7th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ၁၃၈၄ ခုနှစ်၊ နယုန်လဆန်း - ရက် (၂၀၂၂ ခုနှစ်၊ ဇွန်လ ရက်) နေ့စွဲဖြင့် အမိန့်ကြေညာစာအမှတ် - ၁၂ /၂၀၂၂ ဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်း ကိုထုတ်ပြန်

📌 ၂။ NUG အစိုးရဟာ တရားဝင် အစိုးရတရပ်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား

📌 ၃။ စစ်ကောင်စီကို ICC မှာ NUG ကတရားစွဲမယ်

📌 ၄။ NUG ရဲ့ ပညာရေးဝန်ကြီးဌာန ပို့ချထားသော သင်ခန်းစာများအတိုင်းသင်ကြားပေးမဲ့ Myeik Education Free Online School မှ မူလတန်းအဆင့် ကျောင်းသားများ စတင်ကျောင်းအပ်လက်ခံမယ်

📌 ၅။ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၄၉၂) ခုအထိ ရှိခဲ့

📌 ၆။ မိဘမဲ့ဂေဟာနဲ့တွဲပြီးဖွင့်ထားတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ အလှူရှင်တွေနည်းပါးလာတာကြောင့် ပုံမှန်ရပ်တည်ဖို့ခက်ခဲလာ

📌 ၇။ နယ်စပ်ကုန်သွယ်ရေးတွေရပ်ဆိုင်းနေတာကြောင့် အွန်လိုင်း Shopping လုပ်ငန်းတွေ ပုံမှန်မရပ်တည်နိုင်တော့ဘူးလို့ ဈေးရောင်းသူတွေကပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ၁၃၈၄ ခုနှစ်၊ နယုန်လဆန်း - ရက် (၂၀၂၂ ခုနှစ်၊ ဇွန်လ ရက်) နေ့စွဲဖြင့် အမိန့်ကြေညာစာအမှတ် - ၁၂ /၂၀၂၂ ဖြင့် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းခြင်း ကိုထုတ်ပြန်လိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရသည် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် ကျူးလွန်သည့် အကြမ်းဖက်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက် မှုများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူအပြစ်ပေးနိုင်ရန်၊ ကြားကာလ တရားဥပဒေစိုးမိုး‌ရေးကို ဖော်ဆောင်နိုင်ရန်၊ ဒုစရိုက်မှုများနှင့် တရားဥပဒေမဲ့ ပြုကျင့်သူများအား ပြည်သူလူထုနှင့် ပူးပေါင်း၍ တားဆီးရန်၊ ပြည်သူတစ်ရပ်လုံး ယုံကြည် လက်ခံသော ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်၍ ပြည်သူလူထုအတွက် တရားဥပဒေနှင့်အညီ ဝန်ဆောင်မှုပေးသည့် ရဲတပ်ဖွဲ့ဖြစ်စေရန်ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနှင့်အညီပြည်သူ့ရဲတပ်ဖွဲ့အား ဖွဲ့စည်းလိုက်သည်။


ဒူဝါလရှီးလ

နိုင်ငံတော်ယာယီသမ္မတ

အမျိုးသားညီညွတ်ရေးအစိုးရ 

ဟူ၍ဖေါ်ပြထားပါတယ်။



========================


📌📌 ၂။ NUG အစိုးရဟာ တရားဝင် အစိုးရတရပ်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား


NUG အစိုးရဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ဖြစ်ပေါ်လာတဲ့ တရားဝင် အစိုးရတရပ်ဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလကဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလက တွေ့ဆုံမေးမြန်းခန်းတစ်ခု မှာထည့်သွင်းပြောကြားခဲ့ပါတယ်။


"NUG အစိုးရဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ ဖြစ်ပေါ်လာတဲ့ တရားဝင် အစိုးရတရပ်ဖြစ်ပါတယ်။ နိုင်ငံတကာမှာ Free and Fair ဆိုတဲ့ လွတ်လပ်တရားမျှတစွာနဲ့ ရွေးချယ်ထားတဲ့ အနိုင်ရ လွှတ်တော်အမတ်အများနဲ့ စုဖွဲ့ထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကနေ ဖွဲ့စည်းပေးတဲ့ အစိုးရဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို ရွေးကောက်ခံကိုယ်စားလှယ်များက ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။ ၄င်းနောက်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့ပေါ်ပေါက်ခဲ့တယ်။


========================


📌📌 ၃။ စစ်ကောင်စီကို ICC မှာ NUG ကတရားစွဲမယ်


NST မှ စီစဉ်သော NUG မှ မိဘပြည်သူများသို့ တွေ့ဆုံမေးမြန်းခန်းမှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကဆိုခဲ့ပါတယ်။


"စစ်ကောင်စီကို နိုင်ငံတကာ တရားရုံးတွေဖြစ်တဲ့ ICC မှာ အမှုဖွင့်တရားစွဲနိုင်ဖို့အတွက် သည်ဟိတ်မြို့မှာရှိတဲ့ ICC ဆိုင်ရာ တရားရုံးမှာ သွားရောက်တွေ့ဆုံပြီးတော့ တရားစွဲဆိုနိုင်တဲ့ လမ်းကြောင်းတွေ အမြန်ဆုံးဖော်ဆောင်ဖို့လည်း ဆက်လက်လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အာဏာသိမ်း စစ်ကောင်စီ ကျူးလွန်ခဲ့သည့်  အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင်  အပြစ်မဲ့ပြည်သူ ၁၇၀ နီးပါး သတ်ဖြတ်ခံခဲ့ရပါတယ်။


ဒီဇင်ဘာလ ၂၄ ရက်တွင် ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှ အမျိုးသမီးနှင့် ကလေးငယ်များ အပါ အဝင် လူ ၄၉ ဦးကို စကစတပ်ဟာမီးရှို့သတ်ဖြတ်ခဲ့ပါတယ်။


မေလ ၁၂ ရက်တွင်  ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ၌ မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၂၈ လောင်းအား စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၄။ NUG ရဲ့ ပညာရေးဝန်ကြီးဌာန ပို့ချထားသော သင်ခန်းစာများအတိုင်းသင်ကြားပေးမဲ့ Myeik Education Free Online School မှ မူလတန်းအဆင့် ကျောင်းသားများ စတင်ကျောင်းအပ်လက်ခံမယ်


မူလတန်းအဆင့်ကိုသင်ကြားနိုင်ရန်အတွက် ဇွန်လ ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပေးသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။


Myeik Education Free Online School (MEFOS) သည် မြိတ်ခရိုင်အတွင်းရှိပညာရေးဘုတ်အဖွဲ့များနှင့်လက်တွဲဆောင်ရွက်နေသည့် Free Online School ဖြစ်ကာယခုလက်ရှိတွင်း အလယ်တန်းနှင့်အထက်တန်းကို ဖွင့်လှစ်သင်ကြားနေပြီဖြစ်ပါတယ်။


သင်ကြားမည့်ပုံစံမှာ NUG MOE မှ ပို့ချထားသော သင်ခန်းစာများကို Telegram Channel မှတဆင့် သင်ခန်းစာအစဥ်တိုင်းတင်ပေးပြီး နားမလည်သည့်ကဏ္ဍကိုသာ Zoom နဲ့ သင်ကြားပေးမှာဖြစ်ပါတယ်။ မူလတန်းဆင့်ကလေးများဖြစ်သည့်အတွက် အုပ်ထိန်းသူ၊ မိဘများမှ စောင့်ကြပ်ကြည့်ရှုပေးရန်လည်း လိုအပ်မယ်လို့သိရပါတယ်။


========================


📌📌 ၅။ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၄၉၂) ခုအထိ ရှိခဲ့


အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာချက်အမှတ် (/၂၀၂၂)ဖော်ပြချက်အရ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်မှ CDM ပြုလုပ်ထားသော ပြည်သူ့ကျန်းမာရေး ကြီးကြပ် - ကျန်းမာရေးဝန်ထမ်း ကိုအောင်ကိုလင်း () ကိုဘဏ်၊ အသက် (၃၂) နှစ်သည် (၃၁--၂၀၂၂) ရက်နေ့တွင် ဆောမြို့နယ်၊ လောင်းရှည်ဒေသ၊ ဆီမီးကျေးရွာ၌ အခြားပြည်သူ () ဦးနှင့်အတူ အကြမ်းဖက်စစ်ကောင်စီတပ်၏ အကြမ်းဖက်၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပြီးနောက် () ရက်အကြာ (--၂၀၂၂) ရက်နေ့တွင် ကိုအောင်ကိုလင်းသည် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေးစခန်း၌ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့် ကျဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။


Insecurity Insight အဖွဲ့၏ ၂၀၂၂ ခုနှစ်၊ မေလတွင် ထုတ်ပြန်ချက်အရ ဥပဒေမဲ့ စစ်အာဏာသိမ်းခဲ့သည့် (--၂၀၂၁) ရက်နေ့မှ (၃၁--၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ကျန်းမာရေးလုပ်သားများ၊ ဆေးရုံ/ဆေးခန်းများ၊ လူနာတင်ယာဉ်များအပါအဝင်၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုပေါင်း (၄၉၂) ခုအထိ ရှိခဲ့ပါတယ်။ အဆိုပါထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီသည် ကျန်းမာရေးလုပ်သား (၅၆၄) ဦးကို ဖမ်းဆီးခြင်း၊ ဆေးရုံ/ဆေးခန်း (၁၂၆) ခုကို ဝင်ရောက်စီးနင်းဖျက်ဆီးခြင်းနှင့် ကျန်းမာရေးလုပ်သား (၃၆) ဦးကို သတ်ဖြတ်ခြင်းတို့အား ကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။


အပြစ်မဲ့ကျဆုံးခဲ့ရသော ကျန်းမာရေးလုပ်သားများနှင့် ပြည်သူများအတွက် တရား မျှတမှုကို ပြန်လည်ရယူပေးမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါတယ်လို့ဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၆။ မိဘမဲ့ဂေဟာနဲ့တွဲပြီးဖွင့်ထားတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ အလှူရှင်တွေနည်းပါးလာတာကြောင့် ပုံမှန်ရပ်တည်ဖို့ခက်ခဲလာပါတယ်။


နိုင်ငံတဝှမ်းဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ အလုပ်အကိုင်စီးပွားရေးပျက်စီးကုန်တာတွေကြောင့် အလှူရှင်တွေကိုအားကိုးနေရတဲ့ မိဘမဲ့ဂေဟာတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေဟာ ပုံမှန်ရပ်တည်ဖို့ တနေ့တခြားခက်ခဲလာတာပါ။ မိဘမဲ့နဲ့ ဆင်းရဲနွမ်းပါးတဲ့ကလေးအရေအတွက်ဟာလည်း တစ်နေ့တခြားများလာပြီး သူတို့စားဝတ်နေရေးအတွက် ရုန်းကန်နေရတယ်လို့ မိဘမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်တစ်ပါးက မိန့်ပါတယ်။


မိဘမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်တစ်ပါး

(((((((((((((((())))))))))))))


မိုးတွင်းရောက်လာတဲ့အတွက် ကလေးတွေနေထိုင်ဖို့ နေရာထိုင်းခင်းကိစ္စကလည်း အရေးကြီးနေတယ်လို့ ဆရာတော်တစ်ပါးကမိန့်ပါတယ်။ ရာနဲ့ချီတဲ့ကလေးတွေကို နေ့စဉ်ကျွေးမွေးနေရတဲ့အတွက် တတ်နိုင်မယ်ဆိုရင် ပြည်သူတွေက ဝိုင်းဝန်းကူညီပေးဖို့လည်း မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။


မိဘမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်တစ်ပါး

(((((((((((((())))))))))))))))


NLD အစိုးရလက်ထက်၊ ပညာရေးဝန်ကြီးဌာနရဲ့မှတ်တမ်းတွေအရ မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း စုစုပေါင်း ၁၅၅၇ ကျောင်းရှိပြီး ကျောင်းသားအရေအတွက် စုစုပေါင်း ခုနှစ်သိန်းရှစ်ထောင်ကျော်ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မိဘမဲ့နဲ့ဆင်းရဲနွမ်းပါးတဲ့ကလေးအရေအတွက် ပိုများလာတဲ့အတွက် ပရဟိတလုပ်ငန်းတွေဟာ အကျပ်အတည်းကြုံတွေ့နေရတာဖြစ်ပါတယ်။ 


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာ ဖြစ်ပါတယ်။


========================


📌📌 ၇။ နယ်စပ်ကုန်သွယ်ရေးတွေရပ်ဆိုင်းနေတာကြောင့် အွန်လိုင်း Shopping လုပ်ငန်းတွေ ပုံမှန်မရပ်တည်နိုင်တော့ဘူးလို့ ဈေးရောင်းသူတွေကပြောပါတယ်။


ထိုင်းနဲ့တရုတ်နယ်စပ်ကုန်သွယ်ရေးတွေရပ်ဆိုင်းနေတာ၊ သယ်ယူပို့ဆောင်စရိတ်ကြီးတာ၊ ဒေါ်လာဈေးနဲ့စက်သုံးဆီဈေးကြီးတာ၊ လျှပ်စစ်နဲ့အင်တာနက်ရရှိမှု အကန့်အသတ်နဲ့ဖြစ်လာတာတွေကြောင့် အွန်လိုင်း Shopping အရောင်းအဝယ်လုပ်သူတွေ လုပ်ငန်းပုံမှန်မလည်ပတ်နိုင်တော့ဘူးလို့ ဈေးရောင်းသူတွေကပြောပါတယ်။


အွန်လိုင်း Shopping ဈေးရောင်းသူတစ်ဦး

((((((((((((()))))))))))


အွန်လိုင်းအရောင်းအဝယ်တွေနည်းပါးလာတာကြောင့် Delivery သမားတွေလည်း တွက်ခြေမကိုက်ကြတော့ဘဲ ဝင်ငွေရရှိမှုအရမ်းနည်းပါးလာတယ်လို့ဆိုပါတယ်။ သယ်ယူပို့ဆောင်စရိတ်တက်လာတဲ့အတွက် တွက်ခြေကိုက်အောင် အမြတ်ပိုတင်တဲ့နည်းလမ်းကိုအသုံးပြုနေရပြီး ရေရှည်မှာ ဒီနည်းလမ်းကြောင့် အခက်အခဲပိုဖြစ်လာမှာကို ဈေးရောင်းသူတွေက စိုးရိမ်နေကြပါတယ်။


အွန်လိုင်း Shopping ဈေးရောင်းသူတစ်ဦး

((((((((((((((()))))))))))


အွန်လိုင်း Shopping ဈေးရောင်းသူတွေဟာ ကုန်ပစ္စည်းတွေကို နိုင်ငံခြားကနေ အဆင့်ဆင့်မှာယူတင်သွင်းရတာဖြစ်တဲ့အတွက် နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်မှာ အထွေထွေစရိတ်တွေပိုများလာတာဖြစ်ပါတယ်။ ကုန်ပစ္စည်းဈေးမငြိမ်တဲ့အတွက် ယုံကြည်မှုနဲ့အလုပ်လုပ်ရတဲ့ အွန်လိုင်းဈေးရောင်းသူတွေဟာ ရပ်တည်ဖို့ခက်ခဲလာတာဖြစ်ပါတယ်။ 


ဒီသတင်းကိုတော့ နွေဦးKကပေးပို့တာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment