30th APR 2022 - Evening Daily News by Radio NUG

၂၀၂၂ ဧပြီလ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌နေ့စဉ်နှင့်အမျှ တိုက်ပွဲတွေမှာ ရန်သူဆီကနေ သိမ်းပိုက်ရရှိတဲ့ လက်နက် တွေတစ်နေ့တခြား တိုးပွားနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေးပြောကြား
📌အခြေခံပညာပြီးဆုံးကြောင်း စာမေးပွဲ စစ်ဆေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်ဆောင်ရွက်
📌စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောစကားမှတ်ချက်အပေါ် ပါးစပ်ကိုခဏ ခဏဆေးရန် NUG လူ့အခွင့်ရေးရာဝန်ကြီးက တုံ့ပြန်‌
📌“ တော်လှန်ရေးကာလမှာ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လိုအပ်မလား " ခေါင်းစဥ်ဖြင့် သရုပ်ဆောင် ဒေါင်းနှင့် CDM ဗိုလ်ကြီးလင်းထက်အောင်တို့ ဆွေးနွေးပွဲကျင်းပမည်
📌ဒီး​မော့ဆိုမြို့နယ် မြို့မရပ်ကွက်တွင် စစ်​ကြောင်းထိုးလာ​သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို DMO PDF နဲ့ ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ရာ စကစတပ်သား နှစ်ဦးသေ သုံးဦးဒဏ်ရာရ
📌မြိုင်မြို့နယ် သရက်ကန်ရွာရှိ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရ ကာစစ်ကောင်စီတပ်သား အများအပြားသေဆုံး
📌စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လူဦးရေ ၁.၆ သန်းဟာ အလုပ်အကိုင် ဆုံးရှုံးပြီး အလုပ်လက်မဲ့ ဖြစ်သွား
📌စစ်ကောင်စီရဲများကို ငွေကြေးပေးကာ လုပ်ကိုင်နေတဲ့ လောင်းကစားဒိုင်နဲ့ လုပ်ငန်းများ ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ အရေးယူမယ်
📌စစ်ကိုင်းတိုင်းက မြို့ကြီးတွေမှာ စစ်ဆေးမှုတွေတင်းကျပ်နေပြီး ကုန်ပစ္စည်းတွေကို စစ်သားတွေက လုယူနေတာကြောင့် ပြည်သူတွေဟာ မလုံခြုံမှုကို ခံစားနေရ
📌သတင်းစာရှင်းလင်းပွဲမှာ စစ်ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုခဲ့တဲ့အတိုင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက စစ်အရှိန်ပိုမြှင့်လာ

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌နေ့စဉ်နှင့်အမျှ တိုက်ပွဲတွေမှာ ရန်သူဆီကနေ သိမ်းပိုက်ရရှိတဲ့ လက်နက် တွေတစ်နေ့တခြား တိုးပွားနေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အသိပေးပြောကြားတဲ့သတင်း

နေ့စဉ်နှင့်အမျှ တိုက်ပွဲတွေမှာ ရန်သူဆီကနေ သိမ်းပိုက်ရရှိတဲ့ လက်နက် တွေတစ်နေ့တခြား တိုးပွားနေတယ်လို့ ဧပြီလအတွင်း သတင်းဌာန တစ်ခုနဲ့ တွေ့ဆုံမေးမြန်းရာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေးပြောကြားလိုက်ပါတယ်။

"ကိုယ်တိုင်ထုတ်လုပ်တဲ့နေရာမှာလည်း အခုဆိုရင် နည်းပညာအရရော ထုတ်လုပ်နိုင်စွမ်းအရရော အများကြီးအရှိန်ကောင်းလာနေပါပြီ။ တစ်ချိန်တည်းမှာပဲ ရန်သူ့ လက်နက် ကိုယ်လက်နက်ဆိုတဲ့ကိစ္စက နေ့စဉ်နှင့်အမျှ တိုက်ပွဲတွေမှာ ရန်သူဆီကနေ သိမ်းပိုက်ရရှိတဲ့ လက်နက် တွေကလည်း တစ်နေ့တခြား တိုးပွားနေပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ညီနောင်တပ်ရင်းပေါင်း ၂၅၇ ရင်းရှိကာ ၄င်းတို့ထဲမှ ၁၀၁ ရင်းကို ကာကွယ်ရေးဝန်ကြီးဌာနက စိစစ်အတည်ပြုပြီးဖြစ်ပါတယ်။ ဒါ့အပြင်မြို့နယ် ပကဖအဖွဲ့ ၂၅၀ အထိ ဖွဲ့စည်းပြီးဖြစ်ကာ LDF နဲ့ မြို့ပြပြောက်ကျားလူငယ်အဖွဲ့ ၄၀၁ ဖွဲ့မှာလည်း ၆၀ ရာခိုင်နှုန်းမှာ MOD နဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ်ပါတယ်။

========================

📌📌အခြေခံပညာပြီးဆုံးကြောင်း စာမေးပွဲ စစ်ဆေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်ဆောင်ရွက်နေတဲ့သတင်း

အခြေခံပညာပြီးဆုံးကြောင်း စာမေးပွဲ စစ်ဆေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ​ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ကျင်းပမဲ့ အခြေခံပညာပြီးဆုံးကြောင်းစာမေးပွဲဟာ အအောင်အရှုံးမရှိဘဲ ဖြေဆိုသည့်ဘာသာရပ်အလိုက်ရမှတ်များရရှိမှာဖြစ်တယ်လို့သိရပါတယ်။

"ဆရာတို့ စာမေးပွဲက အအောင်အရှုံးရှိမှာမဟုတ်ဘူး။ အဲဒီဟာက အမှတ်ရမှာဖြစ်တယ်။ အခုက အခြေခံပညာပြီးဆုံးကြောင်း စာမေးပွဲဖြေလိုက်ရင် ဘယ်သူ ဘယ်ဘာသာရပ်က ဘယ်လောက်ရတယ်ဆိုတာ ထွက်လာမယ်။ အောင်တယ်။ ရှုံးတယ်ဆိုတာမရှိဘူး။ အဲဒီရတဲ့အမှတ်ကိုမကြိုက်ရင်တစ်နှစ်အတွင်း ပြန်ဖြေဖို့ နှစ်ကြိမ်၊ သုံးကြိမ်ပြန်ဖြေလို့ရအောင် အဲဒီအတွက်လည်း စီစဥ်နေတယ်"လို့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကထပ်မံဆိုပါတယ်။

========================

📌📌စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောစကားမှတ်ချက်အပေါ် ပါးစပ်ကိုခဏ ခဏဆေးရန် NUG လူ့အခွင့်ရေးရာဝန်ကြီးက တုံ့ပြန်‌တဲ့သတင်း

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောစကားမှတ်ချက်အပေါ် ပါးစပ်ကိုခဏ ခဏဆေးရန် NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက ဧပြီ ၃၀ ရက်နေ့မှာ လူမှုကွန်ရက်ကနေ သတင်းဌာနအင်တာဗျူးနဲ့အတူ မှတ်ချက်ပေးရေးသားထားပါတယ်။

ဧပြီ ၂၇ ရက် နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စကစရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက NUG အစိုးရအား ထောက်ခံရေးသားတဲ့ မီဒီယာများကို ရုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

အမျိုသားညီညွတ်ရေးအစိုးရကို မည်မျှပင်မုန်းစေကာမူ အဖွဲ့အစည်းတစ်ခုမှာ ပြောရေးဆိုခွင့်ရှိသူ တာဝန်ယူထားတဲ့လူတွေဟာ လူ့ဂုဏ်သိက္ခာနဲ့အညီပြောဖို့လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကဆိုခဲ့ပါတယ်။

========================

📌📌“ တော်လှန်ရေးကာလမှာ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လိုအပ်မလား " ခေါင်းစဥ်ဖြင့် သရုပ်ဆောင် ဒေါင်းနှင့် CDM ဗိုလ်ကြီးလင်းထက်အောင်တို့ ဆွေးနွေးပွဲကျင်းပမယ့် သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လစဥ်ဆွေးနွေးပွဲ (၁) ဖြစ်တဲ့ “တော်လှန်ရေးကာလမှာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လိုအပ်မလား” ခေါင်းစဥ်ဖြင့် သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးအလေးထားသူ အဖြစ်လည်း တော်လှန်ရေးတွင် စဥ်ဆက်မပြတ် ပါဝင်နေသူ သရုပ်ဆောင် ဒေါင်းနှင့် CDM ဗိုလ်ကြီးလင်းထက်အောင်တို့မှ တော်လှန်ရေးကာလတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၏ အခန်းကဏ္ဍကို အဓိကအသားပေးဆွေးနွေးသွားမှာဖြစ်ပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို မေလ ၈ ရက်နေ့ (တနင်္ဂနွေနေ့)၊ မြန်မာစံတော်ချိန် ည (၇:၀၀) နာရီတွင် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန Facebook Page မှ တိုက်ရိုက်ထုတ်လွှင့်သွားမှာလည်းဖြစ်ပါတယ်။

========================

📌📌ဒီး​မော့ဆိုမြို့နယ် မြို့မရပ်ကွက်တွင် စစ်​ကြောင်းထိုးလာ​သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို DMO PDF နဲ့ ပူးပေါင်းတပ်များ ကြားဖြတ်တိုက်ရာ စကစတပ်သား နှစ်ဦးသေ သုံးဦးဒဏ်ရာရ

"ဒီး​မော့ဆိုမြို့နယ် မြို့မရပ်ကွက်တွင် စစ်​ကြောင်းထိုးလာ​သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-Local PDF) တပ်ဖွဲ့ ဗျူဟာ (၃) မှ C ,D, E တပ်ရင်း၏ တပ်ခွဲအချို့ နှင့် အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းမှ တပ်ခွဲအချို့တို့ ပူး​ပေါင်းကာ ဧပြီလ (၂၉) ရက်​​နေ့တွင် ထိ​တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲအတွင်း အနီးကပ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်သား (၂) ဦးခန့် မိမိတို့ သုတ်သင်ရှင်းလင်းနိုင်ခဲ့သည့်အပြင် တပ်သား (၃) ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်"လို့ဖော်ပြပါတယ်။

ထိ​တွေ့တိုက်ပွဲမှာ နံနက် (၁၀) နာရီအချိန်မှ (၁၁) နာရီထိ (၁)​ နာရီခန့်ကြာ​အောင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ထိုတိုက်ပွဲတွင် ပူး​ပေါင်းတပ်ဖွဲ့ဖက်မှ ထိခိုက်မှုမရှိ ​ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။

========================

📌📌မြိုင်မြို့နယ် သရက်ကန်ရွာရှိ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရ ကာစစ်ကောင်စီတပ်သား အများအပြားသေဆုံးတဲ့သတင်း

မြိုင်မြို့နယ် သရက်ကန်ရွာရှိ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရ ကာစစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့ပါတယ်။ ဧပြီ ၂၉ ရက် မနက် ၅ နာရီအချိန်တွင် မြိုင်မြို့နယ် တောင်ပိုင်း သရက်ကန်ကျေးရွာ၌ စကစတပ်နှင့် ပျူ အင်အားတစ်ရာခန့်ဖြင့် အထိုင်ချထားသော စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့ (မြိုင်) မှ သတင်းရရှိပါတယ်။ ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့မှ ဦးဆောင်ပြီးဒေသခံ တပ်ဖွဲ့တို့ ပူးပေါင်းကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ တိုက်ပွဲတွင် စကစဘက်က အယောက်ငါးဆယ်သေဆုံးကာ ကျားသစ်နက်တပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ပါတယ်။

========================

📌📌စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လူဦးရေ ၁.၆ သန်းဟာ အလုပ်အကိုင် ဆုံးရှုံးပြီး အလုပ်လက်မဲ့ ဖြစ်သွားခဲ့ဆိုတဲ့သတင်း

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လူဦးရေ ၁.၆ သန်းဟာ အလုပ်အကိုင် ဆုံးရှုံးပြီး အလုပ်လက်မဲ့ ဖြစ်သွားခဲ့တယ်လို့ (၁၃၂) ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (မေဒေး) အတွက် ထုတ်ပြန်ကြေညာချက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ကဖော်ပြထားပါတယ်။

"စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာများကို မီးရှို့ခံရခြင်း၊ ဗုံးကြဲခံရခြင်း၊ လေကြောင်း တိုက်ခိုက်ခံရခြင်းများကြောင့် နေရပ်စွန့်ခွာ ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည် ၉၀၈,၀၀၀ ရှိနေပြီး၊ စစ်ဘေး အခြေအနေများကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ စောက်ရှောက်မှု လိုအပ်နေသည့် လူဦးရေ (၁၄) သန်း ခန့် ရှိနေပါတယ်။

ဒါ့အပြင် စကစဟာ အလုပ်သမားအဖွဲ့ချုပ်များ၊ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများကို မတရားအသင်းကြေငြာခြင်း၊ အလုပ်သမားသမဂ္ဂခေါင်းဆောင်များ၏ နိုင်ငံကူး လက်မှတ်များ အားပယ်ဖျက်ခြင်း၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခြင်း၊ ဖမ်းဝရမ်းထုတ်ခြင်း၊ ဖမ်းဆီးရိုက်နှက် နှိပ်စက်ခြင်း၊ ထောင်ချခြင်းများကို ပြုလုပ်ခဲ့ကြပါတယ်။

========================

📌📌စစ်ကောင်စီရဲများကို ငွေကြေးပေးကာ လုပ်ကိုင်နေတဲ့ လောင်းကစားဒိုင်နဲ့ လုပ်ငန်းများ ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ အရေးယူမယ်ဆိုတဲ့သတင်း

စစ်ကောင်စီရဲများကို ငွေကြေးပေးကာ ဆက်လက်လုပ်ကိုင်နေတဲ့ လောင်းကစားဒိုင်နဲ့ လုပ်ငန်းများ ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဧပြီ ၃၀ ရက်‌နေ့က ထုတ်ပြန်ပါတယ်။

"ထီးလင်းမြို့နယ်တွင် နှစ်လုံးထီလောင်းကစားလုပ်ငန်း ကြီးထွားလာနေပြီး ယခုအချိန်တွင် အိမ်၊ ခြံ၊ မြေများ ပေါင်နှံရောင်းချကာ လောင်းကစားကြသူများပင် ရှိလာကြောင်း ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ စိစစ်သိရှိရပါတယ်။
စစ်တပ်မှ မတရားအာဏာသိမ်းပြီးနောက်ပိုင်း အများပြည်သူ စီးပွားရေးကြပ်တည်းနေချိန်တွင် စစ်ကောင်စီလက်အောက်ခံရဲများနှင့် ဝေစားမျှစားလုပ်ကာ စီးပွားရှာနေကြသော ထီးလင်းမြို့နေ ဇေယျာဌေး၊ ဝင်းမင်းဇော် စသည့်လောင်းကစားဒိုင်အကြီးစားများနှင့် နှစ်လုံးထီ အရောင်းကိုယ်စားလှယ်များအနေဖြင့် လောင်းကစားလုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခြင်း မပြုလုပ်ရန် ထီးလင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့မှ သတိပေးတား​မြစ်လိုက်ပါတယ်"လို့ ဖော်ပြပါတယ်။

========================

📌📌စစ်ကိုင်းတိုင်းက မြို့ကြီးတွေမှာ စစ်ဆေးမှုတွေတင်းကျပ်နေပြီး ကုန်ပစ္စည်းတွေကို စစ်သားတွေက လုယူနေတာကြောင့် ပြည်သူတွေဟာ မလုံခြုံမှုကို ခံစားနေရတဲ့ သတင်းကို တင်ပြပေးပါ့မယ်

စစ်ကိုင်းတိုင်းရဲ့မြို့တော် မုံရွာအပါအဝင် မြို့ကြီးတွေမှာ ဈေးသွားဈေးလာတွေဆီက ကုန်ပစ္စည်းတွေကို စစ်သားတွေက မထင်ရင်မထင်သလို လုယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကုန်ဈေးနှုန်းတွေတက်ပြီး ဝင်ငွေမရှိချိန်မှာ ပစ္စည်းတွေကို လုယူခံရတာကြောင့် ပြည်သူတွေဟာ လွတ်လွတ်လပ်လပ်မသွားလာရဲတော့ဘဲ စိတ်မလုံခြုံမှုကိုခံစားနေရတယ်လို့ ယင်းမာပင်ဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။

(ယင်းမာပင်ဒေသခံတစ်ဦး)

စစ်ကိုင်းတိုင်းထဲက မြို့နယ် ၃၇ ခု စလုံးမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ စိုက်ပျိုးသီးနှံတွေကို အရင်လိုကောင်းကောင်း မစိုက်နိုင်တော့ပါဘူး။ ပြည်သူတွေဟာ စားဝတ်နေရေးကျပ်တည်းပြီး ခက်ခဲနေပေမယ့် စစ်ကောင်စီကို အနိုင်ရအောင်တိုက်နိုင်မှာ ယုံကြည်တယ်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးရဲ့အပြောကတော့

ဒေါက်တာလှကျော်ဇော (နိုင်ငံရေးလေ့လာသူ)

စစ်ကိုင်းတိုင်းထဲမှာ အရင်က ငွေကျပ်သုံးသောင်းတန် ဆန်တစ်အိတ်ဟာ အခု ငွေကျပ်ငါးသောင်းကျော် ခြောက်သောင်းနီးပါးအထိဈေးတက်နေပြီး ငွေကျပ် ၃ထောင်ကျော် ၄ထောင်ဈေးရှိခဲ့တဲ့ ပဲဆီတစ်ပိဿာဟာ အခုငွေကျပ် ၈ထောင်အထိ ဈေးတက်နေပါတယ်။

========================

📌📌သတင်းစာရှင်းလင်းပွဲမှာ စစ်ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုခဲ့တဲ့အတိုင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီက စစ်အရှိန်ပိုမြှင့်လာတယ်ဆိုတဲ့သတင်းကို တင်ပြပေးပါ့မယ်

ဧပြီလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ စစ်ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်အရှိန်ပိုမြှင့်မယ်ဆိုပြီး သူပြောခဲ့သလိုပဲ ယခု အင်အားအလုံးအရင်းအသုံးပြုပြီး မုံရွာ - မန္တလေး -မြင်းမူလမ်းနဲ့ မုံရွာ-အမြင့် လမ်းပိုင်းတွေက PDF စခန်းတွေကို တိုက်ခိုက်နေတယ်လို့ စစ်ကိုင်းဒေသခံတစ်ယောက်ကပြောပါတယ်။

ကိုမောင်မောင်ပီ (ပုလဲ)

စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်မှာ PDF တွေ အင်အားကြီးထွားလာတဲ့အတွက် စစ်ကောင်စီက အနော်ရထာစစ်ဆင်ရေးအမည်နဲ့ အကြမ်းဖက်ထိန်းချုပ်ဖို့ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်နဲ့ ဒုတိယဗိုလ်ချုပ်ကြီးတေဇကျော်တို့ကို ၂၀၂၁ အောက်တိုဘာလမှာ တာဝန်ပေးခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဗိုလ် Zeroက အခုလိုပြောပါတယ်။

ဗိုလ် Zero (Zero ပြောက်ကျားတပ်ဖွဲ့-မြင်းခြံ)

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအားလုံးပျက်စီးလုနီးပါးဖြစ်နေပြီး PDF တွေက စစ်ရေးအရအသာစီးရတယ်ဆိုပေမယ့် စစ်ကောင်စီရဲ့အဖက်ဖက်က ဖိအားပေးမှုတွေကြောင့် ဒေသတွင်းပြည်သူတွေဟာ စားဝတ်နေရေးကြပ်တည်းနေကြပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment