၂၀၂၂ မေလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌အာဆီယံ ဘုံသဘောတူညီချက်ငါးချက်ဟာ မလုံလောက်သော်လည်း စစ်ခေါင်းဆောင်များ ယခုအချိန်ထိအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို
📌စစ်ကောင်စီရဲ့ တိုးတက်မှုမရှိတဲ့အခြေအနေကို နောက်ထပ် တစ်နှစ် မစောင့်နိုင်တော့ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောကြား
📌ကချင်ပြည်နယ်တိုင်းရင်းသားနယ်မြေရှိ ကျောင်းတက်ရောက်မှု ထိန်းချုပ်နယ်မြေတွင် အားကောင်းလာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
📌သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် တက်ရောက်ရရှိလာတဲ့ဘွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုမယ်
📌ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာဘက်မှာ စကစတပ်ဖွဲ့များကို မိုင်းခွဲတိုက်ခိုက်
📌ကျောက်ထုအမြှောက်တပ်အား ကျောက်ထု PDF မှ ပစ်ခတ်တိုက်ခိုက်
📌လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ PDF Kalay တပ်ရင်း ၄ ခြေကုပ်စခန်းတစ်ခုကို စွန့်ခွာပေးခဲ့ရ
📌စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ မျိုးစပါးတင်းရေ ထောင်ချီပြီး ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခံထားရတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းကိုပြန်လည်ထူထောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်သေးဘူးလို့ ဒေသခံတွေကပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌အာဆီယံ ဘုံသဘောတူညီချက်ငါးချက်ဟာ မလုံလောက်သော်လည်း စစ်ခေါင်းဆောင်များ ယခုအချိန်ထိအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို
မေလ ၁၃ ရက်နေ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ဟာ မလုံလောက်သော်လည်း စစ်ခေါင်းဆောင်များ ယခုအချိန်ထိအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိဘူးလို့ ဆိုလိုက်ပါတယ်။
ဒီအခြေခံမလုံလောက်တဲ့အချက်တွေကိုမှပဲ အခုအချိန်အထိ ပြည့်ဝအောင် အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိသေးဘူးဆိုတော့ ဒါတွေကိုဆက်လက်တိုက်တွန်းရမှာဖြစ်တယ်။ဒီ့ထက်မကတဲ့ လုပ်စရာတွေလည်းကျန်ပါသေးတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အာဆီယံဘူံသဘောတူညီချက် ငါးချက်မှာ သက်ဆိုင်သူများအားလုံးအကြား ငြိမ်းချမ်းစွာ အဖြေရှာရန်၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှု များ ချက်ချင်း ရပ်တန့်ရန်၊ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှု စတင်ရန်၊ ဖမ်းဆီးထားသူများအားလုံး လွှတ်ပေးရန် စတဲ့အချက်များဖြစ်ပါတယ်။
========================
📌📌စစ်ကောင်စီရဲ့ တိုးတက်မှုမရှိတဲ့အခြေအနေကို နောက်ထပ် တစ်နှစ် မစောင့်နိုင်တော့ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ထုတ်ဖော်ပြောကြား
အမေရိကန်နိုင်ငံဝါရှင်တန်မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ မလေးရှားနိူင်ငံခြားရေးဝန်ကြီးဆိုင်ဖူဒင် အဗ္ဗဒူလာကပြောကြားခဲ့တာပါ။
"လူသားချင်းစာနာမှုအကူအညီကို စကစ ကလက်နက်သဖွယ် အသုံးချပြီး သူတို့ပေးချင်တဲ့သူတွေကိုပဲ ကွက်ပြီးပေးတာမျိုး မဖြစ်စေချင်ဘူး။ စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ အဆိုပြုချက်တွေကို ပိုမိုအလေးထားပြီးပွင့်လင်းမြင်သာစွာဆောင်ရွက်သင့်ပါတယ်။အာဆီယံဘုံသဘောတူညီချက်ကို စကစကလက်ခံလာခဲ့တာ တစ်နှစ်ရှိလာခဲ့ပါပြီ။ NUG ကလည်း ဒီငါးချက်ကိုလက်ခံပါတယ်။ ဒါပေမဲ့ ဘာမှ တိုးတက်မှုမရှိဘဲ မြန်မာနိုင်ငံမှာလူတွေပိုပြီး သတ်ဖြတ်ခံနေရပါတယ်။ ထွက်ပြေးရတဲ့လူတွေလည်း ပိုများလာနေပါတယ်။ နောက်ထပ်တစ်နှစ် ကျနော်တို့မစောင့်နိုင်တော့ပါဘူး” လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုခဲ့ပါတယ်။
========================
📌📌ကချင်ပြည်နယ်တိုင်းရင်းသားနယ်မြေရှိ ကျောင်းတက်ရောက်မှု ထိန်းချုပ်နယ်မြေတွင် အားကောင်းလာကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား
ကချင်ပြည်နယ်တိုင်းရင်းသားနယ်မြေရှိ ယခင် ကျောင်းသားနှစ်ထောင်၊ သုံးထောင်မှ ယခုကျောင်းသား နှစ်သောင်း၊သုံးသောင်းအထိ ကျောင်းတက်ရောက်မှု ထိန်းချုပ်နယ်မြေတွင် အားကောင်းလာကြောင်း မေလအတွင်း တွေ့ဆုံမေးမြန်းခန်းမှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်ပါတယ်။
"တိုင်းရင်းသားနယ်မြေတွေမှာ သူ့ထိန်းချုပ်နယ်မြေမှာ ပညာရေးကဆက်သွားနေတယ်။ကချင်မှာဆို သူ့စာမေးပွဲသူစစ်တယ်။ ပြီးခဲ့တဲ့လများတွင် ဆယ်တန်းစာမေးပွဲအား KIO က ၄င်းနယ်မြေတွင် ကျောင်းသား ကျောင်းသူများကို စည်းစနစ်တကျ စာမေးပွဲ စစ်ဆေးခဲ့ပါတယ်။ အဲဒီလိုပညာရေးအနေအထားပြောင်းလဲသွားတယ်"လို့ဆိုထားပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကြားကာလ ပညာရေးကိုအကောင်အထည်ဖော်ဆောင်နေပြီး တိုင်းရင်းသားနယ်မြေများနဲ့လည်းချိတ်ဆက်ဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် တက်ရောက်ရရှိလာတဲ့ဘွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုမယ်
သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် အွန်လိုင်းစနစ်ဖြင့် ပုံမှန်ဘွဲ့သင်တန်းများ ဖွင့်လှစ်မှာဖြစ်ပြီးတော့ ရရှိလာတဲ့ဘွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုမယ်လို့မေလ ၁၅ ရက်နေ့မှာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင်တပြိုင်နက်တည်းမှာ စစ်ကောင်စီက ဖွင့်လှစ်နေတဲ့ ဘွဲ့သင်တန်းများကိုလည်း အသိအမှတ်ပြုမှာမဟုတ်ဘဲ တက်ရောက်ခဲ့သူ ကျောင်းသားကျောင်းသူများကိုလည်း မှတ်တမ်းတင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
NUG အသိအမှတ်ပြု သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်က ကြားကာလပညာရေးစနစ်တွင် အောင်မြင်လာခဲ့သော ပညာရှင်များအနေနဲ့ နိုင်ငံတကာတွင် ဘွဲ့လွန်ပညာရေး ဆက်လက်သင်ကြားလိုပါကလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရကထောက်ခံပေးသွားမှာဖြစ်ပါတယ်။
========================
📌📌ခင်ဦးမြို့နယ် မြင်းဒေါင်းကျေးရွာဘက်မှာ စကစတပ်ဖွဲ့များကို မိုင်းခွဲတိုက်ခိုက်
"မေလ ၁၅ ရက်နေ့ မနက် ၅:၂၀ နာရီ ခန့်တွင် မြင်းဒေါင်းကျေးရွာဘက်မှ အနောက်ရေဦးသို့ ထွက်လာသော စကစတပ်ဖွဲ့နဲ့ ဆိုင်ကယ်နှစ်ယောက်တစ်တွဲအစီး (၂၀) ခန့် အား မိမိတို့ KSO အဖွဲ့မှ အင်းပတ်ကွေ့ အရောက်တွင် ရှေ့ထွက်မိုင်း (၃) လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၀စီး ခန့် နေရာတင်လဲကျ၍ ကျန်အစီးများ ဝရမ်းသုန်းကားဖြစ်ကာ စျေးဆိုင်တန်းများအတွင်း ထိုးကျသွားခဲ့ပါတယ်"လို့ဖော်ပြပါတယ်။
ထို့နောက် အင်းပတ်ကွေ့တွင်စကစတပ်က ခြေလျင်ဖြန့်ကာ သေနတ်များ ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။ စကစတပ်များ မိုင်းဆွဲခံထားရသော ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရသူများကို ကားများတား၍ သယ်ဆောင်သွားကြောင်းသိရပါတယ်။
========================
📌📌ကျောက်ထုအမြှောက်တပ်အား ကျောက်ထု PDF မှ ပစ်ခတ်တိုက်ခိုက်
"မေလ ၁၄ ရက်တွင်ကျောက်ထုမြို့နှင့် နီးစပ်ရာကျေးရွာများသို့ ဝင်ရောက်မွှေနှောက်ကာ ပြည်သူများအားခြိမ်းခြောက်ခြင်းကို လက်တုန့်ပြန်သောအနေဖြင့်ယနေ့ နံနက် ၁၂ နာရီ ခွဲ အချိန်မှ နံနက် ၁ နာရီ ခွဲ အချိန်အထိ ၁ နာရီအကြာကျောက်ထုအမြှောက်တပ်အား ၆၀ မမ လက်နက်ကြီးအချက်(၂၀) ကျော် နှင့် ကျောက်ထုရဲစခန်းအား လက်နက်ကြီး (၁၅) ချက်ဖြင့် ကျောက်ထု PDF မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစတပ်များဘက်မှလည်း ၁၂၀ - မမ လက်နက်ကြီး အချက် (၂၀ ) ကျော် ၊ လက်နက်ငယ်များဖြင့်လည်း နံနက် ၃ နာရီခွဲခန့်အထိ ရမ်းသမ်း၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ဟုကျောက်ထု PDF ကဆိုပါတယ်။
========================
📌📌လေကြောင်းပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်နေ၍ PDF Kalay တပ်ရင်း ၄ ခြေကုပ်စခန်းတစ်ခုကို စွန့်ခွာပေးခဲ့ရ
ပြည်သူ့ကာကွယ်ရေးတပ်မတော် ကလေးခရိုင် အမှတ် (၄) တပ်ရင်း၏ ခြေကုပ်စခန်းဟာ မေလ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်၏ တိုက်လေယာဥ် ( Fighter Jet ) ၃ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ၊ MI 35 ရဟတ်ယာဥ်နှစ်စင်းဖြင့် နာရီ၀က်ကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခြင်း Drone များသုံး၍ အီနာဂါဗုံးသီးများဖြင့်တိုက်ခိုက်ခြင်း၊ ခြေလျင်တပ်မှ အင်အား ၂၀၀ ခန့်ဖြင့် ထိုးစစ်ဆင်ခြင်းများကို ခံခဲ့ရပါတယ်။ လက်နက်အင်အား ကွာဟလွန်းသည့်အပြင် ကျည်အင်အား မလုံလောက်မှုကြောင့် စခန်းမှဆုတ်ခွာပေးခဲ့ရပါတယ်"လို့ PDF Kalay တပ်ရင်း ၄ က ထုတ်ပြန်ခဲ့ပါတယ်။
ရန်သူစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများအပြီးတွင် အင်အား ၂၀၀ ခန့်ရှိ ရန်သူစစ်ကောင်စီခြေလျင်တပ်အား ကာကွယ်ရေးရဲဘော်များမှ ခုခံတိုက်ခိုက်ခဲ့ကြရာ ရန်သူ့ဖက်အသေအဆုံးများမယ်လို့လည်းဆိုပါတယ်။ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရဲဘော်တချို့ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး အကျအဆုံးမရှိခဲ့ဘူးလို့သိရပါတယ်။
========================
အခု ဆက်လက်ပြီးသတင်းနှင့်အတူ စကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားပါ့မယ်။
📌📌စစ်ကိုင်းတိုင်းထဲက ကျေးရွာတွေမှာ မျိုးစပါးတင်းရေ ထောင်ချီပြီး ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခံထားရတာကြောင့် စိုက်ပျိုးရေးလုပ်ငန်းကိုပြန်လည်ထူထောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
စိုက်ပျိုးရေးကိုဗဟိုပြုတဲ့ကျေးလက်ဒေသမှာ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ မျိုးစပါး၊ မျိုးပဲ တွေကို စစ်ကောင်စီကဖျက်ဆီးခဲ့တာကြောင့် ပြန်လည်ထူထောင်ဖို့ဘယ်လိုမှ မဖြစ်နိုင်သေးဘူးလို့ ရေဦးဒေသခံ ပြည်သူတစ်ယောက်ကပြောပါတယ်။
ရေဦးနယ်ခံပြည်သူတစ်ဦး
စစ်ကိုင်းတိုင်းမှာ ဆည်ရေသွင်းပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ကြတာပါ။ ဆည်ရေမလိုအပ်ဘဲစိုက်ပျိုးနိုင်တဲ့ ချင်းတွင်းမြစ်ရိုးတစ်လျှောက်မြေနုကျွန်းတွေမှာလည်း ဒီနှစ်စိုက်ပျိုးရာသီအတွက် စိုက်ပျိုးကြသူမရှိသလောက်နည်းပါးနေပါတယ်။ ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းက တော်လှန်ရေးအောင်ဖို့တစ်ခုပဲရှိတယ်လို့ ယင်းမာပင် ဗိုလ်သူရိန်အဖွဲ့က အခုလိုပြောဆိုထားပါတယ်။
ယင်းမာပင် ဗိုလ်သူရိန်အဖွဲ့
စစ်ကိုင်းတိုင်းထဲမှာ တောင်သူတွေဟာ ဒီနှစ်စိုက်ပျိုးရာသီအတွက် မိသားစုစားဖို့လောက်ပဲစိုက်နိုင်တယ်လို့ဆိုကြပါတယ်။ အရင်နှစ်တွေတုန်းက တစ်နှစ်စာရိက္ခာအတွက်ကြိုတင်စုဆောင်းထားလေ့ရှိခဲ့ပေမယ့် အခုနှစ်မှာတော့ အကုန်လုံးဖျက်ဆီးခံထားရတယ်လို့ ဒေသခံတွေကပြောပါတယ်။
No comments:
Post a Comment