၂၀၂၂ မေလ ၂၂ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌CDM တရားသူကြီးနည်းတဲ့အတွက် ဥပဒေပညာရှင်များကို တရားသူကြီးတာဝန်ပေးအပ်၍ အဖွဲ့နဲ့တရားစီရင်ရေးများကို ဆောင်ရွက်မယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးဆို
📌ရေဦးမြို့နယ် မုန်တိုင်ကျေးရွာမှာ ရွာသား (၂၈) ယောက်ကို ဖမ်းဆီးနှိပ်စက်၍ သတ်ဖြတ်မှုတွေကိုအထောက်အထားအခိုင်အမာရထားပြီးပြီလို့ လူ့အခွင့်ရေးဝန်ကြီးကြေညာ
📌ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံ
📌တောင်ကိုရီးယားနိုင်ငံ တရုတ်သံရုံးရှေ့တွင် မြန်မာနိုင်ငံသားများကန့်ကွက်ဆန္ဒပြ တောင်ကိုရီးယားနိုင်ငံ တရုတ်သံရုံးရှေ့တွင် မြန်မာနိုင်ငံသားများကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
📌ကသာ ပကဖသို့ အလင်းဝင်လာတဲ့ တပ်နဲ့ရဲ ၆၁ ဦးထိရှိလာ
📌လက်နက်အပြည့် အစုံ ဖြင့် CDM ပြုလုပ်လာ သော တပ် ၆၆ လက်အောက်ခံကို ကရင်နီပြည် သူ့ရင်ခွင်ခိုလုံရေး အစီစဥ်မှ ဆုငွေ သိန်း ၂၀ အားချီးမြှင့်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌CDM တရားသူကြီးနည်းတဲ့အတွက် ဥပဒေပညာရှင်များကို တရားသူကြီးတာဝန်ပေးအပ်၍ အဖွဲ့နဲ့တရားစီရင်ရေးများကို ဆောင်ရွက်မယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးဆို
CDM တရားသူကြီးနည်းတဲ့အတွက် ဥပဒေပညာရှင်များကို တရားသူကြီးတာဝန်ပေးအပ်၍ အဖွဲ့နဲ့တရားစီရင်ရေးများကို ဆောင်ရွက်မယ်လို့ တရားရေးဝန်ကြီး ဦးသိန်းဦးကဆိုပါတယ်။
မေလအတွင်းမှာ တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးကပြောကြားခဲ့ပါတယ်။
"သိမ်းပိုက်ရရှိတဲ့ လွတ်မြောက်နယ်မြေတွေမှာ ရန်သူနဲ့အလှမ်းဝေးပြီလားဆို ထိစပ်နေတုန်းပဲရှိပါသေးတယ်။ပထမဆုံးအနေနဲ့ အဖွဲ့နဲ့တရားစီရင်ရေးကို မြို့နယ်တစ်ခုမှာ ငါးဦးခန့်ပါမယ်။သုံးဦးနဲ့တရားစီရင်မှာ ဖြစ်ပါတယ်။သိတဲ့အတိုင်းပဲ။ CDM တရားသူကြီးကနည်းပါတာ်။အဲဒီအတွက်လူထုထဲက ဥပဒေပညါရှင်တွေစုပြီး တရားရုံးမှာဥပဒေတာဝန်ထမ်းဆောင်ပါမယ်။ သုံးယောက်က ပုံမှန်တရားရုံးလိုနေ့တိုင်းရုံးထိုင်မှာမဟုတ်ဘဲ အမှုတွေရှိတဲ့အခါ ရုံးထိုင်မဲ့နေရာနဲ့ စစ်ဆေးမဲ့ရက်ကိုသတ်မှတ်ပါမယ်"လို့ဝန်ကြီးကဆိုပါတယ်။
အဆိုပါ လွတ်မြောက်နယ်မြေများတွင် တရားခံများကို ဖမ်းဆီးရန် CDM ရဲများကို ပသုံးပြုမှာဖြစ်၍ အင်အားများစေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပါ ရဲလုပ်ငန်းကိုပူးတွဲတာဝန်ထမ်းဆောင်မယ်လို့သိရပါတယ်။
မေလ ၁၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အမိန့်ကြေညာစာအမှတ် (၁၁/၂၀၂၂) ဖြင့်မြို့နယ် ၁၅ မြို့နယ်တွင် မြို့နယ်တရားသူကြီးအဖွဲ့များကို ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
အဆိုပါ ၁၅ မြို့နယ်တွင် မြို့နယ်တရားသူကြီးအဖွဲ့များကို ခန့်အပ်၍ စက်ရှင်တရားစီရင်ရေး အာဏာများ အပ်နှင်းလိုက်ကြောင်းယာယီသမ္မတ ဒူဝါလရှီးလကကြေညာထားပါတယ်။
=======================
📌📌ရေဦးမြို့နယ် မုန်တိုင်ကျေးရွာမှာ ရွာသား (၂၈) ယောက်ကို ဖမ်းဆီးနှိပ်စက်၍ သတ်ဖြတ်မှုတွေကိုအထောက်အထားအခိုင်အမာရထားပြီးပြီလို့ လူ့အခွင့်ရေးဝန်ကြီးကြေညာ
စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ကျေးရွာမှာ ရွာသား (၂၈) ယောက်ကို ဖမ်းဆီးနှိပ်စက်၍ သတ်ဖြတ်မှုတွေကိုအထောက်အထားအခိုင်အမာရထားပြီးပြီလို့ လူ့အခွင့်ရေးဝန်ကြီးဦးအောင်မျိုးမင်းကကြေညာလိုက်ပါတယ်။
မေလ၂၁ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရက လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကလူမှုကွန်ရက်မှာ အသိပေးပြောကြားခဲ့ပါတယ်။
"မေလ ၁၂ ရက်နေ့က ရေဦးမြို့နယ် မုန်တိုင်ကျေးရွာမှာ ရွာသား (၂၈) ယောက်ကို ဖမ်းဆီးနှိပ်စက်မှုတွေ ရက်ရက်စက်စက် နှိပ်စက်ပြီး အလောင်းတွေကိူ မီးရိူ့ဖျက်ဆီးခဲ့တဲ့ သက်သေအေထာက်အထားတွေ အခိုင်အမာရရှိပြီးပါပြီ။
အပြစ်မဲ့ရွာသား အမျိုးသမီးအမျိုးသား သက်ကြီးရွယ်အိုမကျန် မြင်မြင်သမျှကို ဖမ်းဆီးချုပ်နှောင်ပြီး နှိပ်စက်ပါတယ်။ မသင်္ကာတဲ့အမျိုးသားတွေက အထူးနှိပ်စက်တာ ခံရပါတယ်။ လူတွေကို အတွဲလိုက်အပြင်ခေါ်ထုတ်သွားပြီး ရက်ရက်စက်စက်သတ်ဖြတ်ပါတယ်။ အလောင်းတွေကို နေအိမ်တွေမှာတင်ပြီး နေအိမ်နဲ့အတူ မီးရို့ခံရတာပါ"လို့ဆိုပါတယ်။
စကစဟာ စစ်ကိုင်းတိုင်းအတွင်းကို အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့လုပ်ဆောင်နေပြီးအရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိနေတယ်လို့သိရပါတယ်။
"စစ်ပွဲကာလအတွင်း အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းဟာ စစ်ရာဇဝတ်မှူ (War Crime) မြောက်သော နိုင်ငံတကာရာဇဝတ်မှုများဘဲ ဖြစ်ပါတယ်။ အကြမ်းဖက်ရာဇဝတ်ကောင်တွေကို နိုင်ငံတကာတရားဥပဒေအတိုင်း အရေးယူဖို့ ဆက်လက်လုပ်ဆောင်လျက်ပါ"လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကထပ်မံဆိုပါတယ်။
========================
📌📌ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံ
ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များ တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီဝင်များမေလ (၂၀) ရက် နံနက် ၁၀ နာရီက တွေ့ဆုံခဲ့ပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြပါတယ်။
ပထမဦးစွာကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် ဗဟိုကော်မတီဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များမှ တက်ရောက်ဆွေးနွေးခဲ့ပါတယ်။
========================
📌📌တောင်ကိုရီးယားနိုင်ငံ တရုတ်သံရုံးရှေ့တွင် မြန်မာနိုင်ငံသားများကန့်ကွက်ဆန္ဒပြ တောင်ကိုရီးယားနိုင်ငံ တရုတ်သံရုံးရှေ့တွင် မြန်မာနိုင်ငံသားများကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
အကြမ်းဖက် စစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရသဖွယ် ဆက်ဆံနေတဲ့တရုတ်အစိုးရအား ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြပွဲအား မေလ၂၁ရက် မွန်းတည့် ၁၂ နာရီမှ နေ့လယ်၂ နာရီအထိ ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
အဆိုပါ ဆန္ဒပြပွဲအား တောင်ကိုရီးယားအခြေစိုက် မြန်မာအဖွဲ့အစည်း ၃၅ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် NUG SUPPORT TEAM KOREA မှ ဦးဆောင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဆန္ဒပြပွဲသို့ မြန်မာနိုင်ငံသား ၇၀ ကျော် လာရောက် ပူးပေါင်းခဲ့ကြပါတယ်။
တက်ရောက်လာသူများက တရုတ်အစိုးရအနေဖြင့် အခြေအနေအမှန်ကို မှန်ကန်စွာ သိမြင်ဖို့လိုကြောင်း၊ မြန်မာနိုင်ငံသားများကို အကြမ်းဖက် သတ်ဖြတ်နေသည့် စစ်ကောင်စီကို ထောက်ပံ့ခြင်းမပြုပဲ မြန်မာနိုင်ငံသားများဘက်က ရပ်တည်ကာ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကူညီပံ့ပိုးခြင်းဖြင့် မြန်မာတို့၏ ကျေးဇူးတင်မှုနဲ့အတူ အနာဂတ် အတွက် ရေရှည် တည်တံ့မယ့် ချစ်ကြည်ရင်းနှီးမှုကို ရယူဖို့ တိုက်တွန်းကြောင်းအား သတိပေးခဲ့ကြပါတယ်။
ထို့နောက် တက်ရောက်လာသူများက မြန်မာ၊အင်္ဂလိပ်၊တရုတ်၊ကိုရီးယား ၄ ဘာသာဖြင့် ရေးသားထားသည့် အိတ်ဖွင့်ပေးစာအား တရုတ်သံရုံးသို့ သွားရောက်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲများကို မေ၂၀ နှင့် ၂၁ ရက်နေ့များတွင် NUG ရုံးစိုက်ရာ ဂျပန်၊ အမေရိကန်၊ ယူကေ၊ ဩစတေးလျ၊ ကိုရီးယား၊ ပြင်သစ်၊ နယ်သလန်၊ ကနေဒါနှင့် နော်ဝေ စသည့် ၉ နိုင်ငံရှိ မြန်မာနိုင်ငံသားများက တပြိုင်နက် ဆန္ဒဖော်ထုတ်ပွဲများနှင့် အကြောင်းအရာတူညီသည့် ကန့်ကွက်လွှာများကို သက်ဆိုင်ရာ တရုတ်သံရုံးများသို့ ပေးပို့ခဲ့ကြတာဖြစ်ပါတယ်။
========================
📌📌ကသာ ပကဖသို့ အလင်းဝင်လာတဲ့ တပ်နဲ့ရဲ ၆၁ ဦးထိရှိလာ
စစ်ကိုင်းတိုင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ အလင်းဝင်လာတဲ့ တပ်နဲ့ရဲ ၆၁ ဦးထိရှိလာတယ်လို့သတင်းရရှိပါတယ်။ မေလ၂၁ ရက်မှာ အလင်းဝင်လာတဲ့စကစတပ်ဖွဲ့ဝင်များအကြောင်းကို ကသာပကဖကဆိုပါတယ်။
"အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရပ်တွေကို လက်မခံတော့တဲ့ စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်တပ်ရှေ့တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော ရဲနှင့်စစ်သား CDM ဦးရေ ၆၁ ဦးထိရှိလာပြီး ၂၀၂၂ ခုနှစ်အတွင်း ဆက်တိုက် ဝင်ရောက်မှုရှိပါတယ်"လို့ဖော်ပြပါတယ်။
မေလ ၁၆ ရက်တစ်ရက်ထဲမှာပင် ကသာမြို့နယ်သို့ စစ်ကြောင်းလှည့်နေသော ခမရ ၄၁၆ တပ်မှ တပ်သား ၄ ဦးနှင့် မေလ ၁၉ ရက်တွင် ခမရ ၃၈၅ တပ်မှ တပ်သား ၁ ဦးတို့ ထွက်ပြေးလွတ်မြောက်လာကြပြီး CDM သူရဲကောင်းများအဖြစ် ကသာမြို့နယ် ပြည်သူ့ရင်ခွင်ခိုလှုံရေးအဖွဲ့မှ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
========================
📌📌လက်နက်အပြည့် အစုံ ဖြင့် CDM ပြုလုပ်လာ သော တပ် ၆၆ လက်အောက်ခံကို ကရင်နီပြည် သူ့ရင်ခွင်ခိုလုံရေး အစီစဥ်မှ ဆုငွေ သိန်း ၂၀ အားချီးမြှင့်
လက်နက်အပြည့် အစုံ ဖြင့် CDM ပြုလုပ်လာ သော တပ် ၆၆ လက်အောက်ခံကို ကရင်နီပြည် သူ့ရင်ခွင်ခိုလုံရေး အစီစဥ်မှ ဆုငွေ သိန်း ၂၀ အားချီးမြှင့်ခဲ့ပါတယ်။ မေလ၂၁ ရက်မှာ ကရင်နီပြည် သူ့ရင်ခွင်ခိုလုံရေး အစီစဥ်မှ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
"လက်နက်အပြည့် အစုံ ဖြင့် CDM ပြုလုပ်လာ သော တပ် ၆၆ လက်အောက်ခံ တပ်ရင်း ၁ မှ တပ်သား ဦးသက်စိုးပိုင် ကိုယ်ပိုင် အမှတ် တ ၅၇၂၈၃၄ အား ကရင်နီပြည် သူ့ရင်ခွင်ခိုလုံရေး အစီစဥ်မှဆုငွေ သိန်း ၂၀ အားချီးမြှင့် ခဲ့ပါတယ်"လို့ဆိုပါတယ်။
ကျန်ရှိသော ကရင်နီပြည် အတွင်း ထိုးစစ် ဆင်လာသော စကစ လက်အောက်ခံ တပ်သား အရာရှိ အရာခံ များ CDM ပြုလုပ်ရန်လည်း ကရင်နီပြည်သူ့ရင်ခွင်ကဖိတ်ခေါ်ထားပါတယ်။
No comments:
Post a Comment