8th JUN 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇွန်လ ၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ကဏ္ဍစုံက နလန်ထူဖို့ ခက်နေပြီဖြစ်တဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်နိုင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးပမ်းလာတာလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ မလေးရှားနိုင်ငံမှာ NUG ကိုယ်စားလှယ်ရုံးဖွင့်လှစ်ဖို့ မလေးရှား ကမ်းလှမ်း

📌 ၃။ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရဖို့ တော်လှန်ရေးခရီးကို သွားနေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၄။ စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ ၁၁၄ ဦးတွင် အသက် ၁၈ နှစ်အောက် ကလေး () ဦးပါဝင်

📌 ၅။ တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် မုံရွာမြို့နေ ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်ထွက် သွားလာခြင်း မပြုရန် အသိပေး

📌 ၆။ KGZ တပ်ဖွဲ့မှကရိန်းကားတွင် အတွဲလိုက်ပစ် (130 mm) လက်နက်ကြီးတပ်ဆင်ရန်ကြိုးပမ်းနေ

📌 ၇။ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့တရားစီရင်ရေးစနစ်လုံးဝပျက်စီးသွားပြီလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှေ့နေတွေကပြော

📌 ၈။ ရန်ကုန်မြို့က HIV လူနာကူညီရေးစင်တာတွေ ပုံမှန်မလည်ပတ်နိုင်တော့တဲ့အတွက် ရပ်ကွက်ထဲမှာဖြစ်သလို အလှူခံပြီး စားဝတ်နေရေးဖြေရှင်းနေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကဏ္ဍစုံက နလန်ထူဖို့ ခက်နေပြီဖြစ်တဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်နိုင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးပမ်းလာတာလို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


(၅၇) ကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"ပြည်တွင်းအခြေအနေတွေထဲမှာတော့ ဒီတစ်ပတ်အတွင်း ပြည်သူတွေကို စိတ် သောကဖြစ်စေတဲ့ကိစ္စကတော့ ကျွန်တော်တို့ရဲ့သူရဲကောင်းတွေဖြစ်တဲ့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့ အပါအဝင် () ဦးကို သေဒဏ် အတည်ပြုတယ်ဆိုတဲ့ ကိစ္စပါပဲ။ တကယ်တော့ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့ရဲ့ တရားရေးဝန်ကြီးဌာနက တရားမဝင်ကြောင်း ပြတ်ပြတ်သားသား ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ တကယ် တော့ ကဏ္ဍစုံက နလန်ထူဖို့ ခက်နေပြီဖြစ်တဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို အကြောက်တရားနဲ့ ခြိမ်းခြောက်နိုင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးပမ်းလာတာဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ စကစဟာ လူဦးရေ တစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ထားကာ လူတစ်ရာကျော်ကိုသေဒဏ်ချမှတ်ထားပါတယ်။



========================


📌📌 ၂။ မလေးရှားနိုင်ငံမှာ NUG ကိုယ်စားလှယ်ရုံးဖွင့်လှစ်ဖို့ မလေးရှား ကမ်းလှမ်း


ဇွန်လအတွင်းကျင်းပတဲ့ ပြင်သစ်ရောက်မြန်မာမိသားစုများနဲ့တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကမလေးရှားနိုင်ငံမှာ NUG ကိုယ်စားလှယ်ရုံးဖွင့်လှစ်ဖို့ မလေးရှား ကမ်းလှမ်းထားတယ်လို့ပြောကြားခဲ့ပါတယ်။


"အခု မလေးရှားက ကျနော်တို့ကို ရုံးဖွင့်ဖို့ပြောတယ်။မလေးရှားမှာ ရှိနေတဲ့ လူနှစ်သိန်းကျော် စာသင်ဖို့ ကိစ္စ ကျနော်တို့နဲ့ဆွေးနွေးတယ်။ဒီလိုဟာမျိုးတွေက ဘယ်တုန်းကမှမဖြစ်ခဲ့ဘူး။အဲဒါတွေရဲ့အားက တဖြည်းဖြည်းတိုးလာတယ်။ကျနော်တို့NUGတည်ထောင်တာ တစ်နှစ်လောက်ပဲရှိတယ်။တစ်နှစ်တွင်းမှာကို တိုးတင်ခဲ့တယ်"လို့ ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခဲ့သော နိုင်ငံများမှာ ချက်နိုင်ငံ၊ပြင်သစ်နိုင်ငံ၊ သြစတြေးလျနိုင်ငံ၊ ကိုရီးယား၊ဂျပန်၊နော်ဝေ စတဲ့နိုင်ငံများဖြစ်ပါတယ်။


========================


📌📌 ၃။ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ရဖို့ တော်လှန်ရေးခရီးကို သွားနေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


ဇွန်လအတွင်း ကျင်းပတဲ့ ပြင်သစ်ရောက် မြန်မာမိသားစုများနဲ့တွေ့ဆုံပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကအခုလို‌ ပြောကြားခဲ့ပါတယ်။


"ဒီတော်လှန်ရေးခရီးကို သွားတဲ့အခါ ကျနော်တို့လုပ်နေတာ ပြည်သူ့အာဏာပြည်သူ့လက်ထဲ ပြန်ရဖို့ပါ။စစ်အာဏာရှင်တွေက အာဏာကိုမတရားရယူထားတယ်။မတရာထိန်းချုပ်လာခဲ့တာ နှစ်ပေါင်များစွာကြာနေပါပြီ။အဲဒီထိန်းချုပ်မှုအောက်မှာနေရတယ်။အဲဒီကနေ အခု ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲပန်ရောက်အောင် ဒီအတွက်ကိုပဲ ခုထိအားလုံးကြိုးပမ်းနေကြပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ထို့အပြင် နွေဦးတော်လှန်ရေးဟာ တစ်ရာ ရာခိုင်နှုန်းအောင်မြင်နိုင်မဲ့အခြေအနေရှိပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း တော်လှန်ရေးလမ်းကြောင်း၊ ဖက်ဒရယ်ချာတာ လမ်းကြောင်း စတဲ့ လမ်းကြောင်းကြီးနှစ်ခုနဲ့သွားနေတယ်လို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီက သေဒဏ်ချမှတ်ထားတဲ့ ၁၁၄ ဦးတွင် အသက် ၁၈ နှစ်အောက် ကလေး () ဦးပါဝင်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းပြုချက်များအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၀၉၇၆) ဦးရှိပြီး ၎င်းတို့အနက်မှ  (၁၁၁၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး () ဦး အပါအဝင် (၇၃) ဦးမှာ သေဒဏ်ချမှတ်ခံထားရကာ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၁၄) ဦးရှိပြီဖြစ်ပါတယ်။


========================


📌📌 ၅။ တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် မုံရွာမြို့နေ ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်ထွက် သွားလာခြင်း မပြုရန် အသိပေး


တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် မုံရွာမြို့နေ ပြည်သူများအနေဖြင့် မလိုအပ်ဘဲအပြင်ထွက် သွားလာခြင်း မပြုရန်အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု မှ ဇွန်လ ရက်နေ့မှာအသိပေးလိုက်ပါတယ်။


"အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အားစုအနေဖြင့် မုံရွာမြို့ အပါအဝင် မြို့နယ်တွင်း ထိတွေ့တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများ ရှိနေသည့်အတွက် မုံရွာမြို့နေ ပြည်သူများအနေဖြင့် ဘေးကင်းရန် အလို့ငှာ ယနေ့ (၈၊၆၊၂၂) မှစ၍ ဘေးအန္တရယ်ကင်းရှင်းသည်ဟုထုတ်ပြန်သည်အထိ မလိုအပ်ဘဲ အပြင်ထွက် သွားလာခြင်း မပြုရန် အသိပေး ကြေညာလိုက်ပါတယ်"လို့ဖော်ပြထားပါတယ်။


========================


📌📌 ၆။ KGZ တပ်ဖွဲ့မှ ကရိန်းကားတွင် အတွဲလိုက်ပစ် (130 mm) လက်နက်ကြီးတပ်ဆင်ရန်ကြိုးပမ်းနေ


ဇွန်လ ရက်နေ့မှာ KGZ တပ်ဖွဲ့မှ တရားဝင်သတင်းထုတ်ပြန်ချက်အရ "KGZ တပ်ဖွဲ့မှ ထုတ်လုပ်နေသောအတွဲလိုက်ပစ် (130 mm) လက်နက်ကြီးတတ်ဆင်ရန် လိုအပ်နေသော ကရိန်းကားဖိုးနှင့် M4-A1 အသစ်တစ်လက်ဖိုးငွေပေးခြေရန်လိုအပ်နေသေးပါသောကြောင့် AK-22 တစ်လက်နှင့် M-16A1 တစ်လက် စုစုပေါင်းနှစ်လက်ရောင်းချပြီးပေးချေမည်ဟု အဖွဲ့တွင်း၌ညှိနိုင်းထားပြီးဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


KGZ (Army) ဟာ စစ်ကောင်စီတပ်များကို ခုခံတွန်းလှန်နေတဲ့ တပ်ဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ်။ 


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ခဲ့တာဖြစ်ပါတယ်။


========================


အခု ဆက်လက်ပြီး သတင်းနှင့်အတူ လူထုစကားသံ အစီအစဉ်ကဏ္ဍကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။


📌📌 ၇။ မြန်မာနိုင်ငံအတွင်း စစ်ကောင်စီရဲ့တရားစီရင်ရေးစနစ်လုံးဝပျက်စီးသွားပြီလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရှေ့နေတွေကပြောပါတယ်။


စစ်အာဏာသိမ်းပြီးနောက် မတ်လအတွင်းမှာ သပိတ်လူငယ်တွေကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နင်းတာ၊ ဖမ်းဆီးတရားစွဲဆို နှိပ်စက်သတ်ဖြတ်တာတွေ စတင်ပြုလုပ်ခဲ့တာပါ။ အစောပိုင်းကာလတွေမှာ ရှေ့နေအဖွဲ့တွေက ဖမ်းဆီးခံရတဲ့လူငယ်တွေရဲ့အမှုတွေကို အခမဲ့လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ရှေ့နေတွေကိုယ်တိုင်ထွက်ပြေးတိမ်းရှောင်ရတဲ့အခြေအနေအထိဖြစ်လာပါတယ်လို့ဆိုပါတယ်။


ရန်ကုန်မြို့ခံရှေ့နေတစ်ဦး


စစ်ကောင်စီက နိုင်ငံ့ခေါင်းဆောင်တွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဒေါ်ရွက်နုအောင်ကို ဧပြီ ၂၇ ရက်နေ့က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့တရားစွဲခဲ့ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေကို လိုက်ပါကူညီနေတဲ့ ရှေ့နေအဖွဲ့တာဝန်ရှိသူတွေကိုလည်း စစ်ကောင်စီက ဖိအားပေးပြီး ပြောရေးဆိုခွင့်ပိတ်ပင်ထားပါတယ်။ အလားတူ NLD နဲ့ပတ်သက်တဲ့ရှေ့နေတွေကို ခြိမ်းခြောက်တာတွေပြုလုပ်ခဲ့တဲ့အတွက် NLD ပါတီဝင်ရှေ့နေတစ်ချို့ဟာ လွတ်မြောက်နယ်မြေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။


NLD ပါတီဝင်ရှေ့နေတစ်ဦး


စစ်ကောင်စီက တော်လှန်ရေးသမားတွေကို သူတို့စိတ်ထင်ရာဥပဒေတွေနဲ့ ပုဒ်မ ၄၊ ၅၊ ခုတပ်ပြီး တရားစွဲဆိုတာတွေပြုလုပ်ခဲ့တာပါ။ ရန်ကုန်မြို့အင်းစိန်ထောင်တစ်ခုတည်းမှာ တော်လှန်ရေးအကျဉ်းသား ထောင်ဝန်းကျင်အမှုရင်ဆိုင်နေရပြီး အကူအညီပေးတဲ့ရှေ့နေတွေကိုလည်း ထောင်တွင်းတရားရုံးကိုဝင်တဲ့အချိန်မှာ ကန့်သတ်မှုမျိုးစုံပြုလုပ်နေတယ်လို့ အင်းစိန်ထောင်နဲ့နီးစပ်သူတွေကပြောပါတယ်။ 


ဒီသတင်းကိုတော့ နွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။


========================


📌📌 ၈။ ရန်ကုန်မြို့က HIV လူနာကူညီရေးစင်တာတွေ ပုံမှန်မလည်ပတ်နိုင်တော့တဲ့အတွက် ရပ်ကွက်ထဲမှာဖြစ်သလို အလှူခံပြီး စားဝတ်နေရေးဖြေရှင်းနေရပါတယ်။


ရန်ကုန်မြို့မှာ NLD လက်ထက်မှာ ထူထောင်ခဲ့တဲ့ HIV-AIDS လူနာကူညီစောင့်ရှောက်ရေးစင်တာတွေဟာ ကူညီထောက်ပံ့သူလုံးဝမရှိတော့တဲ့အတွက် စားဝတ်နေရေးကိုကြုံသလိုဖြေရှင်းနေရတယ်လို့ စင်တာ တာဝန်ရှိသူတွေကပြောပါတယ်။ HIV လူနာကူညီရေးစင်တာတွေမှာ ရောဂါကူးစက်ခံထားရတဲ့ မိဘမဲ့ကလေးတွေ၊ မိသားစုကစွန့်ပစ်တာခံထားရတဲ့လူနာတွေ အများအပြားရှိနေပြီး သူတို့စရိတ်ကိုမတတ်နိုင်တော့ပေမယ့် ထွက်သွားခိုင်းလို့ရတဲ့အခြေအနေလည်းမဟုတ်ဘူးလို့HIV-AIDS ကူညီစောင့်ရှောက်ရေးစင်တာ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။


HIV-AIDS ကူညီစောင့်ရှောက်ရေးစင်တာ တာဝန်ရှိသူတစ်ဦး


HIV လူနာတွေဟာ ART ဆေးကိုပုံမှန်စွဲသောက်ရသူတွေဖြစ်ပြီး သင့်တင့်တဲ့အာဟာရကိုလည်း ပုံမှန်စားသောက်ခွင့်ရဖို့လိုအပ်ပေမယ့် စင်တာ တာဝန်ရှိသူတွေက မတတ်နိုင်တော့တဲ့အခြေအနေကိုရောက်လာတာပါ။ TB ဆေးသောက်နေရတဲ့လူနာတွေအပါအဝင် အရေးပေါ်ဆေးရုံတက်ဖို့လိုအပ်တဲ့လူနာတွေအတွက် ငွေကြေးလိုအပ်ချက်ကလည်း မြင့်မားနေပါတယ်။


HIV-AIDS ကူညီစောင့်ရှောက်ရေးစင်တာ တာဝန်ရှိသူတစ်ဦး


မြန်မာနိုင်ငံမှာ HIV ရောဂါပိုးကူးစက်ခံထားရတဲ့လူနာပေါင်း ၂သိန်းခွဲနီးပါးရှိနေပြီး အဲ့ဒီအထဲကလူနာ ၁သိန်းခွဲနီးပါးဟာ ARV ဆေးသောက်နေရသူတွေဖြစ်တယ်လို့ NLD လက်ထက် ကျန်းမာရေးဝန်ကြီးဌာနရဲ့စာရင်းတွေကဖော်ပြပါတယ်။ ဒီလူနာတွေကို စနစ်တကျကူညီကုသမှုမပေးဘူးဆိုရင် မလိုလားအပ်ဘဲ သေဆုံးတာတွေ၊ ရောဂါကူးစက်မှုနှုန်းမြင့်တက်လာတာတွေဖြစ်လာနိုင်တယ်လို့ အကူအညီပေးနေတဲ့စင်တာ တာဝန်ရှိသူတွေက ပြောပါတယ်။ 


ဒီသတင်းကိုတော့ နွေဦးKကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment