သတင်းခေါင်းစဉ်များ -
📌ရှေ့တန်းစစ်မျက်နှာပြင်မှာ အကြမ်း ဖက်စစ်အုပ်စုနဲ့ ရဲရဲရင့်ရင့်ရင်ဆိုင်နေကြတဲ့ ရဲဘော်တွေကို အထူးအားပေးကူညီရမှာဖြစ်တယ်လို့ ကက်ဘိနက်အဖွဲ့ဝင်တွေကိုယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား
📌အမျိုးသားညီညွတ်ရေးအစိုးရက ဒုဝန်ကြီး အိသဉ္ဇာမောင် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်(IWOC)ဆုရရှိ
📌ရေစကြိုမြို့နယ် ကျောက်လှေခါးရွာနှင့်GTC ကျောင်းအနီး ယမန်နေ့ညက ပေါက်ကွဲပစ်ခတ်မှုများဖြစ်၍ ရဲတစ်ဦးအပြင်းအထန်ဒဏ်ရာရ
📌ဗန်းမော်သစ်ထုတ်ရေးရုံးရှေ့BPDF မိုင်းဖောက်ခွဲသတိပေး
📌ယနေ့မနက်အစောပိုင်း လင်ဖုံလေးလမ်းခွမှာ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စကစတပ်တွေတိုက်ပွဲဖြစ်ပွား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌ရှေ့တန်းစစ်မျက်နှာပြင်မှာ အကြမ်း ဖက်စစ်အုပ်စုနဲ့ ရဲရဲရင့်ရင့်ရင်ဆိုင်နေကြတဲ့ ရဲဘော်တွေကို အထူးအားပေးကူညီရမှာဖြစ်တယ်လို့ ကက်ဘိနက်အဖွဲ့ဝင်တွေကိုယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား
ရှေ့တန်းစစ်မျက်နှာပြင်မှာ အကြမ်း ဖက်စစ်အုပ်စုနဲ့ ရဲရဲရင့်ရင့်ရင်ဆိုင်နေကြတဲ့ ရဲဘော်တွေကို အထူးအားပေးကူညီရမှာဖြစ်တယ်လို ကက်ဘိနက်အဖွဲ့ဝင်တွေကိုယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
မတ်လ ၈ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၄၅ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကဆိုခဲ့ပါတယ်။
" တော်လှန်ရေးမှာ အရှိန်အဟုန်ကောင်းတဲ့ ကာလရှိသလို အရှိန်လျော့ကျတဲ့ ကာလလည်း ရှိတာမို့ အရှိန်လျော့ကျတဲ့ကာလတွေကို အထူးဂရုစိုက်ရမှာဖြစ်တယ်။ အစိုးရအဖွဲ့ဝင်တွေအနေနဲ့ ရှေ့တန်းစစ်မျက်နှာပြင်မှာ အကြမ်း ဖက်စစ်အုပ်စုနဲ့ ရဲရဲရင့်ရင့်ရင်ဆိုင်နေကြတဲ့ ရဲဘော်တွေကို အထူးအားပေးကူညီရမှာဖြစ်တယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့ အဓိကတာဝန်ယူဦးဆောင်လုပ်နေရတဲ့ အစိုးရ ဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကျရှုံးမသွားအောင် တော်လှန်ရေးအမြန်ဆုံးအောင်မြင် ဖို့ အထူးကြိုးပမ်းဆောင်ရွက်ရမှာဖြစ်တယ်"လို့လည်း ယာယီသမ္မတက ပြောပါတယ်။
၂၀၂၂ ဖေဖော်ဝါရီ ၂ ရက်ကနေ မတ်လ ၆ ရက်အထိ တစ်လတာကာလအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီ ဘက်က ၂၀၀၀ ကျော်သေပြီး ၆၀၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ တစ်လတာကာလအတွင်းမှာ အာဏာသိမ်းအကြမ်း ဖက် စစ်ကောင်စီဘက်က သေဆုံးသူ ၂၀၉၅ ဦးအထိ ရှိထားပြီး ထိခိုက်ဒဏ်ရာရသူ ၆၃၇ ဦးအထိ ရှိခဲ့ပါတယ်။
လက်ရှိမှာလည်း တပ်ရင်းတစ်ရင်းကို သိန်း၈၀ထောက်ပံ့ကူညီတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကဆိုထားပါတယ်။
========================
📌📌အမျိုးသားညီညွတ်ရေးအစိုးရက ဒုဝန်ကြီး အိသဉ္ဇာမောင် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် (IWOC) ဆုရရှိ
အမျိုးသားညီညွတ်ရေးအစိုးရက ဒုဝန်ကြီး အိသဉ္ဇာမောင် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင် (IWOC) ဆုရရှိတယ်လို့သတင်းရရှိပါတယ်။
ဒီဆုကို ရရှိတဲ့လူ ၁၂ ဦးရှိပြီးတော့ ဒုဝန်ကြီး အိသဉ္ဇာမောင်ကလည်း ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။
International Women of Courage Awardကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ချီးမြှင့်တာဖြစ်ပြီးတော့ ဆုပေးပွဲကိုမတ်လ ၁၄ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဂျေဘလင်ကင်က အွန်လိုင်းကနေ ကျင်းပသွားမှာဖြစ်ပါတယ်။
အမျိုးသမီးသတ္တိရှင်(IWOC)ဆုဟာ ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ကျားမတန်းတူရေးနှင့် တန်းတူညီမျှရေးတွေမှာ စွမ်းစွမ်းတမန် ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်နေတဲ့ အမျိုးသမီးတွေကို အသိအမှတ်ပြုတဲ့အနေနဲ့နှစ်စဥ် ချီးမြှင့်နေတဲ့ဆုဖြစ်ပါတယ်။
IWOC ဆုပေးပွဲကို ၂၀၀၇ ခုနှစ်ကစတင်ကျင်းပခဲ့တာဖြစ်ပြီး ကမ္ဘာ့နိုင်ငံ (၈၀) ကျော်က အမျိုးသမီး (၁၇၀) ကိုပေးအပ်ပြီးဖြစ်ပါတယ်။
========================
📌📌ရေစကြိုမြို့နယ် ကျောက်လှေခါးရွာနှင့်GTC ကျောင်းအနီး ယမန်နေ့ညက ပေါက်ကွဲပစ်ခတ်မှုများဖြစ်၍ ရဲတစ်ဦးအပြင်းအထန်ဒဏ်ရာရ
ရေစကြိုမြို့နယ် ကျောက်လှေခါးရွာနှင့်GTC ကျောင်းအနီး ယမန်နေ့ညက ပေါက်ကွဲပစ်ခတ်မှုများဖြစ်၍ ရဲတစ်ဦးအပြင်းအထန်ဒဏ်ရာရတယ်လို့ သတင်းရရှိပါတယ်။
မတ်လ၈ရက် ည ၁၁ နာရီမှာ ပေါက်ကွဲသံ သုံးချက်တိတိ ကျောက်လှေခါးရွာနဲ့ GTC ကျောင်းအနီးမှာ ကြားခဲ့ရတယ်လို့ ဒေသ သတင်းအရင်မြစ်တွေထံကသိရပါတယ်။
ပေါက်ကွဲ ပစ်ခတ်ခတ်မှု အသံတွေကြောင့်အနီးနားမှ ရွာခံများ ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ဆိုပါတယ်။
လတ်တလောမှာတော့ ပေါက်ကွဲပစ်ခတ်မှုမှာ ရဲတစ်ဦးအပြင်းအထန်ဒဏ်ရာရပြီးတော့ ညတွင်းချင်း ဆေးရုံပို့ဆောင်ပေးတယ်လို့ သတင်းရရှိပါတယ်။
ရေစကြိုမြို့နယ်မှာရဲများစုဟာ ရဲစခန်းကြီးမှာသာ အင်အားများစုပေါင်းနေထိုင်ကြတော့တယ်လို့သိရပါတယ်။
========================
📌📌ဗန်းမော်သစ်ထုတ်ရေးရုံးရှေ့ BPDF မိုင်းဖောက်ခွဲသတိပေး
ဗန်းမော်မြို့နယ်သစ်ထုတ်လုပ်ရေးရုံးရှေ့ တွင် ယမန်နေ့ညက မိုင်းဖောက်ခွဲ သတိပေးခဲ့တယ်လို့ဆိုပါတယ်။
မတ်လ၈ရက် ည ၈ နာရီ ၅ မိနစ်အချိန် ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDF သည် ဗန်းမော်သစ်ထုတ်ရေးရုံးရှေ့တွင် မိုင်းတပ်ဆင်ဖေါက်ခွဲခဲ့ကြောင်းသတင်းရရှိပါတယ်။
"မတ်လ ၊ (၈)ရက် ည (၈:၀၅) မိနစ်နာရီတွင်ကျွန်တော်တို့ ဗန်းမော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BPDFသည် ဗန်းမော်သစ်ထုတ်ရေးရုံးရှေ့တွင် မိုင်းတပ်ဆင်ဖေါက်ခွဲခဲ့ပါတယ်။ ထိုနေရာသည် ပြည်သူများကိုစိတ်အနှောက်ယှက်ဖြစ်စေရန် တစ်ရက်ခြား (၁) ကြိမ် ရဲများစစ်ဆေးသောနေရာဖြစ်ပါတယ်။ ပြည်သူလူထုကို စိတ်အနှောက်ယှက်ဖြစ်စေရန် နေ့စဉ်စစ်ဆေးနေသော ရဲ၊ စစ်သားများကို သတိပေးလိုက်ပါတယ်"လို့ဆိုပါတယ်။
အဆိုပါဖောက်ခွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေအားမသိရသေးပေ။
BPDFပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ဗန်းမော်မြို့ကို နေ့စဉ်စောင့်ကြည့်နေပြီး ရဲ၊ စစ်တပ်များ၏လုပ်ရှားမှုကို အမြဲစောင့်ကြည့်လေ့လာ၍၎င်းတို့အား နှိမ်နှင်းရန် အသေးစိတ်စီစစ်၍ သတင်းအချက်လက်များ စုဆောင်းပြီးဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌ယနေ့မနက်အစောပိုင်း လင်ဖုံလေးလမ်းခွမှာ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စကစတပ်တွေတိုက်ပွဲဖြစ်ပွား
ယနေ့မနက်အစောပိုင်း လင်ဖုံလေးလမ်းခွမှာ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စကစတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
မတ်လ၉ရက် မနက် ၆ နာရီဝန်းကျင်မှာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခတ်ကြပြီးတော့ လတ်တလောလွိုင်ကော်မိုးဗြဲလမ်းဖြတ်သန်းသွားလာခြင်းကိုလူထုသတိပြုဖို့ KNDF တပ်ရင်း ၂ က သတိပေးကြေညာထားပါတယ်။
"မတ်လ ၉ ရက် မနက် ၆ နာရီဝန်းကျင်ခန့်တွင် လင်ဖုံလေးလမ်းခွ၌ KA, KNDF, Pdf ပူးပေါင်းတပ်ဖွဲ့များ နှင့် စကစတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ စကစဘက် မှ အကျအဆုံးရှိသော်လည်း မိမိတို့နှင့်မဟာမိတ်တပ်ဖွဲ့များ အကျအဆုံးမရှိဆုတ်ခွာနိုင်ခဲ့တယ်"လို့ KNDFကဆိုထားပါတယ်။
ဒါ့အပြင် လွိုင်ကော်-မိုးဗြဲ လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း မပြုသေးရန် အသိပေးပန်ကြားထားပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment