8th JUN 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇွန်လ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ရှေ့တန်းသို့သွားရောက်ပြီး PDF ရဲဘော်များနှင့် တွေ့ဆုံကာ အားပေးစကားပြောကြား

📌 ၂။ ဆုံးရှုံးနစ်နာရမှု တွေအတွက် အကောင်းဆုံး အဖြေရှာနိုင်မယ့် နည်းလမ်းကတော့ အကြမ်းဖက်သမား တွေကို အမြန်ဆုံး နိဂုံးချုပ်နိုင်ဖို့ပဲလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ ကြားကာလမှာ တိုင်ကြားထားသော ခိုးမှု၊ လုယက်မှုနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေအပေါ်  ရဲလုပ်ငန်းစဥ် စတင်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အသိပေးပြောကြား

📌 ၄။ စစ်ကောင်စီရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများကို  အမြန်ဆုံးအရေးယူနိုင်အောင် ကမ္ဘာကိုပြောပြနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၅။ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ ရွှေတောင်ရဲစခန်းမှ ရဲတပ်သားတစ်ဦး Justice soldire- PDF အဖွဲ့ထံခိုလှုံ

📌 ၆။ သံတောင်မြို့ (၁၃မိုင်) စစ်ကောင်စီတပ်စခန်းအတွင်းတွင်ရှိသော စကစအရာရှိတစ်ဦးအား သံတောင် PDF စနိုက်ပါနဲ့ပစ်ခတ်၍ သေဆုံး

📌 ၇။ နွေဦးညီနောင် အဖွဲ့မှ အဝေးပစ်ရှော့တိုက်ဒုံး စမ်းသပ်ထုတ်လုပ်အောင်မြင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ရှေ့တန်းသို့သွားရောက်ပြီး PDF ရဲဘော်များနှင့် တွေ့ဆုံကာ အားပေးစကားပြောကြား


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းသည် ရှေ့တန်းစစ်စခန်းတစ်ခုသို့သွားရောက်ပြီး PDF ရဲဘော်များဖြင့် တွေ့ဆုံအားပေးခဲ့ကြောင်း သတင်းရရှိပါတယ်။ ဇွန်လ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ရှေ့တန်းစစ်မျက်နှာပြင်ရောက်ရှိခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။


" လူငယ်တွေ တကယ်တော့အေးအေးချမ်းချမ်းပညာသင်နေကြရမယ့်ကလေးတွေ တိုင်းပြည်လိုအပ်ချိန်မှာရှေ့တန်းထွက်ပြီး ပါဝင်လာကြတာ အရမ်းပဲလေးစားကျေးဇူးတင်ကြောင်း၊ စိတ်ဓါတ်ကအရေးကြီးကြောင်း၊ CDM တွေဆိုလည်းဒီလိုပဲတောင့်ခံပေးထားကြတာ အရမ်းလေးစားဖို့ကောင်းကြောင်း၊ တိုင်းရင်းသားတွေနဲ့ ငါတို့နဲ့ တသားတည်း ဒီတော်လှန်ရေးကို နိုင်အောင်တိုက်ကြမည်ဖြစ်ကြောင်း" ပြည်ထောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။


အဲ့ဒီနောက် ရှေ့တန်းရောက် PDF ရဲဘော်များနှင့်အတူ PDF အလံအားအလေးပြုခြင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၂။ ဆုံးရှုံးနစ်နာရမှု တွေအတွက် အကောင်းဆုံး အဖြေရှာနိုင်မယ့် နည်းလမ်းကတော့ အကြမ်းဖက်သမား တွေကို အမြန်ဆုံး နိဂုံးချုပ်နိုင်ဖို့ပဲလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ဆုံးရှုံးနစ်နာရမှု တွေအတွက် အကောင်းဆုံး အဖြေရှာနိုင်မယ့် နည်းလမ်းကတော့ အကြမ်းဖက်သမား တွေကို အမြန်ဆုံး နိဂုံးချုပ်နိုင်ဖို့ပဲလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။


ဇွန်လ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးကျင်းပရာမှာပြည်ထောင်စုဝန်ကြီးချုပ်ကပြော ကြားခဲ့တာပါ။


"တော်လှန်ရေးကာလ ဖြစ်တာကြောင့် အောင်မြင်မှုတွေနဲ့အတူ စွန့်လွှတ် ပေးဆပ်ရမှုတွေလည်း ရှိနေပြန်ပါတယ်။ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ၊ အပြစ်မဲ့ အဖမ်းဆီးခံနေရတဲ့ ရွာ သားတွေ၊ အပြစ်မဲ့ မီးရှို့ဖျက်ဆီးခံနေရတဲ့ ကျေးရွာတွေရဲ့ သတင်းတွေဟာ စိတ်မချမ်းမြေ့စရာ ကောင်းလွန်းတာမို့ တော်လှန် ရေးကို မြန်သထက် မြန်အောင် အဆုံးသတ်လိုစိတ်တွေလည်း နေ့စဉ်နဲ့အမျှ ဖြစ်ရပါတယ်။ ဆုံးရှုံးနစ်နာရမှု တွေအတွက် အကောင်းဆုံး အဖြေရှာနိုင်မယ့် နည်းလမ်းကတော့ အကြမ်းဖက်သမား တွေကို အမြန် ဆုံး နိဂုံးချုပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာလည်း တစ်နေ့ထက် တစ်နေ့ နီးကပ်လာနေပြီဖြစ်တယ် ဆိုတာ အခိုင်အမာ ယုံကြည်ပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ်က ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ကော်မတီရဲ့ လုပ်ဆောင်မှုတွေ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်တဲ့အခါ သတိထားပြီး လုပ်ဆောင်နိုင်ဖို့တွေ တိုင်းဒေသကြီးဘက်က နယ်မြေအုပ်ချုပ်မှု အခြေအနေတွေ၊ ပြည်နယ်တွေဘက်က နယ်မြေအခြေအနေတွေ၊ တိုင်းရင်းသား တွေရဲ့ အုပ်ချုပ်ရေးသွားနေတဲ့ ပုံစံတွေ၊ နယ်မြေဒေသအလိုက် ရှိနေတဲ့ အစုအဖွဲ့ရဲ့ အခြေအနေတွေ အပေါ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၅၇ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ကြားကာလမှာ တိုင်ကြားထားသော ခိုးမှု၊ လုယက်မှုနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေအပေါ်  ရဲလုပ်ငန်းစဥ် စတင်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အသိပေးပြောကြား


ကြားကာလမှာ တိုင်ကြားထားသော ခိုးမှု၊ လုယက် မှုနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေအပေါ် ရဲလုပ်ငန်းစဥ်စတင်မယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အသိပေးပြောကြားလိုက်ပါတယ်။


"NUG ရဲ့အုပ်ချုပ်မှုနယ်မြေတွေကို စတင်တည်ထောင်နေပြီဖြစ်ပါတယ်။ ကျွန်တော်တို့အုပ်ချုပ်မှုစတင်တည်ထောင်တဲ့ နယ်မြေတွေမှာ ပြည်သူလူထုရဲ့အသက်အိုးအိမ်နဲ့ပတ်သက်တဲ့ လုံခြုံမှုကိုတာဝန်ယူဖို့ဖြစ်ပါတယ်။ကြားထဲမှာဖြစ်ပေါ်တဲ့ခိုးမှုတွေ လုယက်မှုတွေ အမျိုးသမီးတွေအပေါ်မှာ အကြမ်းဖက်မှုတွေက အခုလည်းတိုင်ကြားမှုတွေရှိပါတယ်။ ဒါတွေကိုအကာကွယ်ပေးနိုင်ဖို့အတွက် တရားဒပဒေစိုးမိုးရေး ဆိုင်ရာကိစ္စရပ်တွေကို ကာကွယ်ပေးနိုင်ဖို့အတွက် လုပ်ဆောင်နေတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီး ဌာနသို့ စစ်ကောင်စီတပ်နဲ့ ၄င်းတို့လက်အောက်ခံအဖွဲ့အစည်းများ ကျူးလွန်မှုကြောင့်နစ်နာသူ ပြည်သူများက တိုင်ကြားထားသောအမှုပေါင်း ၄၀၀ ကျော်ရှိတယ်လို့သိရပါတယ်။


 ဇွန်လ ရက်နေ့မှာ အမိန့်ကြေညာစာအမှတ်- ၁၂ /၂၀၂၂ နဲ့ ပြည်သူ့ရဲတပ်ဖွဲ့ကို နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ဖွဲ့စည်းလိုက်ပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့ကို CDM ရဲများအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပါ အားဖြည့်ကူညီဆောင်ရွက်မယ်လို့လည်းသိရပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများကို  အမြန်ဆုံးအရေးယူနိုင်အောင် ကမ္ဘာကိုပြောပြနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


စစ်ကောင်စီရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုများကို  အမြန်ဆုံးအရေးယူနိုင်အောင် ကမ္ဘာကိုပြောပြနေတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကဆိုလိုက်ပါတယ်။ NST မှ စီစဉ်သော NUG မှ မိဘပြည်သူများသို့ အစီအစဥ်တွင် လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကပြောကြားခဲ့ပါတယ်။


"ယူကရိန်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ အရေးယူဆောင်ရွက်မှုတွေ တကယ့်ကိုထိရောက်သော ပံ့ပိုး ကူညီမှုတွေရှိတယ်။အဲဒါကြောင့်မို့ ယူကရိန်းနဲ့ထပ်တူနီးပါး ချိုးဖောက်ခံနေရတဲ့၊ အကြမ်းဖက်ခံနေရတဲ့ မြန်မာပြည်ကိုလည်း ကမ္ဘာက မမေ့မလျော့ပဲ အရေးယူဆောင်ရွက်နိုင်ဖို့ အထူးကြိုးစားနေပါတယ်။ အမြန်ဆုံးအရေးယူနိုင်အောင် အထူးကြိုးစားအားထုတ်ပြီး ကမ္ဘာကိုပြောပြနေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


စစ်ကောင်စီဟာ ဖရူဆိုမြို့မှာ လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကိုကျူးလွန်ခဲ့ပြီး ရေဦးမြို့နယ်မုန်တိုင်ပင်ရွာက အရပ်သားများသတ်ဖြတ်ခံရမှုကိုလည်း ကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ၅။ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ ရွှေတောင်ရဲစခန်းမှ ရဲတပ်သားတစ်ဦး Justice soldire- PDF အဖွဲ့ထံခိုလှုံ


အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ရွှေတောင်ရဲစခန်းမှရဲတပ်သားတစ်ဦး Justice soldire- PDF အဖွဲ့ထံခိုလှုံတယ်လို့သိရပါတယ်။ ဇွန်လ ရက်နေ့၊ ရွှေတောင်ရဲစခန်းမှ ရဲတပ်သားမြင့်အောင်ဟာ Justice soldire- PDF အဖွဲ့ထံ ခိုလှုံလာတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။


"အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ရွှေတောင်ရဲစခန်းမှရဲတပ်သားမြင့်အောင်သည် Justice soldire- PDF အဖွဲ့ထံ CDM ဝင်ရောက်လာရာ JS အဖွဲ့မှ ကြိုဆိုလက်ခံခဲ့ပါတယ်။ CDM ရဲတပ်သားအတွက် JS အဖွဲ့မှ THB 2000 ထောက်ပံ့ကူညီခဲ့ပါတယ်"လို့ဆိုပါတယ်။ အဆိုပါရဲတပ်သား မြင့်အောင်သည် ယခုအခါ လွတ်မြောက်နေမြေတနေရာတွင် လုံခြုံစွာ နေထိုင်လျက်ရှိပါတယ်။


========================


📌📌 ၆။ သံတောင်မြို့ (၁၃မိုင်) စစ်ကောင်စီတပ်စခန်းအတွင်းတွင်ရှိသော စကစအရာရှိတစ်ဦးအား သံတောင် PDF စနိုက်ပါနဲ့ပစ်ခတ်၍ သေဆုံး


သံတောင်မြို့ (၁၃မိုင်) စစ်ကောင်စီတပ်စခန်းအတွင်းတွင်ရှိသော စကစအရာရှိတစ်ဦးအား သံတောင် PDF စနိုက်ပါနဲ့ပစ်ခတ်၍ သေဆုံးခဲ့ပါတယ်။ ဇွန်လ ရက် နံနက် နာရီ ၅၀ အချိန်မှာ People Defence Force Thandaung ကစနိုက်ပါနဲ့ပစ်ခတ်ခဲ့တာလို့ဖော်ပြပါတယ်။


"ယနေ့ 7.6.2022 နံနက် 7:50 ခန့်အချိန်တွင် သံတောင်မြို့ (၁၃မိုင်) စစ်ကောင်စီတပ်စခန်းအတွင်းတွင်ရှိသော စကစအရာရှိတစ်ဦးအား ကျွန်တော်တို့ People Defence Force မှ Sniper ဖြင့် ငရဲ သို့ပို့နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုသေဆုံးသူမှာ ဒုတပ်ရင်းမှူး သို့မဟုတ် ဒုတပ်ခွဲမှူးဖြစ်နိုင်ကြောင်း လည်းဖော်ပြပါတယ်။ စကစဘက်မှ ရပ်ရွာအတွင်းလှည့်ပတ်၍ တရားမဝင်စစ်ဆေးမှုများနှင့် သေနတ်များပစ်ဖောက်ခြင်းအစရှိသည့် အကြမ်းဖက်လုပ်ရပ်များကိုလုပ်ဆောင်နိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် သတိရှိစွာဖြင့် နေထိုင်သွားလာကြရန် People Defence Force Thandaung ကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ နွေဦးညီနောင် အဖွဲ့မှ အဝေးပစ်ရှော့တိုက်ဒုံး စမ်းသပ်ထုတ်လုပ်အောင်မြင်


နွေဦးညီနောင် အဖွဲ့မှ အဝေးပစ်ရှော့တိုက်ဒုံး စမ်းသပ်ထုတ်လုပ်အောင်မြင်တယ်လို့သတင်းရရှိပါတယ်။ ဇွန်လ ရက်နေ့မှာ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်၊ တပ်မဟာ() တပ်ရင်း() တပ်ခွဲ() နွေဦးညီနောင် အဖွဲ့မှ အဝေးပစ်ရှော့တိုက်ဒုံး ထုတ်လုပ်အောင်မြင်ကြောင်းစမ်းသပ်ပစ်ခတ်ပြခဲ့ပါတယ်။


အဆိုပါရှော့တိုက်ဒုံးလက်နက်ဟာ အသုံးပြုသည့်ယမ်းပေါ်မူတည်၍ - မိုင်အကွာအဝေးထိရောက်ရှိနိုင်ပါတယ်။ ဆက်လက်၍ ပိုမိုအဆင့်မြင့်သော ဒုံးလက်နက်များ တီထွင်ကြံဆထုတ်လုပ်သွားမည် ဖြစ်ကြောင်းDRPAကထုတ်ပြန်ထားပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment