15th MAY 2022 - Morning Daily News by Radio NUG

၂၀၂၂ မေလ ၁၅ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌နိုင်ငံသူနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုကြောင့် ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် မုချဧကန် အောင်မြင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဆို

📌မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန် ဒီစီမှာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်

📌ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာပြည်သူတွေရဲ့ ပစ္စုပ္ပန် အနာဂါတ်တွေဟာ မလုံခြုံ မရေရာတဲ့ အခြေအနေလို့ ဝန်ကြီးဒေါ်ဇင်မာအောင်ဆို

📌အကြမ်းဖက် စစ်အုပ်စုဟာ လွတ်လပ်မှုနဲ့ဒီမိုကရေစီအပေါ် ကာကွယ်စောင့်ရှောက်သူတွေကို အန္တရာယ်ပြု ခြိမ်းခြောက်တဲ့ ဇာတ်ညွှန်းအတိုင်းကနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ () တပ်ရင်း(၁၀၀၈) အဖြစ် တရားဝင်ပြောင်းလဲဖွဲ့စည်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌နိုင်ငံသူနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုကြောင့် ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် မုချဧကန် အောင်မြင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဆို


နိုင်ငံသူနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုကြောင့် ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် မုချဧကန် အောင်မြင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရဆိုလိုက်ပါတယ်။ ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ် နှုတ်ခွန်းဆက်သဝဏ်လွှာကို သမ္မတဒူဝါလရှီးလကထုတ်ပြန်ခဲ့ပါတယ်။


"ယခုအခါမြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဓမ္မနှင့်အဓမ္မကိုဝေဖန်မပိုင်းခြား တတ်သော လူတစုကြောင့် ဆင်းရဲဒုက္ခများခံစားခဲ့ကြရသည်မှာ တနှစ်ကျော်ကာလ ကြာခဲ့ပြီဖြစ်ပါတယ်၊ သို့ရာတွင်အဓမ္မတရားများကိုရှောင်ရှားပြီး ဓမ္မတရားကိုသာလိုက်နာကျင့် သုံးသင့်ကြောင်း မြတ်ဗုဒ္ဓ၏ မိန့်ကြားချက်အတိုင်း ဓမ္မနှင့် အဓမ္မကို ကောင်းမွန်စွာ ဝေဖန်ပိုင်းခြားနိုင်သော နိုင်ငံသူနိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုကြောင့် ယခုဆင်နွှဲနေသော နွေဦးတော်လှန်ရေးသည် မုချဧကန် အောင်မြင်မည်ဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အပြင်နွေဦးတော်လှန်ရေးတွင်ပါဝင်ရင်း အသက်ပေးလှူသွားကြသော မြန်မာနိုင်ငံသူ နိုင်ငံသား အပေါင်း မြင့်မြတ်ရာ ဘုံဘဝတွင်ရောက်ရှိခံစားနိုင်ပါစေကြောင်း မျှော်ရည်လျက် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း တိုင်းရင်းသားညီအကို မောင်နှမများ အားလုံး အားသွန်ခွန်စိုက် အတူအကွ ထုဆစ်ပုံဖော်နိုင်ကြပါစေလို့သဝဏ်လွှာမှာဖော်ပြထားပါတယ်။


=======================


📌📌မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးတို့ ဝါရှင်တန် ဒီစီမှာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်


မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဆိုင်ဖူဒင် အဗ္ဗဒူလာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမှာ မေ ၁၄ ရက် (ဒီနေ့)မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။


မလေးရှားဝန်ကြီးချုပ် ဆိုင်ဖူဒင် အဗ္ဗဒူလာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေအပေါ် ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ မြန်မာနိုင်ငံ ငြိမ်း ချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့အတွက် လုပ်ဆောင်ပေးဖို့ မလေးရှားနိုင်ငံက အသင့်ရှိတယ်ဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့တယ်လို့ အသိပေးထုတ်ပြန်လိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်ဇင်မာအောင်ကလည်း မြန်မာဒုက္ခသည်တွေ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ ရင်ဆိုင်နေရတဲ့ စိန် ခေါ်မှုတွေအပေါ်မှာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။


အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ ဆုံမှုပြုလုပ်ဖို့ရှိပြီး အချို့က တရားဝင် သတင်းထုတ်ပြန်သလို တချို့ကလည်း သတင်းမထုတ်ပြန်ဘဲ တွေ့ဆုံဖို့ အစီ အစဉ်တွေရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားထားပါတယ်။


အလုပ်သဘောနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဝင်ဒီရှားမန်း၊ သမ္မတဂျိုးဘိုင်ဒန်ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ အာဆီယံဝန်ကြီးအချို့နဲ့ လူချင်းတွေ့ဆုံဆွေးနွေးမှုတွေပြုလုပ် ထားပါတယ်။


========================


📌📌ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာပြည်သူတွေရဲ့ ပစ္စုပ္ပန် အနာဂါတ်တွေဟာ မလုံခြုံ မရေရာတဲ့ အခြေအနေလို့ ဝန်ကြီးဒေါ်ဇင်မာအောင်ဆို


ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာပြည်သူတွေရဲ့ ပစ္စုပ္ပန် အနာဂါတ်တွေဟာ မလုံခြုံ မရေရာတဲ့ အခြေအနေလို့ ဝန်ကြီးဒေါ်ဇင်မာအောင်ကဆိုပါတယ်။ မေလ ၁၄ ရက်နေ့မှာ အမေရိကန်ကို အစိုးရခရီးစဥ်နဲ့ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီးက လင်ကွန်းရုပ်တုရှေ့မှာ ပေါ်ပေါက်တဲ့အကြောင်းအရာများကိုလူမှုကွန်ရက်မှာရေးသားအသိပေးခဲ့ပါတယ်။


"နှစ်အတော်ကြာမှ ပြန်ရောက်တယ် တိုင်းပြည်က အရေးပေါ် နေတဲ့အချိန်ဆိုတော့ ခရီး စီစဉ်ရတာလည်း အရေးပေါ် အမြန် - urgent - ရက်စက်ကြမ်းကြုပ်တဲ့ စစ်အာဏာသိမ်းမှုအောက်မှာ မြန်မာပြည်သူတွေရဲ့ ပစ္စုပ္ပန် အနာဂါတ်တွေ ဟာ မလုံခြုံ မရေရာ တဲ့ အခြေအနေ ကျမ ခရီးစဉ် mission ဟာ လည်း အဲ့ဒီအခြေအနေတွေ ကြားကနေ ဖြစ်အောင် စီစဉ်ခဲ့ရတာ ဆိုတော့ ဟိုး အရင့်အရင် ဝါရှင်တန် ကို လာရ သွားရတဲ့ အခြေအနေ အချိန်အခါ တုန်း က စိတ်ခံစားမှု နဲ့ မတူ။တူတာတခုက ကိုယ်အနှစ်သက်ဆုံး နေရာ ကို ရောက်အောင်သွားဖြစ်ခဲ့တာတော့တူ တယ် တဖက်က - လက်သီး ဆုပ်ထား တယ်၊ တဖက်က လက်ဖြန့်ထား တယ် ခြေထောက်အနေအထား အထားအသိုက အစ လင်ကွန်း ဖြတ်သန်းခဲ့ရတဲ့ အခြေအနေ ကို ထင်ဟပ်ထားတယ် လို့ဆိုတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကိုမတရားသိမ်းယူခဲ့ပါတယ်။ ယင်းနောက်နိုင်ငံတော်အကြီးအကဲများကို ဖမ်းဆီးကာ အရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။


========================


📌📌အကြမ်းဖက် စစ်အုပ်စုဟာ လွတ်လပ်မှုနဲ့ဒီမိုကရေစီအပေါ် ကာကွယ်စောင့်ရှောက်သူတွေကို အန္တရာယ်ပြု ခြိမ်းခြောက်တဲ့ ဇာတ်ညွှန်းအတိုင်းကနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


အကြမ်းဖက် စစ်အုပ်စုဟာ လွတ်လပ်မှုနဲ့ဒီမိုကရေစီအပေါ် ကာကွယ်စောင့်ရှောက်သူတွေကို အန္တရာယ်ပြု ခြိမ်းခြောက်တဲ့ ဇာတ်ညွှန်းအတိုင်းကနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကဆိုလိုက်ပါတယ်။


မေလအတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာ အသိပေးတင်ပြထားပါတယ်။


"လွတ်လပ်မှုနဲ့ ဒီမိုကရေစီအပေါ် ခြိမ်းခြောက်တိုက်ခိုက်တော့မယ်ဆိုရင် ဒီအရာတွေကို ကာကွယ်စောင့်ရှောက်သူတွေနဲ့ လွတ်လပ်တဲ့ ဥပဒေအကာအကွယ်တွေကို အန္တရာယ်ပြုခြိမ်းခြောက်တာတွေနဲ့စတင်လေ့ရှိပါတယ်။အကြမ်းဖက် စစ်အုပ်စုဟာ ဒီဇာတ်ညွှန်းအတိုင်းကနေတာပါ။ပြည်သူတွေကို ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တယ်။ပုဒ်မကြီးတွေနဲ့လွန်လွန်ကျူးကျူးတရားစွဲ အမိန့်ချတယ်။တစ်ဖက်ကလည်း တရားသူကြီးတွေကို ထုတ်ပယ်ပစ်တာ၊ စစ်ခုံရုံးတွေကို အသုံးပြုတာ၊ဒီမိုကရေစီနည်းကျဥပဒေတွေရဲ့နေရာမှာ ဥပဒေနဲ့မညီတဲ့အမိန့်တွေနဲ့ အစားထိုးဖို့ကြိုးစားတာတွေလုပ်ဆောင်လျက်ရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စကစဟာ နိုင်ငံတော်အကြီးအကဲများနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ကျောင်းသာလူငယ်များ၊ အရပ်သားများကိူ လူတစ်သောင်းကျော် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။


========================


📌📌ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ () တပ်ရင်း(၁၀၀၈) အဖြစ် တရားဝင်ပြောင်းလဲဖွဲ့စည်း


ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဒေသ () တပ်ရင်း(၁၀၀၈) အဖြစ် တရားဝင်ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။ မေလ ၁၄ ရက်နေ့မှာ ကြေညာချက်အမှတ် (/၂၀၂၂) နဲ့ကြေညာခဲ့တာဖြစ်ပါတယ်။


"ရှမ်းပြည်နယ်တောင်ပိုင်းရှိ တော်လှန်ရေးအင်အားစုများဖြစ်သည့် SSRY Eagle Force Dragon Force Tai PDF Cobra Force Dove Guerrilla Force Southern Shan Irine Force Dove KK Medical Crew (တပ်ရင်းဆေးတပ်) တို့သည် ယခင်လမှစတင်၍ ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့ (SSRY) တပ်ရင်း၏ တပ်ခွဲများအနေဖြင့် ယခင်လကစုစည်းတည်ထောင်ခဲ့ပြီး ပြည်သူလူထု၏ ထောက်ပံ့ပေးမှုဖြင့် စစ်အာဏာရှင်အားတွန်းလှန်တိုက်ပွဲဝင်လျက်ရှိပါတယ်။ယခုအခါ SSRY သည် အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန(အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)စစ်ဒေသ၃၏ လက်အောက်တွင် တရားဝင် တပ်ရင်းတစ်ခုအနေဖြင့်  တာဝန်ထမ်းဆောင်ခွင့်ရရှိပြီဖြစ်၍ ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ မိမိတို့နှင့် ရည်ရွယ်ချက်တူသော မည်သည့်အဖွဲ့အစည်းများနှင့်မဆို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


သို့ဖြစ်ရာ ယခင်သုံးစွဲခဲ့သော ရှမ်းတောင်တော်လှန်ရေးလူငယ်များအဖွဲ့  SSRY Eagle Force Page နှင့် Tai PDF Cobra Force Page  အားတပ်ရင်း(၁၀၀၈) တပ်ခွဲများအဖြစ် လူမှုကွန်ရက်စာမျက်နှာ (Facebook Page) တွင် အမည်ပြောင်းလဲသုံးစွဲသွားမယ်လို့ကြေညာပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment