29th JUL 2022 - Morning Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၂၉ ရက်နေ့ မနက်ခင်းနောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေး အရှိန်ပြင်းစွာ တောက်လောင်လာတော့မယ်လို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး

📌 ၂။ ပြည်သူ့အုပ်ချုပ်ရေးယန္တရား အားကောင်းခိုင်မာပြီး စစ်ကောင်စီယန္တရားများ လုံးဝရပ်ဆိုင်းသွားရန် ကြိုးစားအားထုတ်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ကြတဲ့ အာဇာနည်များ ပြည်သူလူထုရင်ထဲထာဝရရှင်သန်နေမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။  မြန်မာစစ်တပ်မှ ဒီမိုကရေစီလိုလားသူများအား သေဒဏ်စီရင်မှုကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲ ကိုရီးယားလွှတ်တော်အမတ်များအဖွဲ့မှ တောင်ကိုရီးယား လွှတ်တော်အတွင်းကျင်းပရှင်းလင်း

📌 ၅။တော်လှန်ထောက်ပို့ တောင်ပိုင်းသို့လို့ အမည်ပေးထားတဲ့ အစီအစဉ်ကနေ ရရှိလာတဲ့ရန်ပုံငွေတွေကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး၀န်ကြီးဌာနသို့ ပေးအပ် လှူဒါန်းသွားမယ်

📌 ၆။ တော်လှန်ဒီပါဝလီအထိမ်းအမှတ်အနေဖြင့်တော်လှန်ရေးရံပုံငွေရှာဖွေရေးကံစမ်းမဲလက်မှတ်များရောင်းချမှုမှ ရရှိလာတဲ့ငွေများကို NUGမှတဆင့်စစ်ဘေးရှောင်ဒုက္ခသည်များအားစုပေါင်းထောက်ပံ့ကူညီလှူဒါန်းသွားမယ်

📌 ၇။ "တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့ သရဏဂုံမတင်နိုင်ဘူးဘန်နာကိုကိုင်စွဲကာရန်ကုန်မြို့မှာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

📌 ၈။ နယ်မြေထိန်းချုပ်နိုင်ရေး နယ်မြေစိုးမိုးနိုင်ရေး People's Defence Force - ကလေးခရိုင် တပ်ရင်း - ကလေးဝကင်းလှည့်ဆောင်ရွက်

📌 ၉။ သစ်ပုတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ ဦးအပါအဝင်တပ်ဖွဲ့ဝင် () ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ

📌 ၁၀။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ကစားနေတဲ့ အသက် လေးနှစ်ခွဲအရွယ် မသိမ့်သိမ့်ဖြူ လက်နက်ကြီးကျည်ထိမှန်ပြီး နေရာမှာပင် သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေး အရှိန်ပြင်းစွာ တောက်လောင်လာတော့မယ်လို့ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး


နွေဦးတော်လှန်ရေး အရှိန်ပြင်းစွာ တောက်လောင်လာတော့မယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ဇူလိုင်၂၈ ရက်မှာပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားရာမှာထည့်သွင်းပြောကြားလိုက်ပါတယ်။


"စစ်ကောင်စီရဲ့ ရက်စက် ယုတ်မာသတ်ဖြတ်ခြင်းကြောင့် နွေဦးတော်လှန်ရေးဟာ ကြောက်ရွံနောက်ဆုတ်သွားမှာ မဟုတ်ဘဲ ပိုမိုအရှိန်ပြင်းစွာ တောက်လောင်လာတော့မှာဖြစ်ပါတယ်"လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ စစ်အာဏာရှင် ကိုခုခံတွန်းလှန်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံတော်ကိုအရေးပေါ်အခြေအနေကြေညာခဲ့ပြီးဖြစ်ပါတယ်။


ဆက်လက်ပြီး မိမိတို့အနေနဲ့ ၄င်းတို့ချိန်းခြောက်မှုတွေကို ခေါင်းငုံခံ အရှုံးပေးမှာမဟုတ်ဘဲ မင်းအောင်လှိုင်နဲ့အကြမ်းဖက် စစ်အုပ်စု ကျရှုံးရေးအတွက်  ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကာ နိုင်ငံသူနိုင်ငံသားများအနေနဲ့လည်း လှည်းနေ လှေအောက် မြင်းဇောင်းမကျန် နွေဦးတော်လှန်ရေးမှာ ဆက်လက်ပါဝင်ကြဖို့လိုအပ်ပါတယ်"လို့လည်း အရေးပေါ် နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားရာမှာထပ်မံ ထည့်သွင်းပြောကြားခဲ့ပါတယ်။


"မင်းအောင်လှိုင်နဲ့ စစ်ကောင်စီရှိနေသရွေ့ လူ့တန်ဖိုး၊လူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ဆက်လက်ချိုးဖောက်နေမှာဖြစ်ကာ ဒီမိုကရေစီစံနှုန်းနဲ့ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတစ်ခုကိုတည်ထောင်နိုင်မှာ မဟုတ်ကြောင်းထင်ရှားစွာပြသနေပါတယ်။တစ်နည်းအားဖြင့် အာဏာရှင်ရှိနေသမျှ တိုင်းပြည်လုံခြုံရေးကိုစောင့်ထိန်းနိုင်မှာ မဟုတ်ကြောင်း ထင်ရှားစွာပြသနေပါတယ်"လို့ ယာယီသမ္မတကဆိုပါတယ်။


ဒါ့အပြင် မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ"ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကို ကွက်မျက်ခြင်းမပြုရန် နိုင်ငံတကာနဲ့ အဖွဲ့အစည်းများပြောဆိုချက်ကို ဂရုမစိုက်ဘဲ သေဒဏ်ချမှတ်ခဲ့ပြီးတော့ လူငယ်တွေကို အညိုးအတေးကြီးစွာနဲ့သတ်ဖြတ်နေတယ်လို့ ယာယီသမ္မတဒူဝါလရှီးလကထပ်လောင်းပြောကြားထားပါတယ်။ စစ်ကောင်စီမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ ဦးကို သေဒဏ်ပေး ကွပ်မျက်မှုအား ဇူလိုင်၂၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်သူ့အုပ်ချုပ်ရေးယန္တရား အားကောင်းခိုင်မာပြီး စစ်ကောင်စီယန္တရားများ လုံးဝရပ်ဆိုင်းသွားရန် ကြိုးစားအားထုတ်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းပြောကြား


ပြည်သူ့အုပ်ချုပ်ရေးယန္တရား အားကောင်းခိုင်မာပြီး စစ်ကောင်စီယန္တရားများ လုံးဝရပ်ဆိုင်းသွားရန် ကြိုးစားအားထုတ်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဇူလိုင် ၂၈ ရက်မှာ ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ် (၂၂/၂၀၂၂) မှာ ပြောကြားလိုက်ပါတယ်။


"မိမိတို့ကော်မတီရဲ့ အဓိကလုပ်ဆောင်ရမှာကတော့ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းသွားရန် လွတ်မြောက်နယ်မြေ၊ စိုးမိုးနယ်မြေများ ဖော်ဆောင်ပြီး ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ရှိပြီးသား ထိန်းချုပ်နယ်မြေများတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား အားကောင်းခိုင်မာပြီး စစ်ကောင်စီယန္တရားများ လုံးဝရပ်ဆိုင်းသွားရန် ကြိုးစားအားထုတ်ဖို့လိုကြောင်း၊ ယခင်ကထက် နီးနီးကပ်ကပ်ပိုမိုလုပ်ဆောင်ရန်လိုကြောင်း လုံခြုံရေးနှင့်ကာကွယ်ရေးအပိုင်းဟာ အရေးကြီးဆုံး အခြေနေရောက်လာခြင်းကြောင့် တာဝန်ရှိသူများအနေဖြင့် ယခင်ကထက် ပိုမိုစည်းလုံး ချိတ်ဆက်ဆောင်ရွက်ကြရန်လိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၂၁/၂၀၂၂) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်များ၊ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး ထီးရံပုံငွေခွဲဝေချထားရေးနှင့်ပတ်သက်ပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အတူ ဗဟိုကော်မတီ ဒုတိယဥက္ကဌ() ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် ဗဟိုကော်မတီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ကြတဲ့ အာဇာနည်များ ပြည်သူလူထုရင်ထဲထာဝရရှင်သန်နေမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ကြတဲ့အာဇာနည်များ ပြည်သူလူထုရင်ထဲထာဝရရှင်သန်နေမယ်လို့ ပညာရေးနဲ့ ကျန်းမာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဇူလိုင် ၂၈ ရက်နေ့ လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။


"ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့မသေပါ။ ဘယ်တော့မှ မသေပါ။ပြည်သူ့ရင်မှာ ၊မြန်မာနိုင်ငံသမိုင်းမှာ ထာဝရ ရှင်သန်နေမည့်သူများ ဖြစ်ပါတယ်။နွေဦးတော်လှန်ရေးနဲ့ တော်လှန်ရေးအသီးသီးမှာကျဆုံးခဲ့သော အာဇာနည်များမသေပါ။ဘယ်တော့မှ မသေပါ။ပြည်သူ့ရင်မှာ မြန်မာနိုင်ငံသမိုင်းမှာ ထာဝရရှင်သန်နေမည့်သူများ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ဇူလိုင်လ (၂၅) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီမှ ဒီမိုကရေစီ ရဲဘော် () ဦးဖြစ်သော ဦးဖြိုးဇေယျာသော်၊ဦးဂျင်မီ၊ဦးသူရဇော်နှင့်ဦးလှမျိုးအောင်အား စီရင်ပြီးကြောင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၄။  မြန်မာစစ်တပ်မှ ဒီမိုကရေစီလိုလားသူများအား သေဒဏ်စီရင်မှုကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲ ကိုရီးယားလွှတ်တော်အမတ်များအဖွဲ့မှ တောင်ကိုရီးယား လွှတ်တော်အတွင်းကျင်းပရှင်းလင်း


မြန်မာစစ်တပ်မှ ဒီမိုကရေစီလိုလားသူများအား သေဒဏ်စီရင်မှုကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲ ကိုရီးယားလွှတ်တော်အမတ်များအဖွဲ့မှတောင်ကိုရီးယား လွှတ်တော်အတွင်းကျင်းပရှင်းလင်းခဲ့ပါတယ်။ ဇူလိုင်လ ၂၈ ရက် ကြာသပတေးနေ့ ကိုးရီးယားစံတော်ချိန် မနက် () နာရီ (၂၀) မိနစ် အချိန်တွင် ကိုရီးယားလွှတ်တော်အတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမဆောင်တွင် မြန်မာ့ဒီမိုကရေစီအရေးကို လိုလားပြီး မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးထောက်ခံသော ကိုရီးယားလွှတ်တော်အမတ်များအဖွဲ့မှ မစ္စ ယုံဟဲအင် လွှတ်တော်အမတ်မှ ဦးဆောင်၍ ကျင်းပခဲ့တာပါ။


သတင်းစာရှင်းလင်းပွဲမှာ ၂၀၂၂ ခုနှစ် ဇူလှိုင်လ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စု၏ ဝါဒဖြန့်သတင်းစာမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကျော်မင်းယု () ဦးဂျင်မီ ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့သည့် ဦးဖြိုးဇေယျာသော် ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော် တို့အား ပြစ်ဒဏ် စီရင် ဆောင်ရွက်ပြီးဖြစ်သည်ဟု ထုတ်ပြန်ကြေညာချက်အရ မြန်မာစစ်တပ်၏ ခွင့်မလွှတ်နိုင်သော သေဒဏ်စီရင်မှုကို ရှုတ်ချပြီး ထိုသို့ ကျူးလွန်မှုသည် မြန်မာစစ်တပ်အနေဖြင့် ကြိမ်းသေပေါက် ပြန်လည်ပေးဆပ်ရမယ်လို့ဆိုပါတယ်။


ဒါ့အပြင် ထုတ်ပြန်ကြေညာချက်တစ်စောင်ကိုထုတ်ပြန်ချက်အရသေဒဏ်စီရင်ခဲ့သည့် မြန်မာစစ်တပ်အား ပြင်းပြင်းထန်ထန် ရှုတ်ချပြီး မြန်မာစစ်တပ်နှင့် အလုပ် လုပ်ကိုင်နေသော တောင်ကိုရီးယားကုမ္ပဏီများကို ထပ်မံသတိပေးလိုက်တယ်လို့ဆိုပါတယ်။ လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသည့် ကမ္ဘောဒီးယားအစိုးရ အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများက အဆိုပါ ကွပ်မျက်မှုကို ချက်ချင်းအရေးယူသင့်တယ်လို့လည်းဖော်ပြပါတယ်။


========================


📌📌 ၅။တော်လှန်ထောက်ပို့ တောင်ပိုင်းသို့လို့ အမည်ပေးထားတဲ့ အစီအစဉ်ကနေ ရရှိလာတဲ့ရန်ပုံငွေတွေကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး၀န်ကြီးဌာနသို့ ပေးအပ် လှူဒါန်းသွားမယ်


တော်လှန်ထောက်ပို့ တောင်ပိုင်းသို့လို့ အမည်ပေးထားတဲ့ အစီအစဉ်ကနေ ရရှိလာတဲ့ရန်ပုံငွေတွေကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး၀န်ကြီးဌာနသို့ ပေးအပ် လှူဒါန်းသွားမယ်သတင်းရရှိပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့ကျင်းပမယ့်ရန်ပုံငွေရှာ‌ဖွေရေးနဲ့  အနုပညာတင်ဆက်မှုပွဲတော်ကို ခမ်းနားစွာ စီစဉ်ကျင်းပသွားမယ်လို့သတင်းရရှိပါတယ်။


တော်လှန်ထောက်ပို့ တောင်ပိုင်းသို့တော်လှန်ရေး ရန်ပုံငွေရှာ‌ဖွေရေး ကံစမ်းမဲ ဖွင့်ပွဲ အခမ်းအနားအား ရွှေဝါရောင်အရှင်ထာဝရ (နော်ဝေ)၊အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာန နှင့် ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ အမျိုးသားညီညွတ်ရေး အစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဆာဆာ၊အမျိုးသားညီညွတ်ရေး အစိုးရ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အနုပညာရှင်များ အတတ်ပညာရှင်များလည်းတက်ရောက်မှာဖြစ်ပါတယ်။


အခမ်းအနားမှာ ကံစမ်းမဲရန်ပုံငွေမှတဆင့် ငွေကြေးတန်ဖိုးအားဖြင့် တန်ဖိုးရှိတဲ့ လက်ဆောင်များ၊ အနုပညာရှင်များရဲ့ အမှတ်တရတန်ဖိုးထားရမည့် ဆုလတ်ဆောင်များကို ကံထူးရှင်များရွေးချယ်ပြီး ပေးအပ်သွားမှာဖြစ်ပါတယ်။ ကံစမ်းလက်မှတ်တစ်စောင်ကို ထိုင်းဘတ်ငွေ (၁၉၉) ဘတ်ဖြင့် ကံစမ်းနိုင်ဖို့ စီစဥ်ထားရှိမှာမို့လို့တော်လှန်ထောက်ပို့ တောင်ပိုင်းသို့” Facebook Page မှာဝယ်ယူနိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၆။ တော်လှန်ဒီပါဝလီအထိမ်းအမှတ်အနေဖြင့်တော်လှန်ရေးရံပုံငွေရှာဖွေရေးကံစမ်းမဲလက်မှတ်များရောင်းချမှုမှ ရရှိလာတဲ့ငွေများကို NUGမှတဆင့်စစ်ဘေးရှောင်ဒုက္ခသည်များအားစုပေါင်းထောက်ပံ့ကူညီလှူဒါန်းသွားမယ်


တော်လှန်ဒီပါဝလီအထိမ်းအမှတ်အနေဖြင့်တော်လှန်ရေးရံပုံငွေရှာဖွေရေးကံစမ်းမဲလက်မှတ်များရောင်းချမှုမှ ရရှိလာတဲ့ငွေများကို NUGမှတဆင့်စစ်ဘေးရှောင်ဒုက္ခသည်များအားစုပေါင်းထောက်ပံ့ကူညီလှူဒါန်းသွားမယ်လို့သတင်းရရှိပါတယ်။ တော်လှန်ရေးကာလအတွင်းကျရောက်မည့်ဒီပါဝလီပွဲတော်ကိုမြန်မာဟိန္ဒူအစည်းအရုံး(Myanmar Hindu Union)မှစုပေါင်းဆုတောင်းအာဏာရှင်တော်လှန်ရင်းတော်လှန်ဒီပါဝလီပွဲတော်အားအောက်တိုဘာလတွင်ကျင်းပမှာဖြစ်ပါတယ်။


တော်လှန်ဒီပါဝလီအထိမ်းအမှတ်အနေဖြင့်တော်လှန်ရေးရံပုံငွေရှာဖွေရေးကံစမ်းမဲလက်မှတ်များကိုလဲရောင်းချပေးမှာဖြစ်ပြီးတော့ကံစမ်းမဲရောင်းချ၍ရရှိတဲ့အလှူငွေအားလုံးကိုအမျိုးသာညီညွတ်ရေးအစိုးရ (NUG) မှတဆင့် ကျန်းမာရေး၊ပညာရေး၊အမျိုးသမီးနှင့်ကလေးသူငယ်စောင့်ရှောက်ရေးနှင့်စစ်ဘေးရှောင်ဒုက္ခသည်များအားစုပေါင်းထောက်ပံ့ကူညီလှူဒါန်းသွားမှာဖြစ်ပါတယ်။


ကမ္ဘာတဝမ်းနိုင်ငံပေါင်းစုံလူမျိုးဘာသာပေါင်းစုံစုပေါင်းဆုတောင်းရင်းတော်လှန်ဒီပါဝလီတွင်ပူပေါင်းပါဝင်၍ကံစမ်းမဲများဝယ်ယူအားပေးကြရန်နှိုးဆော်ထားပါတယ်။ စုပေါင်းဆုတောင်းဒီပါဝလီနေ့အခမ်းအနားကိုအောက်တိုဘာ၂၃ ရက်မြန်မာစံတော်ချိန် နာရီမှ နာရီအထိ Virtual online မှာ ကျင်းပသွားမှာဖြစ်ပါတယ်။


========================


📌📌 ၇။ "တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့ သရဏဂုံမတင်နိုင်ဘူးဘန်နာကိုကိုင်စွဲကာရန်ကုန်မြို့မှာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ


"တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့ သရဏဂုံမတင်နိုင်ဘူးဘန်နာကိုကိုင်စွဲကာရန်ကုန်မြို့မှာစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။ ဇူလိုင်၂၈ ရက် ရန်ကုန်မြို့ရဲ့တနေရာမှာ လူငယ်များဦးဆောင်ကျင်းပခဲ့ပါတယ်။


စစ်ကောင်စီက သေဒဏ်စီရင်ခဲ့တဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီရဲ့ "တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့ သရဏဂုံမတင်နိုင်ဘူးဆိုတဲ့ စစ်ကောင်စီကို အပြတ်သားဆုံး ရင်ဆိုင်ပြခဲ့တဲ့ တော်လှန်ရေးစာသားပါ ဘန်ဒါကိုဆွဲကိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့ကတစ်နေရာမှာဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။


လုံခြုံရေးတင်းကျပ်နေတဲ့ကြားမှရန်ကုန်မြို့တစ်နေရာတွင် 'စစ်အာဏာရှင်ဆန့်ကျင့်ရေးရန်ကုန်အင်အားစု' မှ စစ်အာဏာရှင်၏ မတရားကြိုးမိန့်ဖြင့်လုပ်ကြံခံခဲ့ရသော ဦးဂျင်မီ၊ကိုဇေယျာသော်တို့အပါအ၀င် ထောင်တွင်းအကြမ်းဖက်ခံနေရသော နိုင်ငံရေးအကျဉ်းသားများအတွက်အကြမ်းဖက်စစ်ကောင်ဆီကို ဆန္ဒထုတ်ဖော်ခဲ့ကြခဲ့ပြီး အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။


========================


📌📌 ၈။ နယ်မြေထိန်းချုပ်နိုင်ရေး နယ်မြေစိုးမိုးနိုင်ရေး People's Defence Force - ကလေးခရိုင် တပ်ရင်း - ကလေးဝကင်းလှည့်ဆောင်ရွက်


နယ်မြေထိန်းချုပ်နိုင်ရေး နယ်မြေစိုးမိုးနိုင်ရေး People's Defence Force - ကလေးခရိုင် တပ်ရင်း - ကလေးဝ မှ နယ်မြေစိုးမိုးရေးအတွက် ရဲဘော်များ ကင်းလှည့်ခဲ့ကြောင်း ဇူလိုင် ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။


"People's Defence Force - ကလေးခရိုင် တပ်ရင်း - ကလေးဝ အနေဖြင့် နယ်မြေထိန်းချုပ်နိုင်ရေး နယ်မြေစိုးမိုးနိုင်ရေး ဆောင်ရွက်ခဲ့ကြတယ်"လို့ ဆိုပါတယ်။ People's Defence Force - ကလေးခရိုင် တပ်ရင်း - ကလေးဝဟာ စစ်အာဏာရှင် စနစ်ကိုခုခံတွန်းလှန်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။


========================


📌📌 ၉။ သစ်ပုတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ ဦးအပါအဝင်တပ်ဖွဲ့ဝင် () ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ


ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စုသစ်ပုတ်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ ဦးအပါအဝင်တပ်ဖွဲ့ဝင် () ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ပါတယ်။ ဇူလိုင်၂၈ ရက် မွန်းလွဲပိုင်းမှာ သစ်ပုတ်ကျေးရွာ၌ တာဝါတိုင်စောင့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ထိတွေ့ပစ်ခတ်ခဲ့ကြပါတယ်။


"ဇူလိုင်၂၈ ရက်ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာအုပ်စု၊ သစ်ပုတ်ကျေးရွာ၌ တာဝါတိုင်စောင့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁၊ တပ်ခွဲ () နှင့် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ () ဒုတပ်ခွဲမှူးတို့ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များသည်  ဇူလိုင်လ(၂၈) ရက်နေ့ နေ့လယ်()နာရီခွဲအချိန်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း () ဦးသေဆုံးခဲ့ပါတယ်။ ၄င်းတိုက်ပွဲအတွင်း MA3 () လက်၊ ပစ္စတို () လက်၊ စကားပြောစက် () လုံး၊ ဖုန်း () လုံး နှင့် မှတ်ပုံတင် () ခု သိမ်းဆည်းရမိခဲ့ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၁၀။ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ကစားနေတဲ့ အသက် လေးနှစ်ခွဲအရွယ် မသိမ့်သိမ့်ဖြူ လက်နက်ကြီးကျည်ထိမှန်ပြီး နေရာမှာပင် သေဆုံး


မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ကစားနေတဲ့ အသက် လေးနှစ်ခွဲအရွယ် မသိမ့်သိမ့်ဖြူ လက်နက်ကြီးကျည်ထိမှန်ပြီး နေရာမှာပင် သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၂၇ ရက်နေ့ နံနက် နာရီခန့်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို အကြမ်းဖက်စစ်တပ်များနှင့် ပျူစောထီးများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြံဝင်းအတွင်း၌ ဆော့ကစားနေသော အသက် လေးနှစ်ခွဲအရွယ် မသိမ့်သိမ့်ဖြူမှာ လက်နက်ကြီးကျည်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွားခဲ့တယ်လို့ AAPP ကဖော်ပြပါတယ်။


ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၁၃၃) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။ စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားနေရာများကို လက်နက်ကြီး လက်နက်ငယ်များနဲ့အဓိကပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။









#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment