21st JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၂၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် ကရင်နီပြည်သူလူထု၏ ကြိုးပမ်းအားထုတ်မှုများ လျင်မြန်စွာပြီးမြောက်အောင်မြင်နိုင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့

📌 ၂။ အပြစ်က ကင်းလွတ်မှုဆိုတာ ရာဇဝတ်သားတွေ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတခုမဟုတ်ဘူးလို့ စစ်ကောင်စီကိုရည်ရွယ်ပြီး လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၃။ စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်များဖြတ်တောက်ထားတဲ့နေရာမှာ ဆက်သွယ်မှုရရှိအောင် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီး ဌာနကဆောင်ရွက်နေ

📌 ၄။ NUG အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က စစ်ဆင်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ လိုအပ်

📌 ၅။ UG Campaign သိန်း (၇၅၀)သက်မှတ်သော်လည်း သိန်း ၇၈၀ အထိရရှိခဲ့

📌 ၆။ စစ်ကောင်စီမှ တပ်ကြပ်ကြီးအား Generation Z Power -GZP (Mandalay) ပစ်ခတ်၍ နေရာတင်သေဆုံး

📌 ၇။ မြဝတီ-မဲဆောက် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားတွေပြန်မဖွင့်နိုင်သေးလို့ တနိုင်တပိုင် ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သူတွေဟာ စက်လှေဂိတ်တွေကနေ လမ်းကြောင်းကြေး အဆမတန်ပေးပြီး ကုန်ပစ္စည်းတွေသယ်ယူနေရ

📌 ၈။ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီမြို့နယ်တွေမှာ စစ်ရှောင်ပြည်သူတွေဟာ ပြည်တွင်းပြည်ပအကူအညီ လုံးဝမရသလောက်ဖြစ်နေတဲ့အတွက် ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် ကရင်နီပြည်သူလူထု၏ ကြိုးပမ်းအားထုတ်မှုများ လျင်မြန်စွာပြီးမြောက်အောင်မြင်နိုင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက သဝဏ်လွှာပေးပို့


အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က (၁၄၇) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ဇွန်လ (၂၁) ရက်မှာသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။


မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန်မှစ၍ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် ကရင်နီအမျိုးသားတို့၏ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ထို့အတူ လက်ရှိအချိန်တွင်လည်း ကရင်နီပြည်သူလူထု များစွာသည် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သောရက်စက်မှုများကြောင့် ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့သည့် မြေယာ၊ အိုးအိမ်များကို စွန့်ခွာပြီး စစ်ဘေးရှောင်ဘဝဖြင့် ဒုက္ခဆင်းရဲမျိုးစုံ ခံစားနေကြရသည်ကို စာနာနားလည်ပါကြောင်း ဖော်ပြလိုပါတယ်လို့ သဝဏ်လွှာမှာပါရှိပါတယ်။


တစ်ဆက်တည်းမှာပင် အကြမ်းဖက်စစ်ကောင်စီ၏ မတရားအာဏာလုယူရန် ကြိုးပမ်းမှုကို ကရင်နီ ပြည်သူလူထုတစ်ရပ်လုံးက နည်းလမ်းပေါင်းစုံဖြင့် မဆုတ်မနစ်သော စွန့်လွတ်စွန့်စား၊ ဇွဲလုံ့လများဖြင့် ဆန့်ကျင်ခုခံ တော်လှန်လျက်ရှိကြသည်ကို တွေ့ရှိရသည့်အတွက်လည်း များစွာ လေးစားဂုဏ်ယူရပါကြောင်း ဖော်ပြလိုတယ်လို့ဆိုထားပါတယ်။


စစ်အာဏာရှင်စနစ်အမြစ်ပြတ်ပြီး နိုင်ငံရေးတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် ကရင်နီပြည်သူလူထု၏ ကြိုးပမ်း အားထုတ်မှုများလျင်မြန်စွာ ပြီးမြောက်အောင်မြင်နိုင်ပါစေကြောင်းနှင့် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အနေဖြင့် ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ခိုင်မာစွာရပ်တည်၍ ယခုဆင်နွှဲ နေသည့်နွေဦးတော်လှန်ရေး ပြီးမြောက်အောင်မြင်သည်အထိ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖော်ပြရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၂။ အပြစ်က ကင်းလွတ်မှုဆိုတာ ရာဇဝတ်သားတွေ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတခုမဟုတ်ဘူးလို့ စစ်ကောင်စီကိုရည်ရွယ်ပြီး လူ့အခွင့်ရေးရာဝန်ကြီးဆို


အပြစ်က ကင်းလွတ်မှု (Impunity) ဆိုတာ ရာဇဝတ်သားတွေ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတခုမဟုတ်ပါဘူး။ သူတို့ခံစားရမှာ ထိုက်တန်တဲ့ ပြစ်ဒဏ်ဘဲ ဖြစ်ပါတယ်လို့စစ်ကောင်စီကိုရည်ရွယ်ပြီးလူ့အခွင့်ရေးရာ ဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ နယ်မြို့များမှာ အစုလိုက်အပြုံလိုက် မီးရှို့သတ်ခံရမှုမှာ လူပေါင်း ၁၇၀ ကိုအကြမ်းဖက် စစ်အုပ်စုက သတ်ဖြတ်မှုကျူးလွန်ခဲ့ပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှ  အပြစ်မဲ့ပြည်သူ (၅၀) ကျော်အား စစ်ကြောရေးနေရာများ၊ ထောင်တွင်း နှင့် အရပ်ဖက်နေရာများတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများ ကို တဦးချင်းသော်လည်းကောင်း၊ အုပ်စုဖွဲ့၍သော်လည်းကောင်း အကြိမ်ကြိမ် ကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းနဲ့ အင်တာနက်များဖြတ်တောက်ထားတဲ့နေရာမှာ ဆက်သွယ်မှုရရှိအောင် ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီး ဌာနကဆောင်ရွက်နေ


စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းနဲ့အင်တာနက်များဖြတ်တောက်ထားတဲ့နေရာမှာ ဆက်သွယ်မှုရရှိအောင်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဌာနကဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။


တော်လှန်ရေးမှာ အရေးကြီးဆုံးက ဆက်သွယ်ရေးလို့ပြောလို့ရတာပေါ့။ ဆက်သွယ်ရေးမရှိရင် တစ်ရွာနဲ့တစ်ရွာ တစ်ဖွဲ့နဲ့တစ်ဖွဲ့လည်း ချိတ်ဆက်လို့မရပါဘူး။ ချိတ်ဆက်လို့မရရင် စစ်တိုက်လို့မရတော့ဘူး။ ဒါကြောင့်မို့ ဆက်သွယ်ရေးကဏ္ဍကို အရေးတကြီး ကျနော်တို့မြှင့်တင်နေတယ်"လို့ဝန်ကြီးကပြောပါတယ်။


စစ်ကောင်စီတပ်များ အကြမ်းဖက် မီးရှို့နေတဲ့ ဒေသများဖြစ်သော စစ်ကိုင်း၊ မကွေး၊ ကရင်နီဒေသတို့တွင် ဆက်သွယ်ရေးနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်ခံနေရပါတယ်။


"အခြားသော နည်းပညာသုံးပြီး ဆက်သွယ်မှုရရှိအောင် ကျနော်တို့လုပ်နေတယ်။ လုံခြုံရေးအရ ဘယ်လိုနည်းပညာသုံးတယ်ဆိုတာတော့မပြောတော့ဘူး။ ဒါပေမဲ့ ဆက်သွယ်လို့ရအောင် ကျနော်တို့လုပ်ဆောင်နေပါတယ်လို့ ဝန်ကြီးဦးထင်လင်းအောင်ကပြောပါတယ်။


========================


📌📌 ၄။ NUG အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က စစ်ဆင်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ လိုအပ်


NUG အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က စစ်ဆင်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၀,၀၀၀ လိုအပ်နေတယ်လို့ CDM ဗိုလ်ကြီး ညီသုတကပြောပါတယ်။


လက်သံပြောင်တဲ့ အထူးစစ်ဆင်ရေးအဖွဲ့ကို ပံ့ပိုးကြပါစို့။ NUG အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့အတွက် ရံပုံငွေပံ့ပိုးလို့ရပါပြီ။ USD 30,000 လိုအပ်တာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ ပြည်ပထောက်ပို့တွေကို အဓိကအားကိုးပါတယ်။ $500 နဲ့ အယောက် ၆၀ လောက် ပါဝင်ကူညီရင် ပြည့်ပါတယ်လို့ CDM ဗိုလ်ကြီး ညီသုတကပြောပါတယ်။


အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ဝင်တွေကိုယ်တိုင် တိုက်ရိုက်လက်ခံပေးမှာဖြစ်ပြီး ဂုဏ်ပြုလွှာပါထုတ်ပေးမှာဖြစ်ပါတယ်။ NUG အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့ဟာ စစ်ကောင်စီတပ်များကို ခုခံတွန်းလှန် စစ်ဆင်နွှဲနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။


========================


📌📌 ၅။ UG Campaign သိန်း (၇၅၀)သက်မှတ်သော်လည်း သိန်း ၇၈၀ အထိရရှိခဲ့


သိန်း ၇၈၀ အားရန်ကုန်အတွက် သိန်း (၂၅၀) မန္တလေးအတွက် သိန်း (၂၅၀) စစ်ကိုင်း + မန္တလေး သိန်း (၂၅၀) ခွဲဝေ ထောက်ပို့သွားမှာ ဖြစ်ပြီး ပိုငွေတွေက အညာ PDF တွေအတွက် ဖြစ်တယ်လို့ people of evolving myanmar ကဖော်ပြပါတယ်။ သိန်း (၇၅၀) မှာ သိန်းရာဂဏန်း အများစုကို မြေပြင် စတင် ပို့ဆောင်နေပြီလည်းဖြစ်ပါတယ်။


"POEM က လုပ်သမျှ Canpaign တွေ တခါမှ မကျရှုံးခဲ့တာဟာ အလှူရှင်တွေ၊ ကူအလှူခံပေးသူတွေနဲ့ POEM team ရဲ့ Volunteers တွေ ကျေးဇူးပါပဲ"လို့ people of evolving myanmar ကပြောပါတယ်။ မြို့ပြပြောက်ကျားတပ်များဟာ လက်ရှိမှာ စကစတပ်များကို အထိနာစေလျက်ရှိပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီမှ တပ်ကြပ်ကြီးအား Generation Z Power -GZP (Mandalay) ပစ်ခတ်၍ နေရာတင်သေဆုံး


ဇွန်လ၂၁ ရက် နံနက် နာရီ ၃၀ အချိန် ရန်ကုန်မှ ပြန်လာသော စစ်ကောင်စီရဲ့တပ်ကြပ်ကြီးမျိုးထွေးကို ကျွန်ုပ်တို့ Generation Z Power-GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျား တပ်ဖွဲ့မှ ပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ အပစ်ခံရသော တပ်ကြပ်ကြီး မျိုးထွေးဆိုသူမှာ နေရာတင် ပုံလဲ၍ သေဆုံးသွားခဲ့ပါတယ်။ စစ်ဆင်ရေးအားပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ဆောင်ရွက်ခဲ့ပြီး ကျည်ဆန်ငါးတောင့် အသုံးပြုပစ်ခတ်ခဲ့ပါတယ်။ 


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၇။ မြဝတီ-မဲဆောက် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားတွေပြန်မဖွင့်နိုင်သေးလို့ တနိုင်တပိုင် ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သူတွေဟာ စက်လှေဂိတ်တွေကနေ လမ်းကြောင်းကြေး အဆမတန်ပေးပြီး ကုန်ပစ္စည်းတွေသယ်ယူနေရပါတယ်။


မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား အမှတ် အပါအဝင်နယ်စပ်ဂိတ် ၁၇ ခုကို မေလ ၁ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ဖို့ ထိုင်းအာဏာပိုင်တွေဘက်က ခွင့်ပြုခဲ့ပေမယ့် မြန်မာဘက်က လက်ရှိအချိန်အထိပြန်မဖွင့်ပေးဘဲ ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်းမှုတွေရပ်ဆိုင်းလုနီးပါးဖြစ်နေတာပါ။ အရေးပေါ်ကုန်တင်ယာဉ်တွေကိုတော့ နှစ်ဖက်သဘောတူညီချက်နဲ့ သယ်ယူပို့ဆောင်နေတာတွေရှိပေမယ့် သာမန်ကုန်သည်တွေကတော့ တံတားပေါ်ကနေသွားလာခွင့်မရသေးဘူးလို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ယောက်ကပြောပါတယ်။


မြဝတီ-မဲဆောက် ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသူတစ်ဦး

(((((((((((())))))))


ကိုဗစ်ရောဂါပြဿနာကြောင့် အချိန် နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ ထိုင်းမြန်မာချစ်ကြည်ရေးတံတားတွေကို ထိုင်းအာဏာပိုင်တွေနဲ့ စစ်ကောင်စီတို့ ဆွေးနွေးတာတွေဆက်တိုက်ပြုလုပ်ခဲ့ပေမယ့် လက်ရှိအချိန်အထိ မဖွင့်နိုင်သေးဘဲ ကြန့်ကြာနေတာဖြစ်ပါတယ်။ ထိုင်းဘက်ကထုတ်ကုန်တွေကို ချစ်ကြည်ရေးတံတားတွေကနေသယ်ယူပို့ဆောင်တာတချို့ရှိနေပေမယ့် မြန်မာဘက်ကနေထိုင်းကိုဝင်တဲ့လမ်းကြောင်းကတော့ မရှိသလောက်နည်းပါးနေတယ်လို့ပြောပါတယ်။


မြဝတီ-မဲဆောက် ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်နေသူတစ်ဦး

(((((((((((())))))))


အရင်တုန်းက ကုန်သည်တွေဟာ မြဝတီ-မဲဆောက်ကုန်သွယ်ရေးဂိတ်ကနေ ထိုင်းနိုင်ငံသာမက မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေက ထွက်ကုန်တွေကိုပါ မြန်မာနိုင်ငံနဲ့ အပြန်အလှန် ကုန်သွယ်ရေးတွေပြုလုပ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုနဲ့နယ်မြေလုံခြုံရေးအာမခံချက်မရှိမှုတွေကြောင့် ကုန်သည်တွေဟာ ဂိတ်တွေပြန်ဖွင့်ရင်တောင် အရင်လိုကုန်စည်တင်ပို့ဖို့မဖြစ်နိုင်သေးဘဲ ခက်ခဲတဲ့အခြေအနေနဲ့ကြုံတွေ့နေရပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။


========================


📌📌 ၈။ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီမြို့နယ်တွေမှာ စစ်ရှောင်ပြည်သူတွေဟာ ပြည်တွင်းပြည်ပအကူအညီ လုံးဝမရသလောက်ဖြစ်နေတဲ့အတွက် ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။


စစ်ကိုင်းတိုင်း၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီမြို့နယ်တွေမှာ စစ်ကောင်စီက အကြမ်းဖက်မီးရှို့တာတွေဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဒေသခံတွေဟာ နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ဘေးရှောင်နေကြရတာပါ။ ၂၀၂၁ မေလကတည်းက စစ်ကောင်စီဟာ စစ်ကိုင်းဒေသတွင်းမှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အချိန်ကြာလာတဲ့အခါမှာ ဒေသခံပြည်သူတွေဟာ အသက်ရှင်ရပ်တည်ဖို့ ခက်ခဲလာတယ်လို့ယင်းမာပင်ဒေသခံ PDF ခေါင်းဆောင်တစ်ဦး ကပြောပါတယ်။


ယင်းမာပင်ဒေသခံ PDF ခေါင်းဆောင်တစ်ဦး

((((((((()))))))))


စစ်ကောင်စီက ပြည်တွင်းပြည်ပဆန့်ကျင်မှုတွေရှိနေပေမယ့် သူတို့အာဏာရဖို့ ပြည်သူတွေအပေါ်အကြမ်းဖက်တာတွေကို ဆက်တိုက်ပြုလုပ်နေတာပါ။ ဒီလိုလူသားချင်းစာနာမှုမရှိတဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလို့ မေလ ၂၀ရက်နေ့က နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာသားတစ်ယောက်ကပြောပါတယ်။


ချောင်းရိုးရွာသားတစ်ဦး


စစ်ကောင်စီက စစ်ကိုင်း၊ ချင်း၊ မကွေးတို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသမှာ မေလအတွင်း အိမ်ခြေ ၇၄၃၀ ကိုမီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၂ မေလကုန် အထိစာရင်းအရ အနောက်မြောက်တိုင်းစစ်ဒေသမှာ မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ခြေ ၁သောင်း ထောင် ရာကျော်ရှိခဲ့တယ်လို့ Data For Myanmar အဖွဲ့က ဇွန်လ ရက်နေ့မှာထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂရဲ့ခန့်မှန်းချက်အရ မြန်မာနိုင်ငံတဝှမ်းမှာ စစ်ဘေးသင့်ပြည်သူ သန်းနဲ့ချီရှိလာပြီး အဆိုးဆုံးအခြေအနေကိုရင်ဆိုင်နေရတာကတော့ စစ်ကိုင်းတိုင်းဖြစ်ပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment