22nd JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ ရွေးကောက်ပွဲပဲဖြစ်မယ်လို့ သမ္မတ ရုံးပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇောပြောကြားလိုက်

📌 ၂။ စိုးမိုးထိန်းချုပ်နယ်မြေများမှာ ဖမ်းဆီးရမိတဲ့အကျဥ်းသားများကို ထားရန် အကျဥ်းထောင်များစီစဥ်နေပြီလို့ NUGအစိုးရအသိပေး

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိလာ

📌 ၄။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(မြောက်ပိုင်း)တို့ရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာများ၈၀ ရာခိုင်နှုန်းအထိ PDF များ စိုးမိုးထိန်းချုပ်နိုင်ပြီ

📌 ၅။ မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားတဲ့နေအိမ်တစ်လုံးကို ထပ်မံ ရောင်းချမယ်

📌 ၆။ NUGPay Pilot Projectမှာ  အေးဂျင့်,၀၀၀ဦးခန့်အပ်ထား

📌 ၇။ စပါးတင်းတစ်ရာဈေး ငွေကျပ် ၁၅ သိန်းအထိ ပေါက်နေပြီး အရောင်းအဝယ်မဖြစ်ဘဲ ဈေးကွက်အေးနေတယ်လို့ ဆန်စပါးကုန်သည်တွေကပြော

📌 ၈။ စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်မှာ ဝယ်စားနိုင်သူမရှိတဲ့အတွက် ဆန်အရောင်းအဝယ်တွေအေးနေပြီး နောင်နှစ်တွေမှာ အခြေအနေပိုဆိုးလာနိုင်တယ်လို့ ရွှေဘိုပေါ်ဆန်းကုန်သည်တစ်ယောက်ကပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ ရွေးကောက်ပွဲပဲဖြစ်မယ်လို့ သမ္မတ ရုံးပြော ရေးဆိုခွင့်ရှိသူ ဦးကျော်ဇောပြောကြားလိုက်


လူသတ်သမားတွေ လုပ်တဲ့ရွေးကောက်ပွဲဟာ ဘယ်လိုလုပ်တရားဝင်ပြီးတရားမျှတမလဲဆိုတော့ စကစက လုပ်မဲ့ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ရွေးကောက်ပွဲဆိုတာပြောကြားချင်တယ်။သူတို့ရဲ့ တရားမဝင်တဲ့ အဖွဲ့ကို တရားဝင်ဖို့ကြိုးစားတာဟာ ဘယ်လိုမှ မအောင်မြင်ဘူးဆိုတာ ပြောကြားချင်တယ်လို့သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကပြောပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လူပေါင်းနှစ်ထောင်နီးပါး စစ်ကောင်စီဟာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ပါတယ်။ အကျဥ်းထောင်များမှာလည်း လူတစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပါတယ်။


========================


📌📌 ၂။ စိုးမိုးထိန်းချုပ်နယ်မြေများမှာ ဖမ်းဆီးရမိတဲ့အကျဥ်းသားများကို ထားရန် အကျဥ်းထောင်များစီစဥ်နေပြီလို့ NUGအစိုးရအသိပေး


ဇွန်လ ၂၁ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုထုတ်ပြန်ခဲ့ပါတယ်။ စိုးမိုးထိန်းချုပ်နယ်မြေများမှာ ဖမ်းဆီးရမိတဲ့အကျဥ်းသားများကို ထားရန် အကျဥ်းထောင်များစီစဥ်နေပြီလို့အသိပေးလိုက်ပါတယ်။ တရားရေးဝန်ကြီးဌာနသို့ တိုင်ကြားထားသော ဒေသအတွင်းဖြစ်ပွားတဲ့ အမှုများ ကိုစတင်ကိုင်တွယ်ဆောင်ရွက် တော့မှာဖြစ်ပြီးတိုင်ကြားထားသော အမှုများကို အွန်လိုင်းမှတဆင့် စစ်ဆေးစီရင်ခြင်း၊ မြေပြင်တွင် စစ်ဆေးစီရင်ခြင်း စသည့် နည်းလမ်း () မျိုးဖြင့် စစ်ဆေးစီရင်သွားမှာဖြစ်ပါတယ်။


တရားစီရင်မှု မပြုလုပ်နိုင်မည့်ကာလအတွင်း ဖမ်းဆီးရမိသူများကို ထိန်းသိမ်းထား ရှိရန်အတွက် စိုးမိုးထိန်းချုပ် နယ်မြေများတွင် အကျဉ်းထောင်များထားရှိနိုင်ရေး အစောတလျင်ဆောင်ရွက် လျက်ရှိပါတယ်လို့ဆိုပါတယ်။ ၂၀၂၂ ခုနှစ် မေလ (၁၉) ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက ကြေညာချက်အမှတ် (၁၁/၂၀၂၂) ဖြင့် မြို့နယ် ၁၅ မြို့နယ်တွင် မြို့နယ်တရားသူကြီးအဖွဲ့များကို ဖွဲ့စည်းပြီး စက်ရှင်တရားစီရင်ရေးအာဏာများ အပ်နှင်းခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိလာ


ဇွန်လ ၂၁ ရက်ကျင်းပသော သတင်းစာရှင်းလင်းပွဲမှာ Online စာသင်ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိလာပြီလို့ အမျိုးသားညီညွန်ရေးအစိုးရကထုတ်ပြန်ခဲ့ပါတယ်။ နယ်မြေစိုးမိုးမှုရှိသော ဒေသများတွင် မြေပြင် ပြည်သူ့ပညာရေးစာသင်ကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိပြီး နယ်မြေစိုးမိုးမှုမရှိသေးသော ဒေသများရှိ ကျောင်းသူကျောင်းသားများအတွက် Online စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိတယ်လို့ ဆိုပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ကာ ပြည်သူ့ပညာရေးဖော်ဆောင်နေသော Online ကျောင်း စုစုပေါင်း (၅၁) ကျောင်းရှိပြီးမြေပြင် သင်ကြားရေးအနေဖြင့်လည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း ဒေသများတွင် ပြည်သူ့အခြေပြု စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(မြောက်ပိုင်း)တို့ရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာများ၈၀ ရာခိုင်နှုန်းအထိ PDF များ စိုးမိုးထိန်းချုပ်နိုင်ပြီ


နယ်မြေစိုးမိုးမှုအနေဖြင့် တိုင်းဒေသကြီးများဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း(မြောက်ပိုင်း)တို့ရှိ အဓိကလမ်းမကြီးများ၏ ၉၀ ရာခိုင်နှုန်းခန့်နှင့် ကျေးရွာအများစုကို ၈၀ ရာခိုင်နှုန်းကိုPDF များက စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းနှင့် မန္တလေးတိုင်း(မြောက်ပိုင်း) တို့တွင် PDF တို့၏လှုပ်ရှားမှုများ ပိုမိုအားကောင်းလာကာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင်လည်း မြို့ပြပျောက်ကြားလှုပ်ရှားမှုများ ဆက်လက်ရှင်သန်လျက်ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကဆိုပါတယ်။


ပြည်နယ်များ ဖြစ်တဲ့ ကချင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်(မြောက်ပိုင်း) တို့တွင် မဟာမိတ် EROs များနှင့်  PDF တို့၏ စိုးမိုးထိန်းချုပ်နိုင်မှုများ တိုးပွားလျက်ရှိကာ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင်လဲ EROs တို့၏ စစ်ရေးလှုပ်ရှားမှုနှင့် နယ်မြေစိုးမိုးထိန်းချုပ်နိုင်မှုတို့ အားကောင်းလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။


========================


📌📌 ၅။ မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားတဲ့နေအိမ်တစ်လုံးကို ထပ်မံ ရောင်းချမယ်


မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားတဲ့  နေအိမ်တစ်လုံးကို ထပ်မံ ရောင်းချမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပါတယ်။ မကြာခင်အချိန်အတွင်းမှာပဲ ကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင် မတရား သိမ်းပိုက်ထားတဲ့ ပြည်သူ ပိုင်အိမ်တစ်လုံးကို ထပ်မံလေလံတင်ရောင်းချသွားမှာဖြစ်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ငွေတိုက်စာချုပ်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်းရရှိထားပြီး  အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ မတရားသိမ်းပိုက်ထားတဲ့ နေအိမ်ကို လေ လံတင် ရောင်းချထားမှုမှ ဒေါ်လာ သန်းကျော်နဲ့ စုစုပေါင်း ၄၅ သန်းရရှိထားပြီးဖြစ်ပါတယ်။ အဆိုပါရငွေများထဲမှ ၉၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အသုံးပြုထားပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ NUGPay Pilot Projectမှာ  အေးဂျင့်,၀၀၀ဦးခန့်အပ်ထား


NUG Pay Pilot Project အား မကြာမီ စတင်တော့မည် ဖြစ်၍ Pilot Project အား အေးဂျင့်,၀၀၀ဦး၊ NUGPay Wallet စုစုပေါင်း၁၀,၀၀၀ဖြင့် စတင်သွားမှာလို့ NUGPay ကဖော်ပြပါတယ်။ အဆိုပါ Wallet များ စျေးကွက်ထဲတွင် လည်ပတ်သွားသည့်အခါ ဆက်လက်တိုးချဲ့သွားမှာဖြစ်ပါတယ်။ NUGPay စတင် အသုံးပြုနိုင်မည့် နေ့ရက်အား ထုတ်ပြန်ကြေညာသွားမယ်လို့လည်းဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၇။ စပါးတင်းတစ်ရာဈေး ငွေကျပ် ၁၅ သိန်းအထိ ပေါက်နေပြီး အရောင်းအဝယ်မဖြစ်ဘဲ ဈေးကွက်အေးနေတယ်လို့ ဆန်စပါးကုန်သည်တွေကပြောပါတယ်။


အရင်နှစ်က စပါးတင်းတစ်ရာကိုငွေကျပ် ၁၂ သိန်းပဲရှိခဲ့ပေမယ့် စပါးတင်းတစ်ရာကို ငွေကျပ် ၁၅ သိန်းအထိပေါက်နေတာပါ။ ဆန်ဈေး၊ စပါးဈေးတွေတက်နေပေမယ့် အရောင်းအဝယ်မဖြစ်ဘဲ ဈေးကွက်အေးနေတယ်လို့ ဆန်စပါးကုန်သည်တွေကပြောပါတယ်။


ရန်ကုန်မြို့ဆန်စပါးကုန်သည်တစ်ဦး


ကျေးလက်ဒေသတွေမှာတော့ အရင်လိုကုန်သည်တွေကနေတဆင့်တင်ပို့ရောင်းချဖို့ခက်နေတဲ့အတွက် တောင်သူတွေကိုယ်တိုင် အောက်ဈေးနဲ့လိုက်ရောင်းစားနေရတယ်လို့ ကျေးလက်နေပြည်သူတစ်ယောက်ကပြောပါတယ်။ အကြီးစားဆန်စက်လုပ်ငန်းတွေဟာတွက်ခြေမကိုက်တဲ့အတွက် လုပ်ငန်းရပ်နားထားသူအများအပြားရှိနေပြီး ကျေးလက်ဒေသတွေမှာ ဝမ်းစာအတွက် တနိုင်တပိုင်စက်လေးတွေနဲ့ ကြိတ်စားနေကြရပါတယ်။


တနိုင်တပိုင်စပါးကြိတ်စက်လုပ်ကိုင်သူတစ်ဦး


စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သယ်ယူပို့ဆောင်ရေးခက်ခဲတာ၊ နယ်မြေလုံခြုံမှုမရှိတာ၊ ပြည်ပပို့ကုန်သွင်းကုန်လုပ်ငန်းတွေရပ်ဆိုင်းကုန်တာ၊ ဒေါ်လာဈေးတက်တာ၊ မြန်မာကျပ်ငွေအဆမတန်ဖောင်းပွတာ၊ စက်သုံးဆီဈေးတက်တာတွေကြောင့် ဆန်စပါးဈေးကွက်ဟာလည်း ကမောက်ကမ ဖြစ်ခဲ့ရပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။


========================


📌📌 ၈။ စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်မှာ ဝယ်စားနိုင်သူမရှိတဲ့အတွက် ဆန်အရောင်းအဝယ်တွေအေးနေပြီး နောင်နှစ်တွေမှာ အခြေအနေပိုဆိုးလာနိုင်တယ်လို့ ရွှေဘိုပေါ်ဆန်းကုန်သည်တစ်ယောက်ကပြောပါတယ်။


စစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ အဆိုးဆုံးအကြမ်းဖက်မှုတွေကျူးလွန်ခဲ့တဲ့အတွက် နယ်မြေလုံခြုံမှုမရှိတော့တာကြောင့် ရွှေဘိုပေါ်ဆန်းတင်ပို့တဲ့ ကုန်သည်တွေဟာ အခက်အခဲတွေ့နေရပါတယ်။ စစ်ကိုင်းဒေသတွင်းမှာ ပြည်သူအများစုဟာ အိုးအိမ်တွေဆုံးရှုံးပြီး စစ်ဘေးသင့်နေတာကြောင့် ဝယ်စားနိုင်တဲ့သူနည်းပါးပြီး ဆန်အရောင်းအဝယ်အေးနေတယ်လို့ ကုန်သည်တစ်ယောက်ကပြောပါတယ်။


ရွှေဘိုပေါ်ဆန်းကုန်သည်တစ်ဦး


ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးနဲ့ ကရင်နီပြည်နယ်တွေမှာ သန်းနဲ့ချီတဲ့ပြည်သူတွေဟာ စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးကြပ်တည်းနေတာပါ။ ဒီအခြေအနေအတိုင်းဆက်သွားရင် လာမယ့် နှစ်အတွင်းစားနပ်ရိက္ခာပြတ်လပ်တဲ့အခြေအနေနဲ့ရင်ဆိုင်လာရနိုင်တယ်လို့ တောင်သူလယ်သမားအရေးဆောင်ရွက်နေတဲ့ ဒို့မြေကွန်ရက်က ပြောပါတယ်။


စစ်ငြိမ်း (ဒို့မြေကွန်ရက်)


ကုလသမဂ္ဂရဲ့ခန်းမှန်းချက်အရ မြန်မာနိုင်ငံမှာ စစ်ဘေးသင့်ပြည်သူတစ်သန်းကျော်အထိရှိလာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေလိုအပ်နေတာပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း အလုပ်လက်မဲ့နဲ့အငတ်ဘေးပြဿနာတွေကို သန်းနဲ့ချီတဲ့ ပြည်သူတွေရင်ဆိုင်လာရလိမ့်မယ်လို့လည်း ကုလလက်အောက်ခံအဖွဲ့အစည်းတွေက ကြိုတင်ခန်းမှန်းခဲ့ပါတယ်။


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment