယ်လို့သိရပီး ၃ ပွင့် ၂ ယောက်ပါရှိကြောင်းသိရပါတယ်။ အချိန်ကြာပစ်ခတ်တိုက်ခိုက်မှုတွင်းမှာ အရပ်သားတချို့လည်းထိခိုက်ခဲ့ပြီး အနည်းဆုံး နှစ်ဦး သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။ အခုရက်ပိုင်းတွင်းမှာ ထားဝယ်-ထီးခီးလမ်းတစ်လျောက် အရှေ့တောဒေသမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေခပ်စိပ်စိပ်ရှိလာနေပြီး လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်ကလည်း ဝါးတောအနီးစစ်ကောင်စီဂိတ်ကို အမည်မသိ လက်နက်ကိုင်တဖွဲ့က ဝင်ရောက်ပစ်ခတ်လို့ စစ်ကောင်စီဘက်က တဦးသေဆုံးခဲ့ပါသေးတယ်။ “မနေ့ကတော့ ကြားတယ်။ ဝါးတော့ နဲ့ နယ်စပ်ကြားမျာ တိုက်ပွဲဖြစ်တယ်လို့ကြားတယ်။ တိုက်ပွဲဖြစ် တာက ကျွန်တော်တို့ KNU နဲ့မဟုတ်ဘူး။အဲဒီမှာ အဖွဲ့တစ်ဖွဲ့ရှိတယ် ကော်လာဖိုးအဖွဲ့လို့ခေါ်တယ် ကော်လာဖိုးဆိုတာ သူ့နာမည် အယ်ခွီးလေ။ အရင်တုန်းကတော့ KNU က တပ်ဗိုလ်ဟောင်းပဲ။ သူက နားပြီးတော့ အခု ပြန်ပြီးတော့ လှုပ်ရှားတဲ့ သဘောပါ။ ကျွန်တော်တို့ ခရိုင်၊ တပ်မဟာ လက်အောက်ခံတော့ မဟုတ်ဘူးပေါ့။ သူတို့က သီးသန့်လှုပ်ရှားတဲ့အဖွဲ့လို့ ပြောရမှာပေါ့” လို့ KNU တပ်မဟာ (၄) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ KNU အရာရှိဟောင်းဖြစ်သူ ဗိုလ်အယ်ခွီး(ကော်လာဖိုး)က တပ်မှ အနားယူသွားတာ ၁၀ နှစ်ကျော်ကြာပြီဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၎င်းရဲ့ တပ်ကို ပြန်လည်စုဖွဲ့ကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတာလို့ ဆိုပါတယ်။ KNU တပ်မဟာ (၄) နယ်မြေ ထားဝယ်ခရိုင်မှာ တိုက်ပွဲများမကြာခဏဖြစ်ပေါ်နေပြီး KNU နဲ့ ထိပ်တိုက် တွေ့ဆုံ တိုက်ပွဲများမဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့၊ KNU တပ်မှုးဟောင်း ကော်လာဖိုး အဖွဲ့ တို့နှင့် အကြမ်းဖက်စစ်ကောင်စီ အကြား တိုက်ပွဲများ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment