7th MAY 2022 - Evening Daily News by Radio NUG

၂၀၂၂ မေလ ၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းမည့် စစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် တရား၀င်မှုမရှိဟုအမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)ထုတ်ပြန်
📌အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ Open University (OU) အား ပြည်တွင်းပြည်ပပညာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဖော်ဆောင်လျက် ရှိတဲ့ (၅/၂၀၂၂) ဖြင့် ကြေညာလိုက်တဲ့သတင်း
📌သမ္မတဘိုင်ဒင်ထံ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း (၆၂၆) ဖွဲ့နှင့် ပြည်သူနှစ်သိန်းကျော်မှ လူမျိုးတုံးသတ်ဖြတ်သော စစ်အုပ်စု ဆီသို့ ဘဏ်ငွေများ လွှဲပြောင်းနေမှုကို ရပ်တန့်စေရေးစာပို့
📌Ywar Ngan Urban Guerrillas တပ်ဖွဲ့မှ လက်နက်ခဲယမ်းများရောက်ရှိတဲ့သတင်း
📌ထီးလင်းမြို့နယ် ဝါးဘိုးချောင်ရွာ၌ ညအိပ်ရပ်နားနေသောစကစတပ်မ (၁၁) မှ တပ်ကြပ်အဆင့်ရှိစကစတပ်သားတစ်ဦး YDF(Htilin) ထံ ခိုလှုံဝင်ရောက်တဲ့သတင်း
📌မုံရွာမြို့မှ/ ခန္တီးမြို့သို့ ထွက်ခါလာသော ကုန်တင်အမြန်​ ရေယာဥ် သုံးစင်းတွင် စကစတပ်စွဲရာ ကနီမြို့သို့ရိက္ခာများပေးပို့ရန် သတင်းရ၍ DBTF တပ်က ရိက္ခာများသိမ်းဆည်းခဲ့တဲ့သတင်း
📌မင်းအောင်လှိုင်ရဲ့အိမ်နဲ့ခြံရောင်းချရာမှာ ၂၄ နာရီအတွင်းဒေါ်လာ ခုနှစ်သိန်းကျော်ဖိုး ဝယ်ယူခဲ့ကြတဲ့သတင်း
📌စစ်ကိုင်းနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေပူးပေါင်းပါဝင်မှုအားကောင်းလာပြီး လက်နက်ကိုင်ရုံသာမက တတ်နိုင်တဲ့ဘက်ကနေ ပါဝင်နေကြတယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါ့မယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းမည့် စစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် တရား၀င်မှုမရှိဟုအမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ထုတ်ပြန်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းမည့် စစ်အုပ်စု၏ အတု အယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် တရား၀င်မှုမရှိဟုအမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က မေလ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

"အကြမ်းဖက် စစ်အာဏာရှင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ယခု သဘော ထားကြေညာချက် ထုတ်ပြန်သည့် အချိန်အထိ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအား အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက လေးစား အသိ အမှတ်ပြု မှတ်တမ်းတင်ပါတယ်။သို့ဖြစ်ပါ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် အသက်သွင်းမည့် စစ်အုပ်စု၏ အတု အယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် တရား၀င်မှုမရှိပါကြောင်း၊ အမျိုးသားညီညွတ်ရေး အတိုင် ပင်ခံကောင်စီအနေဖြင့် ရှုတ်ချပါကြောင်းနှင့် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ခုခံတော်လှန်ရေးအင်အားစုအားလုံး အနေဖြင့်လည်း ပြည်သူနှင့် တသား တည်း ဆက်လက်ရပ်တည်ကာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး အတွက် မိမိတို့ ကျရာကဏ္ဍမှ ဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါတယ်"လို့ဖော်ပြပါရှိပါတယ်။

ထို့အပြင် ၄င်းတို့ ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ဖြစ်ပေါ်လာသည့် အစိုးရထံမှ အာဏာသိမ်းယူခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးကို အမှန်တကယ် မလိုလား ကြောင်း ပြသခဲ့ပြီး ဖြစ်တယ်လို့လည်းဆိုထားပါတယ်။

========================

📌📌အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ Open University (OU) အား ပြည်တွင်းပြည်ပပညာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဖော်ဆောင်လျက် ရှိတဲ့ (၅/၂၀၂၂) ဖြင့် ကြေညာလိုက်တဲ့သတင်း

" တော်လှန်ရေးကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူ ခွင့်မဆုံးရှုံးစေရေး အတွက် သက်ဆိုင်ရာကျောင်း ကောင်စီ အသီးသီးမှလည်း ကြားကာလသင်ကြားရေး အစီအစဉ် များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာနမှလည်း Open Access Education/ Open University (OU) အား ပြည်တွင်းပြည်ပပညာရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဖော်ဆောင်လျက် ရှိပါတယ်။ ထို့အပြင် သင်ကြားရေးအစီအစဉ်များတွင် သက်မွေးနှင့်နည်းပညာဆိုင်ရာ သင်တန်းများ ကိုလည်း ထည့်သွင်း သင်ကြားသွားနိုင်ရန် စီစဉ်ထားပါတယ်"လို့ဖော်ပြပါတယ်။

Open Access Education/ Open University (OU)တွင် အစီအစဉ် (၃) ရပ်ဖြင့်ဆောင်ရွက်သွားမည် ဖြစ်ကာ-

(က)ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ရပ်တန့်ခဲ့ရသော အတန်းပညာရေးများ အတွက် ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသား သမဂ္ဂများနှင့် ကျောင်းကောင်စီများ၏ သဘောတူညီမှု ဖြင့် ဖော်ဆောင်သွားမည်

(ခ)(၂၀၂၀) ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းရင်းသား ဒေသကျောင်းများ နှင့်ရွှေ့ပြောင်းကျောင်းသား၊ကျောင်းသူများအတွက် တက္ကသိုလ် မရောက်မီ ၎င်းတို့သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာများ ရနိုင်ရန်အတွက် Core Curriculum များကိုCertificate Course (သို့မဟုတ်) Diploma သင်တန်းများအဖြစ် ပို့ချနိုင်ရန် ပြင်ဆင်နေပါတယ်။

(ဂ)သတ်မှတ်ချက်နှင့် ကိုက်ညီသော စိတ်ပါဝင်စားသည့် မည်သူမဆို လွတ်လပ်စွာတက်ရောက် လေ့လာ သင်ယူနိုင်မည့် Certificate Course (သို့မဟုတ်) Diploma သင်တန်းများအဖြစ် ပို့ချနိုင်ရန် ပြင်ဆင်နေတယ်လို့ဖော်ပြထားပါတယ်။

========================

📌📌သမ္မတဘိုင်ဒင်ထံ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း (၆၂၆) ဖွဲ့နှင့် ပြည်သူနှစ်သိန်းကျော်မှ လူမျိုးတုံးသတ်ဖြတ်သော စစ်အုပ်စု ဆီသို့ ဘဏ်ငွေများ လွှဲပြောင်းနေမှုကို ရပ်တန့်စေရေးစာပို့

မေလ (၄) ရက်နေ့မှာမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ မှ ဝင်ငွေများကို ပိတ်ဆို့အရေးယူရန် နှင့် လူမျိုးတုံးသတ်ဖြတ်သော စစ်အုပ်စု ဆီသို့ ဘဏ်ငွေများ လွှဲပြောင်းနေမှုကို ရပ်တန့်စေရေးအတွက် မြန်မာ၊ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း (၆၂၆) ဖွဲ့နှင့် ပြည်သူ ၂သိန်းကျော် က သမ္မတဘိုင်ဒင်ထံ စာပေးပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။

"မေလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ သမ္မတ ဘိုင်ဒင်နှင့် ASEAN (အာဆီယံ) ခေါင်းဆောင်များ ဝါရှင်တန်ဒီစီ တွင် တွေ့ဆုံမည်ဖြစ်ကာ မြန်မာပြည်ရှိ လူ့အခွင့်အရေး အခြေအနေများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းအတွက် ဆွေးနွေးကြမှာဖြစ်ပါတယ်။ သမ္မတဘိုင်ဒင် အစိုးရအနေဖြင့် ASEAN ၏ ဦးဆောင်မှုကို မှီတည်နေခြင်း မရှိဘဲ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ရပ်ဆိုင်းရန် အတွက် မြန်မာပြည်သူအပေါ် စစ်အုပ်စု၏ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းအရှိန်မြှင့်တင်ခြင်းတို့အတွက် လိုအပ်သော အရင်းအမြစ်များ ဖြတ်တောက်ရန် လိုအပ်ပါတယ်။ပြည်သူ ၂ဝ,ဝဝဝ ကျော် ၏ အသံကို သမ္မတဘိုင်ဒင် အစိုးရက ဦးစားပေး ခြေလှမ်းတစ်ရပ်အနေဖြင့် နားဆင်ရန် နှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူရန် ကျွန်ုပ်တို့က တောင်းဆိုပါတယ်"လို့ဖော်ပြပါတယ်။

========================

📌📌Ywar Ngan Urban Guerrillas တပ်ဖွဲ့မှ လက်နက်ခဲယမ်းများရောက်ရှိတဲ့သတင်း

မေလ ၇ ရက်နေ့မှာ Ywar Ngan Urban Guerrillas တပ်ဖွဲ့မှ M16 နဲ့ ကိုးလုံးသေနတ်များရောက်ရှိကြောင်းတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

"ဧပြီလ ပြည်တွင်းပြည်ပ အလှူရှင်များကြောင့် ကျွန်ုပ်တို့အဖွဲ့မှဝယ်ယူနိုင်ခဲ့သောလက်နက်ခဲယမ်းများ M 16 1လက်၊5.56. ကျည်ဘောက်ပါ 1 လက်၊9လုံးသေနတ် 5လက်၊5.56. ကျည် 500 ရောက်ရှိခဲ့ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ်သေနတ်များ၊လက်နက်ကြီးများကို ထုတ်လုပ်အောင်မြင်လျက်ရှိပါတယ်။

========================

📌📌ထီးလင်းမြို့နယ် ဝါးဘိုးချောင်ရွာ၌ ညအိပ်ရပ်နားနေသောစကစတပ်မ (၁၁) မှ တပ်ကြပ်အဆင့်ရှိစကစတပ်သားတစ်ဦး YDF(Htilin) ထံ ခိုလှုံဝင်ရောက်တဲ့သတင်း

"​မေလ ၅ ရက်နေ့တွင် ထီးလင်းမြို့နယ်ဝါးဘိုးချောင်ရွာ၌ ညအိပ်ရပ်နားနေသောစကစတပ်မ (၁၁) မှ တပ်ကြပ်အဆင့်ရှိတပ်မတော်သားကိုရန်ရှိန်းထန်း (ကိုယ်ပိုင်အမှတ် တ ၅၆၂၈၅၄) သည်ညဘက်ကင်းတာဝန်ကျချိန်တွင်လက်နက်ထားခဲ့၍ ထွက်ပြေးလာပြီး YDF(Htilin) ထံတွင် CDM ပြုလုပ်၍ပြည်သူ့ရင်ခွင်ခိုလှုံလာပါတယ်"လို့ဆိုပါတယ်။

၄င်းအား YDF(Htilin) မှကောင်းမွန်စွာစောင့်ရှောက်ကာ လွတ်မြောက်ရာနေရာတစ်နေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။

========================

📌📌မုံရွာမြို့မှ/ ခန္တီးမြို့သို့ ထွက်ခါလာသော ကုန်တင်အမြန်​ ရေယာဥ် သုံးစင်းတွင် စကစတပ်စွဲရာ ကနီမြို့သို့ရိက္ခာများပေးပို့ရန် သတင်းရ၍ DBTF တပ်က ရိက္ခာများသိမ်းဆည်းခဲ့တဲ့သတင်း

မေလ ၆ ရက်နေ့မှာ ချင်းတွင်းမြစ်ရိုးတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဥ်အတွင်း အမြန်ရေယာဥ်သုံးစင်းကို စစ်ဆေးနိုင်ခဲ့တယ်လို့ နဂါးညီနောင်အထူးတပ်ဖွဲ့ (DBTF) ကဆိုပါတယ်။

"ချင်းတွင်းမြစ်ရိုးတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဥ်အတွင်း မုံရွာမြို့မှ/ ခန္တီးမြို့သို့ ထွက်ခါလာသော ကုန်တင်အမြန်ယာဥ် သုံးစင်းမှာ မအလရဲ့လက်ပါးစေများ တပ်စွဲထားသောကနီမြို့သို့ ရိက္ခာများသွားရောက်ထောက်ပံ့တယ်လို့ တပ်တွင်းဖရဲသီးများရဲ့သတင်းပေးပို့ချက်အရ ကျွန်တော်တို့ DBTF အဖွဲ့နှင့် မဟာမိတ်ညီနောင်အဖွဲ့များ ပူးပေါင်းပီးအချိန်မှီသွားရောက်ဖမ်းဆီးထိမ်းသိမ်းနိုင်ခဲ့ပါတယ်"လို့ ဆိုပါတယ်။

ဆက်လက်၍နယ်မြေစိုးမိုးရေးနှင့် နယ်မြေရှင်းလင်းရေးကိုအရှိန်အဟုန်မြင့်​ြပီး လုပ်ဆောင်သွားမယ်လို့နဂါးညီနောင်အထူးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။

========================

📌📌မင်းအောင်လှိုင်ရဲ့အိမ်နဲ့ခြံရောင်းချရာမှာ ၂၄ နာရီအတွင်းဒေါ်လာ ခုနှစ်သိန်းကျော်ဖိုး ဝယ်ယူခဲ့ကြတဲ့သတင်း

"အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ အင်းလျားလမ်းအိမ်နဲ့ခြံ အစုရှယ်ယာရောင်းတဲ့ အစီအစဉ်ကိုမေလ ၆ ရက်နေ့ ည ၁၀ နာရီက စခဲ့တယ်။ ဒီတော်လှန်ရေးမှာ ပြည်သူရဲ့ အာဏာရှင်ရွံ့မုန်းစိတ်ရယ်၊ အရေးတော်ပုံ အောင်မြင်လိုစိတ် အဓိပတိတပ်နေတာရယ်ကို ဘယ်တုံးကမှ သံသယမရှိခဲ့ဘူး။ စတင်ရောင်းချလို့ ၂၄ နာရီ ပြည့်တဲ့အချိန်မှာ အစုရှယ်ယာပေါင်း ၇၂၂၈ ရောင်းချနိုင်ခဲ့တယ်။ ဒီကိန်းဂဏန်းကို ကြည့်တာနဲ့တင် ဒီတော်လှန်ရေးအောင်မြင်ဖို့ ဘယ်လောက်အထိ ပြည်သူတွေ သန္နိဋ္ဌာန်ပြတ်သားနေသလဲဆိုတာ မေးခွန်းထုတ်စရာ မလိုအပ်တော့ပါဘူး"လို့ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။

လက်ရှိမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းသာ တန်ဘိုးဖြတ်၍ အစုရှယ်ယာ တစ်သိန်းတိတိ ရောင်းချသွားမှာဖြစ်ကာကမ္ဘာတလွှားရှိ ဆက်သွယ်ဝယ်ယူရရှိနိုင်မည့် ကိုယ်စားလှယ်အမည်စာရင်းများကိုထုတ်ပြန်ထားပါတယ်။

========================

📌📌စစ်ကိုင်းနွေဦးတော်လှန်ရေးမှာ အမျိုးသမီးတွေပူးပေါင်းပါဝင်မှုအားကောင်းလာပြီး လက်နက်ကိုင်ရုံသာမက တတ်နိုင်တဲ့ဘက်ကနေ ပါဝင်နေကြတယ်ဆိုတဲ့သတင်းကိုတင်ပြပေးပါ့မယ်

စစ်ကောင်စီရဲ့ဖိအားပေးတာကို အဆိုးဆုံးကြုံတွေ့နေရတဲ့ စစ်ကိုင်းတိုင်းက လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးတွေပူးပေါင်းပါဝင်မှု အားကောင်းနေပါတယ်။ နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာ၊ မိသားစုဝင်တွေဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရတာတွေကြောင့် အမျိုးသမီးတွေကိုယ်တိုင် လက်နက်ကိုင်တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး စစ်ကိုင်းဒေသခံ PDF အမျိုးသမီးတစ်ဦးရဲ့စကားသံကိုအခုလိုကြားသိရမှာပါ

(စစ်ကိုင်းဒေသခံ PDF အမျိုးသမီးတစ်ဦး)

စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး စားဝတ်နေရေးခက်ခဲနေပါတယ်။ စစ်ဘေးသင့်ပြည်သူတွေရဲ့အခက်အခဲတွေကို ကမ္ဘာက အသိအမှတ်ပြုပြီး အမြန်ဆုံးအကူအညီတွေပေးစေချင်တယ်လို့ မုံရွာဒေသခံအမျိုးသမီးတစ်ယောက်က အခုလိုပြောဆိုထားပါတယ်။

(မုံရွာဒေသခံအမျိုးသမီးတစ်ဦး)

စစ်တပ်ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးသပိတ်ကာလမှာကတည်းက မိန်းကလေးငယ်တွေကို နမူနာပြပြီး အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ သပိတ်ကာလမှာကတည်းက ကိုယ်လက်အင်္ဂါချို့ယွင်းတဲ့အထိ လူငယ်တွေနဲ့ အမျိုးသမီးငယ်တစ်ချို့ဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို ခံခဲ့ရပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment