21st JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ၂၁ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ လူသတ်ဂိုဏ်း တစ်ခုအဖြစ်ကို စစ်ကောင်စီတပ်က ထိုးကျသွားပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အခိုင်အမာပြောကြားလိုက်

📌 ၂။ မွေးနေ့တစ်ရက်နောက်ကျပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးချိန်းအထုတ်မှာ မွေးနေ့ကျင်းပခဲ့

📌 ၃။ စစ်အာဏာရှင်တွေကို ထွက်ပေါက်မပေးနိုင်ဘူးဆိုတဲ့သတင်းစကား ကမ္ဘာကြီးကို ဖြန့်ရမယ်လို့ ဦးမင်းကိုနိုင်ဆို

📌 ၄။ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၂သင်တန်းဆင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခဲ့

📌 ၅။ NUGPay ဝန်ဆောင်မှုများကို နိုင်ငံပေါင်း နိုင်ငံနဲ့ ဥရောပ နိုင်ငံများမှာ စတင်အသုံးပြုနိုင်မယ်

📌 ၆။ စစ်ကောင်စီထုတ် အရက်ပုလင်းများကို ထားဝယ်ပကဖက သွန်ချဖျက်ဆီး

📌 ၇။ သံတောင်မြို့ စာတိုက်ရုံး လမ်းစုံလမ်းခွ၊လေပြေဆိုင်အနီးတွင် စစ်ဆေးမှုများပြုလုပ်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို စနိုက်ပါနှင့်ပစ်ခတ်၍ တစ်ဦးသေ

📌 ၈။ မင်းအောင်လှိုင်ရဲ့အိမ် ၁၄/အင်းလျားလမ်း EOD ရှယ်ယာ အရောင်း ဒေါ်လာ . သန်းကျော်သွားပြီ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ လူသတ်ဂိုဏ်း တစ်ခုအဖြစ်ကို စစ်ကောင်စီတပ်က ထိုးကျသွားပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အခိုင်အမာပြောကြားလိုက်


လူသတ်ဂိုဏ်းတစ်ခုအဖြစ်ကို စစ်ကောင်စီတပ်က ထိုးကျသွားပြီလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် အခိုင်အမာပြောကြားလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်အုပ်စုဟာ အင်အားသုံးရုံသာမက ပြည်သူကိုနည်းမျိုးစုံနဲ့အကြမ်းဖက်ပြီးနောက်ဆုံးမှာ စနစ်တကျ အမိန့်ပေးထားတဲ့ လူသတ်ဂိုဏ်းတစ်ခုအဖြစ်ကို စစ်ကောင်စီတပ်ဟာ ထိုးကျသွားပြီဖြစ်တယ်ဆိုတာ မျက်မြင်အနေအထား တွေ့ရပါတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။


မကြာသေးမီက စစ်ကောင်စီတပ်သားများကိုယ်တိုင် အရပ်သား ၂၃ ဦးအထိ သတ်ဖြတ်ဖူးကြောင်း ဝန်ခံတဲ့ ဗီဒီဖိုင်ကို RFA သတင်းဌာနကထုတ်ဖော် ပြသခဲ့ပါတယ်။ အဲဒီတော့ ကျနော်တို့ပြည်သူတွေ ခုခံတွန်းလှန်နေတဲ့ ပြည်သူ့တော်လှန်ရေးဟာတကယ်လိုအပ်တယ်။ ဒီလူသတ်ဂိုဏ်းကို ရှင်းလင်းဖယ်ရှားဖို့ ကျနော်တို့ဘက်ကလည်း ထိုက်သင့်တဲ့အင်အားစုဖွဲ့ပြီးတော့ တုံပြန်တာဟာ မှန်ကန်တယ်ဆိုတာကို မနေ့ကသတင်းဆောင်းပါးကသက်သေခံပါတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။


========================


📌📌 ၂။ မွေးနေ့တစ်ရက်နောက်ကျပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးချိန်းအထုတ်မှာ မွေးနေ့ကျင်းပခဲ့


မွေးနေ့တစ်ရက်နောက်ကျပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားရုံးချိန်းအထုတ်မှာ မွေးနေ့ကျင်းပခဲ့ပါတယ်။ ဇွန်လ၂၀ ရက်နေ့ နေပြည်တော်ရှိ အထူးတရားရုံးချိန်းအထုတ်မှာ ရှေ့နေများက ကျင်းပပေးတဲ့ မွေးနေ့ပွဲငယ်ကို ဒေါ်အောင်ဆန်းစုကြည်က ကိတ်ခွဲပေးပြီး ကားမောင်းသူနဲ့ရှေ့နေများကို ကျွေးမွေးခဲ့ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ပြည်သူ ပြည်သားများကျန်းမာစေဖို့ဆုတောင်းစကားပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၇၇ နှစ်ပြည့်မွေးနေ့ဟာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၉ ရက်က ကျရောက်ခဲ့ပါတယ်။


========================


📌📌 ၃။ စစ်အာဏာရှင်တွေကို ထွက်ပေါက်မပေးနိုင်ဘူးဆိုတဲ့သတင်းစကား ကမ္ဘာကြီးကို ဖြန့်ရမယ်လို့ ဦးမင်းကိုနိုင်ဆို


စစ်အာဏာရှင်တွေကို ထွက်ပေါက်မပေးနိုင်ဘူးဆိုတဲ့သတင်းစကား ကမ္ဘာကြီးကို ဖြန့်ရမယ်လို့ ဦးမင်းကိုနိုင်ကပြောပါတယ်။ ပြည်သူတွေက ရှင်းလင်းတဲ့သတင်းစကားတော့ ကမ္ဘာကြီးကို ဖြန့်ရတော့မယ်။ စစ်အာဏာရှင်ကို ထွက်ပေါက်မပေးနိုင်ဘူးဆိုတဲ့ သတင်းစကား နိုင်ငံတကာအတွက်ကော၊ပြည်သူအတွက်ကော၊စစ်တပ်ထဲကော ရောက်အောင် ကျနော်တို့ကြိုးစားရမယ်လို့ ဦးမင်းကိုနိုင်ကပြောပါတယ်။


ဒါ့အပြင် စစ်ကောင်စီရဲ့ ထွက်ရပ်ပေါက်အဖြစ် တွေ့ဆုံတာတွေ၊ချဥ်းကပ်တာတွေ စသဖြင့် စစ်ကောင်စီရဲ့ လုပ်ရပ်တွေ အားလုံးကိုဖော်ထုတ်ရမယ်လို့ ဦးမင်းကိုနိုင်ကပြောပါတယ်။ စစ်ကောင်စီဟာ ၂၀၂၃ ရွေးကောက်ပွဲကို ကျင်းပမယ်လို့လည်းကြေညာထားပါသေးတယ်။


========================


📌📌 ၄။ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း၂သင်တန်းဆင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခဲ့


မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း သင်တန်းဆင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပေးပို့သည့် သဝဏ်လွှာဖတ်ကြားခဲ့ပါတယ်။ ဇွန်လ ၂၀ ရက်ထုတ်ပြန်ချက်အရကလေးခရိုင်တပ်ရင်း ၁၁ မင်းကင်းမြို့နယ် MKPDF တပ်ရင်း - မှ ဦးဆောင်ကာ ပကဖ အခြေခံ စစ်သင်တန်းအမှတ်စဥ် /၂၀၂၂ သင်တန်းဆင်းပွဲအား ကျင်းပခဲ့ပါတယ်။


သင်တန်းဆင်းပွဲတွင် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပေးပို့သည့် သဝဏ်လွှာအား MKPDF - 2 ဒု တပ်ရင်းမှူး က ဖတ်ကြားခဲ့ပြီး ရဲဘော်များ ပြည်သူများအပေါ်လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ် စည်းကမ်းများကိုလည်းပြောကြားခဲ့ပါတယ်။ မင်းကင်းမြို့နယ် ပကဖ ဒုတာဝန်ခံမှလည်း သင်တန်းဆင်းရဲဘော်များကို လိုအပ်သည်များ မှာကြားပြီး သင်တန်းဆင်းပွဲ အောင်မြင်စွာ ပြီးစီးခဲ့ပါတယ်။


========================


📌📌 ၅။ NUGPay ဝန်ဆောင်မှုများကို နိုင်ငံပေါင်း နိုင်ငံနဲ့ ဥရောပ နိုင်ငံများမှာ စတင်အသုံးပြုနိုင်မယ်


NUGPay ဝန်ဆောင်မှုများကို နိုင်ငံပေါင်း နိုင်ငံနဲ့ ဥရောပ နိုင်ငံများမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ NUGPay ဟာ ငွေကြေး နည်းပညာအသစ် တစ်ခု ဖြစ်တာမို့ ဖြေးဖြေးမှန်မှန် လျှောက်လှမ်းပြီး စျေးကွက်အတွင်း ကောင်းမွန်စွာ လည်ပတ်အောင် ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်။


NUGPay အား လက်ရှိမှာမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဩစတြေးလျ၊ UK US နှင့် ဥရောပနိုင်ငံများတွင် စတင် အသုံးပြုနိုင်မှာ ဖြစ်ပြီး ဆက်လက် တိုးချဲ့အောင် ကြိုးစားလျက်ရှိပါတယ်။ NUG Payကို ဇွန်လအတွင်းမှာ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီထုတ် အရက်ပုလင်းများကို ထားဝယ်ပကဖက သွန်ချဖျက်ဆီး


စစ်ကောင်စီထုတ် အရက်ပုလင်းများကို ထားဝယ်ပကဖက သွန်ချဖျက်ဆီးခဲ့ပါတယ်။ အမေစုမွေးနေ့ မွေးနေ့လက်ဆောင်အဖြစ် စစ်ကောင်စီထုတ် Dagon အမှတ်တံဆိပ် ပါအရက်ပုလင်းများ၊ စစ်ကောင်စီတပ်သားများ သောက်သုံးတဲ့ မန်းရမ်အမှတ်တံဆိပ် အရက်ပုလင်းများနဲ့ Gold အမှတ်တံဆိပ် အရက်ပုလင်းများအား ကျွန်တော်တို့ထား၀ယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (ထားဝယ်-.က.) မှ  စစ်ဆေးတွေ့ရှိတဲ့အတွက် ထိုပစ္စည်းများအား ဖျက်ဆီးခဲ့ပါတယ်"လို့ DEF PDF ကပြောပါတယ်။


ထား၀ယ်အရှေ့တောပြည်သူ့ကာကွယ်ရေးအင်အားစု (ထားဝယ်-.က.)ဟာ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့အင်အားစုလည်းဖြစ်ပါတယ်။ စစ်တပ်ထုတ်ကုန် အရက်၊ဘီယာများဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်နယ်မြေများမှာရောင်းဝယ်ဖောက်ကားခွင့်ပိတ်ထားပါတယ်။


========================


📌📌 ၇။ သံတောင်မြို့ စာတိုက်ရုံး လမ်းစုံလမ်းခွ၊လေပြေဆိုင်အနီးတွင် စစ်ဆေးမှုများပြုလုပ်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို စနိုက်ပါနှင့်ပစ်ခတ်၍ တစ်ဦးသေ


သံတောင် မြို့ စာတိုက်ရုံး လမ်းစုံလမ်းခွ၊လေပြေဆိုင်အနီးတွင် စစ်ဆေးမှုများပြုလုပ်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို စနိုက်ပါနှင့်ပစ်ခတ်၍ တစ်ဦးသေဆုံးခဲ့ပါတယ်။ ဇွန်လ၂၀ ရက် နံနက် နာရီ ၄၀ မိနစ် အချိန်တွင် သံတောင် မြို့ စာတိုက်ရုံး လမ်းစုံလမ်းခွ၊လေပြေဆိုင်အနီးတွင် စစ်ဆေးမှုများပြုလုပ်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများအနက်တစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း

People Defence Force Thandaung ကထုတ်ပြန်ပါတယ်။


"သံတောင် မြို့ စာတိုက်ရုံး လမ်းစုံလမ်းခွ၊လေပြေဆိုင်အနီးတွင် စစ်ဆေးမှုများပြုလုပ်နေသော အကြမ်းဖက်စစ်ကောင်စီ တပ်သားများအနက်တစ်ဦးကို ကျွန်တော်တို့ People Defence Force Thandaung မှ စနိုက်ပါ (sniper) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေရာတွင်ပွဲချင်းပီး သေဆုံးသွားပါတယ်"လို့ပြောပါတယ်။ သေဆုံးသွားသောသူမှာ တပ်ကြပ်ကြီးဖြစ်ကာ ထို့နောက်အကြမ်းဖက်စစ်တပ်ဟာ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်နေခဲ့ပါတယ်။


========================


📌📌 ၈။ မင်းအောင်လှိုင်ရဲ့အိမ် ၁၄/အင်းလျားလမ်း EOD ရှယ်ယာ အရောင်း ဒေါ်လာ . သန်းကျော်သွားပြီ


မင်းအောင်လှိုင်ရဲ့အိမ် ၁၄/အင်းလျားလမ်း EOD ရှယ်ယာ အရောင်း ဒေါ်လာ . သန်းကျော်သွားပြီဖြစ်ပါတယ်။ EOD ရှယ်ယာ အရောင်းဟာ ဒေါ်လာ . သန်းကျော်သွားပြီ။ ပထမ ပရောဂျက် ၁၄ အင်းလျားရဲ့ ၇၅% ကျော်ပြီပေါ့။ EOD နဲ့ အခြားပရောဂျက်တွေရဲ့ ထောက်ကူမှု ရလဒ်အဖြစ် နွေဦးတော်လှန်ရေးရဲ့ အရွေ့တွေ၊ အောင်မြင်မှုတွေ မြင်နေရပါပြီ။ ဒါပေမဲ့ ၇၅% အောင်မြင်သော တော်လှန်ရေး ဆိုတာ တကယ်တော့ မအောင်မြင်သေးတာပါပဲ။ ၁၀၀% အောင်မြင်ရပါမယ်။ တော်လှန်ရေး အောင်ဖို့ ဆက်တွန်းကြပါလို့ End Of Dictator Ship ကဖော်ပြပါတယ်။


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း၊ ခြံအမှတ် (၁၄) ရှိ မြေနှင့်အဆောက်အအုံအား ကြိုတင်ရောင်းချနိုင်ရေး အတွက် ပြည်သူ့ဆန္ဒကောက်ယူမှု စစ်တမ်း တစ်ခု ပြုလုပ်ခဲ့ရာမှာစစ်တမ်းကောက်ယူမှု () ရက်တာကာလအတွင်း စုစုပေါင်း ဆန္ဒပြုသူ တစ်သောင်းရှစ်ထောင်ကျော်က အိမ်နဲ့ခြံကိုဝယ်ယူဖို့ ဆန္ဒပြုခဲ့ကြပါတယ်။


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင်မြေမှာ .၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိသော်လည်း ယခုအခါ ဒေါ်လာ ၁၀ သန်းတန်ကြေးသတ်မှတ်၍ တစ်စုလျှင် ဒေါ်လာ ၁၀၀ နဲ့ရောင်းချပေးလျက်ရှိပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment