9th JUL 2022 - Evening Daily News by Radio NUG

၂၀၂၂ ဇူလိုင်လ ၉ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး

📌 ၃။ အလှူငွေနဲ့ ပတ်သတ်လို့ တစ်ပြားတစ်ချပ်မှ ခြစားမှုမရှိအောင် စနစ်တကျ စီမံဆောင်ရွက်နေတယ်လို့ NUG Press Secretary ကိုနေဘုန်းလတ်ပြော

📌 ၄။ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအသိအမှတ်ပြုမည်မဟုတ်

📌 ၅။ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ပြည်သူ့ပညာရေးကျောင်းပေါင်း (၇၂) ကျောင်းဖွင့်လှစ်နိုင်ပြီလို့ဆို

📌 ၆။ ကချင်ဒေသတွင် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့သော အရာရှိ၊ စစ်သည်ထဲမှ ဦးကို ငွေကျပ် သိန်းစီပြည်သူ့ပန်းတိုင်မှတဆင့် ပြည်သူ့ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့် 

📌 ၇။ အိန္ဒိယခါးချိုးတစ်တောင့်ထိုးသေနတ် ကဿပဝိဇ္ဇာ PDF ထုတ်လုပ်အောင်မြင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့


ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေး ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီပေးပို့ခဲ့ပါတယ်။ ဇူလိုင် ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြခဲ့ပါတယ်။


၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ရက်နေ့တွင် ဂျပန်ဝန်ကြီးချုပ်ဟောင်း မစ္စတာ ရှင်ဇိုအာဘေးကွယ်လွန်သွားခြင်းအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မိမိတို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွန်စွာ တုန်လှုပ်ဝမ်းနည်းမိပါတယ်လို့ဆိုပါတယ်။


မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်း တစ်ဦးဖြစ်သည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ ဂျပန်နိုင်ငံအား အင်အားကြီးသော နိုင်ငံဖြစ်‌စေရန် ဆောင်ရွက်ခဲ့သည့် ၎င်း၏ နိုင်ငံရေးခေါင်းဆောင်မှုနှင့် ကြိုးပမ်းအားထုတ်မှုတို့အား အမှတ်တရရှိနေလိမ့်မှာဖြစ်ပါတယ်။ မြန်မာ့နိုင်ငံ၌ စီးပွားရေး၊ ဒီမိုကရေစီ၊ လွပ်လပ်မှုနှင့် လူ့အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်စေရန် ဝန်ကြီးချုပ်ဟောင်း၏ တန်ဖိုးရှိသော အားပေးထောက်ပံ့မှုတို့ကို မြန်မာပြည်သူများအနေဖြင့် အစဉ်အမြဲ သတိတရရှိနေမှာ ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


ဝန်ကြီးချုပ်ဟောင်း ကွယ်လွန်သွားခြင်းအတွက် ဝန်ကြီးချုပ်ဟောင်း၏ မိသားစု၊ ဂျပန်အစိုးရနှင့် ပြည်သူများထံသို့ ဝမ်းနည်းမှုနှင့် စာနာမှုတို့ ပေးပို့အပ်ပြီး  ထာဝရငြိမ်းချမ်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဆိုပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေး


ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီတို့ တွေ့ဆုံ အစည်းအဝေးကို ဇူလိုင်လ ရက်နေ့က ကျင်းပခဲ့ပါတယ်။


 ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဇွန်လ အတွင်း လုပ်ငန်းဆောင်ရွက်ချက်များ ရှင်းလင်းပြောကြားခြင်း၊ သက်ဆိုင်ရာဦးစီးဌာနများနှင့် မန္တလေးတိုင်း အတွင်းရှိ အင်အားစုများကြား ပုံမှန်ချိတ်ဆက်နိုင်ရေးကိစ္စရပ်များ၊ မြေပြင်ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်အညီ ဟန်ချက်ညီ ပူးပေါင်းလုပ်ကိုင်ကြရမည့် ကိစ္စရပ်များ စသည်တို့ကို အကျယ်တဝန်းဆွေးနွေးခဲ့ကြပါတယ်။


ဆွေးနွေးပွဲကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဒုတိယ ဥက္ကဌ()၊ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီဌာန ပြည် ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဗဟိုကော်မတီအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက် ဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၃။ အလှူငွေနဲ့ ပတ်သတ်လို့ တစ်ပြားတစ်ချပ်မှ ခြစားမှုမရှိအောင် စနစ်တကျ စီမံဆောင်ရွက်နေတယ်လို့ NUG Press Secretary ကိုနေဘုန်းလတ်ပြော


အလှူငွေနဲ့ပတ်သက်လို့ တစ်ပြားတစ်ချပ်မှ ခြစားမှုမရှိအောင် စနစ်တကျ စီမံဆောင်ရွက်နေတယ်လို့ NUG Press Secretary ကိုနေဘုန်းလတ်ကတရားဝင်ပြောပါတယ်။ ဇူလိုင် ရက်နေ့မှာ KIC သတင်းဌာနက တွေ့ဆုံမေးမြန်းမှုကိုဖော်ပြထားပါတယ်။


"ကျနော်တို့သည် ရလာတဲ့အလှူငွေတွေနဲ့ပတ်သက်ပြီး တစ်ပြားတစ်ချပ်မှ ကျနော်တို့က ခြစားမှုမရှိအောင် ဒါ NUG အနေနဲ့စနစ်တကျ စီမံဆောင်ရွက်နေတာရှိတယ်"လို့ဆိုပါတယ်။


ဇွန်လ ၂၁ ရက် အမျိုးသားညီညွတ်ရေးအစိုးရသတင်းစာရှင်းလင်းပွဲတွင်ထုတ်ပြန်ထားချက်အရ ငွေတိုက်စာချုပ်ရောင်းချရမှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်း၊အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့နေအိမ်ရောင်းချရမှုမှ အမေရိကန်ဒေါ်လာ သန်းကျော် စုစုပေါင်း ၄၅ သန်းကျော်ရရှိထားပြီး ၄င်းရရှိငွေ ၉၅ ရာခိုင်နှုန်းမှာ ကာကွယ်ရေးအသုံးစရိတ်အသုံးပြုထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးအသုံးစရိတ်အနေနဲ့လစဥ်အမေရိကန်ဒေါ်လာ၁၀သန်းလိုအပ်တယ်လို့လည်း NUG အစိုးရကထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအသိအမှတ်ပြုမည်မဟုတ်


စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအသိအမှတ်ပြုမည်မဟုတ်ကြောင်းထုတ်ပြန်ကြေညာပါတယ်။ ဇူလိုင် ရက် နေ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဗဟိုအလုပ်ကော်မတီကသတင်းထုတ်ပြန်ချက်အမှတ် (/၂၀၂၂) နဲ့ထုတ်ပြန်ခဲ့ပါတယ်။


ထုတ်ပြန်ချက်အရ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရက်နေ့တွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း (,၁၇၁) နယ်ရှိရာ (,၁၁၇) နယ်တွင် ကျင်းပနိုင်ခဲ့ပြီး၊ ဆန္ဒမဲပေးခွင့်ရှိသူ (၃၈) သန်း‌ ကျော်ရှိရာတွင် ပြည်သူ့လွှတ်တော်တွင်လူဦးရေ (၂၇) သန်းကျော်၊ အမျိုးသားလွှတ်တော်တွင်(၂၇.) သန်းကျော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်များတွင် လူဦးရေသန်းပေါင်း (၃၀) ကျော် လာရောက်မဲပေးခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် (၇၁) ရာခိုင်နှုန်းကျော်ခဲ့သည်ကို တွေ့ရှိခဲ့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်အားလုံး၏ (၈၂.၃၆) ရာခိုင်နှုန်း အနိုင်ရရှိပြီး  လွှတ်တော်ကိုယ်စားလှယ် (၉၂၀) ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်လို့ဖော်ပြပါတယ်။


မြန်မာပြည်သူတို့ဟာ ကိုဗစ် ၁၉ ကပ်ရောဂါကိုရင်ဆိုင်ပြီး မိမိတို့ဆန္ဒကို ရဲရင့်စွန့်စား ဖေါ်ထုတ်ခဲ့ကြပါတယ်။ နိုင်ငံတကာသံတမန်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ တရားဝင်ဖွဲ့စည်းထားရှိပြီး၊ ရွေးကောက်ပွဲနှင့်ပတ်သက် အပြီးသတ်ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲရလဒ်အား တရားဝင်ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည့်အတွက်  ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်သည်သာ ပြည်သူ့ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ဆင့်လွှဲအာဏာကို အကြွင်းမဲ့ လက်ခံယုံကြည် ကိုင်ဆွဲထားပါတယ်လို့ထုတ်ပြန်ပါတယ်။


သို့ရာတွင် စစ်ခေါင်းဆောင်တစ်စု၏ ပြည်သူ့ဆန္ဒကိုလစ်လျူရှုကာ အဓမ္မအာဏာသိမ်းပြီး ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်မှုကြောင့် ပြည်သူလူထုတစ်ရပ်လုံးမှ စစ်ကောင်စီကိုဆန့်ကျင်တော်လှန်မှုများ နိုင်ငံတစ်ဝှမ်းလုံးပေါ်ပေါက်ခဲ့ပြီး တိုင်းပြည်အခြေအနေမှာ လွန်စွာဆိုးဝါးလှသောအခြေအနေသို့ ရောက်ရှိနေစဉ် စစ်ကောင်စီသည် ပြည်သူလူထုနှင့်နိုင်ငံတကာကိုလှည့်စားရန် နောက်ထပ်ရွေးကောက်ပွဲတစ်ခုကို ကျင်းပရန် ကြံစည် အားထုတ်နေသည်ကို ကြားသိနေရပါတယ်။ 


အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိသည်သာမက နိုင်ငံတော်သမ္မတကသာလျှင်ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှုမရှိပါသဖြင့် ၎င်းအဖွဲ့၏ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံး (ရွေးကောက်ပွဲအပါအဝင်)သည်  မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိပါသဖြင့် မိမိတို့အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်အနေဖြင့် လုံးဝအသိအမှတ်မပြု လက်ခံမည်မဟုတ်ပါကြောင်း  သတင်းထုတ်ပြန်အပ်ပါတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၅။ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ပြည်သူ့ပညာရေးကျောင်းပေါင်း (၇၂) ကျောင်းဖွင့်လှစ်နိုင်ပြီလို့ဆို


မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့က ပြည်သူ့ပညာရေးကျောင်းပေါင်း (၇၂) ကျောင်းဖွင့်လှစ်နိုင်ပြီလို့ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြင့် ချင်းပြည်နယ် မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ပြည်သူ့ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။


၂၀၂၂ ခုနှစ်၊ ဇွန်လ ရက်နေ့မှစ၍ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့ဟာ ကျောင်းပေါင်း (၇၂) ကျောင်း ပြည်တွင်းပြည်ပကျောင်းသားပေါင်း (၆၀၉၈) ဦး နှင့် သင်ကြားရေး ဆရာ၊ဆရာမ အင်အားပေါင်း (၆၇) ဦး တို့ဖြင့် ပြည်သူ့ပညာရေးကျောင်းများဖွင့်လှစ်သင်ကြားနေပြီလို့ဆိုပါတယ်။ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့ဟာ ဆရာအတတ်သင် သင်တန်းများကို ဖွင့်လှစ်ကာ သင်တန်းသား/သူ ပေါင်း  (၃၁၂) ဦးကို အောင်မြင်စွာ သင်တန်းပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၆။ ကချင်ဒေသတွင် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့သော အရာရှိ၊ စစ်သည်ထဲမှ ဦးကို ငွေကျပ် သိန်းစီပြည်သူ့ပန်းတိုင်မှတဆင့် ပြည်သူ့ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့် 


ကချင်ဒေသတွင် စစ်ကောင်စီတပ်အား စွန့်ခွာ၍ ပြည်သူ့ဘက်သို့ ကူးပြောင်းခဲ့သော အရာရှိ၊ စစ်သည်ထဲမှ၄ဦးကိုငွေကျပ်၁သိန်းစီ ပြည်သူ့ပန်းတိုင်မှတဆင့် ပြည်သူ့ဂုဏ်ပြုငွေ ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ ဇူလိုင် ရက်နေ့မှာ ပြည်သူ့ပန်းတိုင်အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။


နွေဦးတော်လှန်ရေး အစမှ လက်ရှိအချိန်ထိ ကချင်ဒေသလွတ်မြောက်နယ်မြေဘက်သို့ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်မှ လက်နက်ခဲယမ်းများဖြင့် ပြည်သူ့ဘက်သို့ ကူးပြောင်းရပ်တည်ခဲ့သော ဗိုလ်မှူး () ဦး၊ ဗိုလ်ကြီး () ဦးနှင့် စစ်သည် () ဦး၊ စုစုပေါင်း (၁၁) ဦးရှိခဲ့ပါတယ်။


"ပြည်သူတို့၏ ဆက်သွယ်ကူညီမှုကြောင့် ပထမဦးစွာ ၎င်းတို့အထဲမှ () ဦးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဂုဏ်ပြုငွေ တစ်သိန်းစီကို ပေးအပ်ခဲ့ပါတယ်။ ကျန်ရှိနေသော အရာရှိ၊ စစ်သည်များကိုလည်း ထပ်မံချိတ်ဆက်၍ ပေးပို့သွားမည်ဖြစ်ကြောင်း ပြည်သူထံသို့ အသိပေးတင်ပြအပ်ပါတယ်"လို့ပြည်သူ့ပန်းတိုင်အဖွဲ့ကဆိုပါတယ်။


စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်ချင်သည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/CDMSOLDIERS  သို့ ချိတ်ဆက်မေးမြန်း၍ လိုအပ်သည့် အကူအညီ ရယူနိုင်ကြောင်းဆိုပါတယ်။


========================


📌📌 ၇။ အိန္ဒိယခါးချိုးတစ်တောင့်ထိုးသေနတ် ကဿပဝိဇ္ဇာ PDF ထုတ်လုပ်အောင်မြင်


အိန္ဒိယခါးချိုးတစ်တောင့်ထိုးသေနတ် ကဿပဝိဇ္ဇာ PDF ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ ဇူလိုင် ရက်နေ့မှာ ကဿပဝိဇ္ဇာ PDF ထုတ်လုပ်အောင်မြင်တဲ့သေနတ်ကိုဖော်ပြခဲ့ပါတယ်။


"အိန္ဒိယခါးချိုးတစ်တောင့်ထိုးကို ငါးလုံးပြူးအဖြစ် စမ်းသပ်မှု အောင်မြင်ပါတယ်"လို့ ဆိုပါတယ်။ ကဿပဝိဇ္ဇာ PDF အနေနဲ့ အာဏာရှင်ကို ရရာလက်နက်နဲ့  ပြန်လည် ခုခံတိုက်ခိုက်လာခဲ့တာဟာ တစ်နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment