17th MAR 2022 - Morning Daily News by Radio NUG

၂၀၂၂ မတ်လ ၁၇ ရက်နေ့ မနက်ပိုင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ၏ အာဏာရူးမက် မှုကြောင့် တိုင်းပြည်တွင် အဖက်ဖက် မှ ယိုယွင်းလျက်ရှိနေတယ်လို့ ယာယီသမ္မတဆို
📌အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၈၆.၅၅) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့
📌လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းမည့် တပ်မတော်သားများကို တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ ကျပ်သိန်း ၃၀ တိတိချီးမြှင့်မည်
📌အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်
📌ပုလဲမြို့နယ် နှောရိုး၊ တုံးကန်ကျေးရွာများမှာ လူသတ် မီးရှို့ပြန်လာတဲ့ စကစတပ်များကို လက်နက်ကြီးများနဲ့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်
📌ပြည်သူလူထုရဲ့ နေအိမ်ရပ်ရွာမီးရှို့မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့ ရွာမီးရှို့ခြင်းသတင်းများ
📌ပုလော ပျူစောထီးကြီးစိုးရာ ပုလောကုန်းရွာတွင် တိုက်ပွဲဖြစ်ပွား၍ စကစတပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်းသေဆုံး

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ၏ အာဏာရူးမက် မှုကြောင့် တိုင်းပြည်တွင် အဖက်ဖက် မှ ယိုယွင်းလျက်ရှိနေတယ်လို့ ယာယီသမ္မတဆို

အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ၏ အာဏာရူးမက်မှုကြောင့် တိုင်းပြည်တွင် အဖက်ဖက် မှ ယိုယွင်းလျက်ရှိနေတယ်လို့ ယာယီသမ္မတဒူဝါလရှီလကဆိုပါတယ်။ မတ်လ (၁၆) ရက်ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလကထည့်သွင်းပြောကြားခဲ့ပါတယ်။ "အာဏာရှင် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ၏ အာဏာရူးမက်မှုကြောင့် တိုင်းပြည်တွင် အဖက်ဖက်မှ ယိုယွင်းလျက်ရှိနေပြီး စစ်အကြမ်းဖက်အုပ်စုရဲ့ သတ်ဖြတ်နှိပ်စက်မှုများကြောင့် ပြည်သူများ အိုးအိမ်ပစ် ပြေးရှောင်နေကြရသည်ကို သတိရကြောင်း၊ ထိုသို့ အမှောင်ကျနေသောကာလတွင် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသည်လည်း အဓိပ္ပါယ်ပြည့်ဝတော့မည် မဟုတ်ကြောင်း၊ တဆက်တည်းအနေဖြင့် နွေဦးတော်လှန်ရေးတွင် ပအိုဝ်းအမျိုးသားများနှင့် လူငယ်များ၏ အားကြိုးမာန်တက် ပါဝင်မှုကိုအသိအမှတ်ပြုလိုကြောင်း”ပြောကြားခဲ့ပါတယ်။ ယနေ့ (၇၃) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတကပြောကြားခဲ့ပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၈၆.၅၅) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်

အာဏာသိမ်း အကြမ်းဖက် စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်းရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များအပါအဝင် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတက်နိုင်ဆုံးကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိနေပါတယ်။ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၁၈၆.၅၅) သန်းကို ထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်ပြီး၊ ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီး အမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်းပြည်သူများကို ကျေးဇူးတင်ရှိပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက မတ်လ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

========================

📌📌လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းမည့် တပ်မတော်သားများကို တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ ကျပ်သိန်း ၃၀ တိတိချီးမြှင့်မယ်။

လက်နက်အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းမည့် တပ်မတော်သားများကို တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ ကျပ်သိန်း ၃၀ တိတိချီးမြှင့်မယ်လို့ သတင်းရရှိပါတယ်။ မတ်လ ၁၆ ရက် မှာ တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ဘက်တော်သားများအဖြစ် ခံယူမည့် တပ်မတော်သားများနှင့် ပတ်သက်၍ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။ "တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ဘက်တော်သားများအဖြစ် ခံယူမည့် တပ်မတော်သားများအနေနဲ့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေသော စစ်ကောင်တပ်တွင် ဆက်လက်တာဝန် ထမ်းဆောင်ခြင်းမပြုတော့ဘဲ ပြည်သူလူထုနဲ့အတူ လာရောက်ပူးပေါင်းပြီး အာဏာရှင်စနစ်ကို အမြစ်ပြတ်တဲ့အထိ အတူတွန်းလှန်ရန် ဖိတ်ခေါ်အပ်ပါတယ်"လို့ ဖော်ပြထားပါတယ်။ ထိုသို့လက်နက်အပြည့်အစုံနဲ့လာရောက်ပူးပေါင်းသော ပြည်သူ့ဘက်တော်သားအဖြစ်ခံယူမည့် တပ်မတေည်သားများကို တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ လှိုက်လှဲစွာကြိုဆိုပြီး ထိုတပ်မတော်သားများ၏ လုံခြုံရေးကို အထူးအာမခံပေးမည့်အပြင် ကွပ်ကဲရေးအဖွဲ့မှ ချီးမြှင့်ငွေ ကျပ်သိန်း ၃၀ တိတိကိုလည်း ချီးမြှင့်ပေးသွားမယ်လို့သတင်းရရှိပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေးအစိုးရ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်

၂၀၂၂ ခုနှစ်၊ မတ်လ (၁၆) ရက် မြန်မာစံတော်ချိန် ညနေ (၅) နာရီခန့်တွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်း ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲကို အွန်လိုင်းက ပြုလုပ်ခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဂျင်နီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသော နိုင်ငံတကာက အရေးယူရန် လိုအပ်သည့် စစ်ကောင်စီ၏ ဆိုးရွားသော ရာဇဝတ်မှုများ အစီရင်ခံစာနှင့် ပတ်သက်သည့် အကြောင်းများကို ရှင်းလင်း တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီး ဦးအောင်မျိုးမင်း နှင့် ဒုတိယဝန်ကြီး ဗဟန်းထန် တို့က ရှင်းလင်းတင်ပြခဲ့ကြပြီး မြေပြင်တွင် လက်ရှိခံစားနေရသော ပြည်သူများကလည်း သက်သေခံ ပြောကြားပေးခဲ့ပါတယ်။ ယင်းသို့ ရှင်းလင်းပြောကြား အပြီးတွင် တက်ရောက်လာကြတဲ့ မီဒီယာများရဲ့ မေးမြန်းချက်များကို ပြန်လည် ဖြေကြာခဲ့ကြပါတယ်။

========================

📌📌ပုလဲမြို့နယ် နှောရိုး၊ တုံးကန်ကျေးရွာများမှာ လူသတ် မီးရှို့ပြန်လာတဲ့ စကစတပ်များကို လက်နက်ကြီးများနဲ့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်

ပုလဲမြို့နယ် နှောရိုး၊ တုံးကန်ကျေးရွာများမှာ လူသတ် မီးရှို့ပြန်လာတဲ့ စကစတပ်များကို လက်နက်ကြီးများနဲ့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

မတ်လ ၁၆ ရက် ပုလဲ​မြို့နယ် ရွှေလောင်းကျေးရွာ မြောက်ဖက် ထန်းတော မှာ စကစတပ်များကို တိုက်ခိုက်ခဲ့တာလို့ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ကအတည်ပြုပါတယ်။

"ပုလဲမြို့နယ် နှောရိုး၊ တုံးကန်ကျေးရွာများမှာ မီးရှို့၊ လူသတ်ပစ္စည်းခိုးယူကာ အင်ကြင်းစုကျေးရွာတွင်ညအိပ် ထွက်ခွာလာသော စကစတပ်အင်အား ၈၀ ခန့်ဟာ အင်ကြင်းစုမှခြေလျှင် ထွက်ခွါလာကြပြီး ကန်ပေါက်ကျေးရွာမြောက်ဖက် မှ ရွှေလောင်းကျေးရွာ မြောက်ဖက်ထန်းတော အတွင်းစခန်းချနားနေရာ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ နှစ်ဆင့်ကွဲ လက်နက်ကြီး များဖြင့်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။

တိုက်ခိုက် မှုကြောင့်စကစတပ်များ အများအပြားဒဏ်ရာရရှိကာ မူလ ထိုးလာလမ်းကြောင်းပြောင်းကာ ပုလဲမြို့တွင်းသို့ ဝင်ရောက်သွားခဲ့တယ်လို့သိရပါတယ်။

ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ များထိခိုက် မှုမရှိ ကောင်းမွန်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။


========================

📌📌ပြည်သူလူထုရဲ့ နေအိမ်ရပ်ရွာမီးရှို့မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့ ရွာမီးရှို့ခြင်းသတင်းများကို စုစည်းတင်ပြပေးပါ့မယ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ဘန့်ဘွေးကျေးရွာအပါအဝင် ရွာပေါင်း ၆ ရွာကို စစ်ကောင်စီတပ်က မတ်လ ၁၅ ရက်နဲ့ ဒီနေ့ မတ်လ ၁၆ ရက်မှာ ဝင်ရောက်မွှေနှောက်သွားခဲ့ပြီး အမျိုးသား ၃ ဦးသေဆုံးခဲ့ပါတယ်။ နေအိမ် ၂၀ ကျော်လည်း မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ရဲ့ဝင်ရောက်မွှေနှောက်ခံခဲ့ရတဲ့ရွာတွေဟာ ဘန့်ဘွေးရွာ၊ ဘန့်ဘွေးမြောက်ရွာ၊ ထမ်းစင်ရွာ၊ လက်ပံရွာ၊ ကွေ့ချောင်းရွာနဲ့ နဘူးတောရွာတို့ဖြစ်တယ်လို့ သိရပါတယ်။ ဘန်ဘွေးရွာမတွင် စစ်ကောင်စီတပ်များ ရက်၂၀ ကျော်ကြာ တပ်စွဲထားပြီး ဘန့်ဘွေးထန်းဇင် ရွာက အမျိုးသား ၁ ဦး၊ လက်ပန် ရွာက အမျိုးသား ၁ ဦးနှင့် ကွေ့ချောင်းကျေးရွာမှ အမျိုးသမီး ၁ ဦးတို့ကို မတ်လ ၁၅ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်က ကျေးရွာများအတွင်း လှည့်ပတ်သွားလာနေခြင်းကြောင့် သေဆုံးသူများ၏ အမည်များနှင့် မည်သူဖြစ်သည်ကို အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။
‘‘၂ ရက်အတွင်းမှာ မုံရွာ-ယာကြီးလမ်းမဘေးက ကွေ့ချောင်းရွာနားမှာ အသက် ၂၀ ဝန်းကျင်ရှိတဲ့ မောင်သိန်းလင်းဆိုသူကို သေနတ်ဒဏ်ရာနဲ့သေဆုံးတာတွေ့ခဲ့ရတယ်။ နောက်ပြီး လက်ပံကျေးရွာက အသက် ၄၀ ဝန်းကျင် ကိုသိန်းနိုင်ဆိုသူလည်း ဦးခေါင်းကို သေနတ်နဲ့ အပစ်ခံရပြီးသေဆုံးတယ်’’ လို့ ဒေသခံ တစ်ဦးကပြောပါတယ်။ ၂ ရက်အတွင်း ထမ်းစင်ရွာက နေအိမ် ၁၈ လုံးနဲ့ ဘန့်ဘွေးမြောက်ရွာက နေအိမ် ၂ လုံး မီးရှို့ခံရတဲ့အပြင် ကျွဲ၊ နွား၊ ဝက်နဲ့ မြင်းတွေလည်း သေဆုံးခဲ့ပါတယ်။ အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရှိ ကုလားလူးရွာနှင့် ရှားလွင်ရွာတို့ကို စစ်တပ်က မတ်လ ၁၆ ရက် မွန်းလွဲပိုင်းတွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ကျေးရွာထဲရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးသွားပါတယ်။ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် ပြည်သူများ ထိခိုက်မှုအခြေအနေနှင့် ပျက်စီးဆုံးရှုံးမှု အခြေအနေ မသိရှိရသေးပါဘူး စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းရှိ တမုတ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတ်လ ၁၅ ရက်နေ့တွင် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများကပြောဆိုပါတယ်။
တမုတ်ကျေးရွာ အတွင်းရှိ ပျူစောထီး နေအိမ် ၅ လုံးသာ ကျန်ရှိခဲ့ပြီး နေအိမ် ၉၃ လုံးကို စစ်တပ်နှင့် ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူပိုင် ကား ၁ စီး၊ ဆိုင်ကယ် ၇ စီး၊ ရေတင်စက် ၈ လုံး၊ ဓာတ်ဆီအင်ဂျင် ၃ လုံး ၊ နွား ၃ ကောင်၊ ဆိတ် ၅ ကောင်နှင့် ဝက် ၁ ကောင် တို့ကို သတ်ဖြတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများသည် အစားအသောက်နှင့် ဆေးဝါး ပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရပါတယ်။

========================

📌📌ပုလော ပျူစောထီးကြီးစိုးရာ ပုလောကုန်းရွာတွင် တိုက်ပွဲဖြစ်ပွား၍ စကစတပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်းသေဆုံး

ပုလော ပျူစောထီးကြီးစိုးရာ ပုလောကုန်းရွာတွင် တိုက်ပွဲဖြစ်ပွား၍ စကစတပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်းသေဆုံးတယ်လို့သတင်းရရှိပါတယ်။

မတ်လ၁၆ရက် မနက်ပိုင်း မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(ပုလော)ကဆိုပါတယ်။

"နံနက် ၆ နာရီမှတင်ကာ ၉ နာရီ အထိ ၃ နာရီကြာ တိုက်ပွဲကြာမြင်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားနေစဥ် ပလောက်မြို့တိုင်း​ဗဟို ၁၂ မှ စစ်ကူလာသော စစ်ကူများ ထမင်းမစားကျေးရွာသို့ရောက်ရှိပြီး နန်းပရုတ်ရွာသို့ရောက်ရှိနေတဲ့စစ်ကူများ ပုလော PDF ရဲ့မိုင်းဆွဲ ခံခဲ့ရပါတယ်"လို့ဆိုပါတယ်။

ဖြစ်စဥ်တွင် စကစဘက်က ၂၀ ဦးထက်မနည်းသေဆုံးကြောင်း Palaw People's Defence Force ကထုတ်ပြန်ပါတယ်။

တိုက်ပွဲတွင် ပုလော PDF မှရဲဘော်တစ်ဦး လက်ဖျံ ကျည်ဆန်ထိမှန်ခဲ့သော်လည်း မစိုးရိမ်ရဘူးလို့ဆိုပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment